Main menu

Background

Sunday, 25 Sep 2011

ယခုအပတ် နယ်စပ်မှ ရော်ဘာ အပို့ ပိုလျက်ရှိ                      အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ရော်ဘာအဆင့်စုံများ တင်ပို့လျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆၉၈ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၂၂ ဒသမ ၂၄ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၃၅ သန်း တန်ဖိုးရှိ ရော်ဘာဖြတ်စ ၁၄ ဒသမ ၆ တန်အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ရော်ဘာအဆင့်စုံ ၁၅၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့ နိုင်မှုများကတော့ မူဆယ်မှ RSS-3  ၁၉၃ တန်၊MSR-20  တန် ၁၅၀ ကျော်နဲ့MSR-50 ၁၉ တန်ခန့် ၊ ချင်းရွှေဟော်မှ RSS-3  တန် ၆၀ နဲ့MSR-20  တန် ၁၀၀ ၊ မြိတ်မှ RSS-3  တန် ၁၀၀၊MSR-20  တန် ၁၀၀နဲ့MSR-50 တန် ၁၀၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းများရဲ့ ယခုအပတ် ရော်ဘာအဆင့်လိုက်တင်ပို့မှုတွေကတော့ RSS-3 ၃၅၃ တန်၊ MSR-20 ၃၅၀ ကျော်နဲ့MSR-50 ၁၁၉ တန်ခန့်ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများ ဖော်ပြပေးလိုက်ပါတယ်-                                               မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု               ယခင်        ပြောင်းလဲမှု   %      ယခု         ယခင်  ပြောင်းလဲမှု    %RSS - 3          ၃၄၁၃၈၀၀       ၃၄၁၃၈၀၀         -            -      ၄၄၆၄      ၄၃၆၃      ၁            ၀ .၀၁RSS - 5          ၃၃၀၀၃၁၉       ၃၃၀၀၃၁၉         -            -      ၄၃၀၈       ၄၃၀၇     ၁            ၀ .၀၂MIRT (DOBT)

Sunday, 25 Sep 2011

ပင်လယ်ရေကြောင်းမှာ ရော်ဘာအပို့ သိသိသာသာ အပြောင်းအလဲမရှိ                စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၂၀၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၅၁၆ သန်းဖိုးကို မလေးရှား တစ်နိုင်ငံထဲကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၄၀ တင်ပို့ခဲ့တာကြောင့် တင်ပို့မှု သိသိသာသာအပြောင်းအလ ဲမရှိတာတွေ့ရပါတယ်။ မိုးရွာသွန်းမှု မပြတ်သေးတာ ကြောင့် ရော်ဘာ မထုတ် လုပ်နိုင်သေးဘဲ လက်ကျန်နည်းနေတာကြောင့် တင်ပို့မှုနည်းတာဖြစ်ကြောင်း သိရပါတယ်။ နယ်စပ် ကုန်သွယ်ရေးကတော့ ယခုအပတ်မှာ (၈၂၂) တန်တင်ပို့တာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးတွေကတော့ RSS-3 နဲ့ MSR-20  တစ်တန်ကို ၄၄၀၀ ဒေါ်လာနဲ့ RSS-5  တစ်တန်ကို ၄၃၀၀ ဒေါ်လာဈေးပေါက်ကြောင်း သိရပါတယ်။ KZW 

Sunday, 25 Sep 2011

ချင်းရွှေဟော်မှ ယခုအပတ် ကဏန်းအရှင် အပို့ရှိ                         ယခုအပတ် ချင်းရွှေဟော်နယ်စပ်မှလည်း ကဏန်းအရှင် တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ကန်ဒေါ်လာ ၈၇၅၀ တန်ဖိုးရှိ ကဏန်းအရှင် ၂ ဒသမ ၆၁၆ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၉၇၂သန်းတန်ဖိုး ရှိ ငါးရှဉ့် ၃၃၄ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ကဏန်း ၁၅၁ တန်ခန့်၊ ကန်ဒေါ်လာ သုညဒသမ ၂၅၆ သန်းတန်ဖိုးရှိ ရေငန်ငါး မျိုးစုံ တန် ၁၀၀ နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၅၃၆ သန်းတန်ဖိုးရှိ ငါးဆားနယ် ၄၅ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ငါးရှဉ့်နဲ့ ငါး ဆားနယ် အပို့ပိုပြီး ရေငန်ငါးမျိုးစုံ အပို့လျော့ခဲ့ပါတယ်။ ယခု အပတ်မှာ ရေထွက်ကုန်ဈေးများ ကျနေတာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် ကုန်တက်ပိုမိုတဲ့ အခါမျိုးနဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးအတက်အကျ အပြောင်း အလဲရှိတတ်တာ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ကဏန်းနဲ့ငါးရှဉ့် မြေပြင်ဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-  မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု             ယခင်      ပြောင်းလဲမှု   %         ယခု        ယခင်  ပြောင်းလဲမှု    %ငါးရှဉ့်                 ၂၀၀၁၆၈၀     ၂၃၅၀၆၀၀     ၃၄၈၉၂၀    ၁၅       ၂၆၂၀     ၃၂၂၀     ၆၀၀           ၁၉ကဏန်း (ဂရမ်)၂၅၀ဂရမ်အထက်   ၂၇၁၂၂၀၀     ၂၇၇၄၀၀၀     ၆၁၈၀၀       ၂        ၃၅၅၀     ၃၈၀၀     ၂၅၀             ၇၂၀၀-၂၅၀ ဂရမ်     ၂၅၅၉၄၀၀     ၂၆၂၈၀၀၀     ၆၈၆၀၀       ၃        ၃၃၃၀     ၃၆၀၀     ၂၇၀           ၇ .၅၁၅၀-၂၀၀ ဂရမ်     ၂၄၀၆၆၀၀     ၂၄၈၂၀၀၀    ၇၅၄၀၀        ၃        ၃၁၅၀     ၃၄၀၀     ၂၅၀           ၇ .၃၁၀၀-၁၅၀ ဂရမ်     ၂၂၉၂၀၀၀     ၂၃၇၂၅၀၀    ၈၀၅၀၀        ၃        ၃၀၀၀     ၃၂၅၀     ၂၅၀           ၇ .၇MIRT(DOBT)

Sunday, 25 Sep 2011

နယ်စပ်မှ ပရဆေးအပို့ပို                     စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၆၁၆ သန်းတန်ဖိုးရှိ ပရဆေး ၄၀၃ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၈၅ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ယခုအပတ်နယ်စပ်မှ အပို့ရှိတဲ့ ပရဆေး ကုန် ကြမ်းတွေကတော့ နနွင်းတက် (ရှမ်းစ)၊ မိကျောင်း ကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ ကွမ်းစားဂမုန်း၊ ဝဥခြောက်၊ ငရုတ် ကောင်း၊ ရွေးရွက်၊ အုံတုံခေါက်၊ ALOSE  (မုတ်ခါး) ၊ ဆေးမြင်းခွာ၊ မာလာဥ၊ ဒရင်ကောက်မြစ်၊တောဂျင်း၊ ကြောင်လျာစေ့၊ တောဂျူးမြစ်နဲ့ တောင်လုံးကျော်တို့ဖြစ်ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက် (ရှမ်းစ)၊ ကြောင်ပန်းစေ့တို့ အပို့ပိုပြီး ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိတဲ့ ဝဥခြောက်၊ ငရုတ်ကောင်း၊ ရွေးရွက်၊ မုတ်ခါး၊ ဆေးမြင်းခွာ၊ မာလာဥ၊ ဒရင်ကောက်မြစ်တို့ကိုတော့ ယခုအပတ်မှာ အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ သွင်းကုန်အနေနဲ့ကတော့ တမူးနယ်စပ်မှ ကန် ဒေါ်လာ သုညဒသမ ၀၀၀၅ သန်း တန်ဖိုးရှိ တောင်လုံးကျော် ၂ တန်သာ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁ တန် ပိုသွင်းခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)

Sunday, 25 Sep 2011

မိုးတွင်းကာလ တမူးကို ကုန်ဝင်ရောက်မှု လျော့နည်း                    မိုးတွင်းကာလဖြစ်တဲ့အတွက် သြဂုတ် ၆ ရက်က စပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများမှာ မိုး အဆက် မပြတ် ရွာသွန်းမှုများရှိခဲ့ပြီး မုံရွာ-ဂန့်ဂေါ-ကလေး -တမူး လမ်းမကြီးတစ်လျှောက် လမ်းတံတားပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ပါတယ်။ လမ်းတစ်လျှောက် ရွှံ့ဗွက်တန်းများ ဖြစ်ပေါ်နေမှု ကြောင့် ယာဉ်ကြီးများဖြတ်သန်းရာမှာ အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်း၊ တံတားများ အား ရှောင်ကွင်းသွားရသော ချောင်းဖြတ်ကွင်းများမှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖြတ်သန်း၍ မရခြင်း တို့ကြောင့် ကုန်တင်ယာဉ်များ ဝင်ရောက်မှု နှောင့်နှေးကြန့် ကြာလျက် ရှိနေပါတယ်။ ဒါ့အပြင် မုံရွာ-ဂန့်ဂေါ်-ကလေး လမ်းတစ်လျှောက်တွင်လည်း တန်ပို သယ်ဆောင်မရသဖြင့် ၁၂ ဘီးကားများ လာရောက်မှုမရှိတော့ဘဲ ၈ ဘီး ၊ ၁၀ ဘီး ကုန်တင်ယာဉ်ငယ်များနဲ့သာ တန်ချိန်လျှော့သယ်နေကြရတဲ့ အတွက် တမူးနယ်စပ်သို့ ကုန်ပစ္စည်း ဝင်ရောက်မှု လျှော့နည်း လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ Source: နကသ၊ MIRT (DOBT)

Sunday, 25 Sep 2011

ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထိုင်းနိုင်ငံတွင်းပိုမိုဝင်ရောက်                         ထိုင်းနိုင်ငံ အကြီးစားလုပ်ငန်းဌာန ဥက္ကဌနန်းမွန်းထား ပရနွမ်တွန်ရဖန်က အာဆီယံစီးပွားရေး အသိုက်အဝန်း (ဗနဃ)ကိုလက်ခံနိုင်ရန် နယ်စပ်ဒေသတစ်လျှောက်၌ အကြီးစားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား ရေးဆွဲထား ကြောင်း ပြောကြားခဲ့ပါတယ်။ နယ်စပ်ဒေသ ခရိုင်များဖြစ်တဲ့ ကန်ချနာဘူရီ၊ မဲဆောက်၊ တပ်ခ်၊ ချင်းရိုင်း အပါအဝင် အရှေ့ မြောက်ပိုင်းရှိ နယ်စပ်ဒေသ၊ တောင်ပိုင်း နယ်စပ်ဒေသ ၃ ခုခရိုင်တို့မှာ အကြီးစားလုပ်ငန်း ထူထောင်နိုင်ရေး စဉ်းစားဆုံး ဖြတ်ပေးရန် အစိုးရအဖွဲ့ထံ တင်ပြထားကြောင်းနဲ့ ဂျပန်၊ တရုတ်နဲ့ ဥရောပနိုင်ငံများက ဝင်ရောက်ပြီး ပိုမိုရင်းနှီးမြှုပ်နှံ နိုင်မယ်လို့ခန့်မှန်းလျက်ရှိပါတယ်။ အဓိကအားဖြင့် ကားနဲ့ ကားအပိုပစ္စည်း၊ အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်ရေးလုပ် ငန်းများဖြစ်နိုင်ကြောင်း၊ တစ်ပြိုင်နက်တည်း နယ်စပ်ဒေသ မှာ အကြီးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ မှာ အိမ်နီးချင်းနိုင်ငံမှ နိုင်ငံခြားသားအလုပ်သမားများ လုပ် အားကို အသုံးပြုခြင်းဖြင့် ကုန်ထုတ်လုပ်မှုစရိတ်များသက်သာ စေမယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံတစ်နိုင်ငံလုံးက အကြီးစား လုပ်ငန်း ၃၀၀၀ အား လေ့လာဆန်းစစ်ချက်အရ အစိုးရအဖွဲ့ ရဲ့ အနိမ့်ဆုံးလုပ်အားခ တစ်နေ့ ဘတ် ၃၀၀ သတ်မှတ်ခြင်း ဟာထိခိုက်မှုမရှိကြောင်း၊ အများစုမှာ ဘတ် ၃၀၀ ထက်ကျော် လွန်ပေးချေရသော ကျွမ်းကျင်အလုပ်သမားများကို အသုံးပြု နေကြတဲ့အတွက်လို့သိရပါတယ်။ ဒါပေမဲ့ နောင်အနာဂတ် မှာ ကျွမ်းကျင်လုပ်သားများ ရှားပါးလာနိုင်တဲ့အတွက် အစိုးရ မှ ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာရေး ဆောင်ရွက်ပေး ရန်လိုကြောင်း လာမဲ့နှစ်မှာ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ ကောင်းမွန်လာဖွယ်ရှိကြောင်းနဲ့ ဗနဃ ကြောင့် ဈေးကွက်ကြီး ထွားလာနိုင်မယ်လို့ လုပ်ငန်းရှင်များက သုံးသပ်လျက်ရှိကြ တယ်လို့ သိရပါတယ်။  Source: ထိုင်းရတ်သတင်းစာ၊ ကျော်ဆန်းထွန်း

Sunday, 25 Sep 2011

စစ်တွေနယ်စပ်မှ ရေထွက်ကုန် တန် ၁၈၀ ကျော် အပို့ရှိ                  စစ်တွေနယ်စပ်မှ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၇၉ သန်း တန်ဖိုးရှိ ရေချိုငါး ၁၆၇ တန်ကျော်၊ ကန်ဒေါ်လာ ၀ ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ငါးနီတူ ခြောက် ၁၄ တန် ၊ စုစုပေါင်း ၁၈၁ တန် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၅၇၃ သန်း တင်ပို့နိုင်ခဲ့ပါတယ်။                  ယခင်အပတ်က ရေထွက်ကုန်တင်ပို့မှု မရှိဘဲ ယခုအပတ်မှာ ရေထွက်ကုန် ရေချိုငါး ၊ ငါးနီတူခြောက်၊ တင်ပို့လာတာတွေ့ရပါတယ်။ ရေထွက်ကုန်ပစ္စည်းများရဲ့ မိမိဘက်မြေပြင်ပေါက်ဈေးများကတော့ ရေချိုငါး ၁ တန် ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိဈေးနဲ့ ငါးနီတူခြောက် ၁ တန် ဒေါ်လာ ၁၃၉၀ ဈေးပေါက်လျက်ရှိပြီး ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်းသိရပါတယ်။ တင်တင်ထွန်း တင်တင်ထွန်း(MIRT )

Friday, 23 Sep 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                     မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                     ယခုအပတ်                              ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ          မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         ပြောင်းလဲမှု                                                (ကျပ်)       (ယွမ်)                        (ကျပ်)       (ယွမ်)ပဲတီစိမ်း            တန်                  ၆၀၉၃၁၄       ၅၈၀၀                    ၅၇၅၂၈၀        ၅၄၀၀ပြောင်းဖူးစေ့     တန်                   ၂၀၂၄၅၇       ၁၈၂၀                    ၁၉၈၅၉၉       ၁၈၄၀နှမ်းဖြူ              တန်                    ၈၅၃၀၀၀      ၇၇၀၀                     ၈၆၃၀၀၀     ၇၅၀၀မြင့်ဆွေ                         မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                               ယခုအပတ်                               ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                         (ကျပ်)        (ရူပီး)                       (ကျပ်)         (ရူပီး)ကွမ်းသီး          တန်             ၈၉၂၅၀၀     ၅၈၀၀၀                   ၈၉၂၅၀၀        ၅၈၀၀၀မုန့်မျိုးစုံ           ကီလို             ၁၃၀၀         ၁၀၀                        ၁၃၀၀           ၁၀၀မဝတ်တီရှပ်       ဒါဇင်           ၈၀၀၀          ၉၃၀                         ၈၀၀၀        ၉၃၀ဆွေဆွေဝင်း                               မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့ လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနက် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -                                                ယခုအပတ်                                      ယခင်အပတ်ပစ္စည်းအမည်   ရေတွက်ပုံ        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး            ပြောင်းလဲမှု                                               (ကျပ်)        (ရူပီး)                       (ကျပ်)         (ရူပီး)ငါးနီတူခြောက်     တန်                 ၉၇၅၀၀        ၉၃၇၅၀                  ၉၇၅၀၀        ၉၃၇၅၀ရေငန်ပုစွန်          တန်                ၄၁၇၅၉၄၀     ၃၈၈၄၆၀               ၄၁၇၅၉၄၀     ၃၈၈၄၆၀ငါးစုံလေးခြောက်  တန်                 ၃၄၅၀၀၀       ၃၃၁၇၃                ၃၄၅၀၀၀        ၃၃၁၇၃ဆွေဆွေဝင်း

Monday, 5 Sep 2011

ငါးရှဉ့်နဲ့ ရေငန်ငါးမျိုးစုံ တင်ပို့မှု ပိုမို               မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ရေထွက်ကုန် ကုန်စည်ဒိုင်မှ သြဂုတ်လနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၉၉၂ သန်းရှိ ငါးရှဉ့် ၃၂၄ တန်ကျော်၊ ကန်ဒေါ်လာ ၀ ဒသမ ၃၉ သန်းကျော် တန်ဖိုးရှိ ဂဏန်း ၁၅၅ တန်ခန့်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၂၆၈ သန်းတန်ဖိုးရှိ ရေငန်ငါး မျိုးစုံ ၃၉ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၆၆ တန်ကျော်နဲ့ ရေငန်ငါးမျိုးစုံ ၈၅ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပြီး ကဏန်း တင်ပို့မှုမှာတော့ ၂၄ တန်ခန့် လျော့နည်း ခဲ့ပါတယ်။ ငါးရှဉ့်အဝင်များတဲ့အတွက်ငါးရှဉ့်ဈေးကျပြီး ကဏန်းကုန်တက်နည်းတဲ့အတွက် ဈေးတော့ ယခင်အပတ် ထက် မြင့်ရခဲ့ပါတယ်။ ယခုအပတ် မူဆယ် ရေထွက်ကုန် ကုန်စည်ဒိုင်ရဲ့ ငါးရှဉ့်နဲ့ ဂဏန်းလေလံဈေးများကို ဖော်ပြပေး လိုက်ရပါတယ်                                        မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                              ယခု            ယခင်      ပြောင်းလဲမှု     %     ယခု     ယခင်  ပြောင်းလဲမှု    %ငါးရှဉ့်                   ၂၁၂၁၇၆၀   ၂၂၅၆၀၀၀    ၁၃၄၂၄၀     ၆    ၂၉၈၀    ၃၂၀၀   ၂၂၀           ၇ကဏန်း (ဂရမ်)၂၅၀ဂရမ်အထက်  ၂၄၂၀၈၀၀    ၂၂၂၀၇၅၀    ၂၀၀၀၅၀    ၉     ၃၄၀၀    ၃၁၅၀   ၂၅၀           ၈၂၀၀-၂၅၀ ဂရမ်   ၂၂၇၈၄၀၀     ၂၀၇၉၇၅၀     ၁၉၈၆၅၀   ၁၀   ၃၂၀၀    ၂၉၅၀   ၂၅၀           ၈၁၅၀-၂၀၀ ဂရမ်   ၂၁၃၆၀၀၀     ၁၉၃၈၇၅၀     ၁၉၇၂၅၀   ၁၀   ၃၀၀၀   ၂၇၅၀   ၂၅၀            ၉၁၀၀-၁၅၀ ဂရမ်   ၂၇၄၁၂၀၁     ၁၈၃၃၀၀၀     ၉၀၈၂၀၀    ၅၀  ၃၈၅၀   ၂၆၀၀    ၁၂၅၀        ၄၈MIRT(DOBT)

Monday, 5 Sep 2011

ပွဲတော်အမီ တင်ပို့နေတဲ့ တမူးအုန်းသီးဈေးကွက်               သီတင်းကျွတ်လမှာ ကသည်းလူမျိုးများ အုန်းမျော ပွဲတော်အတွက် တမူးနန့်ဖာလုံဈေးကွက်မှ အုန်းသီးများ စတင်ဝယ်ယူနေတာကြောင့် အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ အုန်းသီးများထွက်တဲ့ ပင်လောင်း၊ ကလေး၊ ကလေးဝမှ အုန်းသီးများလည်း တမူး နန့်ဖာလုံ ဈေးကွက်သို့ စတင်တင်ပို့နေပြီလို့ သိရပါတယ်။ ဒေသတွင်း ဈေး အုန်းသီးတစ်လုံး ၁ဝဝ ကျပ်-၁၅ဝ ကျပ်ရှိနေပြီး အုန်းမျောပွဲတော်ချိန် နေ့စဉ် အုန်းသီးလုံးရေ သိန်းဂဏန်း ဝယ်ယူ တဲ့အတွက် သြဂုတ်လအတွင်းမှာ အုန်းသီးလုံးရေ ၁၁ဝဝဝ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်

Pages