Main menu

Background

Sunday, 20 Mar 2011

မတ်ပဲတင်ပို့မှု ပြန်လည်တိုးတက်လာ             ယခုသီတင်းပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်)အတွင်းမှာတော့ မတ်ပဲ တန်ချိန် ၈ဝဝဝ နီးပါးကို ပြန်လည်တိုးတက်တင်ပို့နိုင်ခဲ့ပါတယ်။ အရောင်းအဝယ် အခြေအနေအရတော့ ယခုတစ်ပတ်အတွင်း ဝယ်လက်များက အမြင့်ဈေးနဲ့ ဝယ်ယူ လိုခြင်းမရှိလို့ ဈေးအလျော့ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ပြည်တွင်း ဝယ်လက်နဲ့ ရောင်းလက်များအနေနဲ့ အရောင်းအဝယ်ဖြစ်မှုရှိပေမဲ့ FOB  ရောင်းဝယ်မှုတော့ ဒီတစ်ပတ်နည်းတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်နဲ့ ယခု သီတင်းပတ် ရန်ကုန် FOB ဈေးနှုန်းအပြောင်းအလဲကို ဖော်ပြလိုက်ပါတယ်                                                                              ဒေါ်လာ/တန်                     မတ်ပဲ(FAQ)             မတ်ပဲ(SQ)၁၈-၃-၁၁            ၉၂ဝ-၉၄ဝ              ၁ဝ၄ဝ-၁ဝ၆ဝ၁၁-၃-၁၁            ၉ဝဝ-၉၂ဝ               ၁ဝဝဝ-၁ဝ၂ဝMIRT(MAPT)  

Sunday, 13 Mar 2011

တစ်ပတ်အတွင်း နယ်စပ်မှ ပရဆေးတင်ပို့မှု တန် ၁ဝဝဝ နီးပါးရှိ                    မတ်လ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၆၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းတန်ချိန် ၉၉၈ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၆၉၈ တန်ကျော် တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၃ဝဝ ခန့် ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိတဲ့ ကျောက်ဂျင်း၊ မျောက်ဥခြောက်တို့ကို ယခုအပတ်မှာ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ယခုအပတ်မှ တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မိချောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကျောက်ဂျင်း၊ နနွင်းတက်၊ ဒရင် ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်လျှာစေ့၊ မျောက်ဥခြောက်၊ မာလာဥနဲ့ မာလာဥခေါင်း တို့ဖြစ်ပါတယ်။ တမူးနယ်စပ်ကနေ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၂ သန်းတန်ဖိုးရှိရှိန်းခို ၁ ဒသမ ၂ တန်တင်သွင်းမှု ယခုအပတ်မှာ ရှိတယ်လို့ သိရပါတယ်။ MIRT(DOBT) 

Sunday, 13 Mar 2011

ပရဆေး ကုန်ကြမ်းဈေးကွက် ခိုင်မာယုံကြည်စေရန်လိုအပ်              စစ်ကိုင်းတိုင်းဒေသကြီးတွင် စမုံစပါး၊ စမုံညို၊ နံနံစေ့များ စတင်ပေါ်တော့မှာဖြစ်ပြီး၊ တစ်ရာသီလျှင် စမုံစပါးတင်း ၁၅ဝဝဝ ခန့် ရန်ကုန်နဲ့မန္တလေးဈေးကွက်သို့ စီးထွက်မှုရှိပါတယ်။ ယခုအချိန် ပရဆေးဆိုင်များရှိ ဈေးနှုန်းမှာ တစ်ပိဿာလျှင် စမုံစပါး ၁၅ဝဝ ကျပ်၊ စမုံညို ၃၅ဝဝ ကျပ်နဲ့ နံနံစေ့မှာ တစ်တင်းလျှင် ၇ဝဝဝ ကျပ်ခန့် ဖြစ်ပါတယ်။ ဒေသတွင်း အများအပြားထွက်ရှိတဲ့ ပရဆေးကုန်ကြမ်းများအနက် တောထန်းမြစ် တစ်ပိဿာလျှင် ၁ဝဝဝ ကျပ်၊ ဆင်တုံးမနွယ် ၅ဝဝ ကျပ်ဖြစ်ပါတယ်။ ကြောင်ပန်းစေ့နှင့် ဝင်အူမြစ်များကိုလည်း တရုတ်မှ တိုက်ရိုက် ချိတ်ဆက်ဝယ်ယူကြောင်းသိရပါတယ်။ ငရုတ်ကောင်းများ လှိုင်လှိုင်ပေါ်နေပြီဖြစ်လို့ ဒီဇင်ဘာလက တစ်ပိဿာ လျှင် ၇ဝဝဝ ကျပ်မှ ၅၅ဝဝ ကျပ်သို့ ဈေးကျ သွားပါတယ်။ ပရဆေးကုန်ကြမ်းများကို ကိုရီးယားနိုင်ငံမှ ပုံမှန်ဝယ်ယူ လိုတာကြောင့် ခိုင်မာတဲ့ဈေးကွက်ရှိနေတဲ့ မြန်မာ့ပရဆေး များကို တန်ဖိုးထား ထုတ်လုပ်ရောင်းဝယ်သွားကြရမှာ ဖြစ်ပါတယ်။ ရီလင်းထွဋ် 

Sunday, 13 Mar 2011

ဈေးကွက်ကို နနွင်းအဝင်လျော့လို့ အိန္ဒိယနနွင်းဈေးမြင့်လာ               အိန္ဒိယနနွင်းအဓိက ဈေးကွက်ဖြစ်တဲ့ နီဇမ်မာဘတ်နဲ့ အီရော့ဈေးကွက်တွေမှာ နနွင်းအဝင်လျော့ပြီး လှောင်လက်များ အဝယ်သွက်တာကြောင့် မတ်လ ၉ ရက်နေ့မှာလည်း နနွင်းဈေးဆက်မြင့်ခဲ့တယ်လို့ သိရပါတယ်။ လက်ငင်းဈေးခိုင်မာ လာခြင်းနဲ့အတူ ကြိုပွိုင့်ဈေးလည်းဆက်လက်မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လာမယ့်သီတင်းပတ်များအတွင်း နနွင်းအသစ် ဝင်ရောက်မှု တိုးလာနိုင်လို့ ဈေးကွက်ဈေးနှုန်းကို သက်ရောက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အီရော့နဲ့ နီဇမ်မာဘတ်ကို နနွင်းဝင်ရောက်မှုဟာ အိတ် ၁၈ဝဝဝ နဲ့ ၅ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ အတ္တရာပရာဒေ့ရှ်ရဲ့ အဓိကဈေးကွက်ဖြစ်တဲ့ နီဇမ်မာဘတ်မှာ နနွင်းဈေးက တစ်တန်ကို ရူပီး ၉၅၂ ဒသမ ၅ (ကန်ဒေါ်လာ ၂၁ ဒသမ ဝ၅) မြင့်တက်ပြီး ရူပီး ၁၁၈၆၆၆ ဒသမ ၅ (ကန်ဒေါ်လာ ၂၆၂၃) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၁၁ ရာသီအတွင်း နနွင်းထုတ်လုပ်မှုဟာ ၇ဝ ကီလိုပါအိတ်ပေါင်း ၆၉ သိန်းရှိနိုင်လို့ ယခင်နှစ် ထွက်ရှိတဲ့ အိတ် ၄၈ သိန်းထက်ပိုမိုမယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာတော့ ပြည်တွင်းပြည်ပ ဝယ်လိုအားနဲ့ ဈေးကွက်တွေကို နနွင်းဝင်ရောက်မှုအပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ှSource: Angel commodities 

Sunday, 13 Mar 2011

ဈေးကွက်ကောင်းလာတဲ့ ကျောက်ဆည်နနွင်း              ကျောက်ဆည်မြစ်သားနယ်ကထွက်တဲ့ နနွင်းတက်ဟာ အရောင်အဆင်းနဲ့ အရည်အသွေးကောင်းမွန် တာကြောင့် ဈေးကွက်မှာ မျက်နှာပန်းလှနေပါတယ်။ ယခုနှစ် ကျောက်ဆည်ခရိုင်မှာ နနွင်းတက်စိုက်ဧက ၁၃၇၄ ရှိပြီး၊ အားလုံးတူး ဖော်ပြီးဖြစ်ပါတယ်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၇ သိန်းကျော်သာကုန်ကျခဲ့ပြီး အထွက်နှုန်း ၁ဝဝဝ ပိဿာဖြစ်လို့ တစ်ပိဿာကုန်ကျစရိတ်အနေဖြင့် ၇ဝဝ ကျပ်သာကုန်ကျပါတယ်။ စတင်တူးဖော်ချိန်မှာ တစ်ပိဿာ ၂၅ဝဝ ကျပ်သာ ဈေးရှိခဲ့ရာမှ ယခုရက်ပိုင်း ၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ဈေးကွက်အလားအလာကောင်းမွန်ပြီး တွက်ခြေကိုက်လို့ နနွင်းတက်ကို တိုးခဲျ့စိုက်ပျိုးလာကြတယ်လို့လည်း သိရပါတယ်။            ကျော်မြင့် 

Sunday, 13 Mar 2011

ဟိုပုံးနနွင်း ဈေးကွက်ဝင်                ရှမ်းနနွင်းတွေလည်း ချင်းလိုပါပဲ၊ ဈေးကွက်ကို တစ်နေရာနည်းနည်းစီကဝင်ပါတယ်။ သြင်္ကန်ပြီးမှသာ ဈေးကွက်ကို အဝင်လှိုင်လာမှာဖြစ်ပါတယ်။ အဝင်များနေတာကတော့ ဟိုပုံးတောင်ဖက်တစ်ကြော ရွာတွေက ဖြစ်ပါတယ်။ တစ်ရက်ကို ပိဿာချိန် ၁၅ဝဝ အဝင်ရှိတယ်လို့ သိရပါတယ်။ ဆင်တောင်နနွင်းတွေကုန်စပြုလာပြီး ဟိုပုံးနနွင်းတွေ ဈေးကွက်ကို ဝင်လာပြီဖြစ်ပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။                  နမ့်စန်မှာလည်း နနွင်းအဝင်က ထင်သလောက်မများသေးပါဘူး။ ပြည်ပဝယ်လိုအား မရှိသေးတာကြောင့် အရောင်းအဝယ်ကလည်း ပုံမှန်လောက်သာဖြစ်နေပါတယ်။ ကားတင်ခတွေ ဈေးတက်နေတာကြောင့် နနွင်းတစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးသာရှိပေမဲ့ အရောင်းအဝယ်က သိပ်မသွက်ဘူးလို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ အင်းစ နနွင်း တွေကတော့ အထွက်များနေပြီး တောင်ကြီးဈေးကွက်နဲ့ အောင်ပန်းဈေးကွက်ကို ဖြန့်ပြီးဝင်နေပါတယ်။ တောင်ကြီး ဈေးကွက် မှာ နနွင်းတစ်ပိဿာ ၂ဝဝဝ ကျပ်-၂၁ဝဝ ကျပ်ဈေးရှိပြီး အောင်ပန်း ဈေးကွက်မှာတော့ ရိုးရိုးစက ၂၂ဝဝ ကျပ်၊ ဆင်တောင် နနွင်းက ၂၆ဝဝ ကျပ်-၂၇ဝဝ ကျပ်ဈေးရှိတယ်လို့ နနွင်း ပွဲရုံတွေက သိရပါတယ်။ ဧဧခိုင် 

Sunday, 13 Mar 2011

မူဆယ်မှ နနွင်းတက်တန် ၇ဝ ကျော် ပို့                မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၃၄၃ဝဝ တန်ဖိုးရှိ နနွင်းတက် ၇၃ တန် တင်ပို့နိုင်ခဲ့ပါတယ်။မှန်မှန်လေးပို့နေတဲ့ စစ်တွေနယ်စပ်ကတော့ ယခုအပတ်မှာ တင်ပို့ခြင်းမရှိဘူးလို့ သိရပါတယ်။              MIRT(DOBT) 

Sunday, 13 Mar 2011

မန်း မန်ကျည်းဈေးကွက်                  မန္တလေးတိုင်းဒေသကြီးအတွင်း မန်ကျည်းအများဆုံးထွက်သော ကျောက်ပန်းတောင်းမြို့နယ်မှာ ပြီးခဲ့သောနှစ်က ရာသီဥတုအခြေအနေမကောင်း ခဲ့သဖြင့် ယခုနှစ်မန်ကျည်းအသစ် အထွက်နည်းပြီး ကျောက်ပန်းတောင်း မြို့နယ် တစ်ခုလုံး ပိဿာ ၄ သိန်းခန့်သာထွက်နိုင်ကြောင်း၊ မန်ကျည်းပွဲရုံများမှသိရပါတယ်။ ယခင်နှစ် မန်ကျည်းအဟောင်းမှာလည်း လက်ကျန်နည်းနေပြီဖြစ်လို့ ယခင်နှစ်သီးနံှ သစ်ပေါ်စ အချိန်က မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ၆ဝဝ ကျပ်၊ ၇ဝဝ ကျပ်ဈေးသာ ရှိခဲ့သော်လည်း ယခုနှစ် မန်ကျည်းအသစ်ပေါ်ချိန်ဖြစ်ပေမဲ့ ဈေးမကျဘဲ မန်ကျည်း အသား (အစေ့မပါ) ထိပ်စတစ်ပိဿာ ၁၈ဝဝ ကျပ်၊ အလတ်စ ၁၅ဝဝ ကျပ်၊ အောက်စ ၁၂ဝဝ ကျပ်၊ မန်ကျည်းစေ့တစ်ပိဿာ ၂၁ဝ ကျပ် (တစ်တင်း ၄၂ဝဝ ကျပ်) ဈေးဖြစ်ကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့သို့ တောင်တွင်းကြီး၊ နတ်မောက်၊ ချောက်၊ လွိုင်ကော်၊ တောင်ကြီးမြို့များမှ တစ်နေ့လျှင် မန်ကျည်းပိဿာ ၈ဝဝဝ ခန့် ဝင်ရောက်လျက်ရှိပြီး၊ ကျောက်ပန်းတောင်းမှ ရန်ကုန် (ဘုရင့်နောင်) သို့ နေ့စဉ် မန်ကျည်းပိဿာ ၃ဝဝဝ-၄ဝဝဝ ခန့် တင်ပို့လျက်ရှိကြောင်းသိရပါတယ်။မန္တလေး ဈေးကွက်အတွင်း မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာလက်လီဈေး ၂၄ဝဝ ကျပ်၊ ၂၈ဝဝ ကျပ်၊ လက်ကားဈေး ၂ဝဝဝ ကျပ်၊ ၂၂ဝဝ ကျပ်ဈေးဖြင့် အရောင်း အဝယ် ဖြစ်ကြောင်းသိရပါတယ်။ သင်းးသင်းးအိ

Sunday, 13 Mar 2011

မန်ကျည်းတန်ချိန် ၁၉ဝ နီးပါး တင်ပို့နိုင်ခဲ့                ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၁ ရက်မှ ၇ ရက်တာကာ လအတွင်း မန်ကျည်းတန်ချိန် စုစုပေါင်း ၁၈၉ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ မလေးရှားနိုင်ငံကို ၄၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ စင်ကာပူနိုင်ငံကို ၇၂ တန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံကို ၄၄ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ပျမ်းမျှတစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၇ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇ဝ၃၂ဝ ရရှိခဲ့ ပါတယ်။ MIRT (DOT)

Sunday, 13 Mar 2011

ဧပြီလမှ ဇန်နဝါရီလအတွင်း အိန္ဒိယချင်းတင်ပို့မှု ၂ ဆ မြင့်တက်             ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံရဲ့ ချင်းတင်ပို့မှုဟာ တန်ချိန် ၁ဝ၅ဝဝ ရှိလို့ ၂ဝဝ၉-၂ဝ၁ဝ ကာလတူမှာနဲ့နှိုင်းယှဉ်ရင် အထွက်လျော့ကျခဲ့တာကြောင့် တန်ချိန် ၄၆၅ဝ တင်ပို့မှုထက် ၂ ဆမြင့်တက် ခဲ့တယ်လို့ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့ စာရင်းအရ သိရပါတယ်။ ကမ္ဘာမှာ အိန္ဒိယ၊ တရုတ်နဲ့ အင်ဒိုနီးရှားတို့ဟာ ထိပ်တန်းချင်းထုတ်လုပ်နိုင်ငံများ ဖြစ်ပါတယ်။ ယင်းကာလအတွင်း ချင်း၊ ကြက်သွန်ဖြူ၊ စမုန်မျိုးငါးပါးနဲ့ ငရုတ်သီးတင်ပို့ မှု ဟင်းခတ်အမွှေးအကြိုင် စုစုပေါင်း တင်ပို့မှုဟာ တိုးတက်ခဲ့တာကြောင့် ယခင်နှစ်ကာလတူထက် ၅ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ- ၂ဝ၁၁ အတွင်း ဟင်းခတ်အမွှေးအကြိုင် စုစုပေါင်း တင်ပို့မှု တန်ချိန် ၄၃၃၄၅၅ ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၄၁၃၈၉၅ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ပဝင်ငွေ ရရှိမှုအနေနဲ့ ကန်ဒေါ်လာ ၁၂ဝ၃ ဒသမ ၃ဝ သန်းရှိလို့ ယခင်နှစ်ရရှိခဲ့တဲ့ တန်ချိန် ၉၇၄ ဒသမ ၅၇ သန်းထက် ၂၃ ဒသမ ၄၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။                 ကြက်သွန်ဖြူကို စားသုံးဖို့ရော ဆေးဝါးအတွက်ပါ တင်ပို့မှုမြင့်တက်ခဲ့လို့ ၂ဝ၁ဝ-၂ဝ၁၁ ဧပြီလမှ ဇန်နဝါရီလအတွင်း တန်ချိန် ၁၆၅ဝဝ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူက တန်ချိန် ၉၂၅ဝ ထက် ၇၈ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်းခင်၊ ှSource: msn.com  

Pages