Main menu

Background

Monday, 18 Oct 2010

 တင်ဒါအတွက် အဝယ်ရှိလို့ မတ်ပဲတန် ၈၅ဝဝ ခန့်တင်ပို့မှုရှိ   အိန္ဒိယဈေးကွက်တွေကို ပြည်တွင်းပဲအသစ်တွေ ဝင်ရောက်လာပြီ ဖြစ်ပေမဲ့ တင်ဒါလိုအပ်ချက်အတွက် ယခုလဆန်းပိုင်းက အိန္ဒိယဝယ်လက်တွေ အဝယ် ရှိခဲ့လို့ ယခုတစ်ပတ်မှာ ပင်လယ်ရေကြောင်းက တန်ချိန် ၈၅ဝဝ ခန့်တင်ပို့ ခဲ့ပါတယ်။ ဈေးကွက် အတွင်း ယခုတစ်ပတ်မှာ အိန္ဒိယဝယ်လက် အဝယ်ပြန် အေးသွားလို့ ဈေးအနည်းငယ်လျော့ကျသွားပေမဲ့ ပါကစ္စတန်အတွက် စင်ကာပူ ဝယ်လက်များအဝယ်ရှိနေလို့ အရောင်းအဝယ်အနည်းငယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                          ဒေါ်လာ/တန်                         မတ်ပဲ(FAQ)              (SQ)၁၄-၁ဝ-၁ဝ         ၉၅ဝ-၉၆ဝ            ၁၁၂ဝ-၁၁၃ဝ၇-၁ဝ-၁ဝ            ၉၄ဝ-၉၅ဝ           ၁၁၁ဝ-၁၁၂ဝMIRT(MAPT)

Monday, 18 Oct 2010

ဒေသတွင်းကြာဇံစက်များကို မှီခိုနေရတဲ့ မုံရွာမြေထောက်ပဲဈေးကွက်       မုံရွာပဲဈေးကွက်မှာ ပြည်ပဝယ်လက်မရှိဘဲ ဒေသတွင်းအဝယ်ကိုသာအားကိုးနေရတဲ့အတွက် ဈေးအေးနေတဲ့ ပဲမှာမြေထောက် ပါ။ အဝယ်ပါးတဲ့အတွက် ဈေးငြိမ်နေပြီး တစ်တင်း ၁၅၅ဝဝ ကျပ်နဲ့ နေ့စဉ်အိတ် ၁၅ဝ ခန့်သာအရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။အောင်မင်း

Monday, 18 Oct 2010

မြေထောက်ပဲလက်ကျန်များ တိုးတက်တင်ပို့နေ    မြေထောက်ပဲလက်ကျန်များကို ဆက်လက်တင်ပို့လျက်ရှိရာ ယခု တစ် ပတ် (အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်)အတွင်း တန်ချိန် ၅ဝဝ နီးပါးအထိ တိုးတက် တင်ပို့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ကိုရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ထိုင်းတို့ဖြစ်ပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်ပို့မှုမှာ တန်ချိန် ၇ဝဝ သာရှိရာ အောက်တိုဘာလ ဒုတိယပတ် အထိ တန်ချိန် ၆၅ဝ ခန့် တင်ပို့ပြီးကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာအောက်တိုဘာလ ၇ ရက်က တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိခဲ့ရာမှ အောက်တိုဘာလ ၁၄ ရက်မှာ ကန်ဒေါ်လာ ၆၃ဝ-၆၄ဝ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ (Unpolished )  တစ်တန်ကို ကန်ဒေါ်လာ ၇၇၉ ဖြစ်ပြီး (Polished )တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၂ ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT

Monday, 18 Oct 2010

ဈေးမြင့်လာသော်လည်း အရောင်းအဝယ်အေးတဲ့ ပဲစင်းငုံ       ပြည်ပဲစင်းငုံမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၉ဝဝဝ ကျပ် ဈေးရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်တင်း ၅ဝဝ ကျပ်တိုးကာ ၁၉၅ဝဝ ကျပ်ဈေး ရှိကြောင်း သိရပါတယ်။ ဈေးအနည်းငယ်တက်လာသော်လည်း ရောင်းဝယ်သူမရှိဘဲ အရောင်း အဝယ်မဖြစ်ကြောင်း သိရပါတယ်။ ယခုအချိန်ထိ ကြိုက်ဈေး မရသေး သည့်အတွက် ဈေးကောင်းရချိန်ကို ဆက်လက် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း  သိရပါတယ်။ယခင်တစ်ပတ်က အရောင်းအဝယ်အသင့်အတင့်ရှိခဲ့သော်လည်း ယခု တစ်ပတ် မှာတော့ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။                                                                                                                                          ဆုမွန်ဆွေ

Monday, 18 Oct 2010

တစ်လအတွင်း ပဲစင်းငုံဈေးနှုန်းအနည်းငယ်လျော့ကျ         အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ လက်ကျန်အသင့်အတင့် ရှိနေသေးတာကြောင့် ပွဲတော်အတွက် အဝယ်ရှိပေ မဲ့ ဈေးမတက်ဘဲ တစ်လအတွင်း ဈေးအနည်းငယ်လျော့ကျခဲ့ပါတယ်။ လက်ရှိစိုက်ပျိုးထားတဲ့ ပဲစင်းငုံပင်များမှာလည်း ရာသီဥတု အခြေအနေပေးတဲ့အတွက် ဖွံ့ဖြိုးတိုးတက်နေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်းမှာလည်း ဈေးလျော့ကျဦးမယ်လို့ သုံးသပ်ကြပါတယ်။                                                                                                                             ဒေါ်လာ/တန်                မွန်ဘိုင်းဈေးကွက်           မွန်ဘိုင်း(C&F)၁၃-၁ဝ-၁ဝ        ၇၄၂                          ၈၃၅၁၃-၉-၁ဝ          ၇၇၇                          ၈၅ဝMIRT(MAPT)

Monday, 11 Oct 2010

မျိုးဝယ်ယူသူရှိလာလို့ ပဲကြီး(ရွှေကျွန်း)အရောင်းသွက်        ပြည်ဈေးကွက်မှာ ထောပတ်ပဲ လက်ကျန်ပြတ်သွားခဲ့သော်လည်း ပဲကြော် ပဲလှော်ဖိုလုပ်ငန်းသမားများဖြင့် အရောင်း အဝယ်ဖြစ်နေတဲ့ ပဲကတော့ ပဲကြီးဖြစ်ပါတယ်။ ယခင်ပတ်များက ပဲကြီး (ကမ်းနား)သာ အရောင်းအဝယ် ကောင်းခဲ့ပြီး စက်တင်ဘာလနောက်ဆုံးပတ်မှစလို့ ပဲကြီး(ရွှေကျွန်း)လည်း အရောင်း အဝယ်ဖြစ်လာခဲ့ပါတယ်။ ကြိုက်ဈေး မရသော်လည်း ငွေလိုလို့ ထုတ်ရောင်းသူများ ရှိလာတာကြောင့် တစ်ရက်ကို အိတ် ၁ဝဝ မှ ၂ဝဝ အထိ အရောင်းအဝယ်ဖြစ် ခဲ့ကြပြီး ဈေးနှုန်းကတော့ တစ်တင်းကို ၃ဝဝဝဝ ကျပ်ရှိတယ်လို့ သိရပါတယ်၊ မျိုးသမားများကလည်း ပဲကြီး (ရွှေကျွန်း)ကို တစ်တင်း ၃၂ဝဝဝ ကျပ်၊ ၃၃ဝဝဝ ကျပ်ထိ ဈေးပေးဝယ်ယူကြတယ်လို့ သိရပါတယ်။ ပဲကြီးကမ်းနားကတော့ အရည် အသွေးပေါ်မူတည်ကာ တစ်တင်းကို ၂၈ဝဝဝ ကျပ်မှ ၂၉ဝဝဝ ကျပ်ထိရှိခဲ့ပြီး တစ်ရက်ကို အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ခင်ဆွေဝင်း

Monday, 11 Oct 2010

ပဲယင်းတင်ပို့မှု တန် ၁၀၀ ကျော်ဆဲ        ဈေးကွက်တွေမှာအခြားပဲလက်ကျန်တွေ နည်းလာပေမဲ့ ယခုတစ်ပတ် (စက်တင်ဘာလ ၃ဝ ရက်မှ အောက်တိုဘာလ ၆ ရက်)အတွင်းမှာလည်း ပဲယင်း တန်ချိန် ၁၃ဝ ကျော်တင်ပို့မှုရှိနေသေးတာတွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံ ကတော့ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းမှာ တန်ချိန် ၆၂ဝ ကျော်တင်ပို့မှုရှိခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၃၃ဝ ခန့်သာ တင်ပို့ခဲ့ပါတယ်။ ယခင်နှစ် စက်တင်ဘာလ တင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၆၈ဝ ကျော်ရှိလို့ ယခုနှစ်ကာလတူမှာ အနည်းငယ်သာ လျော့ကျတင်ပို့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုဘဲ တစ်တန်ကို ကန် ဒေါ်လာ ၆၆ဝ-၆၈ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT

Monday, 11 Oct 2010

အရှိန်မပျက်တင်ပို့မှု ရှိနေသေးတဲ့ ပဲလွန်းဖြူ    လက်ကျန်လျော့နည်းလာပြီဖြစ်တဲ့ အခြားပဲအုပ်စုတွေထဲမှာ အရှိန်မပျက် တင်ပို့မှု ရှိနေသေးတဲ့ ပဲကတော့ ပဲလွန်းဖြူ ဘဲဖြစ်ပါတယ်။ အဓိကတင်ပို့နေတဲ့ နိုင်ငံတွေကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဖြစ်ပြီး ရုရှားနိုင်ငံကိုလည်း တင်ပို့မှု ရှိနေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၁၃ဝဝ ကျော်ရှိပြီး သြဂုတ်လမှာ တန်ချိန် ၁၁ဝဝ ခန့်တင်ပို့ခဲ့တာတွေ့ရ ပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တန်ချိန် ၇ဝဝ ခန့် သာတင်ပို့မှု ရှိခဲ့တာကြောင့် ယခုနှစ်ကာလတူ တင်ပို့မှု သိသိသာသာ ပိုလာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပဲလွန်းဖြူ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၈၉ဝ ရှိပြီး အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြL (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၉၂ ) ရှိကြောင်း သိရပါတယ်။            MIRT- MAPT

Monday, 11 Oct 2010

 ဒီတစ်ပတ်တင်ပို့မှု ပြန်လည်တိုးတက်လာတဲ့ မြေထောက်နဲ့ ထောပတ်ပဲ     ယခင်တစ်ပတ်က တင်ပို့မှု သိသိသာသာ လျော့ကျခဲ့တဲ့ မြေထောက်ပဲနဲ့ ထောပတ်ပဲဟာ ယခုတစ်ပတ် (စက်တင်ဘာလ ၃ဝ ရက်မှ အောက်တိုဘာလ ၆ ရက်) အတွင်းမှာတော့ တင်ပို့မှု ပြန်လည်တိုးတက်လာတာ တွေ့ရပါတယ်။ ယခု တစ်ပတ်မှာ မြေထောက်ပဲ တန်ချိန် ၁၇ဝ ခန့်ကို ထိုင်းနဲ့ ဖိလစ်ပိုင်ကို တင်ပို့မှု ရှိ ခဲ့ပါတယ်။ စက်တင်ဘာလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၇ဝဝ ခန့်ရှိပြီး၊ သြဂုတ်လမှာ တန်ချိန် ၈ဝဝ ကျော်၊ ၉ဝဝ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုအနေနဲ့ တန်ချိန် ၃၅ဝ ခန့်သာ တင်ပို့မှုရှိခဲ့ သလို ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ အောက်တိုဘာလ ၁ ရက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ရှိရာမှ အောက်တိုဘာလ ၇ ရက်မှာ ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ကိုလျော့ကျလာတာ တွေ့ရပါတယ်။    ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်မှာ ကိုရီးယား၊ ဂျပန်နဲ့ စင်ကာပူကို တန်ချိန် ၁ဝဝ ခန့် ကို တိုးတက်တင်ပို့လာတာ တွေ့ရပါတယ်။ စက်တင်ဘာလ တစ်လလုံး ထောပတ်ပဲတန်ချိန် ၁၉ဝ ခန့်သာ တင်ပို့မှုရှိခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၃ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလမှာ တန်ချိန် ၆၇ဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တင်ပို့မှု သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ထောပတ်ပဲ ဈေးပြောင်းလဲခြင်းမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၈၄ဝ-၈၆ဝ ရှိကြောင်း သိရပါတယ်။                                                     MIRT- MAPT 

Monday, 11 Oct 2010

မုံရွာကုလားပဲဈေးကွက် နယ်အဝယ်သွက်နေ       မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ပြီးခဲ့တဲ့လကတည်းက တက် ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့သလို အောက်တိုဘာလ ပထမပတ်မှာလည်း ဒေသတွင်း လုပ်ငန်းသုံးသမားတွေအပြင် မန္တလေးနဲ့ ရန်ကုန်ဝယ်လက်တွေ သိသိ သာသာ အဆွဲပိုခဲ့ကြောင်း သိရပါတယ်။ ယခုအပတ်ထဲမှာ ကုလားပဲရိုးရိုး တစ်တင်း ၁၉၇ဝဝ ကျပ်၊ ကုလားပဲ (တိုင်ပေ) တစ်တင်း ၂ဝဝဝဝ ကျပ်နဲ့ ဗွီတူးတစ်တင်း ၂ဝ၈ဝဝ ကျပ်အသီးသီးဈေးမာနေလျက်ရှိကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် တင်း ၃ဝဝ အထက် နေ့စဉ်အရောင်းအဝယ်သွက်နေတယ်လို့ ပွဲရုံရက်ကွက်က ကြားသိရပါတယ်။          ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ ကုလားပဲတင်ပို့မှု အနေနဲ့ မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝဝ ခန့် ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။                                                                                                                                      ထွန်းလှိုင်

Pages