Background
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၆၁၃၀၆၆ ၅၇၀၀ ၇၀၂၅၂၇ ၅၇၀၀ပြောင်းဖူးစေ့ တန် ၂၂၃၀၀၂ ၁၈၆၀ ၂၆၂၅၅၉ ၁၈၆၀နှမ်းဖြူ တန် ၁၀၀၃၈၆၉ ၈၂၀၀ ၉၁၇၁၅၆ ၈၄၀၀ သြဝင်း မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက် ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅၀၀ ၅၈၀၀၀ ၈၉၂၅၀၀ ၅၈၀၀၀မုန့်မျိုးစုံ ကီလို ၁၃၀၀ ၁၀၀ ၁၃၀၀ ၁၀၀မဝတ်တီရှပ် ဒါဇင် ၈၀၀၀ ၉၃၀ ၈၀၀၀ ၉၃၀ဝက်အရှင် ကီလို ၂၅၀၀ ၁၈၀ ၂၅၀၀ ၁၈၀ မြင့်ဆွေ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန် တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မောင်တောပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)ရေငန်ပုဇွန် တန် ၄၁၇၅၉၄၀ ၃၈၈၄၆၀ ၄၁၇၅၉၄၀ ၃၈၈၄၆၀ သြဝင်း
ယခုနှစ်မှာ အိန္ဒိယက တရုတ်ကို ဆေးရွက်ကြီးတင်ပို့ဖို့အသင့်ဖြစ်ပြီဖြစ်ကြောင်း ပြောကြားလိုက်တယ်။ အိန္ဒိယနဲ့ တရုတ်အကြား ကုန်သွယ်ရေးက (၁၂)နှစ်ကြာ ကင်းကွာပြီးနောက် ပြန်လည်စတင်ခဲ့ခြင်းဖြစ်တယ်။ အိန္ဒိယနိုင်ငံ ဆေးရွက်ကြီးဘုတ် အဖွဲ့က တရုတ်နိုင်ငံအစိုးရအဖွဲ့မှ ဆေးရွက်ကြီးနမူနာတွေ ရှာဖွေနေခြင်းကို ချိတ် ဆက်မိခဲ့တယ်။ ၎င်းကိစ္စက အိန္ဒိယ ဆေးလိပ်ထုတ်လုပ်သူများအသင်း Indian Tobacco Association (ITA) ကိုယ်စားလှယ်အဖွဲ့က တရုတ်ကို သွားရောက်လည်ပတ်ခဲ့ပြီး နောက် အောင်မြင်မှုရလဒ်ဖြစ်တယ်။ ITA ကိုယ်စားလှယ် အဖွဲ့ကို ဆေးရွက်ကြီး ဘုတ်အဖွဲ့ဥက္ကဋ္ဌ Kamalavardhana Rao ခေါင်းဆောင်ကာ စက်တင်ဘာ ၂၅ ရက်မှ ၃၀ ရက်အတွင်း အလည်သွားခဲ့ခြင်းဖြစ်တယ်။ အိန္ဒိယကိုယ်စားလှယ် အဖွဲ့က တရုတ်နိုင်ငံ State Trade Monopoly Administration (STMA) အဖွဲ့နဲ့တွေ့ဆုံခဲ့ကာ အိန္ဒိယမှဆေးရွက်ကြီးတင်သွင်းရေးကိုဆွေးနွေးခဲ့ကြပြီး STMA ကိုယ်စားလှယ်တွေကို ကုန်သွယ်ရေးအသစ် ပြန်လည်ထူထောင်ဖို့ သဘောတူညီခဲ့ တယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တရုတ်ကို နမူနာတွေ တင်ပို့ သွားမှာဖြစ်ကြောင်း သိရှိရတယ်။ အိန္ဒိယနိုင်ငံ ဆေးရွက်ကြီးဘုတ် အဖွဲ့က ဇင်ဘာဘွေထက်ချိုသာတဲ့ဈေးနှုန်းနဲ့ ဆေးရွက်ကြီးမှပြုလုပ်တဲ့ ဆေးလိပ်ဆေးတံတင်ပို့သွားဖို့ သဘောတူညီ ခဲ့တယ်။ အိန္ဒိယဆေးရွက်ကြီး ထုတ်ကုန်တွေကို ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်ကို တင်ပို့ လျက်ရှိပြီး တရုတ်က ကမ္ဘာမှာ အများဆုံးတင်သွင်းသူဖြစ်ရာ အိန္ဒိယက တရုတ်နဲ့ ကုန်သွယ်မှု ပြန်လည်တည်ဆောက်လိုခြင်းဖြစ်တယ်။ လာမယ့်ရာသီမှာ တရုတ်မှ ကုန်အမှာတွေရရှိဖို့ မျှော်မှန်းထားကြောင်းနဲ့ ဆေးရွက်ကြီး အနည်းဆုံး ကီလိုဂရမ် ၁၀ သန်းကိုတင်ပို့ဖို့ရည်မှန်းထားကြောင်း Rao က ပြော ကြားလိုက်တယ်။အိန္ဒိယ နိုင်ငံ ဆေးရွက်ကြီးဘုတ်အဖွဲ့က Andhra Pradesh ပြည်နယ်မှာ ၂၀၁၂-၂၀၁၃ ရာသီချိန်မှာ ဆေးရွက်ကြီး ကီလိုဂရမ် ၁၆၂ သန်းထွက်ရှိဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ Source:www.business-standard.com, AMML
အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ငါးသလောက် ၂၉ တန်ကျော် ၊ ငါးရှဉ့် ၃၆၆ တန်ခန့်၊ ကဏန်း ၁၁၅ တန်ခန့်၊ ရေငန်ငါးမျိုးစုံ ၈၂ တန်နဲ့ ငါးဆားနယ် ၅၇ တန်ကျော်၊ ချင်းရွှေဟော် နယ်စပ်မှ ကဏန်း ၁၂ တန်ခန့်နဲ့ မောင်တောနယ်စပ်မှ ရေငန်ပုစွန် တန် ၂၀ ကျော်အပို့ရှိခဲ့ပါတယ်။ စုစုပေါင်း နယ်စပ်မှ ရေထွက်ကုန် တန် ၆၈၀ ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၉၁၈ သန်းဖိုး တင်ပို့နိုင် ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မူဆယ်မှ ငါးရှဉ့်နဲ့ရေငန်ငါးမျိုးစုံ အပို့ပိုခဲ့ပြီး ကဏန်းနဲ့ ငါးဆားနယ် အပို့လျော့ခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှ ကဏန်း တင်ပို့မှုမှာ ယခင်အပတ်တင်ပို့မှုနဲ့ သိသိသာသာပြောင်းလဲမှုမရှိပါဘူး။ မိမိဘက်မှာရော တစ်ဘက် နိုင်ငံမှာပါ ငါးရှဉ့်နဲ့ ကဏန်းဈေးများ ယခင်အပတ်ထက် ဈေးမြင့်လျက်ရှိပါတယ်။ ငါးရှဉ့်ဈေးဟာ ၃ ရာခိုင်နှုန်းနဲ့ ကဏန်းဈေး ကတော့ အရွယ်အစားအလိုက် ၁၁ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း ဈေးမြင့်တက်နေတာဖြစ်ပါတယ်။ ငါးရှဉ့် တစ်တန်ကို မိမိဘက် ကျပ် ၂ ဒသမ ၄၅ သန်းနဲ့ တစ်ဘက်နိုင်ငံမှာ ဒေါ်လာ ၂၆၅၀ ရှိပြီၤး၊ ကဏန်းတစ်တန် ဈေးကအနိမ့် ကျပ် ၂ ဒသမ ၈၈၁ သန်း (ဒေါ်လာ ၃၅၆၀) မှ အမြင့် ကျပ် ၃ ဒသမ ၃၂၆ သန်း (၄၁၁၀ ဒေါ်လာ) ဈေးဖြစ်ပေါ်လျက် ရှိပါတယ်။ MIRT-DOBT
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၅ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၁ တန်ခွဲ၊ လေးညှင်း သုည ဒသမ ၆ တန်၊ မင်သော် သုည ဒသမ ၅ တန်၊ ချဉ်ပေါင်ဖာလာ ၁ တန်နဲ့ တောင်လုံးကျော် ၁ တန်ခွဲ အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်က တမူးနယ်စပ်မှ ပရဆေး ကုန်ကြမ်း အသွင်းမရှိခဲ့ဘဲ ယခုအပတ်မှာအသွင်းပြန်ရှိလာ တာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၄၇၃၉ သန်း တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တင်ပို့မှုတွေ ကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ) ၇၃ တန်ကျော်၊ စကား ပန်းပွင့်ခြောက် ၁၁ တန်ခန့်၊ ရှားစေး ၂၇ တန်ခန့် ၊ ကွမ်းစား ဂမုန်း ၁၇ တန်၊ မိကျောင်းကွမ်းဖတ်စေ့ ၆ တန်ခွဲ ၊ ရှားစေး ၂၇ တန် ခန့်၊ နနွင်းတက်ရှမ်းစ ၁၄ တန်ကျော်၊ နနွင်းခေါင်း ၅ တန်၊ ကြောင်ပန်းစေ့ ၁၃ တန်ကျော်၊ ရွေးရွက် ၁၇ တန်ကျော်၊ ဆေးမြင်းခွာတန်ဝက်ခန့် ၊ အုံတုံခေါက် ၁၀ တန်ခန့်၊ တောဂျင်း ၃ တန်ခွဲခန့်နဲ့ ဒရင်ကောက်မြစ် ၆ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ကွမ်းစားဂမုန်း အပို့ပိုပြီး ရှားစေး၊ နနွင်း၊ တောဂျင်းနဲ့ ဒရင်ကောက်မြစ်တို့ ယခင်အပတ်ကအပို့မရှိခဲ့ပေမဲ့ ယခု အပတ် အပို့ရှိခဲ့ပါတယ်။ စကားပန်းပွင့်ခြောက် ၊ နနွင်းတက် (ရှမ်းစ)၊ မိကျောင်းကွမ်းဖတ်စေ့ ၊ ကြောင်ပန်းစေ့ ၊ ရွေးရွက်၊ ဆေးမြင်းခွာနဲ့ အုံတုံခေါက်တို့ အပို့လျော့ခဲ့ပါတယ်။ MIRT-DOBT
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၇၉၁ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၃၉၇ တန်ကျော်၊ အေးခဲကျွဲသား ၆၈ တန်၊ သားရေဆားနယ်အစို တန် ၁၈၀၊ အေးခဲအရိုးလွတ်အမဲ/ကျွဲသား ၂၈ တန်၊ အေးခဲကျွဲဝမ်းတွင်းသား ၂၈ တန်ကျော် နဲ့ အမဲခြောက် သုညဒသမ ၈၂၅ တန်ကိုအောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် ယခုအပတ်မှာ အမယ်စုံတင်ပို့နိုင်ပြီး တန်ချိန်အားဖြင့်လည်း ၁၂၅ တန်ခန့် တင်ပို့မှုပိုမိုခဲ့တယ်လို့သိရပါတယ်။ တစ်မျိုးချင်းကြည့်မယ်ဆိုလျှင် မူဆယ်မှ အေးခဲအမဲသား၊ အေးခဲကျွဲသားတို့ အပို့လျော့ခဲ့ပေမဲ့ ချင်းရွှေဟော်မှ အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာကျွဲနွားသားရေဆားနယ်အစို ၊ အေးခဲအရိုးလွတ်အမဲ/ကျွဲသား၊ အမဲခြောက်နဲ့ အေးခဲကျွဲဝမ်းတွင်းသားများ တင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT-DOBT
မူဆယ်နယ်စပ်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကန်ဒေါ်လာ ၅ ဒသမ၈၂၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၇၀၈၃ တန် အပို့ ရှိခဲ့ရာ ယခင်နှစ်ကာလတူထက် ၃၄၆၇ တန် တင်ပို့မှု ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ စက်တင်ဘာလအထိ ကန်ဒေါ်လာ၉၆သန်း ကျော် တန်ဖိုးရှိ ပဲတီစိမ်း ၁၀၄၀၈၃ တန်ခန့် တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ စက်တင်ဘာလတွင် ယခင်နှစ်ကာလတူထက် ပိုမို တင်ပို့နိုင်ခြင်းဟာ တရုတ်မှာ ရာသီဥတုပူပြင်း မှုကြောင့် စားသုံးမှု များပြားလာပြီး ဝယ်လိုအားပိုလာတဲ့အတွက်လို့ သိရပါတယ်။ တရုတ်နိုင်ငံသို့ တင်ပို့သော ပဲတီစိမ်းများကို ဒေသသုံးအဖြစ် တရုတ်နိုင်ငံက ခွင့်ပြုထားတဲ့အတွက် အခွန်ပေး ဆောင်ရမှု လျော့နည်းသဖြင့် ကုန်သည်များအကျိုးအမြတ် ပိုမိုရရှိခြင်း၊ အခွန်နှုန်းထား ကျဆင်းခဲ့ခြင်းတို့ကြောင့် တင်ပို့မှု အားကောင်း လာစေတာလည်းဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် အတွင်း လအလိုက် ပြည်တွင်းပဲတီစိမ်း ဈေးနှုန်းများမှာ ကျပ်/တန်ဧပြီလ ၉၀၃၆၂၂မေ ၉၀၃၆၂၂ - ၉၅၈၀၅၇ဇွန် ၆၁၅၁၁၇ - ၇၄၀၃၁၇ဇူလိုင် ၅၄၄၃၅၁ - ၅၈၇၈၉၉သြဂုတ် ၄၃၅၄၈၀ - ၅၄၄၃၅၁စက်တင်ဘာ ၄၈၀၀၀၀ - ၅၀၀၀၀၀ ဖြစ်ပြီး ပဲတီစိမ်းအကြီးကတော့ သြဂုတ်လနှောင်းပိုင်းမှာ ၁ တန်ကို ၅၉၈၇၈၆ ကျပ်နဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ ၅၆၀၀၀၀ ကျပ် အသီးသီးရှိခဲ့ပါတယ်။ ပဲတီစိမ်း (အညာ) ရွှေလီဖက်မြေပြင်ဈေးတွေကို ကြည့်မယ်ဆိုလျှင် ဈေးကတော့ အကျဘက်သွားနေတာတွေ့ရပါတယ်- ယွမ်/တန်ဧပြီ ၇၀၀၀ - ၇၅၀၀မေ ၈၅၀၀ - ၈၉၀၀ဇွန် ၇၅၀၀ - ၈၃၀၀ဇူလိုင် ၆၄၀၀ - ၆၇၀၀သြဂုတ် ၅၇၀၀ - ၆၁၀၀စက်တင်ဘာ ၅၄၀၀ - ၅၈၀၀ Source:နကသ MIRT-DOBT
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် နယ်စပ်မှ အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းကန်ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိ ပန်းသီး ၂၂၅၁ တန်ကျော်နဲ့ ကန်ဒေါ်လာ သုညဒသမ ၂၁၂သန်း တန်ဖိုးရှိ ပန်းသစ်တော် ၃၅၃ တန်ကျော်၊ ကန်ပိုက်တီးမှ ပန်းသီးတန် ၁၇၀ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် ၅၄၃ တန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ တမုူးနယ်စပ်မှာတော့ ကန်ဒေါ်လာ သုညဒသမ ၀၀၁၅ သန်းတန်ဖိုးရှိ ပန်းသီး ၄ ဒသမ ၅၈ တန် တစ်ဖက်နိုင်ငံမိုရေးသို့ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT-DOBT
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလထိကာလအတွင်း မူဆယ်မှ ကန်ဒေါ်လာ ၆၆ သန်းကျော်တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၄၀၀၀၀ ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူထက် ပြောင်းတန်ချိန် ၁၃၀၇၅၇ ခန့်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ တောင်ကြီး၊မန္တလေးနဲ့သီပေါတို့မှပြောင်းလက်ကျန် အဟောင်း များ လက်ရှိတင်ပို့ နေခြင်းဖြစ်ပြီး စက်တင်ဘာ လဆန်းကစပြီး ပြောင်းသစ်များ ထွက်ရှိလာပြီ ဖြစ်တဲ့အတွက် ယခုအခါ ပြောင်းသစ်များပါ အပို့ ရှိနေပြီလို့ သိရပါတယ်။ တရုတ်ပြည်အတွင်းပိုင်းဒေသအချို့မှာ ရာသီဥတုဖောက်ပြန်မှု ကြောင့် တစ်ဖက်နိုင်ငံက ပြောင်းဝယ်လိုအားများသလို မိမိဖက်မှာလည်း ယခုနှစ် ဘဏ္ဍာ နှစ်မှာ ပြောင်းအထွက်များလျက်ရှိပါတယ်။ ဒါ့အပြင် ပို့ကုန်အခွန်နှုန်းထားများ သက်သာခွင့်ရရှိတာကြောင့် တင်ပို့မှု ပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။ Source: နကသ၊ MIRT-DOBT
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၇၀၂၅၂၇ ၅၇၀၀ ၆၅၃၅၀၀ ၅၇၀၀ပြောင်းဖူးစေ့ တန် ၂၆၂၅၅၉ ၁၈၆၀ ၂၂၈၃၆၅ ၁၈၆၀နှမ်းဖြူ တန် ၉၁၇၁၅၆ ၈၄၀၀ ၉၈၅၀၀၀ ၈၄၀၀ သြဝင်း မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅၀၀ ၅၈၀၀၀ ၈၉၂၅၀၀ ၅၈၀၀၀မုန့်မျိုးစုံ ကီလို ၁၃၀၀ ၁၀၀ ၁၃၀၀ ၁၀၀မဝတ်တီရှပ် ဒါဇင် ၈၀၀၀ ၉၃၀ ၈၀၀၀ ၉၃၀ မြင့်ဆွေ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်၊ ကြိမ်တို့ တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန် အချို့ရဲ့ မောင်တောပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)ရေငန်ပုဇွန် တန် ၄၁၇၅၉၄၀ ၃၈၈၄၆၀ ၄၁၇၅၉၄၀ ၃၈၈၄၆၀ကြိမ် တန် ၄၈၃၈၀၀ ၆၃၈၄ ၄၈၃၈၀၀ ၆၃၈၄သြဝင်း
မန်းမြို့စီးပွားရေးဈေးကွက်အတွင်း Door to Door စနစ်ဖြင့် ဝန်ဆောင်မှုပေးရောင်းချနေတဲ့ စက်ဘီး၊ ဆိုင်ကယ် မိုဘိုင်းဈေးသည်လေးများ နေရာတိုင်းမှာ တွေ့နေပါတယ်။ ဈေးသွားဖို့ အချိန်မပေးနိုင်သူတွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးတယ်လို့လဲ ပြောလို့ရပါတယ်။ မိုဘိုင်းဈေးသည်လေးတွေက ဈေးမှာမရနိုင်တဲ့ တစ်ယောက်စာ တစ်ဆယ် သား၊ ဆယ့်ငါးကျပ်သား ပုစွန်အသား၊ ငါးထုပ်လေးတွေ၊ အသီးအရွက်တစ်ယောက်စာချက်လေးတွေ အိမ်ရှင်မတွေ အတွက် စားဖိုဆောင်ပစ္စည်းစုံ အဆင်သင့်ထုပ်ပိုးပြီး တစ်ပိုင်တစ်နိုင်ရောင်းချပေးတဲ့အတွက် အလေအလွင့်မရှိ စားသုံး သူရော ရောင်းချသူပါ အဆင်ပြေစေတာ တွေ့ရပါတယ်။ အသားငါးဝယ်ရင် ငရုတ်သီးအနည်းငယ်နဲ့ နံနံပင်၊ ပင်စိမ်းအပိုဝန်ဆောင်မှုအနေနဲ့ ထည့်ပေးပြီး တစ်ခါတစ်ရံ ငါးပိဝယ်ရင် လိုက်ဖက်တဲ့ ရာသီစာ တညင်းသီးတစ်လုံးစ နှစ်လုံးစ မေတ္တာလက်ဆောင်ထပ်ဆောင်းပေးပြီး ဝယ်သူကို ဆွဲဆောင်ပါသေးတယ်။ မိုဘိုင်းဈေးသည်လေးတွေက အထည်ဈေးသည်တွေထက် ဝယ်လို့လည်းကောင်း ဈေးလည်းချိုပါ တယ်။ ဒါကြောင့် ရုံးဝန်ထမ်းနဲ့ အဆောင်နေတက္ကသိုလ်ဆရာ၊ ဆရာမတွေအတွက် အားထားရာ ဖြစ်သလို အခြေခံ လူတန်းစားရပ်ကွက်အတွက်လည်း အဆင်ပြေစေပါတယ်။ ဈေးထဲမှာ အရင်းအနှီးများများနဲ့ ထိုင်မရောင်းနိုင်ပေမယ့်မန်းမြို့ကိုင်းတန်းဈေးမှ အဆင်သင့်ထုပ်ပိုးပြီးသား ဝယ်ယူရောင်းချရင်း ဝမ်းရေးဖြည့်တင်းနေကြတဲ့ မိုဘိုင်းဈေးကွက်လေးတစ်ခုဖြစ်ပါကြောင်း -------- ခင်မြင့်မြင့်သန်း