Main menu

Background

အာဆီယံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့ အကြား ဆန်ကိစ္စ

Fri, 01/29/2010 - 04:20 -- Anonymous (not verified)

ဆန်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ များအတွက် အရေးကြီးသည့်လယ်ယာ ထုတ်ကုန်ပစ္စည်း ဖြစ်သကဲ့သို့ ကိုရီးယား သမ္မတနိုင်ငံ(တောင်ကိုရီးယား)နိုင်ငံ အတွက်လည်း အလွန် အရေးကြီးသည့် လယ်ယာထုတ်ကုန် ပစ္စည်းဖြစ်ပါသည်။ ဆန်နှင့်ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံ၏ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ကို အမှတ်ရမိပါသည်။ ၁၉၈၆ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ဂတ်(GATT) အဖွဲ့မှ ဦးစီး ကျင်းပခဲ့သောဥရုဂွေးရောင်း (Uruguay Round) ခေါ် (၈)ကြိမ်မြောက် နိုင်ငံပေါင်းစုံ ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲ(8th Round of Multilateral Trade Negotiations) တွင် ဆန်အပါအဝင် လယ်ယာထုတ်ကုန် ပစ္စည်းများအတွက် ဈေးကွက်ဖွင့်ပေးရန်၊ အကောက်ခွန်နှုန်း များ လျှော့ချပေးရန် စသည်တို့ကို ထည့် သွင်းဆွေးနွေးခဲ့ရာ တောင်ကိုရီးယား လယ်သမားများသည် အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး မိမိကိုယ်ကို မိမိသတ်သေ၍ ဆန္ဒပြသည့် ဖြစ်ရပ်ရှိခဲ့ပါသည်။အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံ တို့အကြားFTA   အာဆီယံနှင့်ကိုရီးယားသမ္မတနိုင်ငံ တို့အကြားလွတ်လပ်သောကုန်သွယ်ရေး ဒေသ (FTA) တည်ထောင်ရန်အတွက် ကုန်စည်ကုန်သွယ်ရေး ဆိုင်ရာသဘော တူစာချုပ်(Agreement on Trade in Goods)ကို ၂၀၀၆ခုနှစ် သြဂုတ်လ ၂၄ ရက် နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌  ထိုင်းနိုင်ငံမှအပ ကျန်အာဆီယံ နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ ထိုင်းနိုင်ငံသည် ကိုရီးယား သမ္မတ နိုင်ငံနှင့် အရေးကြီးနှင့် အလွန်အရေးကြီး ကုန်ပစ္စည်းများ စာရင်း (List of Sensitive and Highly Sensitive Products) ညှိ နှိုင်းဆွေးနွေးရာ၌ အထူးသဖြင့် ဆန်ကိစ္စ ဆွေးနွေးရာ၌ သဘောတူညီမှုမရ ရှိခြင်းနှင့် အစိုးရအဖွဲ့ အပြောင်းအလဲ ရှိခြင်းတို့ကြောင့် အဆိုပါကုန်စည်ကုန် သွယ်ရေးဆိုင်ရာ သဘောတူစာချုပ် တွင်ပါဝင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိကြောင်း သိရပါသည်။ အချိန် (၂) နှစ် ကျော် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပြီး နောက် ထိုင်းနိုင်ငံသည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ထိုင်း နိုင်ငံ၊ ချာအမ်း (Cha-am) မြို့၌ ကုန် စည်ကုန်သွယ်ရေးဆိုင်ရာ သဘောတူ စာချုပ်တွင် ထိုင်းနိုင်ငံ ပါဝင်ရန် အခြေ ပြစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါ သည်။ အာဆီယံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့သည် ကုန်စည် ကုန်သွယ်ရေး ဆိုင်ရာ သဘောတူ စာချုပ်အရ အကောက်ခွန်နှုန်းများ လျှော့ချ ဖယ် ရှားပေးရန်အတွက် အကောက်ခွန်လိုင်း (Tariff Lines) စုစုပေါင်း၏ ၉၀% ကို သာမန် လမ်းကြောင်း (Normal Track) တွင် ထားရှိရပြီး ၁၀% ကို အရေးကြီး လမ်းကြောင်း (Sensitive Track) တွင် ထားရှိခွင့်ရရှိပါသည်။  သာမန် လမ်းကြောင်းရှိ ကုန်ပစ္စည်းများ အားလုံး၏ အကောက်ခွန်နှုန်းများကို အချိန်ဇယား အတိုင်း လျှော့ချပြီး သတ်မှတ်ချိန် ကာလ ရောက်သည့်အခါ လုံးဝဖယ်ရှားပေးရ ပါမည်။ အရေးကြီး လမ်းကြောင်းရှိ ကုန်ပစ္စည်းများကို စာရင်း(၂)မျိုးထားရှိခွင့် ပြုပါသည်။ ပထမစာရင်းမှာ အရေးကြီး ကုန်ပစ္စည်းစာရင်း  (List of Sensitive Products) ဖြစ်ပြီး ဒုတိယစာရင်းမှာ အလွန်အရေးကြီးကုန်ပစ္စည်းစာရင်း   (List of Highly Sensitive Products) ဖြစ်ပါသည်။ အလွန်အရေးကြီး ကုန် ပစ္စည်းစာရင်းတွင် စာချုပ်ဝင်နိုင်ငံတိုင်း သည် အကောက်ခွန်လိုင်း ၂၀၀ အထိ အများဆုံး ထားရှိနိုင်ပါသည်။ ယင်းတို့ကို အောက်ပါအတိုင်း အုပ်စု ၅မျိုး ထပ်ခွဲနိုင်ပါသည်။အုပ်စု(က) - သတ်မှတ်အချိန်ကာလ ရောက်လျှင်အကောက် ခွန်နှုန်း ၅၀ ရာခိုင်နှုန်း စည်းကြပ် ပါမည်။အုပ်စု (ခ) - သတ်မှတ်အချိန်ကာလ ရောက်လျှင်အကောက် ခွန်နှုန်းကို ၂၀ ရာခိုင် နှုန်းလျှော့ ချပါမည်။(ဥပမာ၊ မူလ ၄၀ ရာခိုင် နှုန်းရှိပါက ၃၂ ရာခိုင် နှုန်းထိ လျှော့ချခြင်း)အုပ်စု(ဂ) - သတ်မှတ်အချိန်ကာလ ရောက်လျှင် အကောက် ခွန်နှုန်းကို ၅၀ ရာခိုင် နှုန်းလျှော့ချ ပါမည်။ (ဥပမာ၊ မူလ ၄၀ရာခိုင် နှုန်းရှိပါက ၂၀ရာခိုင်  နှုန်းထိလျှော့ချခြင်း)အုပ်စု(ဃ) - စာချုပ်အသက်ဝင်သည့် အချိန်မှစ၍  သက်ဆိုင် ရာနိုင်ငံ၏ ပြဌာန်းချက် များနှင့် အညီ Tariff Rate Quotas (TRQs) စည်းကြပ်ပါမည်။အုပ်စု (င) - အကောက်ခွန်အခွင့် အရေးပေးခြင်းမှ ကင်း လွတ်သည့် အကောက် ခွန်လိုင်းများ ဖြစ်ပါ သည်။   အထက်ပါကုန်ပစ္စည်း အုပ်စု (၅)ခုတွင် အုပ်စု(င) အတွက် အကောက်ခွန်လိုင်း (၄၀) ထားရှိ ခွင့် ပေးပါသည်။ကိုရီးယားသမ္မတနိုင်ငံ     အလွန်အရေးကြီး ကုန်ပစ္စည်းများ၏ အုပ်စု(င)အကောက် ခွန် အခွင့်အရေးပေးခြင်းမှ ကင်းလွတ်သည့်အကောက်ခွန်လိုင်းများတွင် ဆန်နှင့် ပတ်သက်သော အောက်ပါ အကောက်ခွန်လိုင်း (၈) လိုင်း ထည့် ထားပါသည်။  (၁) 1006.10, (၂) 1006.20, (၃) 1006.30, (၄) 1006.40,   (၅) 1102.30, (၆) 1103.19,   (၇)  1103.20, (၈) 1104.19, အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံ အလွန်အရေးကြီးကုန်ပစ္စည်း များ၏ အုပ်စုမှ (င)- အကောက်ခွန် အခွင့်အရေး ပေးခြင်းမှ ကင်းလွတ်သည့် အကောက်ခွန်လိုင်းများတွင် ဆန်နှင့် ပတ်သက်သော အောက်ပါအကောက် ခွန်လိုင်း (၄)လိုင်း ထည့်ထားပါသည်။  (၁) 1006.10,  (၂) 1006.20,        (၃) 1006.30,  (၄) 1006.40,မလေးရှားနိုင်ငံ အလွန်အရေးကြီးကုန်ပစ္စည်းများ ၏ အုပ်စု (ခ)-အကောက်ခွန်နှုန်း ၂၀ ရာ ခိုင်နှုန်းလျှော့ချမည့် အကောက်ခွန် လိုင်းများတွင် ဆန်နှင့်ပတ်သက်သော အောက်ပါအကောက်ခွန်လိုင်း (၄)လိုင်း ထည့်ထားပါသည်။  (၁) 1006.10,  (၂) 1006.20,        (၃) 1006.30,  (၄) 1006.40,ထိုင်းနိုင်ငံ အလွန်အရေးကြီးကုန်ပစ္စည်း များ၏ အုပ်စု(ဃ)- ွှမေင် ျွအေန ျှကသအျေ စည်းကြပ်မည့် အကောက်ခွန်လိုင်း များတွင် ဆန်နှင့် ပတ်သက်သော အောက်ပါအကောက်ခွန်လိုင်း (၄) လိုင်း ထည့်ထားပါသည်။  (၁) 1006.10,  (၂) 1006.20,        (၃) 1006.30,  (၄) 1006.40,ဗီယက်နမ်နိုင်ငံနှင့်  ကမ္ဘောဒီးယားနိုင်ငံ ဆန်ကို လွတ်လပ်စွာကုန်သွယ် နိုင်ရန်အတွက် အကောက်ခွန်နှုန်း လျှော့ချဖယ်ရှားသည့် သာမန်လမ်း ကြောင်းတွင် ထည့်ထားပါသည်။ဆန်မပါဝင်သည့်   လွတ်လပ်သော ကုန်သွယ်ရေးဒေသ ကိုရီးယားသမ္မတနိုင်ငံသည် ဆန်ကို (FTA) မှ ဖယ်ထုတ်ထားသ ဖြင့် အာဆီယံနှင့် ကိုရီးယား သမ္မတ နိုင်ငံအကြား (FTA) သည် ဆန်စပါး မပါသည့် လွတ်လပ်သော ကုန်သွယ် ရေးဒေသ ဖြစ်ပါသည်။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ဆန်ကို အလွန် အရေးကြီး ကုန်ပစ္စည်း စာရင်းတွင် ထည့်ထားခြင်းသည် FTA အစီအစဉ် နှင့် ညီညွတ်ရန်အတွက်ဖြစ်ပါသည်။ သို့မှသာ FTA အစီအစဉ်အောက်မှ ဆန်နှင့် ပတ်သက်သော ကတိကဝတ် များကို Waiver တောင်းခံ နိုင်မည်ဖြစ် ပါသည်။ ထိုင်းနိုင်ငံသည် ဆန်ကို အလွန် အရေးကြီးကုန်ပစ္စည်းစာရင်းတွင် ထည့်ထားသော်လည်း၊FTA မှ ဖယ် ထုတ်သည့် အုပ်စုတွင် ထည့်ထား ခြင်းမဟုတ်သည့်အတွက် ဆန်ကုန်သွယ်မှုကို လိုအပ်သလို  ပါဝင်ဆောင်ရွက်မည့် သဘောဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ Agreement On Agricultural အရ ဆန်ဈေးကွက် တစ်စိတ် တစ်ပိုင်း ဖွင့်ပေး ထားရသည့် တောင် ကိုရီးယားနိုင်ငံနှင့် ညှိနှိုင်းပြီး ဆန် ရောင်းချနိုင်သည့် အခွင့်အရေးကို ရယူမည့်သဘောဖြစ်ပါသည်။ မောင်မောင်ရီ (ဘောဂဗေဒ)