Background
ယခင်အပတ်ထက် ကုလားပဲဖြူလုံးကြီး ပိုမိုတင်ပို့လာနိုင် ပင်လယ်ရေကြောင်းမှ ကုလားပဲဖြူလုံးကြီး တင်ပို့မှုကတော့ ယခုတစ်ပတ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၃ဝဝဝ ခန့်ဖြစ်ပြီး ယခင်အပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၁၅ဝဝ ခန့် တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုအပတ်မှ တင်ပို့မှု ပိုလာပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်ထိ ကုလားပဲဖြူ လုံးကြီး တန်ချိန် ၃ သောင်းကျော်ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၅ဝဝ သာ တင်ပို့ နိုင်တာတွေ့ရပါတယ်။ ယခုအပတ် ဝယ်လိုအား ဆက်လက်ကောင်းနေမယ်လို့ သိရပါတယ်။MIRT - MAPT
ပဲတီစိမ်းကြီးအဟောင်း၊ အသစ် ဈေးနှစ်မျိုးနဲ့ အရောင်းအဝယ်ဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးကြိုပဲတီစိမ်း အသစ်များ မုံရွာကုန်စည်ဒိုင်ကို အြင်္ကန်အပြီးကာလမှ ယခုအချိန်ထိ ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်က ဧပြီလမှ ဇွန်လအတွင်း ထွက်ပေါ်ခဲ့တဲ့ ပဲတီစိမ်းများကို ပဲအဟောင်းအဖြစ် သတ်မှတ်ပြီး ဇူလိုင်လအတွင်း တစ်တင်းကို ၁၃ဝဝဝ ကျပ်နဲ့ ၁၇၅ဝဝ ကျပ်ကြား ဈေးပေါက်ခဲ့ပါတယ်။ ယခုလအတွင်း ထွက်ပေါ်ခဲ့တဲ့ ပဲတီစိမ်းကြီးကို အသစ်အဖြစ် သတ်မှတ်ကာ တစ်တင်းကို ၁၈ဝဝဝ ကျပ်နဲ့ ၂ဝဝဝဝ ကျပ် ကြား ဈေးပေါက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အတွင်း ပဲတီစိမ်းကြီး ဟောင်း၊ သစ် နှစ်မျိုး တစ်ရက်ကို ပျမ်းမျှတင်း ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ ပဲတီစိမ်းကြီး မန္တလေးသို့ တင်း ၁၄ဝဝ ကျော်၊ ရန်ကုန်သို့ တင်း ၂၅ဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်
မူဆယ်နယ်စပ်မှ အများဆုံးတင်ပို့နေရတဲ့ ပဲတီစိမ်း ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ ၂၁ ဒသမ ၉၈၄ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၃၈၁ဝ တန်ကျော် အပို့ရှိခဲ့ပါတယ်။ မူဆယ် နယ်စပ်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ယခုအပတ်အတွင်း လယ်ယာထွက်ကုန်ထဲမှာ ပဲတီစိမ်းကို အများဆုံးတင်ပို့နေတာဖြစ်ပြီး ယခုအပတ်အတွင်း တစ်နေ့ ပျမ်းမျှ တန်ချိန် ၃၄ဝဝ ကျော်ခန့် တင်ပို့နေတာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၈၁၅၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ်မှ တတိယပတ် ၂၆ ရက်ထိကာလအတွင်း နယ်စပ်မှ ပဲတီစိမ်း ၄၁၂၈၅ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ မြေပြင်ပေါက်ဈေးများကို ကြည့်တဲ့အခါ တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှုမရှိပေမဲ့ မိမိဘက်ဈေး ကျပ် ၁၂ဝဝဝ ဝန်းကျင် ဈေးလျော့လျက်ရှိနေပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၂၇၉၂၉ ၆၄ဝ၂ဝ၉ ၁၂၂၈ဝ ၂ ၉၂၈ ၉၂၈ - -MIRT (DOBT)
ရန်ကုန် ပဲတီစိမ်းဈေးကွက် ယခုတစ်ပတ်ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခုအပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက် ပဲတီစိမ်းတန် ချိန် ၄၄ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ပဲတီစိမ်းရွှေဝါ တန် ၃၃ဝဝ ကျော် ပါဝင်ပါတယ်။ ယခင်အပတ်ကလည်း ပဲတီစိမ်းတန် ၄၄ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့လို့ ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အိန္ဒိယဘက်မှ အညာရွှေဝါကို FOB ဈေး တစ်တန် ကန်ဒေါ်လာ ၇၃ဝ အဝယ်ရှိသော်လည်း ပုံမှန်စခေါ်ဈေးမှာ FOB ဈေး တစ်တန်ကန်ဒေါ်လာ ၈ဝဝ ဖြစ်၍ ယခုအပတ်တွင် ကြိုက်ဈေးရလို့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး အညာရွှေဝါ အစကောင်းများကို FOB ဈေး တစ်တန် ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ဖြင့် ဝယ်ယူမှုရှိကြောင်း သိရပါတယ်။ ဒေါ်လာ/ တန် ပဲတီစိမ်းအညာ ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၂၈-၇-၁၁ ၇၈ဝ-၈ဝဝ ၁ဝ၅ဝ-၁ဝ၇ဝ ၁၁၅ဝ-၁၁၇ဝ၂၁-၇-၁၁ ၈ဝဝ-၈၂ဝ ၁ဝ၅ဝ-၁ဝ၇ဝ ၁၁၅ဝ-၁၁၇ဝMIRT(MAPT)
ယခုတစ်ပတ် ပဲတီစိမ်း သင်္ဘောတင် ပိုလာ ပင်လယ်ရေကြောင်းမှ ပဲတီစိမ်း တင်ပို့မှုဟာ ယခုအပတ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် ပဲတီစိမ်း FAQ တန်ချိန် ၂၆ဝဝ ကျော်ဖြစ်တာကြောင့် ယခုအပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်ထိ တင်ပို့ခဲ့တဲ့ တန်ချိန် ၁၆ဝဝ ခန့်နဲ့ ယှဉ်ရင် ယခုတစ်ပတ် တန် ၁ဝဝဝ ပိုလာတယ်လို့ သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်ထိ ပဲတီစိမ်းတင်ပို့ပြီးစီးမှု တန်ချိန် တစ်သိန်းကျော်ရှိတာ တွေ့ရပြီး ယခင်နှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၇ သောင်းကျော်ထက် ပိုတာတွေ့ရပါတယ်။ MIRT - MAPT
အရောင်းအဝယ်အေးလာတဲ့ မြေထောက်ပဲ အရောင်းအနည်းငယ်တက်လာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့် နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ်ပဲနဲ့ မြေထောက်ပဲတို့ အရောင်းအဝယ် စာချုပ် ချုပ်နိုင်မှုဟာ ယခင်အပတ်များက လျော့နည်းလာရာ မှ ယခုအပတ် ဇူလိုင် ၂၂ မှ ၂၈ ရက် အတွင်း ထောပတ်ပဲ တန် ၁ဝဝ ဝန်း ကျင်၊ မြေထောက်ပဲ တန် ၂၇ဝ ကျော် ရောင်းဝယ်နိုင်ခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင် ၁၆ ရက်မှ ၂၁ ရက်အတွင်း ထောပတ်ပဲတန် ၂၇ဝ ခန့်၊ မြေ ထောက်ပဲ တန် ၂ဝ ရောင်းဝယ်နိုင်တာ ကြောင့်မြေထောက်ပဲ အရောင်းတက် လာတယ် ဆိုရမှာ ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ ယခင် သီတင်းပတ်များအတိုင်း ဇူလိုင် ၂၈ ရက်မှာလည်း ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT-MAPT
ယခုတစ်ပတ် ပဲလွန်းဖြူ အရောင်းပိုပေမဲ့ ဈေးငြိမ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက် အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ ပဲလွန်းဖြူ တန် ၁ဝဝဝ ကျော်ရှိပေမဲ့ လက်ကျန်နည်းသွားပြီလို့ ဈေးကွက်က ဆိုပါတယ်။ ရန်ကုန် FOB ဈေးကွက် ဇူလိုင် ၂၈ ရက်နေ့မှာ FAQ တစ်တန် ကန်ဒေါ်လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ယခင် အပတ်အတိုင်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။ MIRT - MAPT
ယခုတစ်ပတ် ပဲလွန်းဖြူ တင်ပို့မှု တန် ၂ဝဝ ရှိ ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူ တင်ပို့မှုဟာ ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၂ဝဝ ခန့်ရှိတာ ကြောင့် ယခင်တစ်ပတ်ဇူလိုင် ၁ဝ ရက် မှ ၁၆ ရက်အတွင်း တင်ပို့ခဲ့တဲ့ ပဲလွန်း ဖြူ တန် ၁၅ဝ ထက် ပိုလာတယ်လို့ ဆိုရမှာဖြစ်ပေမဲ့ ယခင်သီတင်းပတ်များ က တန်ချိန် ၄ဝဝ မှ ၁ဝဝဝ အတွင်းရှိ တာကြောင့် တင်ပို့မှုလျော့နည်းနေတာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံများက တော့ စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ကိုရီယားနိုင်ငံများဖြစ်ပြီး အိန္ဒိယကို အများဆုံးတင်ပို့ခဲ့တာ တွေ့ရပါတယ်။ MIRT - MAPT
ဝယ်လက်များ အဝယ်အေးနေတဲ့ ပြည်ပဲစင်းငုံ ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစင်းငုံတစ်တင်းကို ၁၃၅ဝဝ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ရန်ကုန်ဝယ်လက်အနည်းငယ်ရှိခဲ့သော် လည်း ယခုတစ်ပတ်မှာတော့ ဝယ်လက်များလည်း အဝယ်အေးနေခဲ့ ပါတယ်။ ပွဲရုံများ၌ ပဲလက်ကျန်များရှိသော်လည်း ဈေးမကိုက်တဲ့အတွက် ရောင်းချမှု မရှိကြဘူးလို့ သိရပါတယ်။ ဒါကြောင့် ပဲဈေးကွက်အတွင်း ပဲစင်းငုံမှာ အရောင်း အဝယ်သိသိသာသာ အေးနေတယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ
မုံရွာပဲစင်းငုံအရောင်းအဝယ် နိမ့်တုံမြင့်တုံ ဇူလိုင်လကုန်ပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်အနေနဲ့ ဝယ်သူခန့်မှန်း မရလောက်အောင် ဈေးကွက်အေးနေခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ရန်ကုန်ဝယ်လက်အနည်းငယ်ဆွဲသလို ဒေသတွင်း ဝယ်လက်လည်း အနည်းငယ်ရှိ ခဲ့ပြီး အနည်းဆုံးအရောင်းအဝယ်ဖြစ်တဲ့နေ့မှာ အိတ် ၂ဝဝ မှ ၃ဝဝ ခန့်နဲ့ အများဆုံး အရောင်းအဝယ်ဖြစ်တဲ့နေ့မှာ အိတ် ၂ဝဝဝ၊ ၃ဝဝဝ အထိရှိခဲ့တယ်လို့ ကုန်စည်ဒိုင် ရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်ပေါက်ဈေးအားဖြင့် တစ်တင်း ၁၂၅ဝဝ ကျပ်မှ အမြင့်ဆုံး တစ်တင်း ၁၃၇ဝဝ ကျပ်ထိသာ တက်ဈေးဖြစ်ခဲ့တယ်လို့ ဈေးကွက် က ဆိုပါတယ်။ ထွန်းလှိုင်
