Main menu

Background

Sunday, 19 Dec 2010

ဒီဇင်ဘာဒုတိယပတ် မတ်ပဲတန် ၄ဝဝဝ အတင်ရှိ            ယခုဒီဇင်ဘာလ ဒုတိယပတ်အတွင်းမှာ ပင်လယ်ရေကြောင်းက မတ်ပဲ တန်ချိန် ၄ဝဝဝ နီးပါး အတင်ရှိခဲ့ပါတယ်။ ဈေးကွက်ထဲမှာ အချို့တောင်သူ လက်ကျန်များ ထုတ်ရောင်းချမှုရှိပြီး ကုန်သည်တစ်ချို့ ဈေးချဝယ်ယူမှုတွေရှိလို့ ယခု တစ်ပတ်မတ်ပဲဈေး ဆင်းလာတယ်လို့ သိရပါတယ်။ မတ်ပဲစိုက်ဒေသတွေမှာ အချို့ က အပင်သက် ၂၅ ရက်ခန့်ရှိပြီး အပင်ဖြစ်ထွန်းမှု ကောင်းနေတယ်လို့ သိရပါတယ်။ အိန္ဒိယဝယ်လက်တော့ အဝယ်ပုံမှန်ရှိနေတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ပြောင်းလဲလာတဲ့ ရန်ကုန်FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-                                                                                                                                         ဒေါ်လာ/တန်                          မတ်ပဲ(FAQ)                     မတ်ပဲ(SQ) ၁၇-၁၂-၁ဝ            ၈၂ဝ-၈၃ဝ                       ၁ဝ၂ဝ-၁၁၂ဝ ၉-၁၂-၁ဝ              ၉ဝဝ-၉၁ဝ                        ၁၁၁ဝ-၁၁၂ဝ                                                                                                                                     MIRT(MAPT) 

Sunday, 12 Dec 2010

ဈေးကောင်းရနေတဲ့ ပြည်ပဲနီပြား                   ပြည်ဈေးကွက်မှာ လက်ကျန်နည်းလေ ဈေးကောင်းလေဖြစ်နေတဲ့ပဲကတော့ ဒေသတွင်းစားသုံးမှုရှိပြီး၊ အခြားတိုင်း ဒေသကြီးများသို့ တင်ပို့ရောင်းချမှုမရှိတဲ့ ပဲနီပြားပဲဖြစ်ပါတယ်။ လက်လီသမားများဖြင့် ပုံမှန်အရောင်း အဝယ်ဖြစ်နေခဲ့ပြီး၊ ဈေးနှုန်းကတော့ ယခင်အပတ်က တစ်တင်းလျှင် ၂၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုဒီဇင်ဘာ ဒုတိယပတ်အတွင်း တစ်တင်းလျှင် ၃ဝဝဝဝ ကျပ်သို့ ဈေးပြန်မြင့်တက်လာခဲ့ပါတယ်။ ဒေသတွင်းရှိ ပွဲရုံတိုင်းတွင် ပစ္စည်းလက်ကျန်မရှိတော့ဘဲ ပွဲရုံအနည်းစုလောက်သာ အရောင်းအဝယ်ဖြစ်နေကြပြီး တစ်ရက်လျှင် အိတ် ၂ဝ ကျော်ခန့် လက်လီသမားများဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။                                                                                   ခင်ဆွေဝင်း 

Sunday, 12 Dec 2010

ဒီဇင်ဘာ မုံရွာ စွန်တာနီဈေးကွက် ဈေးအတက်အကျကြမ်းဆဲ                မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လလုံး ဈေးမဖွင့်ခဲ့တဲ့ စွန်တာနီဟာ ဒီဇင်ဘာလ ပထမပတ်မှာ တစ်တင်း ၂၆၅ဝဝ ကျပ်ဈေးနဲ့ စဖွင့်ခဲ့ပြီး၊ ၈ ရက်နေ့မှာတော့ တစ်တင်း ၂၁ဝဝဝ ကျပ်ထိ ကျဈေးဖြစ်ပေါ်ခဲ့ ပါတယ်။ လုပ်ငန်းသမားနဲ့ ပဲလက်ဝယ်ရှိသူကို ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖွင့်ရောင်းဝယ်နေကြပြီး၊ ကြာဆံစက်သမား တွေ အဝယ် ရှိတဲ့နေ့မှာ တင်း ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ နယ်လက်အနေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလ ထဲက မန္တလေးကို တင်း ၂၇ဝဝ ထိ တင်ပို့နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။                                ထွန်းလှိုင် 

Sunday, 12 Dec 2010

ဈေးလှုပ်နေတဲ့ ပြည် ဘိုကိတ်ပဲ                 ပြည်ဘိုကိတ်ပဲမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂ဝဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၃ဝဝဝ ကျပ်ဈေးမြင့်၍၂၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က ဈေးကွက်အတွင်းကို ဘိုကိတ်ပဲအဝင်များခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ အဝင်မရှိသေးကြောင်း သိရပါတယ်။ ရောင်းဝယ်မှုအနေဖြင့် မြို့တွင်း အရောင်းအဝယ်သမားများဖြင့်သာ ရောင်းဝယ်မှုရှိကြောင်း သိရပါတယ်။  ဆုမွန်မွန်ဆွေ 

Sunday, 12 Dec 2010

ဝယ်လက်ရှိတဲ့ စစ်ကိုင်း ပဲကြီး                  မုံရွာကုန်စည်ဒိုင်မှ ၂ဝ၁ဝ ခု နိုဝင်ဘာလအတွင်း ပဲကြီး တစ်ပိဿာ အနိမ့်အမြင့်ဈေး ၁၅၂၆ ကျပ်၊ ၁၆၅၈ ကျပ်၊ ဒီဇင်ဘာလပထမပတ်အတွင်း ၁၆၅၈ ကျပ်၊ ၁၇၁၁ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ ပဲကြီးအသစ်မပေါ်သေးပေမဲ့ တောင်သူနဲ့ ကုန်သည်လက်ကျန်နည်းနေပြီး ဝယ်လက်ရှိလာလို့ ဈေးအနည်းငယ် တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။              နိုဝင်ဘာလအတွင်း မုံရွာမြို့မှ မန္တလေးမြို့သို့ တင်း ၇၂ဝ စီးထွက်ခဲ့ပါတယ်။ တိုင်းအတွင်း ပဲလှော်ကြော်ဖိုလုပ်ငန်းများက နေ့စဉ် သုံးစွဲမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာနေ့စဉ် ပျမ်းမျှတင်း ၅ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းသန်းတင် 

Sunday, 12 Dec 2010

ပြည်မှာ ပဲကြီး (ကမ်းနား)ရော ရွှေကျွန်းပါ ဈေးငြိမ်ပေမဲ့ အရောင်းအဝယ်ဖြစ်             ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း ပဲကြီး (ကမ်းနား)ရော ရွှေကျွန်းပါ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအထိ ပဲကြီး(ကမ်းနား) မှာ နေ့စဉ်အဝယ်ရှိခဲ့ပေမယ့် ပဲကြီး(ရွှေကျွန်း) အမျိုးအစားကတော့ ၃ ရက်တစ်ကြိမ် လောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုဒီဇင်ဘာဒုတိယပတ်မှာတော့ ပဲကြီး(ရွှေကျွန်း) လည်း အရောင်း အဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲကြီးဈေးနှုန်းများမှာ နိုဝင်ဘာလမှစ၍ တဖြည်းဖြည်း ဈေးမြင့်လာခဲ့ပြီး၊ ပဲကြီး(ကမ်းနား) မှာတစ်တင်းလျှင် ၃၅ဝဝဝ ကျပ်၊ ပဲကြီး(ရွှေကျွန်း)မှာ ၃၆ဝဝဝ ကျပ်မှ ၃၆၅ဝဝ ကျပ်ဖြင့် ဒီဇင်ဘာ ဒုတိယပတ်အထိ ၎င်းဈေးနှုန်းများအတိုင်း ဈေးငြိမ်နေခဲ့ပြီး တစ်ရက်လျှင် အိတ် ၂ဝဝ မှ ၃ဝဝ အထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။                                                                                                                        ခင်ဆွေဝင်း 

Sunday, 12 Dec 2010

အဝယ်အားကောင်းလို့ ဈေးတိုးလာတဲ့ ပြည်ကုလားပဲဈေးကွက်                   ပြည်ကုလားပဲမှာ ယခင်တစ်ပတ်က ဈေးကွက်အတွင်းတစ်တင်းလျှင် ၂၃၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း တစ်တင်းကို ၂၄၅ဝဝ ကျပ်ဈေးရှိခဲ့တဲ့အတွက် တစ်တင်း ၁၅ဝဝ ကျပ် မြင့်တက် ခဲ့ပါတယ်။ V2 ဈေးကတော့ ၂၅ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ပြီး အရောင်းအဝယ် မရှိဘူးလို့သိရပါတယ်။                     ပဲခွဲစက်သမား အဝယ် အားကောင်းလာသလို ပဲခူးတိုင်းဒေသကြီး အနောက်မှ ရခိုင်သို့လည်း အိတ် ၅ဝဝ ရောင်းချခဲ့ရပါတယ်။ တိုင်းအတွင်းမှာလည်း တစ်နေ့လျှင် အိတ် ၅ဝဝ ထိ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။  လွင်လွင်ဆန်း 

Sunday, 12 Dec 2010

လက်ကျန်နည်းလို့ ဈေးပြန်မာလာတဲ့ မန်း ဗွီတူးဈေးကွက်              နိုဝင်ဘာ ဒုတိယပတ်အတွင်းက ၃ တင်း တစ်အိတ်ကို ၇၇ဝဝဝ ကျပ်၊ ၇၈ဝဝဝ ကျပ်မှ ၈ဝဝဝဝ ကျပ်ထိ ပေါက်ဈေးရှိခဲ့တဲ့ ဗွီတူးဟာ တဖြည်းဖြည်းနဲ့ ၆၉ဝဝဝ ကျပ်ထိ ဈေးနိမ့်လာခဲ့ပါတယ်။ လတ်တလောအချိန်မှာ ဆောင်းသီးနံှထွက်ချိန် လိုနေသေးခြင်း၊ လက်ကျန်နည်းလာခြင်းတို့ကြောင့် ရောင်းလက်အထုတ် နှေးဈေးအေးလာရာမှ ဒီဇင်ဘာ ပထမပတ်အတွင်းမှာ ခွဲစက်သမားအဝယ်ပြန် လိုက်လာလို့ ၇၂ဝဝဝ ကျပ်-၇၄ဝဝဝ ကျပ်ထိ ဈေးပြန်မာလာကြောင်း သိရပါတယ်။                                                                                                                                 သက်သက်နိုင် 

Sunday, 12 Dec 2010

အရောင်းအဝယ်သွက်တဲ့ မုံရွာဗွီတူး                    နိုဝင်ဘာလအတွင်းက တစ်တင်း ၂၂ဝဝဝ ကျပ်ကျော်အထိ ဈေးအေးခဲ့ တဲ့ ဗွီတူးဈေးဟာ ဒီဇင်ဘာ လဆန်းမှာ တစ်တင်း ၂၃၈ဝဝ ကျပ်အထိ ဈေးပြန်လည် ဦးမော့ခဲ့ပါတယ်။                      ဆောင်းသီးနံှအဖြစ် ဒီဇင်ဘာလအတွင်း အချိန်မီစိုက်ပျိုးကြမဲ့ တောင်သူများက မျိုးစေ့အတွက်ဝယ်ယူမှုရှိခဲ့သလို ဒေသတွင်း ပဲခွဲစက်၊ ကြာဇံစက် များရဲ့ ဝယ်လိုအားကလည်း နေ့စဉ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ မန္တလေး၊ မလှိုင် ပဲခွဲစက်များ လာရောက်ဝယ်ယူခဲ့လို့ တစ်တင်း ၂၃ဝဝဝ ကျပ်နဲ့ အိတ် ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က သိရပါ တယ်။                                                                                               အောင်မင်း 

Sunday, 12 Dec 2010

မုံရွာကုလားပဲဈေးကွက် မန်းဝယ်လက် အဝယ်သွက်                   မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာပထမပတ် ကုလားပဲဈေးကွက်မှာ ဈေးအနည်း ငယ်အေးသွားပေမဲ့ ဒေသတွင်းနဲ့ နယ်လက်ပုံမှန်အဝယ်သွက်ခဲ့လို့ အရောင်းအဝယ် ပမာဏ အခြားပဲများထက်သာခဲ့တယ်လို့ ကုန်စည်ဒိုင် ရပ်ကွက်ကဆိုပါတယ်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲတစ်တင်းဈေးတွေအနေနဲ့ ကုလားပဲ တိုင်ပေ ၂၁ဝဝဝ ကျပ်မှ ၂၂၅ဝဝ ကျပ်၊ ကုလားပဲ V2 ၂၃ဝဝဝ ကျပ်မှ ၂၃၈ဝဝ ကျပ်နဲ့ 929  ၂၃ဝဝဝ ကျပ် အသီးသီးပေါက်ခဲ့ရာ ယခင်လကထက် ဈေးအနည်းငယ် အေးသွားခဲ့ပါတယ်။ မုံရွာဒေသက စက်သမားတွေ နေ့စဉ် အဝယ်ရှိခဲ့ရာ တစ်နေ့ တင်း ၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့သလို မန္တလေးဝယ်လက်အနေနဲ့ ဒီရက်ပတ် ထဲမှာ မျိုးအဖြစ် အဝယ်ပိုခဲ့တဲ့ အတွက် မုံရွာကုန်စည်ဒိုင်ကနေ မန္တလေးကို တင်း ၄ဝဝ နီးပါး တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။                                    ထွန်းလှိုင် 

Pages