Main menu

Background

Tuesday, 28 May 2013

မန္တလေးတိုင်းဒေသကြီး၊ ပွဲစား၊ ကုန်သည်များ၊ စက်ပိုင်များရဲ့ မဟာ ကထိန်တော်အသင်း(ကုန်စည်ဒိုင်)ကို သီးနှံ ဝင်ရောက်မှု၊ ရောင်းချမှုများ အကြား မြေထောက်ပဲရောင်းဝယ်မှု အခြေအနေမှာ သိသာပြောင်းလဲမှု မရှိဘဲ၊ ဧပြီလနဲ့ မေလနှိုင်းယှဉ်ကြည့် ပါက ဈေးနှုန်းတည်ငြိမ်မှုရှိကြောင်း သိ ရပါတယ်။ တိုင်းအတွင်း စိုက်ပျိုးမှုနည်း သော်လည်း အခြားတိုင်းအတွင်းမှ စိုက်ပျိုးတဲ့ ဟုမ္မလင်း၊ မုံရွာ၊ ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို၊ ဝက်လက် ဒေသများမှ ဝင်ရောက်တဲ့ မြေထောက် ပဲဟာ မန္တလေးကုန်စည်ဒိုင်ရဲ့ ရောင်း ဝယ်မှု ဈေးကွက်ကို ဝင်ရောက်ခဲ့ပါ တယ်။ ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်း အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အိတ် ၅၀၀၀၊ တန် ၄၅၀ ခန့်နဲ့ ပျမ်းမျှတစ် ပိဿာနှုန်း ၁၆၆၄ ကျပ် (တစ်တန် ၁၀၁၉၀၁၇)ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်၊ မေလရဲ့ နောက် ဆုံးပတ်အတွင်း မြေထောက်ပဲအိတ် ၄၈၀၀ (တန် ၄၃၀) ရောင်းဝယ်မှုဖြစ်နေ ပြီး၊ နောက်ဆုံးပတ် တစ်ပိဿာ ပျမ်းမျှ ဈေး ၁၆၄၈ (တစ်တန် ၁၀၀၉၂၁၉) နဲ့ ရောင်းဝယ်မှုဖြစ်နေသဖြင့် ယခု ၂၀၁၃ ခုနှစ်၊ မေလ အခြေအနေအရ ရောင်း ဝယ်မှု ပိုမိုကောင်းခဲ့ပြီး၊ ဈေးနှုန်းအနေနဲ့ သိသာစွာ ပြောင်းလဲမှု မရှိနိုင်ဘဲ ရောင်း ချရေး၊ ဝယ်ယူရေး မြေထောက်ပဲရဲ့ အခြေအနေအား ကြိုတင်တွက်ချက်မှု အရ ရောင်းဝယ်မှု ကောင်းနိုင်ကြောင်း သိရပါတယ်။လွင်အေး - မန္တလေး

Tuesday, 28 May 2013

ဟင်္သာတ ကုန်စည်ဒိုင်ဈေးကွက်မှာ မတ်ပဲသီးနှံမှာ ပုံမှန်အရောင်းအဝယ် ဖြစ်နေပါတယ်။ ဟင်္သာတ ပဲဈေးကွက်ကို ခရိုင်အတွင်းမြို့နယ်များမှ ဝင်ရောက်မှု နည်းသွားပြီး၊ ဒေသခံလှောင်လက်ကုန်သည်ကြီးများရဲ့ ရောင်းချမှု၊ ရန်ကုန်ဝယ်လက် ကုန်သည်ကြီးများရဲ့ ဝယ်ယူအားကြောင့် နေ့စဉ်အိတ် ၅၀၀၀ ခန့်တင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်ရဲ့ မတ်ပဲဈေးနှုန်းကတော့ တစ်တင်းကို ၁၇၉၀၀ ကျပ် ဈေး ဖြစ်လို့ ယခင်တစ်ပတ်ထက် ဈေးပိုမြင့်လာပါတယ်။ အစေ့ထုတ်ပြောင်းသီးနှံမှာ ဈေးအဖွင့်မှာ ပိဿာ ၂၀ တစ်တင်းကို ၇၅၀၀ ကျပ်နဲ့ စခဲ့ရာ ယခုအချိန်မှာ တစ် တင်းကို ၉၄၀၀ ကျပ်ဈေးနဲ့ ဈေးကောင်းရနေပါ တယ်။ ပြောင်းဈေးေ ကာင်းနေ ပေမယ့် ယခုတစ်ပတ်မှာ အရောင်းရှိပြီး၊ အဝယ်အေးသွားပါတယ်။ ပြောင်းစီးထွက်မှု အနေနဲ့ ယခုတစ်ပတ်မှာ အိတ် ၂၀၀၀ ခန့်သာ တင်ပို့နိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင် - ဟင်္သာတ

Tuesday, 28 May 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ မေလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၃၇ သန်း တန်ဖိုးရှိတဲ့ ပဲတီစိမ်းလုံးပြည့် ၆၆၂ တန်ကျော်နဲ့  ကန်ဒေါ်လာ သုည ဒသမ ၀၇၀ သန်းတန်ဖိုးရှိတဲ့ပဲတီစိမ်း (လုံးခြမ်း)  ၆၂ တန်ကျော်ကိုတင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က ပဲတီစိမ်းလုံးပြည့် ၁၈၃ တန်ကျော်နဲ့ လုံးခြမ်း ၅၁ တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုအပတ်ပဲတိစိမ်းတင်ပို့မှုပိုမိုလာတာတွေ့ရပါတယ်။ မူဆယ်ကုန်စည် ဒိုင်မှာ ယခု အပတ်ပဲတီစိမ်းတစ်တန်ကို မိမိဘက်ဈေး ၈၀၄၁၄၈ ကျပ်ဖြစ်ပြီး၊ တစ်ဖက်နိုင်ငံဈေး ၅၃၈၀ ယွမ်ဈေးရှိပါတယ်။ သုံးခွမြို့နယ်အတွင်းရှိ ပဲစိုက်တောင်သူ အချို့မှာ မျိုးပဲပေး မျိုးပဲပြန်ယူစနစ်နဲ့ စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။ မော်မော်အောင် MIRT (DCCA)

Tuesday, 28 May 2013

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၃-၁၄ ခုနှစ် မိုးသီးနှံ ပဲစင်းငုံစိုက်ပျိုးရန် လျာထားဧက ၅ ဒသမ ၅၅ သိန်းအနက် ဧက ၅၀၀၀ ကျော် စတင်စိုက်ပျိုးနေကြောင်းသိရပါတယ်။ ယခင်နှစ် မိုးလေဝသအခြေအနေ (မိုးနည်း)ကြောင့် ပဲစင်းငုံ အထွက်လျော့လို့ ယခုအချိန် တောင်သူလက်ဝယ် လက်ကျန်နည်းကာ ကုန်သည်လက်ဝယ် လက်ကျန်များနေကြောင်း သိရပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ ဒေသခံကုန်သည်များအဝယ်ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ယခုအပတ်အတွင်း  နေ့စဉ် ပဲစင်းငုံနီအိတ် ၁၀၀၀ နဲ့ ၂၀၀၀ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး ပဲစင်းငုံနီတစ်တင်း ၂၁၀၀၀ ကျပ်ဝန်းကျင်ဈေး ပေါက် ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။                              သန်းသန်းတင်-မုံရွာ

Tuesday, 28 May 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ယခုတစ်ပတ် အတွင်း မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီးဈေးများဈေး အနည်းငယ် ပြန် မြင့်လာခဲ့တာတွေ့ရပါတယ်။ ကုလားပဲ၊ ပဲပုပ်နဲ့ ထောပတ်ပဲ ဈေးများ ကတော့ ဈေးငြိမ်အရောင်း အဝယ် ဖြစ်နေပါတယ်။ မတ်ပဲသီးနှံမှာ ပြည်ဈေးကွက်ကို ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များ မှ နေ့စဉ်ဝင်ရောက် ခဲ့ကာ ပဲလက် ကျန်များလည်း ရှိခဲ့တဲ့အတွက် တစ်ရက်အိတ် ၂၀၀ ကျော်မှ ၃၀၀ အထိ ရန်ကုန်ဝယ်လက်များနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ ပဲဈေးမှာ ယခင်အပတ်ကထက် တစ်တင်း ၅၀၀ ကျပ် ခန့် ဈေးပိုလာခဲ့တဲ့အတွက် တစ်တင်း ၁၈၀၀၀ ကျပ်ဈေးရှိခဲ့ပါ တယ်။ မတ်ပဲဈေးနှုန်းမှာ ယခင်နှစ်က မေလလယ် မှာ တစ် တင်း၂၀၀၀၀ ကျပ်ဈေးရှိခဲ့တဲ့အတွက် ယခုနှစ်မှာလည်း ပဲဈေး အနေနဲ့ ယခုတစ်ပတ်မှာ ဈေးပြန်လှုပ်လာတဲ့ အတွက် ပဲလက် ဝယ်ရှိသူတောင်သူများမှ တစ်တင်း ၂၀၀၀၀ ကျပ်ဈေးမျှော် လင့်လျက်ရှိတာကို တွေ့ရပါတယ်။

Tuesday, 28 May 2013

မုံရွာကုန်စည်ဒိုင် မေလတတိယ ပတ် ပဲဈေးကွက်မှာ အမြင့်ဈေးနဲ့ ငုံနီ အရောင်းအဝယ်သွက်ခဲ့သလို ပြည်တွင်း လုပ်ငန်းသုံးလိုအပ်ချက် မြင့်မားလာလို့ ပဲကြီးလည်း ဈေးမြောက်လာခဲ့တာ တွေ့ ရပါတယ်။ ယခုတစ်ပတ် ပဲတစ်မျိုးချင်း ဈေးကွက်ဖြစ်ပေါ်မှုအနေနဲ့ ပြည်တွင်း လုပ်ငန်းသုံး အဝယ်သာရှိတဲ့ ကုလားပဲ အုပ်စုဟာ ဈေးဆက် လက်အေးနေခဲ့ ကာ V2  တစ်တင်း၁၈၆၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၈၁၀၀ ကျပ်၊ 929 တစ် တင်း ၁၈၃၀၀ ကျပ်နဲ့ ကုလားပဲရိုးရိုးတစ် တင်း ၁၇၈၀၀ ကျပ် အသီးသီးသာ  အမြင့်ဈေး ပေါက်ခဲ့ပါတယ်။ ယခုတစ် ပတ် အတွင်း ဝယ်လက်နဲ့ ရောင်းဝယ်မှု ပမာဏအားဖြင့် V2 ၊ ထိုင်ဝမ်နဲ့ ကုလားပဲ ရိုးရိုးကို ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်၊ ပဲကြော်ဖို၊ ပဲလက်လီစတဲ့ လုပ်ငန်းသမား အဝယ်သာရှိခဲ့ပြီး၊ တစ် ရက် ကို ၃ မျိုးပေါင်း အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ တယ် လို့ ဆိုပါတယ်။ 929 ကုလားပဲကတော့ ဒီရက်ပိုင်းအတွင်း ဒေသလုပ်ငန်းသမား များအပြင် ရန်ကုန် ဝယ်လက် အနည်း ငယ် ရှိခဲ့လို့ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ်သွက်ခဲ့တယ်လို့ ကုန် စည်ဒိုင်ရပ်ကွက်က ဆိုပါတယ်။

Tuesday, 28 May 2013

ရှမ်းပြည်နယ်  တောင်ပိုင်း အောင်ပန်း ကုန်စည်ဒိုင် ဈေးကွက်မှာ မေလတတိယပတ်အတွင်း အစေ့ထုတ် ပြောင်း ကို တရုတ်ဝယ်လက် ရှိတာ ကြောင့် မန်းပွဲရုံတွေက အဝယ်လိုက်နေ သလို ပဲရာဇာကိုလည်း မန်းပဲခွဲစက်များ က ရသလောက်ဝယ်ယူနေတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ် ကောင်း ခဲ့သလို ဈေးနှုန်းကလည်း ခပ်စွာစွာ အခြေအနေမှာ ရှိနေပါတယ်။

Monday, 20 May 2013

ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မေလ ၅ ရက်မှ ၁၁ ရက်အတွင်း နနွင်း ၁၅၀ ဒသမ ၁၆ တန်တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်များမှာ ပါကစ္စတန်နိုင်ငံကို ၂၉ ဒသမ ၉၆ တန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ကို ၂၈ တန်၊ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၂ တန်နဲ့ မလေးရှား နိုင်ငံကို ၇၆ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ် နနွင်းတင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် တစ်ရာ့နှစ်ဆယ် ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၤဥြ ဈေးက တစ်တန် ကို ပျမ်းမျှ ကန်ဒေါ်လာ ၅၃၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှ ယခုလအထိ နနွင်းတင်ပို့မှုစုစုပေါင်း တန်ချိန်မှာ ၂၁၈၄ ဒသမ ၉၈၈ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလိုတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ ကိုးသိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။                      MIRT (DOT)

Monday, 20 May 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ် ရေးဇုန်က ၂၀၁၃ ခုနှစ်ဧပြီလတွင်  ကန်ဒေါ်လာ သုည ဒသမ ၂၂၇ သန်းတန်ဖိုးရှိ ငရုတ်သီးခြောက် တန် ၁၃၀ တင်ပို့နိုင် ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်သော ၂၀၁၃ မတ်လနှင့်နှိုင်း ယှဉ်ပါက ကန်ဒေါ်လာ သုည ဒသမ ၀၄၇ သန်းလျော့နည်း ခဲ့ပါတယ်။ မိမိနိုင်ငံမှငရုတ်သီးခြောက် များအား မဲဆောက်မှ ဘန်ကောက်အထိတင်ပို့ပြီး ဘန်ကောက်တွင်တန်ဖိုးမြှင့် ထုတ် ကုန်အဖြစ် ထုတ်လုပ်၍ မလေးရှားသို့ ဆက်လက်တင်ပို့ ကြောင်း သိရှိရပါတယ်။

Monday, 20 May 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ်ရေး ဇုန်က ၂၀၁၃ ခုနှစ် ဧပြီလတွင်  ကန်ဒေါ်လာ သုည ဒသမ ၂၆၀ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၆၄၉ တန်ကျော်တင်ပို့နိုင်ခဲ့ ပြီး အနီးစပ်ဆုံးကာလဖြစ်သော ၂၀၁၃ မတ်လနှင့်နှိုင်းယှဉ်ပါ ကကန်ဒေါ်လာသုည ဒသမ ၁၃၃ သန်းလျော့နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ၏ဈေးကွက် အတွင်းသို့ ထိုးဖောက်ဝင်ရောက် နိုင်တဲ့ အနေအထားရှိပြီး ကြက်သွန်နီ အလုံးသေးများကိုပိုမို ကြိုက်နှစ်သ က်ကြောင်း၊ စားသောက်ဆိုင်များနဲ့ ဟိုတယ် အစားအစာများတွင် အသုံးများကြောင်း သိရှိရပါတယ်။

Pages