Main menu

Background

Tuesday, 15 Feb 2011

 မွန်ပြည်နယ်မှ တင်ပို့ရောင်းဝယ်မှု ပိုမိုလာ                   ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းက တစ်ရိပ်ရိပ်မြင့်တက်လာခဲ့တဲ့ မွန်ပြည်နယ်ရော်ဘာဈေးနှုန်းဟာ ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အရောက်မှာRSS-3  ကတစ်ပေါင် ၁၇၂ဝ ကျပ်၊RSS-5 တစ်ပေါင် ၁၆ဝဝ ကျပ်အထိ တိုးမြှင့်ရောင်းဝယ်လျက်ရှိပါတယ်။ ဒီဈေးနှုန်းဟာ ယခင်မဖြစ်ပေါ်ခဲ့ဘူးတဲ့ ဈေးနှုန်းများ ဖြစ်ပါတယ်။ ရော်ဘာဈေးနှုန်း မြင့်တက်လာတာနဲ့အမျှ ရော်ဘာရောင်းဝယ်မှုပမာဏလည်း တိုးတက်လာတာကို တွေ့ရှိရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ အနေနဲ့ မွန်ပြည်နယ်မှ ရော်ဘာများ ရန်ကုန်နဲ့မန္တလေးမြို့သို့ တင်ပို့မှုပမာဏမှာ တန်ချိန် ၅၈ဝဝ ခန့်သာရှိခဲ့ပေမဲ့ ဒီဇင်ဘာလမှာ တန်ချိန် ၉၂ဝဝ ခန့်နှင့် ၂ဝ၁၁ ဇန်နဝါရီလမှာ တန်ချိန် ၁ဝဝဝဝ ကျော်ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအနေနဲ့ တင်ပို့မှုအရ ရန်ကုန်မြို့ကို တန်ချိန် ၇ဝဝဝ ကျော်နဲ့ မန္တလေးကို တန်ချိန် ၃ဝဝဝ ခန့် တင်ပို့တာကြောင့် နယ်စပ်ကုန်သွယ်မှုထက် ပင်လယ်ရေကြောင်း တင်ပို့မှုပမာဏက ပိုမိုကြောင်း သိရှိရပါတယ်။ အောင်လွင်

Tuesday, 15 Feb 2011

နယ်စပ် ရော်ဘာလည်း ဈေးကောင်းရနေ                  ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နယ်စပ်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာအဆင့်စုံ ၃၃၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၂၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှRSS-1   ၂ တန်၊RSS-3  ၁၂ တန်၊RSS-5 ၄၅ တန်၊ MSR-20  ၁၃၂ တန်နဲ့ MSR-50  ၆၉ တန်၊ ချင်းရွှေဟော်မRSS-1 ၄၈ တန်ကျော်၊RSS-3 ၁၈ တန်ကျော်နဲ့ မြိတ်မှ RSS-5 ၁ဝ တန်အသီးသီးဖြစ်ပါတယ်။မွန်နဲ့ ကရင် ပြည်နယ်များနဲ့ တနင်္သာရီတိုင်းဒေသကြီးက ထွက်ရှိတဲ့ ရော်ဘာများကို တင်ပို့နေ ခြင်းဖြစ်ပါတယ်။ ယခင်အပတ်က ၆၆၄ တန် နယ်စပ်စခန်းများက တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၃ဝဝ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တစ်ဘက်နိုင်ငံမှာ စက်မှုလုပ်ငန်းများအတွက် ရော်ဘာလိုအပ်ချက်ရှိတာကြောင့် ဝယ်လိုအား ရှိလာမှာ ဖြစ်သော်လည်း ယခုအပတ်မှာ တရုတ်နှစ်သစ်ကူးကာလနဲ့ တိုက်နေတဲ့အတွက် ရော်ဘာတင်ပို့မှုလျော့နည်းခဲ့ရခြင်း ဖြစ်ပါတယ်။မိမိဘက်ဈေးမြင့်တက်နေသော်လည်း တစ်ဖက်နိုင်ငံဈေးများ ပြောင်းလဲမှုမရှိပါဘူး၊ နှစ်နိုင်ငံပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်                                                    မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု            ယခင်           ပြောင်းလဲမှု    %          ယခု            ယခင်    ပြောင်းလဲမှု       %RSS(3)        ၄၂၆၃၇၈၅       ၄ဝ၉၂၈၄၅       ၁၇ဝ၉၄ဝ       ၄          ၄၈၆၁        ၄၈၆၁                            -RSS(5)        ၄၁၅ဝ၇၈၅        ၃၈၆ဝဝ၁၅      ၂၉၁၇၇ဝ       ၇          ၄၇၈၅        ၄၇၈၅                            -MIRT (DOBT)

Tuesday, 15 Feb 2011

ပင်လယ်ရေကြောင်းအပို့လျော့ပေမယ့် ဈေးကောင်းရ              ဖေဖော်ဝါရီလ ၁ ရက်မှ ၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၁၆ တန်၊ တန်ဖိုး ဒေါ်လာ ၁  ဒသမ ၃၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်က ၁၄၉၂ တန်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၁ဝဝဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကို MSR (20)  ၅၄ တန်၊ မလေးရှားကို RSS-3  ၂၂၂ တန်နဲ့ RSS-5 တန် ၄ဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုရာသီက ရော်ဘာပင်များ အရွက်ေြွကပြီး အစေးထွက်နှုန်းကျဆင်းနေတာရယ် ပြည်တွင်းထုတ်လုပ်မှု ကျဆင်းနေတာရယ်ကြောင့် ဈေးနှုန်းတက်နေပေမယ့်လည်း တင်ပို့မှု လျော့ကျခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ပင်လယ်ရေကြောင်းကနေတင်ပို့တဲ့ FOB  ဈေးနှုန်းတွေကတော့ RSS-3 တစ်တန်ကို ၅၁ဝဝ ဒေါ်လာ၊RSS-5 တစ်တန်ကို ဒေါ်လာ ၅ဝဝဝ နဲ့ MSR (20)  တစ်တန်ကို ၅၁ဝဝ ဒေါ်လာ အသီးသီးဈေးပေါက်ကြောင်း သတင်း ရရှိပါတယ်။ KZW 

Tuesday, 15 Feb 2011

လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်နေတဲ့ ပဲနောက်                 ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲနောက်သီးနံှဈေးဟာလည်း ပဲတီစိမ်း ဈေးနဲ့အတူ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိပါတယ်။ ပဲနောက်သီးနံှမှာ အဝင်မရှိတော့ပေမဲ့ လက်ကျန်ပဲများအား လက်လီသမားများဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်းသိရပါတယ်။ ယခင်နှစ် ဖေဖော်ဝါရီလအတွင်း တစ်တင်း ၃၂ဝဝဝ ကျပ်ထိ ဈေးကောင်းရပေမဲ့ ယခုနှစ်မှာတော့ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် သာ အရောင်းအဝယ်ဖြစ်နေကြတယ်လို့ သိရပါတယ်။        ခင်ဆွေဝင်း

Tuesday, 15 Feb 2011

အရောင်းအေး ဈေးအေးသွားတဲ့ ဟင်္သာတမတ်ပဲ               ဟင်္သာတမတ်ပဲဈေးကွက်ဟာ ယခင်အပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၃၄ဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခုဖေဖော်ဝါရီလ ပထမပတ်မှာ ပဲတစ်တင်းကို ၂၂၆ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။ မတ်ပဲဈေးကို ယခင်အပတ်နဲ့ ယခုအပတ်အား နှိုင်းယှဉ်ကြည့်ရင် ယခုအပတ်မှာ မတ်ပဲတစ်တင်း ၈ဝဝ ကျပ် ကျဆင်းလာပါတယ်။ ရန်ကုန်ဝယ်လက် ကုန်သည် ကြီးများရဲ့ ဝယ်လိုအားနည်းသွားလို့ ဈေးအေးသွားခြင်းဖြစ်ကြောင်း သိရပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ပျမ်းမျှ အိတ် ၁၅ဝ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။                          အေးအေးခိုင်

Tuesday, 15 Feb 2011

အရောင်းအဝယ်သွက်တဲ့ မုံရွာပဲစင်းငုံ              စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရောင်းအဝယ်အသွက်ဆုံး သီးနံှမှာ ပဲစင်းငုံသီးနံှဖြစ်ပါတယ်။ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်နဲ့ နယ်စုံမှ ပဲစင်းငုံများ မုံရွာမြို့သို့ ဝင်ရောက်ပါတယ်။ စီးထွက်မှုအနေနဲ့ ဇန်နဝါရီလအတွင်း ရန်ကုန်ကို တင်း ၂၃ဝဝဝ ကျော်၊ မန္တလေးကို တင်း ၂ဝဝဝဝ ကျော်၊ ပခုက္ကူကို တင်း ၂၃ဝဝ ကျော်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း မန္တလေးကို တင်း ၁ဝဝဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ လှောင်လက်သမားများရဲ့ ဝယ်ယူမှုသွက်လို့ မုံရွာ ကုန်စည်ဒိုင်မှာတစ်ရက်ပျမ်းမျှ ပဲစင်းငုံအသစ် တင်း ၇၅ဝဝ ကျော်နဲ့ အဟောင်း တင်း ၇ဝဝ ကျော်အရောင်း အဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ယခုအပတ်အတွင်း ကုန်စည်ဒိုင်ပေါက်ဈေး ပဲစင်းငုံ တစ်ပိဿာ အနိမ့်၊ အမြင့်ဈေးမှာ အဟောင်း ၉၅ဝ ကျပ်-၁ဝဝဝ ကျပ်၊ အသစ် ၁၁၁ဝ ကျပ်-၁၁၄ဝ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။                                         သန်းးသန်းးတင်

Tuesday, 15 Feb 2011

ဈေးနှုန်းကျတဲ့အတွက် ပဲကြီး (ကမ်းနား)သာ အရောင်းအဝယ်ဖြစ်                 ပြည်ဈေးကွက်မှာ ပဲကြီးလက်ကျန်များရှိသော်လည်း ပဲကြီးဈေးနှုန်း ကတော့ တဖြည်းဖြည်းကျဆင်းလျက် ရှိပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာ နေ့စဉ် အရောင်းအဝယ်မဖြစ်ဘဲ ပဲကြီး (ကမ်းနား) သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဇန်နဝါရီလအတွင်း ပဲကြီးတစ်တင်း ၃၂ဝဝဝ ကျပ်မှ ၃၃၅ဝဝ ကျပ်ထိ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ဖေဖော်ဝါရီလဆန်းမှစ၍ ပဲကြီးဈေးမှာ ဆက်တိုက် ကျဆင်းလာခဲ့ကာ ယခုဖေဖော်ဝါရီ ဒုတိယပတ်မှာတော့ ပဲကြီး (ကမ်းနား) အသန့်မှာ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် တစ်ရက်လျှင် အိတ် ၂ဝဝ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Tuesday, 15 Feb 2011

ဈေးအေးလာတဲ့ စစ်ကိုင်းက စွန်တာနီ               မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဇန်နဝါရီလဆန်းမှာ စွန်တာနီ (ပဲနီလုံးရိုး) တစ်ပိဿာ ၁၁၇၅ ကျပ်မှ လကုန်ပိုင်းမှာ ၉၇၅ ကျပ်၊ ဖေဖော်ဝါရီလ ပထမပတ်မှာ ၈၅ဝ ကျပ်သို့ဈေးအေးသွားကြောင်း သိရပါတယ်။ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ မြောင်မြို့နယ်များမှ စွန်တာနီအသစ်မပေါ်ခင် အဟောင်းများကို ထုတ်ရောင်းလို့ မုံရွာမြို့ကိုအဝင်လှိုင်၍ ဈေးအနည်းငယ် အေးသွားကြောင်း ကုန်သည်တစ်ဦးမှ ပြောပါတယ်။ တိုင်းဒေသကြီးအတွင်းမှ ဇန်နဝါရီလအတွင်း ရန်ကုန်သို့ စွန်တာနီ တင်း ၆ဝဝ ကျော်၊ မန္တလေးသို့ တင်း ၂၃ဝဝ ကျော်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရန်ကုန်သို့ တင်း ၂ဝဝ ကျော်စီးထွက်ခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှတင်း ၃ဝဝ ခန့်အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။                                                  သန်းးသန်းးတင်

Tuesday, 15 Feb 2011

ပဲသစ်ပေါ်လို့ ပြည်ဘိုကိတ်ဈေးကျလာ                 ပြည်ဈေးကွက်သို့ ဘိုကိတ်ပဲများ အဝင်နည်းလာတာကြောင့် ယခုတစ်ပတ်မှာတော့ ယခင်တစ်ပတ် ဈေးထက် လျော့နည်းသွားကြောင်းသိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၂၁ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဘိုကိတ်ပဲသစ်များပေါ်နေပြီဖြစ်သော်လည်းပြည်ဈေးကွက်သို့ ဝင်ရောက်မှု မရှိသေးတဲ့ အတွက် ပဲဟောင်းများသာ အရောင်းအဝယ်ဖြစ်ပြီး တစ်နေ့ လျှင် အိတ် ၃ဝ-၄ဝ ဝန်းကျင်သာ အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ ဆုမွန်ဆွေ

Tuesday, 15 Feb 2011

မြေထောက်ပဲ ပုံမှန်တင်ပြီး ထောပတ်ပဲတင်ပို့မှုတက်လာ             ပင်လယ်ရေကြောင်းက မြေထောက်ပဲက ပုံမှန်ပမာဏအတိုင်း ယခု တစ်ပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမှာလည်း တန်ချိန် ၁ဝဝ တင်ပို့မှု ရှိခဲ့ပြီး ထောပတ်ပဲကတော့ ယခင်သီတင်းပတ်ထက် တန် ၁ဝဝ ကျော်ပိုပြီး တန်ချိန် ၁၇ဝ ခန့် တင်ပို့လာနိုင်တာတွေ့ရပါတယ်။ မြေထောက်ပဲရော ထောပတ်ပဲ ပါ ဈေးကွက်တွေကို တိုးတက်ဝင်ရောက်နေပြီဖြစ်သလို ဒီပဲတွေက ပြည်ပ အဝယ်အမြဲရှိနေတာမို့ ရှေ့ဆက်ပိုမိုတင်ပို့လာနိုင်မယ့် အလားအလာရှိနေပါတယ်။ ရန်ကုန်  FOB ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၄ဝ-၆၆ဝ ရှိပြီး ထောပတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၅ဝ ရှိကြောင်း သိရပါတယ်။ အိန္ဒိယမွန်ဘိုင်း ဈေးကွက်မှာ မြေထောက်ပဲ (polished ) တစ်တန်ကို ကန်ဒေါ်လာ ၈၁၇-၈၃၉ ရှိပြီး (unpolished) တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၆ ရှိကြောင်း သိရပါတယ်။                                                                                                   MIRT - MAPT

Pages