Main menu

Background

Wednesday, 14 Dec 2016

            ယခုတစ်ပတ်အတွင်း အစုရှယ်ယာဈေးနှုန်းများ ဆက်လက်ငြိမ်သက် လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကတည်းကငြိမ်သက်ခဲ့သည့် ပြည်တွင်း အစုရှယ်ယာေ ဈးများ သည် ယခုတစ်ပတ်တွင်လည်း အတက်အကျ မဆို သလောက်သာရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်း ရောင်းဝယ်နေသူတစ်ဦးက ပြောကြားခဲ့သည်။

Wednesday, 14 Dec 2016

       ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးနှုန်းများသည် အတက်အကျအနည်းငယ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှသိရသည်။ ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းနေသော်လည်း ပြည်တွင်း ေ ငွလဲနှုန်းများ မြင့်တက်နေ သဖြင့် ပြည်တွင်းရွှေဈေးနှုန်းများ အတက်အကျ အနည်းငယ်သာရှိနေခြင်းဖြစ်သည် ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။

Wednesday, 14 Dec 2016

             ဒီဇင်ဘာလဆန်းရက်မှာ ပြည်ဈေးကွက်သို့ ဘိုကိတ် ပဲသစ်များ ပန်းတောင်း၊ ကံမမြို့နယ်များမှ အဝင်ဆက်ရှိခဲ့လို့ တစ်ရက်အိတ် ၅၀ ဝန်းကျင် ဝင်ရောက်ခဲ့ပြီး ဝယ်လက်အနေ ဖြင့် ရန်ကုန်-ပြည် ရထားလမ်းတစ်လျှောက် မြို့နယ်အချို့မှ ဝယ်ယူ လျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်လီရော လက်ကားပါ အရောင်းအဝယ် ဖြစ်နေပြီး ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၂၅၀၀၀ ဖြင့် ဈေးငြိမ်နေခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ဘိုကိတ် ပဲသစ်ဈေးဟာ တစ်တင်းကျပ် သုံးသောင်း ကျော် ရရှိခဲ့လို့ ဈေးကောင်းခဲ့သော်လည်း ယခုနှစ်မှာတော့ ယခင်နှစ်ပဲသစ်ဈေးကို မမီဘဲ ဈေးလျော့နေခဲ့ကြောင်း သိရပါတယ်။

 

ခင်ဆွေဝင်း

Wednesday, 14 Dec 2016

          ယခုတစ်ပတ်ပြည်ဈေးကွက်တွင် မြေပဲဆန်အသစ်ဈေး ဆက်လက် မြင့်တက်လာတာ တွေ့ရပါတယ်။ မြေပဲ ဆန်အသစ်များကို ရွှေတောင်၊ ဝက်ထီး ကန်နဲ့ ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ တစ်နေ့လျှင် အိတ် ၅၀၀ ခန့် ဝင် ရောက်လာတာ တွေ့ရပါတယ်။ ရန်ကုန် ဘက်မှ ဆီဆန်အသစ်နဲ့ လုံးဆန်အသစ် ကို အဝယ်ရှိသဖြင့် ဈေးမြင့်လာတာတွေ့ ရပါတယ်။ မြို့တွင်းဆီစက်များက မြေပဲ ဆန်အ ဟောင်းများကို ဝယ်ယူ ဆီကြိတ် နေတာဖြစ်ပေ မယ့် ေြ မပဲဆီဈေးမတက် ဘဲဈေးငြိမ် နေတာတွေ့ရပါတယ်။ ယခု တစ်ပတ်မြေပဲဆန်ဈေးမှာ ဆီဆန် တစ်ပိဿာလျှင် ကျပ် ၁၆၀၀၊ လုံးဆန် အသစ်တစ်ပိဿာလျှင် ကျပ် ၂၅၀၀နဲ့ လုံးဆန်အဟောင်း တစ်ပိဿာလျှင် ကျပ် ၂၁၀၀ ဖြင့် တစ်နေ့လျှင် မြေပဲ ဆန်အိတ် ၄၀၀ ခန့် အရောင်

Tuesday, 13 Dec 2016

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သည် နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့် ပြုရာတွင် နိုင်ငံခြားမှ တရားဝင်ယူဆောင်လာသည့် ငွေ ပမာဏအတိုင်းသာ ကုန်သွယ်ခွင့်ပြုမည်ဟူသော သတ်မှတ် ချက်အား နိုဝင်ဘာလ ၂၂ ရက် ရက်စွဲ ပါအမိန့်ကြော်ငြာစာ အမှတ်(၇၅/၂၀၁၆) ဖြင့် ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိ  သည်။ နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံ သုံးကိရိယာများအား ကုန် သွယ်ခွင့်ပြုခြင်းကို  ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၅)ဖြင့်လည်း ကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ် ခွင့်ပြုခြင်းကို ၂၀၁၆ခုနှ

Friday, 9 Dec 2016

          ဆေးဝါးကုသရေး ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်နှင့် စီးပွားရေးလုပ်ငန်းဖြင့် လာရောက်သူများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် အိန္ဒိယပြည်ထောင်စု ဝန်ကြီးအဖွဲက အီလက်ထရွန်းနစ် ခရီးသွား ဗီဇာဆောင်ရွက်မှုကို နို ဝင်ဘာ ၃၀ ရက်က တိုးချဲ့ဆောင်ရွက်ခဲ့ ကြောင်းနှင့် ထိုသို့ တိုးချဲ့ဆောင်ရွက်ရာတွင် ကာလတို ဆေးဝါး ကုသခြင်း၊ စီးပွားရေးဖြင့် အလည်အပတ် လာရောက်ခြင်းနှင့် ကွန် ဖရင့်များကို ကျင်းပခြင်း စသည့် နယ်ပယ်တို့ပါဝင်ေ ကြာင်း တိုင်းမ် အော့အိန္ဒိယသတင်းတွင် ဖော်ပြသည်။

Thursday, 8 Dec 2016

        ပဲပုပ်စေ့ စိုက်ပျိုးမှုမြှင့်တင်ရန်နှင့် ပြည်တွင်းမှထွက်ရှိသည့် ပဲပုပ်စေ့အား ဈေးပိုပေး၍ ဝယ်ယူနေရသဖြင့် နိုင်ငံတွင်း ပဲပုပ်စေ့ လိုအပ်ချက်ကာမိစေရန်အတွက် ပဲပုပ်စေ့တင်သွင်းမှုအား အကောက်ခွန်ကင်းလွတ်ခွင့် သုံးနှစ် ေ ပးမည့်အစီအစဉ်ကို ယခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ အစိုးရက ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။ ပဲပုပ်ဆီထုတ်ရန်အတွက် ပြည် တွင်းမှထွက်ရှိသည့် ပဲပုပ်စေ့များကို တစ်ကီလိုဂရမ်လျှင် ၁၇ ဒသမ ၅၀ ဘတ်ဖြင့် လ ည်းကောင်း၊ တိရိစ္ဆာန်အစာ ထုတ်လုပ်ရန်အတွက် ပြည်တွင်းမှထွက် ရှိသည့် ပဲပုပ်စေ့ တစ်ကီလို ဂရမ်လျှင် ၁၇ ဒသမ ၇၅ ဘတ် ဖြင့်လည်းကောင်း၊ အစားအစာ ထုတ်လုပ်ရန်အတွက် ပြည် တွင်းမှထွက်ရှိသည့် ပဲ

Wednesday, 7 Dec 2016

         နိုဝင်ဘာ ၂၀ ရက်မှ ၂၆ရက်အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်း မှ မြေဩဇာတန်ချိန် ၂၈၈၀ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်က တန်ချိန် ၂၄၉၀ ကျော်ဝင်ခဲ့တာကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ၄၀ဝ နီးပါး အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေဩဇာအဝင်မှာ တန်ချိန် ၄၀၈၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၀၃၅၀  ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် ၆၂၆၀ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေကြောင်းမှအဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ မြေဩဇာအဝင်လျော့ခဲ့ပါတယ်။

Wednesday, 7 Dec 2016

      တရုတ်နိုင်ငံသည် လာအိုနိုင်ငံ တွင် မီးရထားလမ်းဖောက်လုပ်ခြင်း နှင့် ဖွံ့ဖြိုးတိုးတက်မှုဇုန်များ တည် ဆောက်ခြင်းအပါအဝင် အဓိကနယ်ပယ်များတွင် ပူးပေါင်းဆောင် ရွက်ရန် ဆန္ဒရှိကြောင်း လာအိုနိုင်ငံ ဝန်ကြီးချုပ် Tho -ngloun Sisoulith ၏ တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၂၈ ရက် နေ့မှ စတင်သည့် ၄ ရက်ကြာ ချစ်ကြည် ရေးခရီးစဉ်၌ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ပေကျင်းမြို့ရှိGreat Hall of the People တွင် လာအိုနိုင်ငံဝန်ကြီး ချုပ်နှင့် တ ရုတ်နိုင်ငံဝန်ကြီးချုပ်လီကာရှင်းတို့ တွေ့ဆုံစဉ်အတွင်း ဝန်ကြီးချုပ်လီက ပြောကြားခဲ့ကြောင်း သိရှိရသည်။ ကုန်ပစ္စည်းများ ထုတ်လုပ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးမြှင့်တ

Wednesday, 7 Dec 2016

           ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းနေသော်လည်း ပြည်တွင်း ငွေလဲနှုန်းများ မြင့်တက်နေသဖြင့် ပြည်တွင်းရွှေဈေးနှုန်းမှာ အနည်းငယ်သာ ကျ ဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ "ဒီတစ်ပတ်က တကယ်ဆိုရင် ပြည်တွင်းရွှေဈေးက ကျလာရမှာ။ ကမ္ဘာ့ရွှေ ဈေးက အမေရိကန်ဒေါ်လာ ၁၁၇၈ ဒေါ်လာအထိ ကျဆင်းသွားပေမယ့် ဒီကငွေလဲနှုန်းကြောင့် ပြည်တွင်းရွှေဈေးက ကျသင့်သလောက် မကျဘူး ဖြစ်သွားတယ်။ ရွှေဈေး နည်းနည်းကျလာတဲ့အတွက် ဈေးကွက်ထဲမှာတော့  အရောင်းအဝယ်အနည်း ငယ်ပြန်ဖြစ်လာပါတယ်။ ဈေးကျတော့ အရောင်းထက် အဝယ်က ပိုများလာတာပါ"ဟု ရွှေကုန်သည်ဦးစံမြင့်က ဆို သည်။

Pages