Main menu

Background

Sunday, 19 Jun 2011

ပင်လယ်ရေကြောင်းက ပဲစင်းငုံ တန် ၅၆ဝဝ ကျော်တင်ပို့                 ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၆ဝဝဝ ကျော်တင်ပို့မှု ရှိခဲ့ပြီး ယခုသီတင်းပတ် (ဇွန်လ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာလည်း တန်ချိန် ၅၆ဝဝ ကျော် တင်ပို့နိုင်တာတွေ့ရပါတယ်။ ပဲစင်းငုံမှာ အိန္ဒိယကိုတင်ပို့တာဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁-၁၂ ဇွန်လ ၁ဝ ရက်နေ့ အထိ ပဲစင်းငုံပြည်ပတင်ပို့မှု တန်ချိန် ၃၆ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူအတွင်း တန်ချိန် ၂၂ဝဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ တန် တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ဆက်လက် ကောင်းနေအုံးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။MIRT- MAPT

Sunday, 19 Jun 2011

နယ်စပ်မှ မတ်ပဲအပို့ရှိ               ဇွန်လ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်းမူဆယ် (၁ဝ၅)မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၈၆ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၂ဝ တင်ပို့မှု ရှိခဲ့ပါတယ်။ ဇွန်လ ပထမပတ်မှာတော့ မတ်ပဲတန် ၅ဝတင်ပို့နိုင်ခဲ့တာမို့ယခု အပတ် မတ်ပဲတင်ပို့မှု တန် ၃ဝ လျော့နည်းခဲ့ပါတယ်။ ပြည်တွင်း ပဲဈေးကျလျက်ရှိတဲ့အပြင် တစ်ဖက်နိုင်ငံ ယွမ်ဈေးပေါ်မူတည်ပြီး တွက်ခြေကိုက်မှု နည်းတာကြောင့် တင်ပို့မှု လျော့နည်းလျက် ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                     မိမိဘက်(ကျပ်/တန်)                                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု            ယခင်      ပြောင်းလဲမှု   %    ယခု       ယခင်        ပြောင်းလဲမှု           %မတ်ပဲ     ၅၅၄၉၉၆     ၅၈၈၃၄၉     ၃၃၃၅၃     ၆     ၈၃၃        ၈၃၃                  -                  -MIRT (DOBT)

Sunday, 19 Jun 2011

မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၂ သောင်းနား ကပ်နေ               ပင်လယ်ရေကြောင်းက မတ်ပဲသင်္ဘောတင်ပို့မှုဟာ ယခင်သီတင်းပတ်များက အပတ်စဉ်တန်ချိန် ၂ သောင်းကျော်ရှိနေသလို ယခုသီတင်းပတ် (ဇွန်လ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာလည်း တန်ချိန် ၂ သောင်းနီးပါးတင်ပို့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ အိန္ဒိယကို အများဆုံးဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ ယူအေအီး၊ ဗီယက်နမ်တို့ကိုလည်း တင်ပို့မှုရှိတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ဇွန်လ ၁ဝ ရက်နေ့အထိ မတ်ပဲတန်ချိန် ၁၄၄ဝဝဝ ကျော်တင်ပို့ပြီးဖြစ်လို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ တန်ချိန် ၉၁ဝဝဝ ကျော်နဲ့ ယှဉ်ရင် ယခုနှစ်မှာ တန်ချိန် ၅ဝဝဝဝ ကျော် ပိုမိုတင်ပို့တာတွေ့ရပါတယ်။ အိန္ဒိယပုံမှန်အဝယ်ရှိလို့ လာမယ့်သီတင်းပတ်များမှာလည်း တင်ပို့မှု ဆက်လက် အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။   MIRT- MAPT 

Sunday, 12 Jun 2011

ဈေးကောင်းလို့ အရောင်းအဝယ်အေးနေတဲ့ ပြည်ကြက်သွန်နီ                    ပြည်ကြက်သွန်နီဈေးကွက်သို့ တင်သွင်းလျက်ရှိတဲ့ ရေနံချောင်း၊ ပခုက္ကူဒေသများတွင် ကြက်သွန်နီထွက်ရှိမှု ကာလပြီး ဆုံးပြီး စိုက်ပျိုးထုတ်လုပ်သူတောင်သူထံမှမဟုတ်ဘဲ ကုန်သည် နဲ့ လှောင်လက်သမားများထံမှတစ်ဆင့် မှာယူတင်သွင်းရောင်း ဝယ်ရတဲ့အတွက် ယခုတစ်ပတ်တွင်လည်း ကြက်သွန်နီ(ကြီး) တစ်ပိဿာကို ၇ဝဝ ကျပ်၊ (လတ်) ၆ဝဝ ကျပ်၊ (သေး) ၄၅ဝ ကျပ်တို့ရှိပြီး ဆက်လက်ဈေးကောင်းရနေလျက် တစ်ပိဿာကို ၁ဝဝ ကျပ်နှုန်းခန့်ဈေးမြင့်သွားပါတယ်။ စီးဆင်းဝင် ရောက်မှုအနေဖြင့်လည်း ရက်ခြားသာအဝင်ရှိတော့သလို ယခု တစ်ပတ်အတွင်း ၃၅ ပိဿာဝင် အိတ် ၈ဝဝ ခန့်သာ အဝင်ရှိ၍ ဈေးမြင့်လို့ အရောင်းအဝယ်မှာလည်း ခပ်ပါးပါးဖြင့် အေးနေပြီး ယခုတစ်ပတ်အတွင်း အိတ် ၄၅ဝ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရပါတယ်။    ဝင်းလဲ့ဝါ

Sunday, 12 Jun 2011

ဝယ်လိုအားနည်းတဲ့ ရှမ်းနနွင်း              ရှမ်းပြည်နယ်ရဲ့ အကောင်းဆုံးနနွင်းတွေဖြစ်တဲ့ ဆင်တောင်နနွင်း၊ ဟိုပုံးနနွင်းကလည်း လက်ကျန်တွေ ကျန်နေပါတယ်။ ဟိုပုံးမှာလည်း နနွင်းလက်ကျန်က ပိဿာချိန် သောင်းဂဏန်းခန့်ရှိနေသေးတယ်လို့ သိရပါတယ်။ နှစ်စမှာ ဈေးကောင်းရပေမဲ့ ဝယ်လိုအားကနည်းပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူပေမဲ့ ချင်းလိုတော့ အရောင်းမသွက်ပါဘူး။ ဟိုပုံးဈေးကွက်မှာ နနွင်းက တစ်ပိဿာ ၁၂ဝဝ ကျပ်သာရှိပါတယ်။ ပင်လောင်းနနွင်း တွေကတော့ ပြီးခဲ့တဲ့လတွေမှာ အောင်ပန်းဈေးကွက်ကို မလာတော့ဘဲ လိန်းလီကတစ်ဆင့် အောက်ဖက်ကို ဆင်းပေမဲ့ အခုလတွေမှာတော့ စီးဆင်းမှုနည်းသွားပြီလို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာ ပင်လောင်းနနွင်းစ ဈေးက တစ်ပိဿာ ၇ဝဝ ကျပ်မှ ၉ဝဝ ကျပ်သာရှိပါတော့တယ်။ ပင်းတယနနွင်းက တစ်ပိဿာ ၁၅ဝဝ ကျပ်ရှိပြီး ဆင်တောင်နနွင်းကတော့ ၃၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ နမ့်စန်မှာလည်း နနွင်း လက်ကျန်တွေ အတော်ရှိနေပြီး တစ်ပိဿာ ၁၅ဝဝ ကျပ်မှ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ဒီတစ်ပတ် နနွင်းခြောက်ဈေးက တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်

Sunday, 12 Jun 2011

ယခုအပတ်နယ်စပ်မှ နနွင်းတက် တင်ပို့မှုပို                 မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၉၂ သန်း တန်ဖိုးရှိ နနွင်းတက် ၈၆ ဒသမ ၄ တန်နှင့် နနွင်းခေါင်း ၁၁ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက်တင်ပို့မှု ၄ တန်ခွဲ လျော့နည်းခဲ့ပြီး နနွင်းခေါင်း တင်ပို့မှုမှာ ၁ဝ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT(DOBT)

Sunday, 12 Jun 2011

ပစ္စည်းပြတ်လုနီး၍ နိုက်ဂျီးရီးယား ချင်းခြောက်ဈေးမြင့်မားနေ                 နိုက်ဂျီးရီးယားမှာ ချင်းခြောက်လက်ကျန်လျော့နည်းသွားရာ မကြာခင်ရက်တွေ အတွင်းမှစပြီး ဈေးနှုန်းမြင့်မားခဲ့တယ်လို့ သိရတယ်။ နိုက်ဂျီးရီးယားချင်းခြောက် (ခွဲခြမ်းထားပြီးသော) af la toxin (အဖလာတော့ စင်မှိုဆိပ်)မှာ အီးယူရဲ့ သတ်မှတ်ပမာဏအတွင်းသာရှိရာ ဈေးနှုန်းမှာ တစ်တန်ကို ကန်ဒေါ်လာ ၄၆ဝဝ (C & F Price) ဖြစ်ကြောင်း သိရပါတယ်။ နိုက်ဂျီးရီးယားက ချင်းခြောက်ထွက်ရှိမှုရဲ့ ၉ဝ ရာခိုင်နှုန်းကို ပြည်ပကိုတင်ပို့ပြီးဖြစ်ရာ လက်ကျန်ပမာဏ အလွန်နည်းနေကြောင်း သိရပါတယ်။ Source:agra.net.com ပပ

Sunday, 12 Jun 2011

ပြည်ချင်းဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်နေ               အောင်ပန်းချင်းများ ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမှာ ယခင်တစ်ပတ်ကအတိုင်း ပိဿာ ၃ဝ ဝင်အိတ် ၂ဝဝ ခန့်နဲ့ ပုံမှန်အဝင်ရှိပြီး အခြားတိုင်းဖြစ်တဲ့ ဧရာဝတီတိုင်းနဲ့ ရခိုင်ဘက်သို့ ပိဿာချိန် ၁၂ဝဝ ခန့်ကို ဈေးကွက်မှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်း ပဲွဲရုံများ၌ အရောင်း အဝယ် ပုံမှန်ဖြစ်လျက် အဝင်လည်း ပုံမှန်ရှိနေတဲ့အတွက် ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၁၆ဝဝ ကျပ်၊ (ဂျွန်) ၁၅ဝဝ ကျပ်တို့နဲ့ အသီးသီး ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ်ဈေးအတိုင်း မပြောင်းလဲဘဲ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဝင်းလဲ့ဝါ

Sunday, 12 Jun 2011

ရှမ်းချင်းဥမတွေ ဈေးကွက်ဝင်လာပါပြီ                ရှမ်းချင်း (ဥမ) တွေ ဈေးကွက်ကိုဝင်လာပါပြီ၊ ချင်း(ဥမ) တွေဝင်လာပေမဲ့ ချင်းဟောင်းတွေကလည်း လက်ကျန်ရှိနေပါသေး တယ်။ လက်ကျန်ဟောင်းတွေက တောင်သူ လက်ထဲမှာ သိပ်မရှိတော့ပေမဲ့ လှောင်လက်တွေ လက်မှာတော့ အတော် ကျန်နေသေးတယ်လို့ သိရပါတယ်။ ဟိုပုံးချင်းတွေကတော့ ကုန်သလောက် ဖြစ်သွားပြီလို့ သိရပါတယ်။ ဟိုပုံးချင်းက (ဥမ) ပြန်ပြီးဖော် လေ့မရှိတာကြောင့် လက်ကျန်အနည်းအကျဉ်းလောက်သာ ရှိတော့တယ်လို့ ချင်းပွဲရုံတွေက သိရပါ တယ်။ အောင်ပန်းဈေးကွက်ကိုဝင်လာတဲ့ ချင်း(ဥမ)က တစ်ပိဿာ ၅ဝဝ ကျပ်ဈေးရှိပါတယ်။ ပေါ်ကာစဖြစ်လို့ ဈေးကွက်မှာ တစ်ရက်ကို ပိဿာချိန် ၂ဝဝ -၃ဝဝ ခန့်သာအဝင်ရှိပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းစိုက တစ်ပိဿာ ၂၅ဝ ကျပ်မှ ၂၉ဝ ကျပ်အထိရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်- ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးအတွက် အရောင်းအဝယ်က ပုံမှန်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ မုံရွာ၊ ပြည်စတဲ့ မြို့တွေက ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၅ ဒသမ ၃ သိန်းအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဧဧခိုင်

Sunday, 12 Jun 2011

ချင်းတင်ပို့မှု လျော့နည်းခဲ့                ယခုသီတင်းပတ်ဖြစ်တဲ့ မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်တာကာလအတွင်း ချင်း ၁၂ ဒသမ ၅ တန်ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ချင်းတင်ပို့မှုမှာ ၅၁ တန်ရှိခဲ့တာကြောင့် ယခုသီတင်းပတ်တင်ပို့မှုနဲ့ ယှဉ်ရင် လျော့နည်းခဲ့တာတွေ့ရပါတယ်။ လချုပ်အနေနဲ့ မေလအတွင်းချင်းတင် ပို့မှုမှာ တန်ချိန် ၁၂ဝ ရှိခဲ့ပြီး ဧပြီလအတွင်း တင်ပို့မှုက ၅၉ တန်သာရှိခဲ့တာကြောင့် မေလမှာချင်းတင်ပို့မှုက ပိုမိုခဲ့ပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှု ဈေးက အက်ဖ်အို ဘီဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၁၄၅ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ တစ်သောင်းရှစ်ထောင်ကျော်ရရှိခဲ့ပါတယ်။              MIRT (DOT)

Pages