Main menu

Background

Sunday, 31 Jul 2011

ယခုအပတ် ပဲစင်းငုံဈေးမငြိမ်သော်လည်း ရောင်းဝယ်မှုကောင်း               အိန္ဒိယပြည်တွင်းအဓိကဈေးကွက်များတွင် ပဲစင်းငုံဈေးတည်ငြိမ်မှု မရှိ သော်လည်း အရောင်းအဝယ် ကောင်းလျက်ရှိပါတယ်။ အဓိကဈေးကွက်များတွင် သွင်းကုန်ဈေးနှုန်း ကျဆင်းနေကြောင်း သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်နှင့် ကာနာ တာကာတွင် ယခင်နှစ်က အထွက်နှုန်းနည်းခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ တွင် ရာသီဥတုပိုမို ကောင်းမွန်သောကြောင့် ထုတ်လုပ်မှုမြင့်တက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဝယ်လိုအား မြင့်တက်ခြင်းကလည်း ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါ တယ်                                   ဒေါ်လာ/ တန်                  ၂၇-၇-၁၁      ၂၆-၇-၁၁           ၂၅-၇-၁၁         ၂၃-၇-၁၁           ၂၂-၇-၁၁မွန်ဘိုင်း         ၆၅၈-၆၆၄     ၆၅၅-၆၆ဝ        ၆၇၅-၆၈၁       ၆၄၃-၆၅၄           ၆၃၁-၆၄၈ဒေလီ               ၆၅၈              ၆၆၆                ၆၇၅            ၇ဝ၅-၇ဝ၆            ၇ဝ၄-၇ဝ၅ချန်နိုင်း             ၆၄၇           ၆၄၉-၆၅၅        ၆၅၃-၆၅၈          ၆၃၁                   ၆၄၃MIRT(MAPT)

Sunday, 31 Jul 2011

တစ်ပတ်အတွင်း ပဲစင်းငုံတန် ၇၄ဝဝ ခန့် အဝယ်ရှိ                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ်အတွင်း ပဲစင်းငုံ တန် ၇၄ဝဝ ခန့် စာချုပ်ချုပ်နိုင်ခဲ့ရာ ပဲစင်းငုံအနီ တန် ၇၂ဝဝ ပါဝင်တယ်လို့ သိရပါတယ်။ အိန္ဒိယစက်သမားတွေရဲ့ လက်ထဲမှာ ပဲစင်းငုံတွေရှိနေလို့ အရောင်း အဝယ်တုံ့ဆိုင်းနေကြောင်းနဲ့ မြန်မာကုန်သည်တွေမှာ လက်ကျန်ရှိနေပြီး အရောင်း အဝယ် ခပ်အေးအေးသာရှိကြောင်း သိရပါတယ်။                      ဇူလိုင်လ ၁ ရက်မှ ၂၈ ရက်အတွင်း ပဲစင်းငုံအရောင်းအဝယ် စာချုပ် ချုပ် ဆိုမှုဟာ တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ ဇူလိုင် ၂၈ ရက်မှာ ပဲစင်းငုံဖြူနီ၊ ဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၄၉ဝ-၅၁ဝ ရှိကြောင်း သိရပါတယ်                                        ဒေါ်လာ/တန်                    ပဲစင်းငုံအသစ်အနီ(FAQ)    ပဲစင်းငုံအဟောင်းအနီ(FAQ)၂၈-၇-၁၁              ၆၁ဝ-၆၃ဝ                      ၅၉ဝ-၆၁ဝ၂၁-၇-၁၁              ၆၂ဝ-၆၄ဝ                      ၆ဝဝ-၆၂ဝMIRT(MAPT)

Sunday, 31 Jul 2011

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု ယခင်အပတ်ထက်ပိုလာ                  ပဲစင်းငုံ ပြည်ပတင်ပို့မှုဟာ ဇူလိုင် ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန်ချိန် ၆၅ဝဝ ရှိခဲ့ပြီး ၊ ဒုတိယအပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၃၅ဝဝ ရှိခဲ့ကာ၊ တတိယပတ် ၁၇ရက်မှ ၂၃ ရက်အတွင်းမှာတော့တန် ၆၁ဝဝကျော် တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်ထိ ပဲစင်းငုံ တင်ပို့ပြီးစီးမှု တန်ချိန် ၆ သောင်းနီးပါးရှိတာတွေ့ရပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၃ သောင်းကျော် ပိုမိုနေတာတွေ့ရပါတယ်။ ယခုအပတ် ပဲစင်းငုံအဝယ်ရှိလို့ ဆက်လက်တင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။             MIRT - MAPT

Sunday, 31 Jul 2011

ယခုအပတ် နယ်စပ်မှ မတ်ပဲအပို့ရှိ                မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ဝ၅၂ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၆ဝ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်များမှာ မတ်ပဲတင်ပို့မှုမရှိခဲ့သော်လည်း ယခုအပတ်မှာ တန် ၆ဝ အပို့ရှိလာတာဖြစ်ပါတယ်။ ဇူလိုင်လအတွင်းမှာတန် ၇ဝ တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက် မတ်ပဲဈေးမှာ ကျနေသော်လည်း တစ်ဖက်နိုင်ငံမြေပြင်ဈေးများပြောင်းလဲမှု မရှိပါဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                     မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု           ယခင်      ပြောင်းလဲမှု    %   ယခု     ယခင်     ပြောင်းလဲမှု         %မတ်ပဲ     ၄၉၉၉၈၅     ၅၂ဝ၃၉၁     ၂ဝ၄ဝ၆      ၄    ၇၈၉     ၇၈၉               -                 -MIRT (DOBT)

Sunday, 31 Jul 2011

မတ်ပဲ FOB အရောင်းအဝယ် ယခုတစ်ပတ်ပိုမိုလာ                  ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်အတွင်း FOB အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုမှာ တန်ချိန် ၁၆ဝဝဝ ကျော် ရှိခဲ့ပါတယ်။ ယခင်အပတ် ပိတ်ရက်များကြောင့် စာချုပ်ချုပ်ဆိုမှု လျော့နည်းခဲ့ပေမဲ့ ယခုအပတ်မှာ ဝယ်လိုအားကောင်းပြီး တန် ၁ဝဝဝဝ ခန့် ပိုမိုချုပ် ဆိုခဲ့ပါတယ်။                 အိန္ဒိယဈေးကွက်မှာ မတ်ပဲ စက်တင်ဘာ ဃမသစ ကို စောင့်ကြည့်ဝယ်ယူနေ ပေမဲ့ ယခင်နှစ်နဲ့ ယှဉ်ရင် ယခုနှစ် ဇူလိုင်မှာ ဝယ်ယူမှုများလာပြီး ဒီပါဝလီပွဲတော် မတိုင်မီ ဝယ်ယူမယ့်အနေအထားရှိတယ်လို့ သိရပါတယ်။ ဇူလိုင် ၁ ရက်မှ ၂၈ ရက်အတွင်း FOB စာချုပ်ချုပ်ဆိုမှုဟာ မတ်ပဲ SQ၊ FAQ အခွံချွတ် စုစုပေါင်း တန်ချိန် ၆၅ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒေါ်လာ/တန်                   မတ်ပဲ(FAQ)     မတ်ပဲ(SQ)၂၈-၇-၁၁       ၇၅၅-၇၇၅        ၈၄ဝ-၈၆ဝ၂၁-၇-၁၁      ၇၅ဝ-၇၇ဝ         ၈၃၅-၈၅၅MIRT(MAPT)

Sunday, 31 Jul 2011

ယခုတစ်ပတ် မတ်ပဲ ပိုတင်နိုင်ခဲ့                မတ်ပဲပြည်ပသင်္ဘောတင်ပို့မှုမှာ ဇူလိုင်ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန် နှစ်သောင်းတင်ပို့ခဲ့ပြီး၊ ဒုတိယပတ် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၁၁ဝဝဝ ကျော်တင်ပို့ခဲ့ပါတယ်။ တတိယပတ် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန်ချိန် ၂၂ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုတန်ချိန် ၂ သိန်း ၂ သောင်းကျော်ရှိပြီး ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် တစ်သိန်းခွဲခန့်ထက် ပိုမိုနေတာတွေ့ရပါတယ်။ ယခုအပတ် မတ်ပဲအရောင်းအဝယ် ပုံမှန်ရှိတာကြောင့် ဆက်လက်တင်ပို့နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။                      MIRT - MAPT  

Tuesday, 26 Jul 2011

လက်ကျန်နည်း ပေမဲ့ ဗီယက်နမ်သကြားတင်ပို့နေ                  ဗီယက်နမ်ပြည်တွင်းသကြားထုတ်လုပ်သူများမှ ရောင်းချမှုနည်းပေမဲ့ ယခုနှစ် မှာ တရုတ်နိုင်ငံကို သကြား အမြောက်အမြား တင်ပို့တယ်လို့ အစိုးရအရာရှိများက ပြောကြားပါတယ်။ မကြာသေးခင်က တရုတ်နိုင်ငံကို တန်ချိန် တစ်သိန်းဝန်းကျင်နဲ့ ယခင်ကာလများထက် အမြင့်ဆုံးပမာဏနဲ့ ရောင်းချခဲ့တယ်လို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဒုတိယဝန်ကြီး Bui Ba Bong  မှ ဟိုချီမင်းမြို့တော်မှာ ဇူလိုင်လ ၁၅ ရက်နေ့ပြုလုပ်တဲ့ အစည်းအဝေး မှာ ပြောကြားခဲ့ ပါတယ်။ ပြည်တွင်းကုန်သည်များဟာ မေလကစပြီး လစဉ်အိမ်နီးချင်းနိုင်ငံကို သကြား တန် ၃ဝဝဝဝ တင်ပို့ခဲ့ကြောင်း Bui Ba Bong ကုမ္ပဏီမှ ဥက္ကဌ Phan Thi Sum က ပြောကြားပါတယ်။ အဲဒီသကြားများ ထဲမှာ ပြည်တွင်းထုတ်တဲ့ သကြား များနဲ့ ထိုင်းနိုင်ငံက တင်သွင်းတဲ့ သကြားများပါဝင်တယ်လို့ ဆိုပါတယ်။ ပြည်တွင်း ဝယ်လိုအား မြင့်မား တာကြောင့် ပြည်ပတင်ပို့ မှုဟာ ဈေးနှုန်းကို ကြီးမြင့်စေတယ် လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။                    တရုတ်နိုင်ငံဟာ ဆောင်းလယ်ပိုင်း ပွဲတော်တိုင်အောင် သကြားဆက်လက်ဝယ် ယူမှာဖြစ်လို့ ဗီယက်နမ် သကြားဈေး က အမြင့်မှာဆက်ရှိနေမယ်လို့ ဆိုပါတယ်။ ပြည်တွင်းသကြားဈေးဟာ တစ်ကီလိုကို ၁ ဒေါ်လာ ဝန်းကျင်ရှိနေပါတယ်။ ဗီယက်နမ် သကြားထုတ်လုပ်သူများ လက်ထဲမှာ လက်ရှိသကြားလက်ကျန်တန်ချိန် ၃၄၇၇ဝဝ ရှိနေတယ်လို့ တရားဝင်စာရင်းများ မှာ ဖော်ပြထားပါတယ်။ တန်ချိန် ၁၄၂ဝဝဝ တင်သွင်းမှုနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အဲဒီပမာဏက အောက်တိုဘာလ တိုင်အောင် ပြည်တွင်းပျမ်းမျှဝယ်လိုအားကို ပြည့်မီမယ်လို့ ဆိုပါတယ်။ ပြည်တွင်းဈေးကွက်မှာ အလုံအလောက်ရောင်းချနိုင်ဖို့ သကြားတန်ချိန် ၂၅ဝဝဝဝ တင်သွင်းဖို့ စက်မှုလက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ အတွင်းမှာ ပြည်တွင်းကုမ္ပဏီများကို နှစ်စဉ်ကိုတာ သတ်မှတ်ခဲ့ပါတယ်။ ဧပြီလမှာ ပြည်တွင်းထုတ်လုပ်သူများက သိုလှောင်လက်ကျန် မြင့်တက်နေခြင်းနဲ့ ရင်ဆိုင်နေရ ကြောင်းတင်ပြမှုအပေါ်အခြေခံပြီးဝန်ကြီးဌာနကသြဂုတ်လတိုင်အောင် တင်သွင်းမှု ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။                ဒါပေမဲ့ သကြားထုတ်လုပ်သူများဟာ ယခုအခါမှာ ရောင်းချဖို့ သကြားမလုံ လောက်မှာကို စိုးရိမ်နေကြပါတယ်။ တရုတ်နိုင်ငံကို သကြားတင်ပို့မှု တရားမဝင်တဲ့ ပမာဏတွေနဲ့ တင်ပို့ခြင်းနဲ့ ပြည်တွင်းသကြား စားသုံးမှုမြင့်တက်ခြင်းဆိုတဲ့ အကြောင်းအရာများစွာကြောင့် ပြည်တွင်းရောင်းချမှုနဲ့ လိုအပ်ချက်ကို ခန့်မှန်းဖို့ ခက်ခဲနေတယ်လို့ စိုက်ပျိုးရေး နဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝါရင့်အရာရှိ တစ်ဦး ဖြစ်တဲ့ Doan Xuan Hoa က ပြောကြားပါတယ်။ ယမင်းခင်Source: Thanh Nien News

Tuesday, 26 Jul 2011

ယခုအပတ်နယ်စပ်မှ ပြောင်းအပို့လျော့                 ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်အထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန် ဒေါ်လာ ၂ ဒသမ ၄၄၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၇၂၈ တန်ကျော်နဲ့ ကန်ဒေါ် လာ ဝ ဒသမ ၁၉၂ သန်းတန်ဖိုးရှိ နံှစားပြောင်း ၆၃၃ တန်ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၃ဝဝ ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ပြောင်းကြိတ် ဖတ်မှုန့်များလည်း ယခုအပတ်မှာ စပြီး ပို့နေတာတွေ့ရပါတယ်။ ကျပ် ၁၄ သန်း တန်ဖိုးရှိ ပြောင်းကြိတ်ဖတ်မှုန့် တန်၁၄ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိဘက် ပြောင်း ဈေးများကျနေသော်လည်း တစ်ဘက်နိုင်ငံဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေး လိုက်ပါတယ်                                           မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု          ယခင်      ပြောင်းလဲမှု     %        ယခု    ယခင်   ပြောင်းလဲမှု     %နံှစားပြောင်း       ၂၁၁၂၂၄     ၂၁၄၅၆ဝ      ၃၃၃၆      ဝ .ဝ၂       ၂၉၄     ၂၉၄         -              -ပြောင်းဖူးစေ့     ၂၁၃၅၉၅       ၂၁၆၇၇ဝ      ၃၁၇၅       ၁ .၅      ၂၉၄      ၂၉၄          -              -MIRT (DOBT)

Tuesday, 26 Jul 2011

ပင်လယ်ရေကြောင်း အပို့ကျ                 ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၂၇၂ဝ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၇၈၄ သန်းဖိုးတင်ပို့ ခဲ့ကြပါတယ်။ ယခင်အပတ်က တန် ၆ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ စင်ကာပူ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းအပို့ကျ ပေမယ့် နယ်စပ်ကတော့ တန် ၈ဝဝဝ ကျော် ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးကတော့ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉ဝ မှ ၃၁ဝ ကြားဈေးရလျက်ရှိပါတယ်။              KZW

Tuesday, 26 Jul 2011

တာယာဝယ်လိုအားတိုး၍ ရော်ဘာပိုမိုတင်သွင်းဖွယ်ရှိ         ကမ္ဘာ့စတုတ္ထအကြီးဆုံး ရော်ဘာထုတ်လုပ်သူဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ရော်ဘာတင်သွင်းမှုက ယခုနှစ်မှာ ကား ရောင်းချနှုန်းတက်လာပြီး တာယာနဲ့ လက်အိတ်တွေလဲ ဝယ်လိုအားကောင်းတာကြောင့် ၁၃ ရာခိုင်နှုန်း ခန့်မြင့်တက်ဖွယ် ရှိတယ်လို့သိရပါတယ်။ ယခုနှစ်ဧပြီလ ၁ ရက်နေ့ကစပြီး ဝယ်လိုအားတန်ချိန် နှစ်သိန်းလောက်အထိမြင့်တက်နိုင်ပြီး ယခင်နှစ်ကတန်ချိန် ၁၇၇၄၈၂ တန်သာ ရှိကြောင်း မော်တော် ကားတာယာထုတ်လုပ်သူများအသင်း(ATMA)  ရဲ့ညွှန်ချုပ် က ပြောကြားခဲ့ပါတယ်။ ဧပြီမှ ဇွန်လအထိ ၃ လတာအတွင်း ရော်ဘာသွင်းကုန် ၁ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၄၂၉၂၉ တန်ရှိကြောင်း ရော်ဘာအသင်းမှ ထုတ်ပြန်ချက်များမှာပါရှိပါ တယ်။ ဇွန်လတစ်လတည်းကို ဝယ်လိုအား ၆ဝ ရာခိုင်နှုန်း တက်ခဲ့ပြီး တန်ချိန် ၁၉၁၁၈ တန်ရှိကြောင်း သိရပါတယ်။               လွန်ခဲ့တဲ့နှစ်ကလည်း တိုကျိုကုန်စည်ဒိုင်မှာ အိန္ဒိယရဲ့ ရော်ဘာ ဝယ်လိုအား ၄၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး MRF နဲ့ အပိုလို တာယာအပါအဝင် အိန္ဒိယတာယာထုတ်လုပ်ရေးတွေရဲ့ စရိတ်မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ရော်ဘာဈေး ကျဆင်း နေပေမယ့် အိန္ဒိယမှာ အဝယ်လိုက်နေတာကြောင့် ပြည်တွင်းဈေးကတော့ မကျဘူးလို့သိရပါတယ်။ တာယာကုမ္ပဏီအများစု ကတော့ ရော်ဘာအထွက်နှုန်းကျတဲ့ ပထမနှစ်ဝက်မှာ တင်သွင်းဖို့ အစီအစဉ်တွေရှိကြောင်းATMA ရဲ့ညွှန်ချုပ်ကပြောကြား ခဲ့ပါတယ်။ တိုကျိုကုန်စည် ဒိုင်မှာတော့ ဒီဇင်ဘာလအတွက် စာချုပ်ဈေးနှုန်းက တစ်တန်ကို ၄၈ဝ၈ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။ ဘရစ်စတုန်း၊ အပိုလိုနဲ့ MRF တာယာထုတ်လုပ်ရေးတွေကတော့ ဝယ်လိုအားတွေတက်လာတာကြောင့် ဒေါ်လာ သုံးဘီလီယံလောက် ထပ်မံရင်းနှီးမြှုပ်နံှမယ်လို့ ထုတ်လုပ်ရေးအုပ်စုများက ပြောကြားခဲ့ပါတယ်။             ကမ္ဘာ့ဒုတိယကားရောင်းချရဆုံး နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ ၂ဝ၁၅ မှာ ၂ ဆမကမြင့်တက်ပြီး အစီးရေ သုံးသန်းလောက် ထုတ်လုပ်ဖွယ်ရှိတာကြောင့် ရော်ဘာဝယ်လိုအား မြင့်တက်နေကြောင်း အစိုးရမှ ပြောကြားပါတယ်။ တာယာထုတ်လုပ်ရေး တွေရဲ့ အဓိကဝယ်လိုအားကတော့ ဘတ်စ်ကားနဲ့ ထရပ်ကားဈေးကွက်အတွက် ဖြစ်ကြောင်းသိရပါတယ်။ တခြားစီးပွားရေး လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတိုးတက်ပြီး အခြေအနေကောင်းခဲ့ရင် မော်တော်ကားဝယ်လိုအားတွေ မြင့်တက်ဖွယ်ရှိပြီး ယခုဘဏ္ဍာနှစ်မှာ ကားရောင်းချရနှုန်း ၁ဝ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း အိန္ဒိယ ကားထုတ်လုပ် သူများက ပြောကြားပါတယ်။ ဇွန်လအထိ ရော်ဘာ ထုတ်လုပ်မှု ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပေမယ့် ဇူလိုင်လမှာ ရော်ဘာတင်သွင်းမှုမြင့်တက်နိုင်ကြောင်း ဗွှဗြ ရဲ့ ညွှန်ခုျပ်ကပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့လက ထုတ်လုပ်မှု ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ပြီး ၅၉၂ဝဝ တန်ရှိခဲ့တယ်လို့ ရော်ဘာအသင်းရဲ့ စာရင်းများအရသိရပါတယ်။ Source; Financial express ,KZW

Pages