Main menu

Background

Monday, 17 Oct 2011

                   ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၈၀၀ ကို လျော့ကျခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်းမှာတော့ တန်ချိန် ၁၆၀၀ ခန့် ကို ပြန်လည် တိုးတက်လာခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများ ကတော့ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ဖြစ်ပြီး တင်ပို့မှု ပမာဏများတာတော့ ဂျပန်ကိုပဲ ဖြစ်ပါတယ်။                  လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အောက်တိုဘာလ ၇ ရက်နေ့အထိ ပြည်ပကို စုစုပေါင်း နှမ်းတင်ပို့မှုဟာ တန်ချိန် ၄၉၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၇၀၀၀ ခန့်ရှိလို့ တန်ချိန် ၁၂၀၀၀ ခန့် ပိုတင်ပို့လာတာ တွေ့ရပါတယ်။ နှမ်းများကို နှမ်းနီ၊ နှမ်းညိုများကိုပါ တင်ပို့ခွင့်ပြုလိုက်သလို ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုးမှာလည်း ငြိမ်သလောက် ရှိနေတာကြောင့် နှမ်းတင်ပို့မှု တိုးတက်လာခြင်းဖြစ်ပါတယ်။ ရန်ကုန်  FOBဈေးအနေနဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန် ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT(MAPT)

Monday, 10 Oct 2011

                  ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ ယခုအပတ်တွင် မိုးအဆက်မပြတ် ရွာလို့ အရောင်းအဝယ်မဖြစ်ဘဲ ဈေး အေးနေပါတယ်။ မြို့ခံဆီစက်သမား များမှတစ်နေ့အိတ် ၅၀၀ခန့်သာ အဝယ် ရှိသဖြင့် မြေပဲဆံဈေးမှာ အနည်း ငယ် ကျလာတွေ့ရပါတယ်။ ယခင်နှစ်က ခုလိုအချိန်တွင် မြေပဲဆံတစ်ပိဿာ ၁၇၀၀ ကျပ် ဈေးထိရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၂၅၀ ထိ ဈေးကျလာတာ တွေ့ရပါတယ်။ လုံးဆံကို ပဲလှော်သမား များက အဝယ်ရှိလို့ တစ်ပိဿာ ၁၄၅၀ ကျပ်ဈေးရှိပါတယ်။ မြေပဲဆံများကို အောင်လံဘက်မှ အောက်တိုဘာလ ဆန်းမှ ခုချိန်ထိ ၁၂၀၀ ခန့်စီးဝင်လာပြီး၊ ရန်ကုန်သို့ အိတ် ၇၀၀ ခန့်စီးထွက်တယ် လို့သိရပါတယ်။ ဝေေ၀မင်း

Monday, 10 Oct 2011

                 ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ မြောင်နယ်၊ ချောင်းဦးနဲ့ဘုတလင်နယ်ဘက်က မိုးမြေပဲသစ်တွေ ပေါ်ပြီး မုံရွာဈေးကွက်ထဲ အနည်းအကျဉ်းဝင်ရောက်လာခဲ့ပါတယ်။ ဈေးကွက်မှာတော့ မြေပဲလုံးဆံအဟောင်း တစ်တင်း ၂၈၅၀၀ ကျပ်မှာငြိမ်နေပြီး အသစ်ကတော့ တစ်တင်း ၂၆၀၀၀ ကျပ်ဈေးဖွင့်လာပါတယ်။ ယခုတစ်ပတ် ရာသီဥတုအခြေအနေအရ မိုးအဆက်မပြတ်ရွာနေလို့ နှမ်းဈေးလည်းအေးခဲ့ရာ နှမ်းညိုတစ်တင်း ၁၉၃၀၀ ကျပ်၊ နှမ်းဝါ၊ နှမ်းနီတစ်တင်း ၂၀၂၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၁၅၀၀ ကျပ်နဲ့ အမြင့်ဆုံးဈေးပေါက်ခဲ့ကြပါတယ်။ မြေပဲနဲ့နှမ်း ဈေးအေးခဲ့လို့ ယခုတစ်ပတ်မှာ ဆီဈေး လည်းအေးခဲ့ရာ ပဲဆီတစ်ပိဿာ ၃၀၅၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၄၅၀ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၁၈၀၀ ကျပ် အသီးသီးအနိမ့်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဆီထွက်သီးနှံစီးဆင်းမှုအနေနဲ့ ယခုတစ်ပတ်အတွင်း မန္တလေးကို မြေပဲတင်း ၅၀၀၊ ပခုက္ကူကို တင်း ၁၀၀၀၊ ရန်ကုန်ကို တင်း ၃၀၀ စီးထွက်ခဲ့ပြီး နှမ်းစီးဆင်းမှု အနေနဲ့ တစ်ပတ်အတွင်း တင်း ၁၆၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Monday, 10 Oct 2011

                စက်တင်ဘာလ ၂၈ ရက် မှ အောက်တိုဘာလ ၄ ရက်ထိကာလအတွင်း မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၀၆၅ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁၆၀၉ တန်၊ ကန်ဒေါ်လာ ၂ ဒသမ ၅၂၂ သန်း တန်ဖိုးရှိ နှမ်းနက် ၁၇၁၄ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၃၅၂ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၅၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်း နယ်စပ်မှ နှမ်း ၁၆၃၇၃ တန်ကျော်နဲ့ ဧပြီလမှ စက်တင်ဘာလထိ တန်ချိန် ၃၀၈၉၈ ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေးများ အနည်းငယ်မြင့် တက်လျက်ရှိပြီး တစ်ဖက်နိုင်ငံဈေးကတော့ ကျလျက်ရှိပါတယ်။ မိမိဘက် နဲ့ တစ်ဘက်နိုင်ငံ နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                     မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု                ယခင်      ပြောင်းလဲမှု  %        ယခု            ယခင်  ပြောင်းလဲမှု        %နှမ်းဖြူ       ၉၈၅၀၀၀       ၈၈၆၆၉၆     ၉၈၃၀၄       ၁၁       ၁၃၁၈      ၁၃၃၁          ၁၃               ၁နှမ်းနက်     ၁၀၉၀၀၀၀     ၁၀၇၅၈၅၁   ၁၄၁၄၉       ၁         ၁၄၁၁      ၁၄၅၆         ၄၅               ၃MIRT-MAPT

Monday, 10 Oct 2011

                  ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်က တန်ချိန် ၁၈၅၀ ကျော်ထိ တိုးတက်ခဲ့ရာမှ စက်တင်ဘာလကုန်နောက်ဆုံးပတ်မှာ တန်ချိန် ၈၀၀ ကို ပြန်လည်လျော့ကျခဲ့ပါတယ်။ ယခုနှစ် စက်တင်ဘာလ တစ်လလုံးမှာ နှမ်းတန်ချိန် ၄၈၀၀ ကျော် တင်ပို့မှုရှိခဲ့ပြီး သြဂုတ်လမှာ တန်ချိန်၂၃၄၀ ခန့် တင်ပို့ခဲ့ပါတယ်။ ၂၀၁၀ စက်တင်ဘာ  အတွင်းမှာလည်း နှမ်းတန်ချိန် ၄၇၇၀ ခန့်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၁-၁၂ဘဏ္ဍာနှစ်စက်တင်ဘာလအထိ နှမ်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၄၄၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူမှာ တန်ချိန် ၃၄၀၀၀ ခန့်ရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့ပြီးတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ အောက်တိုဘာလ ၇ ရက်နေ့ဈေးမှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီ နဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိပါတယ်။ MIRT-MAPT

Monday, 10 Oct 2011

               ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ၂၀၁၁ ခုနှစ်၊ မေလမှစ တင်၍ ပုဂ္ဂလိကကုမ္ပဏီများကို ပြည်ပ မှ စားအုန်းဆီများ တင်သွင်း၍ ဈေး ကွက်အတွင်း ဖြန့်ဖြူးရောင်းချပေး လျက်ရှိပါတယ်။               စားအုန်းဆီတင်သွင်းရာမှာ တင်ပို့ နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စားသုံးရန် သင့်လျော်ကြောင်း ထောက် ခံချက် ပါဝင်ရမှာဖြစ်သလို Third Party စစ်ဆေးရေးအဖွဲ့ စစ်ဆေးမှုများ ပါဝင်ရမှာဖြစ်ပြီး သင်္ဘောရောက်ရှိလာ ချိန်မှာလည်း စစ်ဆေးရေး (Survey) အဖွဲ့များက နမူနာရယူ၍ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ ပေးပို့ရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့က နေအများပြည်သူအတွက် စားသုံးရန် သင့် လျော်ကြောင်း ထောက်ခံချက်ရရှိမှ သာ ဖြန့်ဖြူးရမှာဖြစ်ပါတယ်။                မကြာမီရက်အတွင်းက ကုမ္ပဏီ တစ်ခုကနေ တင်သွင်းလာတဲ့ စားအုန်းဆီများကို ပြည်တွင်းမှာ ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်းချခဲ့ရာမှာ ဈေးကွက်ထဲ မှာ အနံ့အနည်းငယ်ရရှိနေကြောင်း သတင်းရရှိတဲ့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူများကိုယ်တိုင် ဆီသိုလှောင် ကန်ကို သွားရောက်စစ်ဆေးပြီး ထုတ် ပေးမှုကို ရပ်ဆိုင်းခဲ့တဲ့အပြင် ၎င်းင်းဆီများ ပြည်တွင်းမှာ ဖြန့်ဖြူးနေတာကိုလည်း ရပ်ဆိုင်းခိုင်းခဲ့ပါတယ်။              ယခုလိုတင်သွင်းလာတဲ့ စားအုန်း ဆီများမှာ အနံ့အနည်းငယ်ရရှိခဲ့တာနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းခဲ့ရာမှာ ထုတ်လုပ်မှုဖြစ်စဉ်ကြောင့်မဟုတ်ဘဲ သယ်ယူတဲ့ သင်္ဘောအခြေအနေ၊ ကိုင်တွယ်သိုလှောင်မှုအခြေအနေ၊ ပင်လယ် ထဲမှာ ရက်ကြာမြင့်ခဲ့တဲ့အတွက် ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုအခြေအနေ တွေကြောင့် အနံ့ထွက်ပေါ်ခြင်းဖြစ်နိုင် တယ်လို့ ပညာရှင်များက သုံးသပ်ကြ ကြောင်း သိရှိရပါတယ်။                 ယခု Prime Rose သင်္ဘောဟာ လည်း အင်ဒိုနီးရှားနိုင်ငံက တင်သွင်း လာတာဖြစ်ပြီး သက်ဆိုင်ရာကျန်းမာ ရေးဝန်ကြီးဌာနရဲ့ စားသုံးရန်သင့်လျော် ကြောင်း ထောက်ခံချက်များ ပါရှိလာခဲ့ ကြောင်းနဲ့ Third Party စစ်ဆေးရေး အဖွဲ့ဖြစ်တဲ့ Intertek အဖွဲ့ရဲ့ စစ်ဆေး ချက်အရFFA 0.064 PCT, Iodine Value 56.38, Melting Point 22.8 C, Colour 2.7 Red  ရှိကြောင်း သင်္ဘောတင် စစ်ဆေးချက်များ ပြည့်စုံ စွာပါရှိလာပြီး တင်သွင်းခဲ့တယ်လို့ သိရှိ ခဲ့ပါတယ်။                သင်္ဘောရောက်ရှိလာချိန်မှာ MITS စစ်ဆေး၍ နမူနာရယူပြီး ကျန်းမာရေးဝန်ကြီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သို့ ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် (FDA) တာဝန်ရှိသူများမှဆီလှောင်ကန်နဲ့ တင်သွင်းလာတဲ့ သင်္ဘောကို ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီးကျန်းမာရေး ဝန်ကြီးဌာနမှ လူအများစားသုံးရန် သင့်လျော်ကြောင်း ထောက်ခံချက်ကို လည်း ရရှိခဲ့ပါတယ်။ အနံ့အနည်းငယ် ထွက်ပေါ်နေတာကို အပူပေးခြင်း၊ လေသလပ်ခံခြင်းများ ပြုလုပ်ပါက အနံ့ များပျောက်သွားကြောင်း စစ်ဆေးတွေ့ ရှိရပါတယ်။ စားအုန်းဆီတင်သွင်းမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာန က အရည်အသွေးစံချိန်စံညွှန်းများ မှန်ကန်ရေးနဲ့ စည်းစနစ်ကျနစွာ တင်သွင်းရေးကို ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရပါတယ်။ ဒါကြောင့် စားအုန်းဆီများ တင်သွင်းတဲ့ နေရာမှာ သတ်မှတ်ထားတဲ့ စံချိန်စံ ညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနဲ့ အညီ စနစ်တကျဆောင်ရွက်သွားရန် လိုကြောင်းနဲ့ ယခုရောက်ရှိတဲ့ ဆီများနဲ့ ပတ်သက်လို့ စားသုံးသူပြည်သူများ အနေနဲ့ စိတ်ပူပန်မှုမရှိဘဲ စိတ်လက် ချမ်းသာစွာ ဝယ်ယူစားသုံးနိုင်တယ်လို့ သတင်းရရှိကြောင်းတင်ပြလိုက်ပါတယ်။

Sunday, 2 Oct 2011

ယခုအပတ် ချင်းရွှေဟော်မှ ပဲပုပ်စေ့ အပို့ရှိ                   စက်တင်ဘာလ ၂၁ ရက်မှ ၂၇ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ် စခန်း မှ ကန်ဒေါ်လာ ၀ ဒသမ ၁၀၃ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ တန် ၁၅၀ တရုတ် နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသထွက် ပဲပုပ်စေ့များ ကို တင်ပို့တာဖြစ်ပါတယ်။ မိမိဘက် မူဆယ်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်            မိမိဘက် (ကျပ်/ တန်)       ယခု        ယခင်        ပြောင်းလဲမှု    %၄၈၉၄၇၀     ၄၆၅၉၆၆        ၂၃၅၀၄       ၅           တစ်ဘက်နိုင်ငံ (ကျပ်/ တန်)      ၆၇၄          ၆၇၄                -           -MIRT(MAPT)

Sunday, 2 Oct 2011

်မုံရွာနှမ်း မန်းအဝယ်သွက်လာ                   စက်တင်ဘာလကုန်ပတ် မုံရွာကုန်စည်ဒိုင် နှမ်းဈေးကွက်မှာ နယ်ပစ္စည်းအဝင်ရှိသလို မန်းအဆွဲလည်းရှိလို့ အရောင်း အဝယ် သွက်ခဲ့ပါတယ်။ မြောင်နယ်၊ ယောနယ်နဲ့ ချင်းတွင်းမြစ်အနောက်ဘက် ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်က နှမ်းဖြူအဝင်ရှိခဲ့ပြီး၊ ဈေးအနေနဲ့ ယခု တစ်ပတ်အတွင်း တစ်တင်း ၂၃၀၀၀ ကျပ်ထိ အမြင့်ဆုံး ရခဲ့ရာက စက်တင်ဘာ ၂၈ ရက်နေ့မှာ ၂၁၅၀၀ ကျပ်ဈေးထိ တစ်တင်း ၁၅၀၀ ကျပ်ခန့် ကျဆင်းသွားခဲ့ တာတွေ့ရပါတယ်။ ဒေသတွင်း စက်သမားနဲ့ လက်လီသုံး နှမ်းတွေအနက် နှမ်းညို ဟာ တစ်တင်း ၁၉၀၀၀ ကျပ်မှာ တန့်နေပါတယ်။ နှမ်းဝါနဲ့ နှမ်းနီတွေက တစ်တင်း ၁၉၅၀၀ ကျပ်မှာ ဆက်လက်ဈေး ငြိမ်နေပြီး၊ ဆီနှမ်းဈေးလည်း တစ်တင်း ၁၈၀၀၀ ကျပ်ထိ ဈေးအေးလာခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် နယ်ပစ္စည်း ဝင်ရောက်မှုပေါ် မူတည်ကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် တင်း ၁၀၀၀ ဝန်းကျင် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခု တစ်ပတ်အတွင်း မန္တလေးကို နှမ်းတင်း ၄၀၀၀ ခန့် စီး ဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Sunday, 2 Oct 2011

  နှမ်းဖြူ နှမ်းနက် ယခုအပတ်အပို့လျော့                    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံ ရွှေလီသို့ ကန်ဒေါ်လာ ၄ ဒသမ ၇၃၈သန်းတန်ဖိုးရှိနှမ်းရောင်စုံနဲ့ နှမ်းဖြူအခွံချွတ် ၃၆၀၇ တန် စက်တင်ဘာလ ၂၁ ရက် မှ ၂၇ ရက်ထိကာလအတွံင်း အပို့ ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်လျှင် ၇၉၆ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ နှမ်းအမျိုးအစားအလိုက် တင်ပို့မှု များကတော့ကန်ဒေါ်လာ၂ ဒသမ ၂၅၀ သန်း တန်ဖိုးရှိ နှမ်းဖြူ တန် ၁၈၄၀ ခန့် ကန်ဒေါ်လာ ၂ ဒသမ ၁၇၅ သန်းတန်ဖိုး ရှိ နှမ်းနက် ၁၅၃၃ တန်ကျော်၊ ကန်ဒေါ်လာ သုညဒသမ ၃၁၃ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၃၄ တန်ခန့်အပို့ရှိခဲ့ပါတယ်။ သယ်ယူစရိတ်များကို ကြည့်လျှင် ယခင်အပတ်ကထက် ၁ ပိသာကို ၁၇ ကျပ်နှုန်းပိုမိုလာပြီး ယခုအပတ် နှမ်း ၁ ပိသာ မန္တလေး-မူဆယ် သယ်ယူစရိတ်မှာ ၄၈ ကျပ်နှုန်းဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                            မိမိဘက်(ကျပ်/တန်)                            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု                  ယခင်      ပြောင်းလဲမှု   %          ယခု          ယခင်   ပြောင်းလဲမှု   %နှမ်းနက်          ၈၈၆၆၉၆        ၈၆၃၀၀၀        ၂၃၆၉၆       ၃          ၁၃၃၁      ၁၂၀၆       ၁၂၅           ၁၀နှမ်းဖြူ           ၁၀၇၅၈၅၁       ၁၀၂၉၇၈၉        ၄၆၀၆၂     ၅         ၁၄၅၆        ၁၄၁၀       ၄၆            ၃

Sunday, 2 Oct 2011

ယခုတစ်ပတ် နှမ်းတင်ပို့မှု စံချိန်တင်လာ                    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခုစက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်းမှာ တန်ချိန် ၁၈၅၀ ကျော်ထိ စံချိန်တင်တိုးတက်လာခဲ့ပါတယ်။ နိုင်ငံတော်အစိုးရက နှမ်းဖြူ၊ နှမ်းနက်အပြင် နှမ်းနီနဲ့ နှမ်းညိုပါ တင်ပို့ခွင့်ပြုလိုက်တဲ့အတွက် နှမ်း တင်ပို့မှု သိသိသာသာ တက်လာခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ စက်တင်ဘာ ၂၃ ရက်အထိ နှမ်း စုစုပေါင်း တင်ပို့ပြီးစီးမှု တန်ချိန် ၃၉၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၉၀၀၀ ကျော်ရှိခဲ့လို့ ယခုနှစ် ကာလတူမှာ တန် တစ်သောင်းခန့် ပိုတင်လာနိုင်ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ စက်တင်ဘာလ ၃၀ ရက်ဈေးမှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုဈေးမှာ တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT- MAPT

Pages