Background
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၄၇၉ သန်းတန်ဖိုးရှိ ပန်းသီး ၁၀၆၄ တန်၊ ကန်ပိုက်တီးနယ်စပ်စခန်းမှ ကန်ဒေါ်လာ ၀ ဒသမ ၀၄၃ သန်း တန်ဖိုးရှိ ပန်းသီး ၉၅ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ၂၀၆၄ တန် အသွင်းရှိခဲ့တာမို့ ယခုအပတ်မှာ တန် ၉၀၀ ကျော်လျော့နည်းတင်သွင်းခဲ့တာတွေ့ရပါတယ်။ တမူး နယ်စပ်သို့ သယ်ဆောင်ရန် မှာ ရေကြီးမှု၊ လမ်းတံတား ပျက်စီးမှု၊ တံတားခံနိုင် ဝန်အားတို့ကြောင့် တမူးဖက်သို့ တရုတ်ပန်းသီးစီးဆင်းမှုမရှိသလို ယခုအပတ်မှာ တမူးနယ်စပ်မှလည်း အိန္ဒိယဖက်သို့ ပန်းသီးအပို့မရှိတာတွေ့ရပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၅၆၆၄၅၆ ၅၅၀၀ ၆၁၃၀၆၆ ၅၇၀၀ပြောင်းဖူးစေ့ တန် ၂၁၉၉၄၀ ၁၉၀၀ ၂၂၃၀၀၂ ၁၈၆၀နှမ်းဖြူ တန် ၉၇၆၆၅၁ ၈၂၀၀ ၁၀၀၃၈၆၉ ၈၂၀၀ သြဝင်း မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅၀၀ ၅၈၀၀၀ ၈၉၂၅၀၀ ၅၈၀၀၀မုန့်မျိုးစုံ ကီလို ၁၃၀၀ ၁၀၀ ၁၃၀၀ ၁၀၀ဝက်အရှင် ကီလို ၂၅၀၀ ၁၈၀ ၂၅၀၀ ၁၈၀ မြင့်ဆွေ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုဇွန်၊ ဝါးကြီး၊ ဝါးသေးတင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မောင်တောပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေး တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ် ) (တာကာ)ရေငန်ပုဇွန် တန် ၄၁၇၅၉၄၀ ၃၈၈၄၆၀ ၄၁၇၅၉၄၀ ၃၈၈၄၆၀ဝါးကြီး လုံး ၈၀ ၈ .၃၃ ၈၀ ၈ .၃၃ဝါးသေး လုံး ၂၀ ၂ .၀၈ ၂၀ ၂ .၀၈
အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ အေးခဲအမဲသားခြောက်နဲ့ အေးခဲကျွဲသား တင်ပို့မှု ယခင်အပတ်ကထက် ပိုမိုတယ်လို့သိရပါတယ်။ ယခင်အပတ်က မူဆယ်မှ အမဲသားခြောက် အပို့မရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၁၁၉ တန် အပို့ရှိခဲ့ပြီး အေးခဲကျွဲသား တင်ပို့မှုလည်း ၂၂၇ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၇၅၈ သန်းတန်ဖိုးရှိ ကျွဲသား ၂၅၅ တန်ကျော် ၊ ကန်ဒေါ်လာ သုည ဒသမ ၅၉၁ သန်း တန်ဖိုးရှိ အမဲခြောက် ၁၁၉ တန်၊ ကန်ဒေါ်လာ သုညဒသမ ၅၄၀ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၁၆၇ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၃၉၁ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၁၁၈ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ် တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုကို နှိုင်းယှဉ်တဲ့အခါ ယခင်အပတ်က တင်ပို့မှုထက် တန် ၄၀ ကျော် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)
အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလ အတွင်း တမူးနယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၀၉ သန်း တန်ဖိုးရှိ ပန်းသီး ၂၇ တန်ကျော် (၂၄၉၇ တာ) အပို့ရှိခဲ့ရာ ယခင်အပတ်က တင်ပို့မှုထက် ၂၂ တန် ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီး နယ်စပ်မှလည်း ကန်ဒေါ်လာ သုညဒသမ ၀၄၂ သန်း တန်ဖိုးရှိ တရုတ်နိုင်ငံမှ ပန်းသီး ၉၃ တန် အသွင်းရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှာတော့ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၉၂၉ သန်း တန်ဖိုး ရှိ ပန်းသီး ၂၀၆၅ တန်အသွင်းရှိခဲ့ပြီး ယခင်အပတ်တင်သွင်း မှုထက် ၁၈၇ တန် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရ ပါတယ်။ MIRT(DOBT)
အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုညဒသမ ၉၀၆ သန်းတန်ဖိုးရှိ ပရဆေးတန် ၃၄၀ ကျော်အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မူဆယ်မှ တင်ပို့တဲ့ ပရဆေးတွေကတော့ ချဉ်ပေါင် ဖာလာ (အခွံပါ) ၁၀၆ တန်ကျော်၊ ချဉ်ပေါင်ဖာလာ(အခွံမပါ)၆ တန် ခန့်၊ နနွင်းတက်ရှမ်းစ ၆၁ တန်ကျော်၊ ကြောင်ပန်းစေ့ ၅၄ တန်ကျော်၊ မိကျောင်းကွမ်းဖတ်စေ့ တန် ၃၀ ကျော်၊ ဒရင်ကောက်မြစ် ၂၂ တန်ခန့်၊ ကွမ်းစားဂမုန်း ၁၉ တန်ကျော်၊ တောဂျူးမြစ် ၁၇ တန်၊ ဆီးဆန် ၉ တန်ကျော်၊ နနွင်းခေါင်း ၈ တန်နဲ့ စကားပန်းပွင့်ခြောက် ၅ တန်၊ မာလာဥခေါင်း ၂ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ချဉ်ပေါင်ဖာလာ(အခွံမပါ)၊ တောဂျူးမြစ်၊ ဆီးဆန်နဲ့ မာလာဥခေါင်းများကို ယခင်အပတ်က တင်ပို့မှုမရှိခဲ့သော်လည်း ယခုအပတ်မှာ တင်ပို့နိုင်ခဲံပါတယ်။ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ နနွင်းတက်ရှမ်းစနှင့် ကြောင်ပန်းစေ့၊ မိကျောင်းကွမ်းဖတ်စေ့ ၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း ၊ နနွင်းခေါင်းတို့ယခင်အပတ်ကထက် အပို့ပိုခဲ့ပြီး စကားပန်းပွင့် ခြောက်တင်ပို့မှု ယခင်အပတ်ကထက် လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိမင်သော် သုည ဒသမ ၂ တန်နဲ့ တောင်လုံး ကျော် ၃ တန် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် မင်သော် အသွင်းလျော့ခဲ့သော် လည်း တောင်လုံးကျော် အသွင်း နှစ်ဆရှိခဲ့ပါတယ်။ ဒါပေမဲ့ ယခုအပတ်မှာ ဇာတိပ္ဖိုလ်သီး၊ လေးညှင်းနဲ့ ဖာလာတို့ အသွင်းမရှိခဲ့တာကြောင့်မို့ ယခင် အပတ်တင်သွင်းမှုထက် ၂ တန်ကျော် လျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။MIRT(DOBT)
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၁၁ သန်း တန်ဖိုးရှိ ကွမ်းသီးအစို ၁၇ ဒသမ ၇၈ တန်၊ ရိဒ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ ကွမ်းသီးအခြောက် ၂ ဒသမ ၄ တန် အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်း တန်ဖိုးရှိ အုန်းသီး ၄၂၂၃၅ လုံးလည်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက် အတွင်းကျပ် ၁၉ ဒသမ ၂၂၈ သန်းတန်ဖိုးရှိ ဝက်အရှင် ၁၄၀၃၅ ကီလိုအပို့ ရှိခဲ့ပါတယ်။ တစ်ဖက်နိုင်ငံတောင်းဆိုချက်အရ မိမိဘက်မှ တင်ပို့သော ဝက်များအတွက် ရောဂါမရှိကြောင်း ခံဝန်ကတိပြုချက်နဲ့ ဆေးလက် မှတ်များပါရှိပါက ဝက်အရှင်များတင်ပို့ပေးစေလိုတယ်လို့ သိရှိရပါတယ်။ စက်တင် ဘာလလယ်ခန့်ကမှ မိမိတို့ဝက်များတွင် ဝက်နားရွက်ပြာရောဂါများ ကျရောက်နေ မည်စိုး၍ ဝက်အသွင်းကို တစ်ဖက်နိုင်ငံမှ တားမြစ်ခဲ့ရာမှ အောက်တိုဘာလဆန်း ပိုင်းမှာ ပြန်လည်တင်ပို့နေတာဖြစ်ပါတယ်။ အောက်တိုဘာလအတွင်း ရိဒ်မှ ဝက် တင်ပို့မှု စုစုပေါင်းမှာ ၁၇၅၉၅ ကီလိုဂရမ်ရှိပြီဖြစ်ပါတယ်။ Source: နကသ၊MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၆၁၃၀၆၆ ၅၇၀၀ ၇၀၂၅၂၇ ၅၇၀၀ပြောင်းဖူးစေ့ တန် ၂၂၃၀၀၂ ၁၈၆၀ ၂၆၂၅၅၉ ၁၈၆၀နှမ်းဖြူ တန် ၁၀၀၃၈၆၉ ၈၂၀၀ ၉၁၇၁၅၆ ၈၄၀၀ သြဝင်း မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက် ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅၀၀ ၅၈၀၀၀ ၈၉၂၅၀၀ ၅၈၀၀၀မုန့်မျိုးစုံ ကီလို ၁၃၀၀ ၁၀၀ ၁၃၀၀ ၁၀၀မဝတ်တီရှပ် ဒါဇင် ၈၀၀၀ ၉၃၀ ၈၀၀၀ ၉၃၀ဝက်အရှင် ကီလို ၂၅၀၀ ၁၈၀ ၂၅၀၀ ၁၈၀ မြင့်ဆွေ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန် တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မောင်တောပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)ရေငန်ပုဇွန် တန် ၄၁၇၅၉၄၀ ၃၈၈၄၆၀ ၄၁၇၅၉၄၀ ၃၈၈၄၆၀ သြဝင်း
ယခုနှစ်မှာ အိန္ဒိယက တရုတ်ကို ဆေးရွက်ကြီးတင်ပို့ဖို့အသင့်ဖြစ်ပြီဖြစ်ကြောင်း ပြောကြားလိုက်တယ်။ အိန္ဒိယနဲ့ တရုတ်အကြား ကုန်သွယ်ရေးက (၁၂)နှစ်ကြာ ကင်းကွာပြီးနောက် ပြန်လည်စတင်ခဲ့ခြင်းဖြစ်တယ်။ အိန္ဒိယနိုင်ငံ ဆေးရွက်ကြီးဘုတ် အဖွဲ့က တရုတ်နိုင်ငံအစိုးရအဖွဲ့မှ ဆေးရွက်ကြီးနမူနာတွေ ရှာဖွေနေခြင်းကို ချိတ် ဆက်မိခဲ့တယ်။ ၎င်းကိစ္စက အိန္ဒိယ ဆေးလိပ်ထုတ်လုပ်သူများအသင်း Indian Tobacco Association (ITA) ကိုယ်စားလှယ်အဖွဲ့က တရုတ်ကို သွားရောက်လည်ပတ်ခဲ့ပြီး နောက် အောင်မြင်မှုရလဒ်ဖြစ်တယ်။ ITA ကိုယ်စားလှယ် အဖွဲ့ကို ဆေးရွက်ကြီး ဘုတ်အဖွဲ့ဥက္ကဋ္ဌ Kamalavardhana Rao ခေါင်းဆောင်ကာ စက်တင်ဘာ ၂၅ ရက်မှ ၃၀ ရက်အတွင်း အလည်သွားခဲ့ခြင်းဖြစ်တယ်။ အိန္ဒိယကိုယ်စားလှယ် အဖွဲ့က တရုတ်နိုင်ငံ State Trade Monopoly Administration (STMA) အဖွဲ့နဲ့တွေ့ဆုံခဲ့ကာ အိန္ဒိယမှဆေးရွက်ကြီးတင်သွင်းရေးကိုဆွေးနွေးခဲ့ကြပြီး STMA ကိုယ်စားလှယ်တွေကို ကုန်သွယ်ရေးအသစ် ပြန်လည်ထူထောင်ဖို့ သဘောတူညီခဲ့ တယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တရုတ်ကို နမူနာတွေ တင်ပို့ သွားမှာဖြစ်ကြောင်း သိရှိရတယ်။ အိန္ဒိယနိုင်ငံ ဆေးရွက်ကြီးဘုတ် အဖွဲ့က ဇင်ဘာဘွေထက်ချိုသာတဲ့ဈေးနှုန်းနဲ့ ဆေးရွက်ကြီးမှပြုလုပ်တဲ့ ဆေးလိပ်ဆေးတံတင်ပို့သွားဖို့ သဘောတူညီ ခဲ့တယ်။ အိန္ဒိယဆေးရွက်ကြီး ထုတ်ကုန်တွေကို ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်ကို တင်ပို့ လျက်ရှိပြီး တရုတ်က ကမ္ဘာမှာ အများဆုံးတင်သွင်းသူဖြစ်ရာ အိန္ဒိယက တရုတ်နဲ့ ကုန်သွယ်မှု ပြန်လည်တည်ဆောက်လိုခြင်းဖြစ်တယ်။ လာမယ့်ရာသီမှာ တရုတ်မှ ကုန်အမှာတွေရရှိဖို့ မျှော်မှန်းထားကြောင်းနဲ့ ဆေးရွက်ကြီး အနည်းဆုံး ကီလိုဂရမ် ၁၀ သန်းကိုတင်ပို့ဖို့ရည်မှန်းထားကြောင်း Rao က ပြော ကြားလိုက်တယ်။အိန္ဒိယ နိုင်ငံ ဆေးရွက်ကြီးဘုတ်အဖွဲ့က Andhra Pradesh ပြည်နယ်မှာ ၂၀၁၂-၂၀၁၃ ရာသီချိန်မှာ ဆေးရွက်ကြီး ကီလိုဂရမ် ၁၆၂ သန်းထွက်ရှိဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ Source:www.business-standard.com, AMML
အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ငါးသလောက် ၂၉ တန်ကျော် ၊ ငါးရှဉ့် ၃၆၆ တန်ခန့်၊ ကဏန်း ၁၁၅ တန်ခန့်၊ ရေငန်ငါးမျိုးစုံ ၈၂ တန်နဲ့ ငါးဆားနယ် ၅၇ တန်ကျော်၊ ချင်းရွှေဟော် နယ်စပ်မှ ကဏန်း ၁၂ တန်ခန့်နဲ့ မောင်တောနယ်စပ်မှ ရေငန်ပုစွန် တန် ၂၀ ကျော်အပို့ရှိခဲ့ပါတယ်။ စုစုပေါင်း နယ်စပ်မှ ရေထွက်ကုန် တန် ၆၈၀ ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၉၁၈ သန်းဖိုး တင်ပို့နိုင် ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မူဆယ်မှ ငါးရှဉ့်နဲ့ရေငန်ငါးမျိုးစုံ အပို့ပိုခဲ့ပြီး ကဏန်းနဲ့ ငါးဆားနယ် အပို့လျော့ခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှ ကဏန်း တင်ပို့မှုမှာ ယခင်အပတ်တင်ပို့မှုနဲ့ သိသိသာသာပြောင်းလဲမှုမရှိပါဘူး။ မိမိဘက်မှာရော တစ်ဘက် နိုင်ငံမှာပါ ငါးရှဉ့်နဲ့ ကဏန်းဈေးများ ယခင်အပတ်ထက် ဈေးမြင့်လျက်ရှိပါတယ်။ ငါးရှဉ့်ဈေးဟာ ၃ ရာခိုင်နှုန်းနဲ့ ကဏန်းဈေး ကတော့ အရွယ်အစားအလိုက် ၁၁ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း ဈေးမြင့်တက်နေတာဖြစ်ပါတယ်။ ငါးရှဉ့် တစ်တန်ကို မိမိဘက် ကျပ် ၂ ဒသမ ၄၅ သန်းနဲ့ တစ်ဘက်နိုင်ငံမှာ ဒေါ်လာ ၂၆၅၀ ရှိပြီၤး၊ ကဏန်းတစ်တန် ဈေးကအနိမ့် ကျပ် ၂ ဒသမ ၈၈၁ သန်း (ဒေါ်လာ ၃၅၆၀) မှ အမြင့် ကျပ် ၃ ဒသမ ၃၂၆ သန်း (၄၁၁၀ ဒေါ်လာ) ဈေးဖြစ်ပေါ်လျက် ရှိပါတယ်။ MIRT-DOBT