Main menu

Background

Sunday, 30 Oct 2011

                   မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၄၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၂၃ တန်ကျော် အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၈၂ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ချဉ်ပေါင်ဖာလာ အခွံပါ ၊ ဇီးဆံ၊ စကားပန်းပွင့်ခြောက်၊ တောဂျူးမြစ်တို့ ပိုမို တင်ပို့ပြီး၊ ချဉ်ပေါင်ဖာလာ အခွံမပါ ၊ ဝဥခြောက်၊ သီဟိုဋ် စေ့ (အခွံမပါ)၊ နနွင်းတက် (ရှမ်း)၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ ဒရင်ကောက်မြစ်တို့ အပို့လျော့ခဲ့ပါတယ်။ ယခင် အပတ်ကတင်ပို့ခဲ့ခြင်းမရှိတဲ့နေလဲစေ့၊ အုံတုံခေါက်၊ ရှားစေး၊ တောဂျင်း၊ စမုန်နက်နဲ့ ရွေးရွက်တို့ ယခုအပတ်မှာ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပရဆေးကုန်ကြမ်း အသွင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ MIRT(DOBT)

Sunday, 30 Oct 2011

              အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၈၄၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ကဏန်း၊ ငါးရှဉ့် ၊ ရေငန်ငါးမျိုးစုံ၊ ငါးသလောက်နဲ့ ငါးဆားနယ်များ ၆၃၂ တန်ကျော် အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၃၄ တန်ပိုမိုတင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။ ငါးရှဉ့်တန် ၂၉၀ ဝန်းကျင်၊ ကဏန်းတန် ၈၀ ကျော်၊ ရေငန်ငါးမျိုးစုံ ၉၆ တန်၊ ငါးသလောက် ၃၆ တန် ကျော်နဲ့ ငါးဆားနယ် ၁၂၇ တန်ခန့် မူဆယ်မှ အပို့ရှိပြီး၊ ချင်းရွှေဟော်မှ ကဏန်း ၂ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ငါးရှဉ့်နဲ့ ကဏန်း အပို့လျော့ခဲ့သော်လည်း ရေငန်ငါးမျိုးစုံ၊ ငါးသလောက်နဲ့ ငါးဆားနယ်တို့ တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် ရေထွက်ကုန် ဈေးနှုန်းများကတော့ ယခင်အပတ်ထက် သိသိသာသာ ဈေးလျော့ ရခဲ့ပါတယ်။ ငါးရှဉ့်နဲ့ ကဏန်းများမှာ ဝယ်သူလက်ဝယ် လက်ကျန်များနေခြင်းနဲ့ ကုန်တက်များခြင်း တို့ကြောင့် ဈေးလျော့ရလျက်ရှိပြီး အရောင်းလည်း ကျနေတယ်လို့ သိရပါတယ်။ ယခုအပတ်ငါးရှဉ့်ဈေးများ ကတော့ မိမိဘက်မှာ ၂ ဒသမ ၇၁၈ သန်း၊ တစ်ဘက်နိုင်ငံဈေး ၃၃၉၀ ကန်ဒေါ်လာနဲ့ ကဏန်းဈေးများကတော့ အရွယ်အစားအလိုက် ကျပ် ၃ ဒသမ ၀၆၃ သန်း (၃၈၂၀ ကန်ဒေါ်လာ)၊ ကျပ် ၂ ဒသမ ၉၀၂ သန်း (ကန်ဒေါ်လာ ၃၆၂၀) ၊ ကျပ် ၂ ဒသမ ၇၄၂ သန်း (ကန်ဒေါ်လာ ၃၄၂၀) ၊ ကျပ် ၂ ဒသမ ၆၂၂ သန်း (ကန်ဒေါ်လာ ၃၂၇၀) အသီးသီး ဈေးရလျက်ရှိပါတယ်။ MIRT(DOBT)

Sunday, 30 Oct 2011

                   မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၇၃၆ သန်း တန်ဖိုးရှိ အေးခဲ အမဲသား၂၂၃ တန်ခန့်နဲ့ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၉၆၃ သန်း တန်ဖိုးရှိ အေးခဲအမဲသား တန် ၂၇၀ ခန့်၊ အေးခဲကျွဲသား ၁၉၈ တန်ကျော်နဲ့ ဝမ်းတွင်းသား ၂၂၈ တန်ကျော်၊ စုစုပေါင်း ၉၁၉ တန်ခန့် အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။                      ယခင်အပတ်ကထက် နယ်စပ်မှ တိရစ္ဆာန်နဲ့ တိရစ္ဆာန် ထွက်ပစ္စည်း ၂၅၆ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင် အပတ်ကထက် အေးခဲအမဲသား တင်ပို့မှုမှာ မူဆယ်ရော ချင်းရွှေဟော်နယ်စပ်များက အပို့ပိုခဲ့ပြီး အေးခဲကျွဲသားလည်း အပို့ပိုခဲ့ပြီး ယခုအပတ်မှာ ဝမ်းတွင်းသား တန် ၂၃၀ ခန့် အပို့ပိုခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)

Sunday, 30 Oct 2011

                မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၄၇၉ သန်းတန်ဖိုးရှိ ပန်းသီး ၁၀၆၄ တန်၊ ကန်ပိုက်တီးနယ်စပ်စခန်းမှ ကန်ဒေါ်လာ ၀ ဒသမ ၀၄၃ သန်း တန်ဖိုးရှိ ပန်းသီး ၉၅ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ၂၀၆၄ တန် အသွင်းရှိခဲ့တာမို့ ယခုအပတ်မှာ တန် ၉၀၀ ကျော်လျော့နည်းတင်သွင်းခဲ့တာတွေ့ရပါတယ်။ တမူး နယ်စပ်သို့ သယ်ဆောင်ရန် မှာ ရေကြီးမှု၊ လမ်းတံတား ပျက်စီးမှု၊ တံတားခံနိုင် ဝန်အားတို့ကြောင့် တမူးဖက်သို့ တရုတ်ပန်းသီးစီးဆင်းမှုမရှိသလို ယခုအပတ်မှာ တမူးနယ်စပ်မှလည်း အိန္ဒိယဖက်သို့ ပန်းသီးအပို့မရှိတာတွေ့ရပါတယ်။ MIRT (DOBT)

Sunday, 30 Oct 2011

                    မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                    ယခုအပတ်                              ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                            (ကျပ်)           (ယွမ်)                     (ကျပ်)        (ယွမ်)ပဲတီစိမ်း           တန်             ၅၆၆၄၅၆         ၅၅၀၀                 ၆၁၃၀၆၆         ၅၇၀၀ပြောင်းဖူးစေ့   တန်             ၂၁၉၉၄၀         ၁၉၀၀                  ၂၂၃၀၀၂        ၁၈၆၀နှမ်းဖြူ            တန်              ၉၇၆၆၅၁        ၈၂၀၀                  ၁၀၀၃၈၆၉      ၈၂၀၀                                                                                                                      သြဝင်း                  မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                       ယခုအပတ်                                 ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                               (ကျပ်)          (ရူပီး)                          (ကျပ်)          (ရူပီး)ကွမ်းသီး          တန်                ၈၉၂၅၀၀          ၅၈၀၀၀                  ၈၉၂၅၀၀         ၅၈၀၀၀မုန့်မျိုးစုံ           ကီလို                 ၁၃၀၀             ၁၀၀                        ၁၃၀၀            ၁၀၀ဝက်အရှင်        ကီလို                ၂၅၀၀              ၁၈၀                        ၂၅၀၀            ၁၈၀                                                                                                                   မြင့်ဆွေ                 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုဇွန်၊ ဝါးကြီး၊ ဝါးသေးတင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မောင်တောပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေး တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -                                                           ယခုအပတ်                                   ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ            မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး          မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                                  (ကျပ်)            (တာကာ)                       (ကျပ် )      (တာကာ)ရေငန်ပုဇွန်       တန်                    ၄၁၇၅၉၄၀       ၃၈၈၄၆၀                 ၄၁၇၅၉၄၀          ၃၈၈၄၆၀ဝါးကြီး              လုံး                        ၈၀                 ၈ .၃၃                         ၈၀                 ၈ .၃၃ဝါးသေး            လုံး                       ၂၀                  ၂ .၀၈                         ၂၀                 ၂ .၀၈

Monday, 24 Oct 2011

                 အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ အေးခဲအမဲသားခြောက်နဲ့ အေးခဲကျွဲသား တင်ပို့မှု ယခင်အပတ်ကထက် ပိုမိုတယ်လို့သိရပါတယ်။ ယခင်အပတ်က မူဆယ်မှ အမဲသားခြောက် အပို့မရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၁၁၉ တန် အပို့ရှိခဲ့ပြီး အေးခဲကျွဲသား တင်ပို့မှုလည်း ၂၂၇ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၇၅၈ သန်းတန်ဖိုးရှိ ကျွဲသား ၂၅၅ တန်ကျော် ၊ ကန်ဒေါ်လာ သုည ဒသမ ၅၉၁ သန်း တန်ဖိုးရှိ အမဲခြောက် ၁၁၉ တန်၊ ကန်ဒေါ်လာ သုညဒသမ ၅၄၀ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၁၆၇ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၃၉၁ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၁၁၈ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ် တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုကို နှိုင်းယှဉ်တဲ့အခါ ယခင်အပတ်က တင်ပို့မှုထက် တန် ၄၀ ကျော် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)

Monday, 24 Oct 2011

                 အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလ အတွင်း တမူးနယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၀၉ သန်း တန်ဖိုးရှိ ပန်းသီး ၂၇ တန်ကျော် (၂၄၉၇ တာ) အပို့ရှိခဲ့ရာ ယခင်အပတ်က တင်ပို့မှုထက် ၂၂ တန် ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီး နယ်စပ်မှလည်း ကန်ဒေါ်လာ သုညဒသမ ၀၄၂ သန်း တန်ဖိုးရှိ တရုတ်နိုင်ငံမှ ပန်းသီး ၉၃ တန် အသွင်းရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှာတော့ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၉၂၉ သန်း တန်ဖိုး ရှိ ပန်းသီး ၂၀၆၅ တန်အသွင်းရှိခဲ့ပြီး ယခင်အပတ်တင်သွင်း မှုထက် ၁၈၇ တန် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရ ပါတယ်။ MIRT(DOBT)

Monday, 24 Oct 2011

             အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုညဒသမ ၉၀၆ သန်းတန်ဖိုးရှိ ပရဆေးတန် ၃၄၀ ကျော်အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မူဆယ်မှ တင်ပို့တဲ့ ပရဆေးတွေကတော့ ချဉ်ပေါင် ဖာလာ (အခွံပါ) ၁၀၆ တန်ကျော်၊ ချဉ်ပေါင်ဖာလာ(အခွံမပါ)၆ တန် ခန့်၊ နနွင်းတက်ရှမ်းစ ၆၁ တန်ကျော်၊ ကြောင်ပန်းစေ့ ၅၄ တန်ကျော်၊ မိကျောင်းကွမ်းဖတ်စေ့ တန် ၃၀ ကျော်၊ ဒရင်ကောက်မြစ် ၂၂ တန်ခန့်၊ ကွမ်းစားဂမုန်း ၁၉ တန်ကျော်၊ တောဂျူးမြစ် ၁၇ တန်၊ ဆီးဆန် ၉ တန်ကျော်၊ နနွင်းခေါင်း ၈ တန်နဲ့ စကားပန်းပွင့်ခြောက် ၅ တန်၊ မာလာဥခေါင်း ၂ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ချဉ်ပေါင်ဖာလာ(အခွံမပါ)၊ တောဂျူးမြစ်၊ ဆီးဆန်နဲ့ မာလာဥခေါင်းများကို ယခင်အပတ်က တင်ပို့မှုမရှိခဲ့သော်လည်း ယခုအပတ်မှာ တင်ပို့နိုင်ခဲံပါတယ်။ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ နနွင်းတက်ရှမ်းစနှင့် ကြောင်ပန်းစေ့၊ မိကျောင်းကွမ်းဖတ်စေ့ ၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း ၊ နနွင်းခေါင်းတို့ယခင်အပတ်ကထက် အပို့ပိုခဲ့ပြီး စကားပန်းပွင့် ခြောက်တင်ပို့မှု ယခင်အပတ်ကထက် လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိမင်သော် သုည ဒသမ ၂ တန်နဲ့ တောင်လုံး ကျော် ၃ တန် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် မင်သော် အသွင်းလျော့ခဲ့သော် လည်း တောင်လုံးကျော် အသွင်း နှစ်ဆရှိခဲ့ပါတယ်။ ဒါပေမဲ့ ယခုအပတ်မှာ ဇာတိပ္ဖိုလ်သီး၊ လေးညှင်းနဲ့ ဖာလာတို့ အသွင်းမရှိခဲ့တာကြောင့်မို့ ယခင် အပတ်တင်သွင်းမှုထက် ၂ တန်ကျော် လျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။MIRT(DOBT)

Monday, 24 Oct 2011

               မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၁၁ သန်း တန်ဖိုးရှိ ကွမ်းသီးအစို ၁၇ ဒသမ ၇၈ တန်၊ ရိဒ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ ကွမ်းသီးအခြောက် ၂ ဒသမ ၄ တန် အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်း တန်ဖိုးရှိ အုန်းသီး ၄၂၂၃၅ လုံးလည်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)

Monday, 24 Oct 2011

                   မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက် အတွင်းကျပ် ၁၉ ဒသမ ၂၂၈ သန်းတန်ဖိုးရှိ ဝက်အရှင် ၁၄၀၃၅ ကီလိုအပို့ ရှိခဲ့ပါတယ်။ တစ်ဖက်နိုင်ငံတောင်းဆိုချက်အရ မိမိဘက်မှ တင်ပို့သော ဝက်များအတွက် ရောဂါမရှိကြောင်း ခံဝန်ကတိပြုချက်နဲ့ ဆေးလက် မှတ်များပါရှိပါက ဝက်အရှင်များတင်ပို့ပေးစေလိုတယ်လို့ သိရှိရပါတယ်။ စက်တင် ဘာလလယ်ခန့်ကမှ မိမိတို့ဝက်များတွင် ဝက်နားရွက်ပြာရောဂါများ ကျရောက်နေ မည်စိုး၍ ဝက်အသွင်းကို တစ်ဖက်နိုင်ငံမှ တားမြစ်ခဲ့ရာမှ အောက်တိုဘာလဆန်း ပိုင်းမှာ ပြန်လည်တင်ပို့နေတာဖြစ်ပါတယ်။ အောက်တိုဘာလအတွင်း ရိဒ်မှ ဝက် တင်ပို့မှု စုစုပေါင်းမှာ ၁၇၅၉၅ ကီလိုဂရမ်ရှိပြီဖြစ်ပါတယ်။ Source: နကသ၊MIRT (DOBT)

Pages