စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ရက်အတွင်း ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၉၅၄ ဒသမ ၂၄၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၆၄၁၄၃ ဒသမ ၆၈ ဖြစ်ပါသည်။ တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၀ နိုင်ငံရှိပြီး ယူနိုက် တက်ကင်းဒမ်း၊ ဘယ်လ်ဂျီယံ၊ စင်ကာပူ၊ နယူးဇီလန်၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ ထိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ပါကစ္စတန်နှင့် မလေးရှားနိုင်ငံတို့ဖြစ်သည်။
အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်၍ တန်ချိန် ၆၂၈ ဒသမ ၄၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၆၅၀၄၉ ဒသမ ၁၈ ဖြစ်ပြီး အနည်းဆုံးတင်ပို့ခဲ့သော နိုင်ငံမှာ ဘယ်လ်ဂျီယံနိုင်ငံဖြစ်၍ တန်ချိန် ၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀ဝ၀ ဖြစ်သည်။
ယခင်အပတ်တင်ပို့မှုမှာ တန်ချိန် ၆၇၅၁ ဒသမ ၄၅၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၂၇၂၄၇၂ ဒသမ ၅၄ ဖြစ်ပြီး ယခုအပတ်နှင့် နှိုင်းယှဉ်ပါက တန်ချိန်၅၇၉၇ ဒသမ၂၁၅၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၄၄၀၈၃၂၈ ဒသမ ၈၆ လျော့နည်း တင်ပို့ခဲ့ကြောင်း သိရသည်။
မတ်ပဲတစ်တန်ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၇၈၁ ဖြစ်ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၉၀၅ ဖြစ်သောကြောင့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၂၅ ခန့် ဈေးမြင့်တက်ခဲ့ပါသည်။
စန်းစန်းမော်(မြှင့်တင်/ပြည်တွင်း)