Background
ယခုအပတ်မှာ မူဆယ်မှ ရော်ဘာအရောင်းအဝယ်ပုံမှန်ရှိ ယခုအပတ်မှာ မူဆယ်၊ ချင်းရွှေဟော်နဲ့မြိတ်နယ်စပ်စခန်းများမှ ရော်ဘာ ၁၃၆၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၄ဝ၆ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်မှ ရော်ဘာအဆင့်စုံ ၁၁၅၆ တန်၊ ချင်းရွှေဟော်မှRSS (3)တန် ၁ဝ၄ ကျော်နဲ့ မြိတ်နယ်စပ်မှ MSR (20) တန် ၁ဝဝ အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ် မှရော်ဘာအဆင့်လိုက် တင်ပို့မှုတွေကတော့ RSS (1) တန် ၃ဝ ကျော် ၊RSS (3) ၆၃၉ တန်ကျော်၊ RSS (3) ၁၂၁ တန်ကျော်၊MSR (20) ၂၄၅ တန် နဲ့MSR (50) ၁၂ဝ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကရော်ဘာ ၁၄၂၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၆ဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသော်လည်း ယခုအပတ်မှာ အရောင်းအဝယ်ပုံမှန်သာ ရှိတယ်လို့ မူဆယ်နယ်စပ်ကုန်သည်အသင်းမှ သိရပါတယ်။ မူဆယ်နယ်စပ်ရှိ ယခင်အပတ်နဲ့ ယခုအပတ်ရော်ဘာဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS (3) ၃၂၃၆၈ဝဝ ၃၃ဝ၇၃၁ဝ ၇ဝ၅၁ဝ ၂ ၃၅၇၄ ၃၅၇၆ ၂ ဝ .ဝ၆RSS (5) ၃၁ဝဝ၈ဝဝ ၃၁၅၅၆၉ဝ ၅၄၈၉ဝ ၂ ၃၄၂၃ ၃၄၂၆ ၃ ဝ .ဝ၈MIRT (DOBT)
ရော်ဘာတင်ပို့မှု တစ်ရှိန်ထိုးတက် နိုဝင်ဘာလ ၂၂ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁ဝ၈၄ တန် တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၄၅၈ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၅၃ တန်တင်ပို့ခဲ့ တာကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ၆၃၁ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယကိုRSS-3 တန် ၄ဝ၊ ကိုရီးယားကို MSR -20 ၂ဝ၁ တန်၊ မလေးရှားကိုRSS-5 ၄၄၁ တန်၊RSS-3 ၃၄၂ တန်နMSR -50 တန် ၆ဝ အသီးသီးဖြစ်ပါတယ်။ KZW
လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်နေတဲ့ ပဲနီပြား ပြည်ဈေးကွက်တွင် ပဲမိုျးစုံလက်ကျန်များလျော့နည်းလာခဲ့ပြီး ပဲနီပြားလက်ကျန်မှာလည်း သိသိသာသာ နည်းလာ ခဲ့ပြီဖြစ်ပါတယ်။ ပဲနီပြားမှာ လက်ကားဝယ်ယူမှုများရှိပေမယ့် လက်ကျန်နည်းလာတာကြောင့် လက်လီ သမားများဖြင့်သာ အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ ပဲနီပြားဈေးနှုန်းမှာ နိုဝင်ဘာလကုန်က တစ်တင်းကို ၃ဝဝဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပြီး ယခုဒီဇင်ဘာလဆန်းပိုင်းမှာ တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် လက်လီသမားများနဲ့ ပုံမှန်အရောင်းအဝယ် ရှိခဲ့တာကြောင့် တစ်ရက်ကို ၁ဝ အိတ်ခန့်သာ ရောင်းဝယ်ခဲ့ကြကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ဈေးကွက်အတွင်းသို့ ဘိုကိတ်ပဲများ လှိုင်လှိုင်ပေါ် ပြည်ဈေးကွက်အတွင်းသို့ ဘိုကိတ်ပဲသစ်များ အခြားတိုင်းမှဝင်ရောက်လျက်ရှိပါတယ်။ ဈေးကွက်အတွင်းသို့ အောင်လံ၊ သရက်မြို့နယ်များမှ ကုန်းလမ်းဖြင့် အဝင်ရှိသလို ရေလမ်းမှလည်း ဝင်ရောက်လျက်ရှိကြောင်း သိရပါ တယ်။ တစ်နေ့လျှင် အိတ် ၄ဝ မှ ၅ဝ အတွင်းရှိခဲ့ပါတယ်။ ဈေးကွက်အတွင်းသို့ ဘိုကိတ်ပဲသစ်များ လှိုင်လှိုင်ဝင်လာတဲ့ အတွက် ဘိုကိတ်မှာ ယခင်တစ်ပတ်ထက် အနည်းငယ်ဈေးလျော့ကာ ပိဿာ ၂ဝ တစ်တင်းလျှင် ၂ဝဝဝဝ ကျပ်ဖြင့် သာ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါသည်။ ဆုမွန်ဆွေ
လက်ကျန်မရှိတော့ပေမယ့် ဈေးအမြင့်နဲ့ ဈေးဖွင့်တဲ့ ပြည်ထောပတ် ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း ဆောင်းသီးနံှ ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနံှကိုလည်း ယခုဒီဇင်ဘာလဆန်းပိုင်းအထိ ဧက ၃ဝဝဝ ကျော်စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအတွင်း လက်ပံတန်း၊ ရွှေတောင်၊ ပန်းတောင်းမြို့နယ်များမှာ အများဆုံး စိုက်ပျိုးကြပါတယ်။ ယခုနှစ် ပဲလက်ကျန်ပြတ်ချိန်မှာ ဈေးအမြင့်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ဈေးကွက်အတွင်း လက်ကျန်မရှိတော့ပေမယ့် တစ်တင်းကို ၃ဝဝဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်မှာ ဈေးဖွင့်ထားတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
လက်ကျန်ပဲများတင်ပို့နေတဲ့ ထောပတ်ပဲနဲ့ ပဲယင်း လက်ကျန်ပဲများ ကုန်သလောက်ဖြစ်နေပြီး ပဲအသစ်များမှာလည်း ယခုလ နှောင်းပိုင်းမှာ ထွက်မှာဆိုတော့ အနည်းအကျဉ်းသာကျန်တဲ့ လက်ကျန်ပဲများ ဆက်လက်တင်ပို့နေပါသေးတယ်။ ယခုတစ်ပတ်အတွင်းမှာတော့ နိုဝင်ဘာလ ၂၆ ရက်နဲ့ ၂၉ ရက်မှာ ထောပတ်ပဲတန်ချိန် ၆ဝ ကျော်နဲ့ ပဲယင်းတန် ၅ဝ ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်းကို တင်ပို့ခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးထက် အနည်းငယ်မြင့်ကာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝဝ- ၁၁၁ဝ ၊ ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဈေးဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပုံမှန်အရောင်းအဝယ်ရှိပေမဲ့ ဈေးအေးတဲ့ ပြည်ကုလားပဲ ပြည်ဈေးကွက်ရဲ့ ကုလားပဲဈေးမှာ နိုဝင်ဘာနောက်ဆုံးပတ်က တစ်တင်း ၂၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ရှိပြီး ဒီဇင်ဘာလ ပထမပတ်မှာ တစ်တင်း ၂၃၂ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ မိုျးသမားနဲ့ လိုင်းသမားတို့ အဝယ် မရှိတော့ဘဲ ပဲခွဲစက်သမားများသာ ပုံမှန်အဝယ်ရှိပြီး မန္တလေးမှ ပြည်သို့ ကုလားပဲများ ဝင်ရောက်လာတဲ့အတွက် ဈေးကျခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အခြားတိုင်း သို့ တင်ပို့ရောင်းချမှုမရှိပဲ ဒေသတွင်း ခွဲစက်သမားများသာ အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာပဲဈေးကွက်မှာ အရောင်းသွက်တဲ့ကုလားပဲ မုံရွာကုန်စည်ဒိုင် နိုဝင်ဘာကုလားပဲဈေးကွက်ဟာ ဒီရာသီမှာ ကုလားပဲ မိုျးကွဲ အားလုံး ဈေးအမြင့်ဆုံးရခဲ့ကာ ကုလားပဲရိုးရိုးတစ်တင်း ၂၄ဝဝဝ ကျပ်၊ ကုလားပဲ တိုင်ပေတစ်တင်း ၂၅ဝဝဝ ကျပ်၊ ကုလားပဲ V2 တစ်တင်း ၂၆ဝဝဝ ကျပ် နဲ့ ၉၂၉ တစ်တင်း ၂၆၂ဝဝ ကျပ်ထိ အသီးသီးဈေးပေါက်ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်အားဖြင့် Export ဝယ်လက်မရှိခဲ့ဘဲ ပြည်တွင်းစားသုံးမှုနဲ့ ဒေသတွင်း ပဲခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက်နဲ့ ပဲကြော်လုပ်ငန်း တွေက ဝယ်ယူမှု များပြားခဲ့တယ်လို့ဆိုပါတယ်။ မနှစ်က ပဲအထွက်လျော့ခဲ့ကာ ယခင်ပဲဟောင်း လက်ကျန်နည်းပြီး ဝယ်လိုအားများခဲ့ခြင်းကြောင့် ယခုလို ကုလားပဲချော ဈေးကောင်း ရရှိခြင်းဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်က သုံးသပ်ကြပါတယ်။ နိုဝင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ တစ်နေ့ အိတ် ၅ဝဝ အထက် နေ့စဉ် အရောင်းအဝယ်သွက်ခဲ့ပြီး၊ မုံရွာနယ်မြေကနေ မန္တလေးကို တင်း ၆၅ဝဝ ကျော်၊ ရန်ကုန်ကို တင်း ၁ဝဝဝ ကျော်နဲ့ ပခုက္ကူကို တင်း ၁၃ဝဝ ခန့် အသီးသီး တင်ပို့ခဲ့ကြ တယ်လို့သိရပါတယ်။ ဒီဇင်ဘာလဆန်းမှာတော့ ကုလားပဲတိုင်ပေတစ်တင်း ၂၂ဝဝဝ ကျပ်၊ V2 တစ်တင်း ၂၃၈ဝဝ ကျပ်နဲ့ အရောင်းအဝယ် အသင့်အတင့်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
မိုးစိုက်ပဲတီစိမ်းများ မုံရွာဈေးကွက်အတွင်းဝင်ရောက်လာ စစ်ကိုင်းတိုင်းဒေသကြီးမှာ မိုးပဲတီစိမ်းကို လျာထားဧက ၄ ဒသမ ဝ၁ သိန်းမှ ဧက ၄ ဒသမ ၁၆ သိန်း စိုက်ပျိုး ခဲ့ကြောင်း သိရပါတယ်။ ဘုတလင်၊ ယင်းမာပင်၊ အရာတော်မြို့နယ်များမှ စိုက်ပျိုးခဲ့တဲ့ မိုးပဲတီစိမ်းများ မုံရွာဈေးကွက်သို့ ဝင်ရောက်လာပြီလို့သိရပါတယ်။ ပဲအရည်အသွေးကောင်းပြီး၊ အလုံးအရွယ်အစားသေးငယ်တဲ့အတွက် ပဲတီစိမ်းအသေးအဖြစ် တစ်တင်း ၂၂၅ဝဝ ကျပ် ဈေးနဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များကပြောပြပါတယ်။ အောင်မင်း
အရောင်းအဝယ်သွက်လာတဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲတီစိမ်း မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းများ နယ်စုံကဝင်ရောက်လျက်ရှိပါတယ်။ နိုဝင်ဘာနောက်ဆုံးပတ်က ပဲတီစိမ်း တစ်တင်း ၂၃ဝဝဝ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပြီး ယခုဒီဇင်ဘာလဆန်းမှ စပြီး ပဲတီစိမ်းတစ်တင်းကို ၂၄ဝဝဝ ကျပ်၊ ၂၅ဝဝဝ ကျပ်တို့ဖြင့် ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ တရုတ်ကြိုက်ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်များ အပြိုင် ဝယ်ယူမှုရှိခဲ့တာကြောင့် ကုန်စည်ဒိုင်များအတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ရာ မကွေးကုန်စည်ဒိုင်တွင် တစ်ရက်ပျမ်းမျှအိတ် ၂ဝဝ မှ ၃ဝဝ ကြား၊ ပခုက္ကူကုန်စည်ဒိုင်တွင် အိတ် ၁ဝဝ-၂ဝဝ ကြား၊ အောင်လံကုန်စည်ဒိုင်တွင် အိတ် ၅ဝဝ မှ အိတ် ၁ဝဝဝ ကြား ရှိခဲ့ကြောင်း သိရပါတယ်။ တင်ပို့မှုများအနေနဲ့ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း အောင်လံမှ ရန်ကုန်သို့ ၁၃ဝဝ အိတ်၊ ချောက်မှ ရန်ကုန်သို့ ၅၃ဝဝ အိတ်၊ ချောက်မှ မန္တလေးသို့ ၁၄ဝဝ အိတ် ပခုက္ကူမှ မန္တလေးသို့ ၃၄၁ အိတ်၊ ပခုက္ကူမှ ရန်ကုန်သို့ အိတ် ၁၇၅ဝ ၊ မကွေးမှ ရန်ကုန်သို့ ၁၅ဝဝ အိတ်တို့ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ တင်တင်လှ
