Main menu

Background

Sunday, 24 Apr 2011

ပဲလွန်းဖြူ၊ နီ တင်ပို့မှု စံချိန်တင် တိုးတက်             အခြားပဲများ ပင်လယ်ရေကြောင်း က တင်ပို့မှုတွေထဲမှာ ပဲလွန်းဖြူနီ တင်ပို့မှုကတော့ သြင်္ကန်မတိုင်မီ သီတင်းပတ်မှာ စံချိန်တင်တိုးတက် လာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် များက တန်ချိန် ၂ဝဝဝ အထိ တိုးတက် တင်ပို့မှုရှိခဲ့ပြီး ပိတ်ရက်မတိုင်မီမှာ ပိုမိုတင်ပို့လာတာဖြစ်ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ပဲလွန်းဖြူ မတ်လတင်ပို့မှုအနေနဲ့ တန်ချိန် ၆၅ဝဝ ကျော်ရှိပြီး ဖေဖော်ဝါရီလမှာ တန် ၂ဝဝဝ ခန့်သာရှိခဲ့ပါတယ်။ ၂ဝ၁ဝ မတ်လမှာ တန်ချိန် ၅၈ဝဝ ခန့်ရှိလို့ ယခုနှစ်မှာ ပိုတင်လာနိုင်တာတွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                        ပဲလွန်းဖြူ                  ပဲလွန်းနီ၂၂-၄-၁၁        ၈၂ဝ-၈၄ဝ              ၉ဝဝ-၉၂ဝ၁၁-၄-၁၁        ၈၂ဝ-၈၄ဝ               ၈၈ဝ-၉ဝဝ                                                               MIRT(MAPT)

Sunday, 24 Apr 2011

ဈေးအေးပေမဲ့ မုံရွာတောင်သူတွေစိုက်ရေးပြင်             မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ဧပြီလအတွင်း ပဲစင်းငုံနီဟာ အတက်အကျ ဈေးမငြိမ်သလို အရောင်းအဝယ် အားဖြင့် အေးခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ လဆန်းပိုင်းကတစ်တင်း ၁၈၆ဝဝ ကျပ်၊ လလယ်ပိုင်းမှာ တစ်တင်း ၁၉၄ဝဝ ကျပ် မှ အမြင့်ဆုံး ၂ဝ၁ဝဝ ကျပ်အထိသာ အမြင့်ဈေးဖြစ်ခဲ့ပြီး၊ ဧပြီ ၂၂ရက်နေ့မှာ ၁၈၃ဝဝ ကျပ်ကို ပြန်ရောက်သွားခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ဒေသခံကုန်သည်အချင်းချင်း ရောင်းဝယ်မှုသာရှိလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၅ဝဝ ခန့်သာ ဖြစ်ခဲ့တယ်လို့သိရပါတယ်။ လက်ရှိပဲစင်းငုံဈေးကွက် ဘယ်လောက်ပဲ အရောင်းအဝယ်အေးအေး ဈေးနိမ့်နိမ့် မုံရွာနယ်ကတောင်သူတွေကတော့ မိုးဦး အကျမှာ ပဲစင်းငုံ စိုက်ဖို့ မျိုး၊ ပံ့ပိုး ပစ္စည်းနဲ့ သွင်းအားစုတွေစုဆောင်းပြီး ထယ်ရေး ပြင်ဖို့ တာစူလျက်ရှိရာ တွေ့မြင်ရပါကြောင်း ...။ ထွန်းလှိုင်

Sunday, 24 Apr 2011

ပြည်မှာ ပဲဈေးငြိမ်ပြီး အရောင်းအဝယ်အေးနေ             ၂ဝ၁ဝ ခုနှစ် ယခင်နှစ် ပဲစင်းငုံ ပိဿာ ၂ဝ တစ်တင်းကို ကျပ် ၃၃၃ဝဝ ထိ ဈေးကောင်းရခဲ့သော်လည်း သြင်္ကန်ပိတ်ရက်များကြောင့် အရောင်း အဝယ်အေး နေခဲ့ပြီး ဧပြီလနောက်ဆုံးပတ်မှာ တစ်တင်းကို ၃၅ဝဝဝ ကျပ်ထိ ဈေးကောင်းရခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် ၂ဝ၁၁ ခုနှစ် ဧပြီလအစမှာတော့ ပိဿာ ၂ဝ တစ်တင်းကို ၁၉၅ဝဝ ကျပ်ဈေးရှိပြီး အရောင်းအဝယ်အေးနေပါတယ်။ ယခင်နှစ် ဈေးနှင့်ယှဉ်လျှင် ယခုနှစ်ဈေးမှာ ဈေးကောင်းမရသေးတာကြောင့် အရောင်း အဝယ်အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်ဈေးအနေဖြင့် တစ် တင်း ကို ၁၉၅ဝဝ ကျပ်ဖြင့် ဆက်လက်ဈေးငြိမ်နေပြီး အရောင်းအဝယ်အေး လျက် ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 24 Apr 2011

စစ်ကိုင်းမှာ အရောင်းအဝယ်သွက်             ယခုအချိန် မုံရွာကုန်စည်ဒိုင်မှာ အရောင်းအဝယ်အကောင်းဆုံးသီးနံှမှာ ပဲစင်းငုံဖြစ်ပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်မြို့နယ်များမှ ပဲစင်းငုံနီများ အဝင်လှိုင်သလို တိုင်းပြင်ပ မန္တလေးသို့ စီးထွက်မှုလည်း အများဆုံးဖြစ်ကြောင်း သိရှိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ဧပြီ ပထမပတ်အတွင်း ပဲစင်းငုံနီ တစ်ပိဿာ အနိမ့်အမြင့်ပေါက်ဈေးမှာ ၉၃ဝ ကျပ်-၁ဝဝ၅ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ မုံရွာကုန်စည်ဒိုင် မှာနေ့စဉ် ပျမ်းမျှပဲစင်းငုံနီ တင်း ၁၂ဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ဧပြီပထမပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ ပဲစင်းငုံနီတင်း ၃၈ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။             သန်းးသန်းးတင်

Sunday, 24 Apr 2011

်ပင်လယ်ရေကြောင်း တင်ပို့မှု သိသိသာသာမပိုလာ                ပင်လယ်ရေကြောင်းက သြင်္ကန်မတိုင်မီ ပဲမျိုးစုံ တင်ပို့မှု သိသိသာသာ မြင့်တက်လာပေမဲ့ ပဲစင်းငုံကတော့ တန်ချိန် ၃၅ဝဝ ကျော်နဲ့ ပုံမှန်သာ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ အဓိကတော့ အိန္ဒိယဝယ်လက် အဝယ်နှေးတာကြောင့် လို့ သိရပါတယ်။ မတ်လတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၁၉ဝဝဝ ခန့်သာရှိပြီး ဖေဖော်ဝါရီလမှာ တန်ချိန် ၂၂ဝဝဝ ကျော်ရှိခဲ့ပါတယ်။ ၂ဝ၁ဝ မတ်လမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့်သာ တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ အနည်းငယ်ပိုလာ ခဲ့ပါတယ်။ လက်ရှိပြည်တွင်းဈေးကွက်တွေမှာ အိန္ဒိယပဲဈေးကျပြီး အဝယ်အေးတဲ့ ဂယက်ကြောင့် ဈေးလျော့ကျနေပါတယ်။ ဝယ်လက်တချို့ကလည်း တစ်တန် ကန်ဒေါ်လာ ၁ဝဝ ခန့်ကွာတဲ့ ရှမ်းစကိုသာ အဝယ်အနည်းငယ် ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးများကတော့ သြင်္ကန်မတိုင်မီဈေးနှုန်းအတိုင်း ပဲစင်းငုံနီ တစ်တန်ကို ကန်ဒေါ်လာ ၈၅ဝ-၈၇ဝ အဖြူနဲ့ ဖြူနီတစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၈ဝ ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ MIRT(MAPT)

Sunday, 24 Apr 2011

ပြည်မတ်ပဲလည်း အဝင်များပြီး ဈေးအေး              ပြည် မတ်ပဲဈေးဟာ သြင်္ကန်မတိုင်ခင်အချိန် ပဲတစ်တင်းကို ၂၂၇ဝဝ ကျပ် ဈေးထိ မြင့်ခဲ့ပြီး သြင်္ကန်ပြီး ကာလပွဲရုံများ ပြန်လည်ဖွင့်စအချိန်မှာတော့ ပဲတစ်တင်းကို ၂၁ဝဝဝ ကျပ်ဈေးနဲ့ ပြည်အနီးအနားရွာများမှ တစ်နေ့ကို အိတ် ၆ဝဝ- ၇ဝဝ ခန့် လာရောက်ရောင်းချကြတယ်လို့သိရပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ လှောင် လက်သမားများ အဝယ်များနေသော်လည်း ပဲဝင်ရောက်မှုများတာကြောင့် ဈေးလျှော့ခဲ့တယ်လို့သိရပါတယ်။ သြင်္ကန်ပြီးစအချိန် ပြည်မှရန်ကုန်သိူ့ ပဲတင်ပို့မှုကတော့ တစ်နေ့ကို အိတ် ၇၂ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး

Sunday, 24 Apr 2011

 သြင်္ကန်အလွန် ဈေးအေးသွားတဲ့ ဟင်္သာတမတ်ပဲ                ဟင်္သာတ ပဲဈေးကွက်တွင် မတ်ပဲဈေးမှာ သြင်္ကန်မတိုင်မီ ယခင်တစ်ပတ်က တစ်တင်းလျှင် ၂၂၃ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ သြင်္ကန်အလွန် ယခု အပတ်မှာ တစ်တင်းကို ၂၁၅ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဟင်္သာတခရိုင်အတွင်းရှိ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်မြို့နယ်များမှလည်း တစ်ရက် မတ်ပဲအိတ် ၁ဝဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ မတ်ပဲဈေးအေး သွားသော်လည်း ယခင်တစ်ပတ်ထက် ပိုပြီးအဝင်များ အရောင်းသွက်နေကြောင်း သိရပါတယ်။ ဟင်္သာတမှ ရန်ကုန်ဈေးကွက်သို့ ပဲစီးထွက်မှုအနေနဲ့ နေ့စဉ်ပျမ်းမျှ အိတ် ၂ဝဝဝ မှ ၂၅ဝဝ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။             အေးအေးခိုင်

Sunday, 24 Apr 2011

သြင်္ကန်အပြီး သွေးအေးနေဆဲ မတ်ပဲဈေးကွက်                ပဲခူးတိုင်းဒေသကြီးအရှေ့၊ ပဲခူးမြို့နယ်ရဲ့ ဈေးကွက်မှာ မတ်ပဲတစ်ပိဿာကို ၁ဝ၅ဝ ကျပ်နဲ့ အရောင်းအဝယ် ရှိနေရာက သြင်္ကန်အပြီး ဧပြီလတတိယပတ်မှာ တစ်ပိဿာကို ၁ဝ၇၅ ကျပ်ဈေးဖြစ်လာပါတယ်။ သနပ်ပင်မြို့နယ်ရဲ့ ပဲခူးအနီး တစ်ဝိုက်ကျေးရွာများမှ တစ်နေ့လျှင်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ခန့်အထိ လာရောက် ရောင်းချတယ်လို့ သိရပါတယ်။ ယခုနှစ်က သြင်္ကန်ကာလနဲ့ ပဲခူးရွှေမော်ဓော ဘုရားပွဲတော်ကျင်းပချိန် တိုက်ဆိုင်နေလို့ အရောင်းအဝယ်အေးနေရာမှ သြင်္ကန် အပြီးမှာ အရောင်းအဝယ်များ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ငွေလိုသူတွေ၊ ငွေပေါ်လိုသူတွေ ရောင်းကြဝယ်ကြလို့ စည်ကားရခြင်းဖြစ်တယ်လို့ ပွဲရုံအသိုင်းအဝိုင်းက ဆိုပါတယ်။ နယ်အဝင်ရှိနေပေမဲ့ ကုန်သည်အချို့က ဈေးတက်ချိန်ကို ဆက်လက် စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။                 အေးဝင်း

Sunday, 24 Apr 2011

ယခင်တစ်ပတ်ထက် မတ်ပဲတင်ပို့မှု တစ်ဆပိုလာ                   သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ပိုလာခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တန် ၅ဝဝဝ ကျော်သာ တင်ပို့မှု ရှိခဲ့ရာမှ ဧပြီလ ၅ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန်ချိန် တစ်သောင်းကျော်ထိ တင်ပို့ လာခဲ့ပါတယ်။ အိန္ဒိယအဝယ်ရှိခဲ့ပြီး ပိတ်ရက်များကြောင့် တွန်းတင်လာခဲ့သလို ပြည်တွင်းဈေးကွက်မှာလည်း အရောင်းအဝယ်အဖြစ်များပြီး ဈေးမြင့်လာခဲ့ပါတယ်။ မတ်လ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၃၂ဝဝဝ ခန့် ရှိပြီး ဖေဖော်ဝါရီလ မှာ တန်ချိန် ၃ဝဝဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် မတ်လ တင်ပို့မှုကို ကြည့်ရာမှာတော့ တန်ချိန် ၅၆ဝဝဝ ထိ တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၂ သောင်းကျော် လျော့ကျတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်များ အတွင်း သြင်္ကန်မတိုင်မီကစပြီး တောင်သူတွေ ရောင်းအားများလာလို့ သြင်္ကန်အပြီးမှာ မတ်ပဲဈေး ပြန်အေးလာခဲ့တယ်လို့ သိရပါတယ်။ FOB အရောင်းအဝယ်ဖြစ်မှု ကတော့ ပုံမှန်ရှိတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဧပြီလ ၂၂ ရက် ရန်ကုန် FOB ဈေးများကတော့ ယခင်ဈေးအတိုင်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၂ဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆ဝ- ၁ဝ၈ဝ အသီးသီးဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT 

Sunday, 3 Apr 2011

အဝင်နည်းပြီး ဝယ်လက်စုံလို့ ရှမ်းနနွင်းလည်းဈေးမာ                ရှမ်းနနွင်းဈေးလည်း ဒီတစ်ပတ်မှာတက်လာပါတယ်။ ပြည်ပကို ပို့ဖို့အတွက် မူဆယ်ဝယ်လက်တွေ ဝယ်ယူနေ တာကြောင့် ဈေးတက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာလည်း အဝင်နည်းနေပါ သေးတယ်။ မတ်လ နောက်ဆုံးအပတ်နဲ့ ဧပြီလပထမပတ်လောက်မှာ ဈေးကွက်ကိုလှိုင်လှိုင်ဝင်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ မိုးရွာနေတာကြောင့် ခန့်မှန်း သလိုအဝင်မများလာသေးပါဘူး။ နမ့်စန်ဈေးကွက်မှာလည်း အဝင်နည်းနေပါသေးတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ကျောက်ဆည် နနွင်းက ဈေးမြင့်တက်တာကြောင့် ပြည်ပ ဝယ်လက်တွေက ဟိုပုံးနနွင်းကို ပိုဝယ်လို့ ဟိုပုံးဈေးကွက်မှာ နနွင်းလက်ကျန် နည်းနေပြီလို့ သိရပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် တစ်သောင်းခန့် အဝင်ရှိပြီး ပြည်ပဝယ်လိုအားက အဝယ်လိုက်နေတာကြောင့် ယခင်လက တစ်လအတွင်း ပိဿာချိန် တစ်သိန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဟိုပိုးဈေးကွက်မှာ နနွင်းတက် တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းအရည်အသွေးအလိုက် တစ်ပိဿာကို ၂ဝဝဝ ကျပ်မှ ၂၄၅ဝ ကျပ်ဈေးရှိပြီး တောင်ကြီးဈေး ကွက်မှာတော့ တစ်ပိဿာ ၂၅ဝဝ ကျပ် ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။                                    ဧဧခိုင်

Pages