Background
တရုတ်နိုင်ငံမှာ ပဲပုပ်ဝယ်လိုအား ဆက်လက်မြင့်တက်နေပြီး၊ ထွက်ရှိမှု ပိုမို လျော့နည်းလာတာကြောင့် မကြာ သေးခင်က ဝယ်ယူတင်သွင်းမှုကို ဖျက် သိမ်းခဲ့တဲ့တိုင် ၂၀၁၁-၁၂ ရာသီအတွင်း ပဲပုပ် တင်သွင်းမှု မြင့်တက်ဖွယ် ရှိ တယ်လို့ ဟမ်းဘတ် အခြေစိုက် Oil World မှ လေ့လာဆန်းစစ်သူများက မေ ၂၉ ရက်မှာ ခန့်မှန်းပြောကြား ပါတယ်။ ၂၀၁၀-၁၁ မှာ တန်ချိန် ၅၂ ဒသမ ၃ သန်း တင်သွင်းခဲ့ပြီး၊ ၂၀၁၁ အောက်တိုဘာမှ ၂၀၁၂ စက်တင် ဘာလ အတွင်း တန်ချိန် ၅၆ ဒသမ ၈ သန်းအထိ တင်သွင်းရဖွယ်ရှိတယ် လို့လည်း ဆိုပါတယ်။
စားအုန်းဆီဈေးနှုန်းများ(၂၈-၅-၂၀၁၂ မှ ၁-၆-၂၀၁၂ နေ့ထိ) ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF (ရန်ကုန်) Cloud Point 10.C Max (1) ၂၈-၅-၂၀၁၂ 1090 (2) ၂၉-၅-၂၀၁၂ 1105 (3) ၃၀-၅-၂၀၁၂ 1090 (4) ၃၁-၅-၂၀၁၂ 1075 (5) ၁-၆-၂၀၁၂ 1060 Source: ဆီကုန်သည်များအသင်း
ပြည်တွင်းဆီဈေးနှုန်း (၁-၆-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3500 3500 2800 2000 2000 2000 ရန်ကုန် 4000 4000 3300 3300 1750 1715 မန္တလေး 3400 3400 2850 2850 1920 1900 ပဲခူး 3200 3200 2900 3000 1900 1800 မကွေး 3700 3700 2950 2900 2100 1950 မုံရွာ 3650 3700 3000 3000 1960 1930 တောင်ကြီး 3300 3500 2500 2500 2100 2100 စစ်တွေ 3200 3200 3000 3000 2100 2100
စားအုန်းဆီဈေးနှုန်းများ(၂၁-၅-၂၀၁၂ မှ ၂၅-၅-၂၀၁၂ နေ့ထိ) ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF (ရန်ကုန်) Cloud Point 10.C Max (1) ၂၁-၅-၂၀၁၂ 1100 (2) ၂၂-၅-၂၀၁၂ 1100 (3) ၂၃-၅-၂၀၁၂ 1090 (4) ၂၄-၅-၂၀၁၂ 1065 (5) ၂၅-၅-၂၀၁၂ 1070 Source: ဆီကုန်သည်များအသင်း
ပြည်တွင်းဆီဈေးနှုန်း (၂၅-၅-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3500 3500 2800 2000 2100 2000 ရန်ကုန် 3800 4000 3000 3300 1830 1750 မန္တလေး 3200 3400 2900 2850 1980 1920 ပဲခူး 3200 3200 2900 2900 1900 1900 မကွေး 3600 3700 2900 2950 2100 2100 မုံရွာ 3550 3650 3000 3000 2000 1960 တောင်ကြီး 3100 3300 2500 2500 2100 2100 စစ်တွေ 3200 3200 3000 3000 2100 2100
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း 25-5-2012 US$Ton မေလတတိယပတ်မေလစတုတ္ထပတ်နှိုင်းယှဉ်ချက် RBD P.Oil 1092.00 1021.50 RBD P.Olein 1116.50 1031.50 RBD P.Strarin 1053.50 1005.00 Source: econ.mpob
အီးယူဇုန် အကျပ်အတည်းအပေါ် စိုးရိမ်မှုတွေက ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ပေမယ့်လည်း မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေးဟာ ယခင်ရက်များက ကြီးမားစွာကျဆင်းပြီးနောက် မေလ ၂၄ ရက်မှာတော့ အမြင့် ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အီးယူ အကြွေးပြဿနာ မသေချာမှုကစားအုန်းဆီဈေးနှုန်းကို ဆွဲချခဲ့ရာ မေ ၂၃ ရက် ပေါက်ဈေးဟာ ၂၀၁၂ အတွင်း အနိမ့်ဆုံးကိုဆင်းခဲ့ပြီး၊ ဝယ်လက်များ အတွက် ဈေးသက်သာတဲ့ စားဆီဝယ်ယူမှု မြင့်တက်စေခဲ့ပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၄ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၁၃၆ ဒသမ ၅၅၁ တန်ကို မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ ပါတယ်။ ယခင်အပတ်ကထက် ၆၄ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် ရွှေလီမြေပြင်ပေါက်ဈေးများကို ကြည့် ရာမှာ မိမိဘက်ပေါက်ဈေးပိုမိုမြင့် တက်ခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေး ကျလျက် ရှိပါတယ် -
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေ ဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မေ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၅ ဒသမ ၄၁၄ သန်းတန်ဖိုးရှိ မြေပဲဆန် ၃၇၃၇ ဒသမ ၅၀၃ တန် တစ်ဖက် နိုင်ငံသို့ တင်ပို့မှုရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှု တွေကတော့ မူဆယ်မှ ၃၆၆၈ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၆၉ တန်နီးပါးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၈၇၆ တန် ကျော် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၄၄ သန်းတန်ဖိုးရှိ နှမ်းဖြူ ၃၃၈ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၅ တန်နီးပါး အပို့ပိုခဲ့ပါတယ်။ ယခုအပတ်နှမ်းရောင်စုံတင်ပို့မှု တွေကတော့ နှမ်းနက် ၁၄၅ တန်ခန့်နဲ့ နှမ်းဖြူ ၃၃၉ တန်ခန့်ရှိရာ ကန်ဒေါ်လာ သုည ဒသမ ၆၅၀ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၄၈၄ တန်နီးပါးအပို့ရှိခဲ့တာဖြစ်ပါတယ်။ မြေပြင်ပေါက်ဈေးများကိုကြည့်ရာမှာ မိမိဘက်နှမ်းဖြူ ဈေးမြင့် တက်နေသော်လည်း တစ်ဖက်နိုင်ငံရွှေလီဈေးကျလျက်ရှိတယ်လို့ သိရပါတယ် -