Main menu

Background

Monday, 18 Oct 2010

ပဲကြော်ဖိုလုပ်ငန်းများနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ကမ်းနားပဲကြီး     ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေတဲ့ ပဲကတော့ ပဲကြီး(ကမ်းနား) ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ပဲကြီး (ကမ်းနား) အလတ်စဆိုရင် တစ်တင်း ၂၈ဝဝဝ ကျပ်နဲ့ အချောစမှာ ၂၉ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ပထမပတ်တွင်း ပဲကြီး (ရွှေကျွန်း)ကို တစ်တင်း ၃ဝဝဝဝ ကျပ်၊ မျိုးပဲမှာ တစ်တင်း ၃၂ဝဝဝ ကျပ်အထိ ဈေးရရှိခဲ့ကြပြီး မျိုးသမားများ အဝယ်ရှိခဲ့ကြပါတယ်။ ယခုအောက်တိုဘာ ဒုတိယပတ်မှာတော့ မျိုးသမားများအဝယ်မရှိတော့ဘဲ ပဲကြော်၊ ပဲလှော်လုပ်ငန်းသမားများသာ အဝယ်ရှိခဲ့သည့်အတွက် ပဲကြီး (ကမ်းနား) သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး တစ်ရက်ကို အိတ် ၂ဝဝ ခန့် နေ့စဉ်အဝယ်ရှိတယ်လို့ သိရပါတယ်။                                                                                                                                 ခင်ဆွေဝင်း

Monday, 18 Oct 2010

လက်ကျန်ပြတ်သွားပြီဖြစ်တဲ့ ပြည်ထောပတ်ပဲ      ပြည်ဈေးကွက်အတွင်းအခြားပဲများလက်ကျန်အသင့်အတင့်ရှိသေးသော် လည်း ထောပတ်ပဲကတော့ လက်ကျန်ပြတ် သွားပြီလို့ သိရပါတယ်။ ဇူလိုင်၊ သြဂုတ်လများအတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေခဲ့သော်လည်း စက်တင်ဘာ လ ဆန်းမှစ၍ လက်ကျန်နည်းခဲ့သလို အရောင်းအဝယ်ဖြစ်မှု အနေဖြင့်လည်း ဝယ်လိုအားရှိသော်လည်း ရောင်းအားကျ သွားခဲ့ပါတယ်။ ထောပတ်ပဲမှာ ဈေးစဖွင့်ချိန်တွင် တစ်တင်းကို ၂၄ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ကြပြီး ယခုပဲလက်ကျန် ပြတ်သွား သည့်အချိန်မှာ တစ်တင်းကို ၂၆ဝဝဝ ကျပ်နဲ့ အောက်တိုဘာလပထမပတ်မှာ အိတ် ၂ဝ ခန့်နောက်ဆုံးအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                      ခင်ဆွေဝင်း

Monday, 18 Oct 2010

ယခင်တစ်ပတ်ထက် ဈေးမြင့်တက်လာတဲ့ ပြည်ကုလားပဲ       ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ် အောက်တိုဘာပထမပတ်မှာ ၂၂၃ဝဝ ကျပ်ရှိရာမှ ယခုအောက်တိုဘာ ဒုတိယပတ်မှာ ၂၃၂ဝဝ ကျပ်ဖြင့် တစ်တင်းကို ၉ဝဝ ကျပ်ဈေးမြင့်ခဲ့ပါတယ်။ ကုလားပဲ ဗွီတူး ဈေးမှာမပြောင်းပဲ ၂ဝ၇ဝဝ ကျပ်ဈေးရှိပြီး အရောင်းအဝယ်မဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်ပဲ ဈေးဆက်လက်မြင့်တက်ရခြင်းမှာ တိုင်းအတွင်း လိုင်းသမားများပါ အဝယ်လိုက်လာ တဲ့အတွက် တခိုျ့ရက်များမှာ အိတ် ၇ဝဝ-၈ဝဝ ခန့်ထိရောင်းအား ကောင်းခဲ့ပါ တယ်။ ပဲခွဲစက်များကတော့ ပုံမှန်အဝယ်ရှိနေပါတယ်။ ယခုတစ်ပတ်မှာ အခြားတိုင်း များသို့ တင်ပို့ရောင်းချမှုမရှိကြောင်း သိရပါတယ်။လွင်လွင်ဆန်း

Monday, 18 Oct 2010

ဈေးမာလာတဲ့ မန်းကုလားပဲဈေးကွက်        မန်းဈေးကွက်အတွင်း ကုလားပဲကို ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များမှာ ဝယ်လိုအား ကောင်းနေတဲ့အတွက် ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ဈေးကွက် အတွင်း ပစ္စည်းလက်ကျန်နည်းလာသလို ပဲခွဲစက်လုပ်ငန်း ရှင်များ ဆွဲအား ကောင်းနေတဲ့အတွက် ဈေးမြင့်လာတာဖြစ်ကြောင်း ပဲလက်ကျန်ကုန်သည်တို့က ပြောပါတယ်။ စက်တင်ဘာလ နောက်ဆုံး ပတ်မှာ ကုလားပဲဖြူကြီးတစ်ပိဿာ ၁၁ဝဝ ကျပ် တစ်တန် ၆၇၃၆ဝဝ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁ဝ၄၈ ကျပ်၊ တစ်တန် ၆၄၁၇ဝဝ ကျပ်ဈေးဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၁၁၃၅ ကျပ်၊ တစ်တန် ၆၉၅ဝဝ ကျပ်၊ ကုလားပဲ(တိုင်ပေ) တစ်ပိဿာ ၁ဝ၈၄ ကျပ်၊ တစ်တန် ၆၆၃၈ဝဝ ကျပ်ဈေးဖြင့် ဈေးမြင့်ပြီး ဈေးကွက်အတွင်း အရောင်းသွက်ဈေးမာလျက်ရှိကြောင်း သိရပါတယ်။ကျော်ကျော်မိုး 

Monday, 18 Oct 2010

ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲတီစိမ်းဈေးကွက်        ပြည်ဈေးကွက်အတွင်း ပဲတီစိမ်းအဝင်မရှိတော့ပေမယ့် ဈေးကွက်လက်ကျန် အရောင်းအဝယ်ကတော့ ပုံမှန် ဖြစ်နေခဲ့ ပါတယ်။ အောက်တိုဘာ ပထမပတ်အတွင်း တစ်ရက်ကို အိတ် ၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ အရောင်းသွက်တဲ့ရက်ဆိုပါက တစ်ရက်ကို အိတ် ၁ဝဝ ခန့်အထိ ရောင်းဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ ယခုအောက်တိုဘာ ဒုတိယပတ်တွင် တစ်ရက်ကို အိတ် ၄ဝ မှ ၅ဝ အထိ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါတယ်။ ဈေးနှုန်းအနေဖြင့် လက်လီတစ်တင်းကို ၂၃ဝဝဝ ကျပ်နဲ့ လက်ကားဈေးမှာ တစ်တင်း ၂၂၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေကြောင်း သိရပါတယ်။                                                                                                                                  ခင်ဆွေဝင်း

Monday, 18 Oct 2010

 ဆောင်းသီးနံှ မတ်ပဲစိုက်ပျိုးစရိတ် လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှထုတ်ပေးနေပြီ      ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း လက်ပံတန်း မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွက် မတ်ပဲစိုက်ပျိုးစရိတ် ချေးငွေချေးပေးမည့်ကျေးရွာအုပ်စု ၁၄ အုပ်စုရှိတဲ့အနက် ၄ အုပ်စုမှ တောင်သူ ၃၆၇ ဦး၊ ဧက ၂၁၈၂ ဧကအားတစ်ဧကကို ၁ဝဝဝဝ ကျပ်အတိုးနှုန်း ၁ ကျပ် ၂၅ ပြားနှုန်းဖြင့် အောက်တိုဘာလမှ စတင်၍ ထုတ်ချေးပေး နေပြီဖြစ်ရာ ဧပြီလမှာ ပြန်လည်ပေးဆပ်ရမယ်လို့ သိရပါတယ်။ ၎င်းကျေးရွာအုပ်စု ၁၄ အုပ်စုမှ မတ်ပဲ စိုက်ဧက ၁ဝဝဝဝ ကို ယခုနှစ် မတ်ပဲစိုက်ရာသီမှာ ကြိုတင်ထုတ်ချေးပေးသွားမယ် လို့ သိရပါတယ်။စိုးငြိမ်

Monday, 18 Oct 2010

ဈေးမြင့်တက်လာတဲ့ ပြည်မတ်ပဲဈေး     ပြည်မြို့မှာ မတ်ပဲဈေးကတော့ အနည်းငယ်မြင့်တက်လာတာကို တွေ့ရပြီး ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးနဲ့ အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲကုန်သည်တွေရဲ့ လက်ထဲမှာ လက်ကျန်နည်းလာတဲ့အတွက် ပဲဈေးအနည်းငယ် မြင့်လာခဲ့ပြီး မျိုးအတွက်လည်း ဝယ်ယူနေကြပြီးဖြစ်တဲ့အတွက် ပဲဈေးအနည်းငယ် မြင့်လာခဲ့ တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိပြီးမြို့တွင်း ပဲကုန်သည်တွေရဲ့ တစ်နေ့အရောင်းအဝယ် ဖြစ်မှုကတော့ တစ်တင်းခွဲအိတ် ၂ဝဝ- ၃ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ တင်ပို့မှု အနေဖြင့် တိုင်းတွင်းမှ ရန်ကုန် ကို အများဆုံးတင်ပို့ပြီး အောက်တိုဘာလဆန်းမှ ဒုတိယ ပတ်အထိ တစ်တင်းခွဲအိတ် ၂၄ဝဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။မိမိအေး

Monday, 18 Oct 2010

 တင်ဒါအတွက် အဝယ်ရှိလို့ မတ်ပဲတန် ၈၅ဝဝ ခန့်တင်ပို့မှုရှိ   အိန္ဒိယဈေးကွက်တွေကို ပြည်တွင်းပဲအသစ်တွေ ဝင်ရောက်လာပြီ ဖြစ်ပေမဲ့ တင်ဒါလိုအပ်ချက်အတွက် ယခုလဆန်းပိုင်းက အိန္ဒိယဝယ်လက်တွေ အဝယ် ရှိခဲ့လို့ ယခုတစ်ပတ်မှာ ပင်လယ်ရေကြောင်းက တန်ချိန် ၈၅ဝဝ ခန့်တင်ပို့ ခဲ့ပါတယ်။ ဈေးကွက် အတွင်း ယခုတစ်ပတ်မှာ အိန္ဒိယဝယ်လက် အဝယ်ပြန် အေးသွားလို့ ဈေးအနည်းငယ်လျော့ကျသွားပေမဲ့ ပါကစ္စတန်အတွက် စင်ကာပူ ဝယ်လက်များအဝယ်ရှိနေလို့ အရောင်းအဝယ်အနည်းငယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                          ဒေါ်လာ/တန်                         မတ်ပဲ(FAQ)              (SQ)၁၄-၁ဝ-၁ဝ         ၉၅ဝ-၉၆ဝ            ၁၁၂ဝ-၁၁၃ဝ၇-၁ဝ-၁ဝ            ၉၄ဝ-၉၅ဝ           ၁၁၁ဝ-၁၁၂ဝMIRT(MAPT)

Monday, 18 Oct 2010

ဒေသတွင်းကြာဇံစက်များကို မှီခိုနေရတဲ့ မုံရွာမြေထောက်ပဲဈေးကွက်       မုံရွာပဲဈေးကွက်မှာ ပြည်ပဝယ်လက်မရှိဘဲ ဒေသတွင်းအဝယ်ကိုသာအားကိုးနေရတဲ့အတွက် ဈေးအေးနေတဲ့ ပဲမှာမြေထောက် ပါ။ အဝယ်ပါးတဲ့အတွက် ဈေးငြိမ်နေပြီး တစ်တင်း ၁၅၅ဝဝ ကျပ်နဲ့ နေ့စဉ်အိတ် ၁၅ဝ ခန့်သာအရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။အောင်မင်း

Monday, 18 Oct 2010

မြေထောက်ပဲလက်ကျန်များ တိုးတက်တင်ပို့နေ    မြေထောက်ပဲလက်ကျန်များကို ဆက်လက်တင်ပို့လျက်ရှိရာ ယခု တစ် ပတ် (အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်)အတွင်း တန်ချိန် ၅ဝဝ နီးပါးအထိ တိုးတက် တင်ပို့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ကိုရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ထိုင်းတို့ဖြစ်ပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်ပို့မှုမှာ တန်ချိန် ၇ဝဝ သာရှိရာ အောက်တိုဘာလ ဒုတိယပတ် အထိ တန်ချိန် ၆၅ဝ ခန့် တင်ပို့ပြီးကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာအောက်တိုဘာလ ၇ ရက်က တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိခဲ့ရာမှ အောက်တိုဘာလ ၁၄ ရက်မှာ ကန်ဒေါ်လာ ၆၃ဝ-၆၄ဝ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ (Unpolished )  တစ်တန်ကို ကန်ဒေါ်လာ ၇၇၉ ဖြစ်ပြီး (Polished )တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၂ ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT

Pages