Main menu

Background

Wednesday, 30 Nov 2011

               နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၇၆၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၀၂၈ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်ကို တန် ၁၆၀ နဲ့ စင်ကာပူကို ၆၀၄ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က တန် ၃၀၀ နီးပါး တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ် တန် ၄၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ရော်ဘာအထွက်ကောင်းတဲ့ရာသီဖြစ်တဲ့အပြင် ကမ္ဘာ့ဈေးရော၊ FOB ဈေးပါ အနည်းငယ် ပြန်တက်လာတဲ့ အတွက် ယခုလို တင်ပို့မှု ပိုမိုရတာလို့ သိရပါတယ်။ နယ်စပ်ကတော့ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်စခန်းတွေကနေ တန် ၈၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ အနည်းငယ်တက်သွားပြီး RSS-3 တစ်တန်ကို ၃၁၀၀ ဒေါ်လာနဲ့ RSS-5 တစ်တန်ကို ၃၀၀၀ ဒေါ်လာ အသီးသီးရှိကြောင်း သိရပါတယ်။ KZW

Wednesday, 30 Nov 2011

                 နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ပန်းသီး ဖာ ၂၈၀၀ ကျော် တစ်ဘက်နိုင်ငံ မိုရေးသို့ အပို့ရှိခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုညဒသမ ၅၁၂ သန်းတန်ဖိုးရှိ ပန်းသီး ၁၁၃၈ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ပန်းသီးများကို ဂျပ်သေတ္တာပုံးများနဲ့သာမက ပလတ်စတစ်အိတ်များနဲ့ပါ အဝင်ရှိနေတယ်လို့သိရပါတယ်။ အလားတူ ကန်ပိုက်တီးနယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်း တန်ဖိုးရှိ ပန်းသီး ၆၇ တန်လည်း အသွင်း ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ MIRT(DOBT)

Wednesday, 30 Nov 2011

                 မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်း မှ နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ကျပ် ၃၁ ဒသမ ၆၄ သန်း တန်ဖိုးရှိတဲ့ ဝက်အရှင် ၂၃၀၉၅ ကီလို ဂရမ် အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၄၅၈၉ ကီလို ဂရမ် အပို့ ပိုခဲ့ပါတယ်။                  မိမိဘက် ဝက်များမှာ အခေါက်ပါးတဲ့အပြင် အရသာ ပိုမိုကောင်းမွန်တဲ့အတွက် မိမိဘက်ဝက်များအား ဝယ်လက် များက နှစ်ခြိုက်နေကြတာ ဖြစ်ပါတယ်။ MIRT(DOBT)

Wednesday, 30 Nov 2011

             ပမာဏအားဖြင့် နည်းပေမဲ့ နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ ချင်း ရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၃၉ သန်းတန်ဖိုး ရှိ ငါးရှဉ့် ၉ တန်ခန့် အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှာတော့ ကန်ဒေါ်လာ ၁ ဒသမ ၈၁၇ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၂၁ တန်ကျော် ၊ ရေငန်ငါးမျိုးစုံ ၁၀၇ တန်၊ ကဏန်း၉၃ တန်ကျော်နဲ့ ပုစွန်ခြောက် ၉၅ တန် အပို့ ရှိခဲ့ပါတယ်။ယခုအပတ်မှာ ကင်းမွန်ခြောက် အသေးနဲ့ ငါးသလောက် မူဆယ်မှ အပို့မရှိခဲ့ဘူးလို့ သိရပါတယ်။ ငါးရှဉ့်နဲ့ ပုစွန်ခြောက်တင်ပို့မှု ယခင်အပတ်က ထက်ပိုမိုခဲ့ပေမဲ့ ငါးရှဉ့်နဲ့ ကဏန်းအပို့လျော့ခဲ့ပါတယ်။ ယခု အပတ်မှာ ငါးရှဉ့်ရော ကဏန်းဈေး ယခင်အပတ်က ထက်ဈေးမြင့်တက်လျက်ရှိပါတယ်။ ငါးရှဉ့်ဈေးက ၁ တန်ကိုကျပ် ၄ ဒသမ ၀၅၉ သန်း၊ ကဏန်းဈေးများကတော့ ၂၅၀ ဂရမ်အထက်ကို ကျပ် ၂ ဒသမ ၇၇၀ သန်း၊ ၂၀၀ မှ ၂၅၀ ဂရမ်ကို ကျပ် ၂ ဒသမ ၆၁၄ သန်း၊ ၁၅၀ မှ ၂၀၀ ဂရမ်ကို ကျပ် ၂ ဒသမ ၄၅၈သန်း၊ ၁၀၀ မှ ၁၅၀ ဂရမ်ကို ကျပ် ၂ ဒသမ ၃ သန်း ဈေးပေါက်လျက်ရှိပြီး ယခင် အပတ်ကထက် ဈေးမြင့်ရလျက်ရှိပါတယ်။ MIRT(DOBT)

Wednesday, 30 Nov 2011

                    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၅၆ သန်း တန်ဖိုးရှိ ပရဆေး ၄၁၃ ဒသမ ၅၃ တန် အပို့ရှိခဲ့ပါတယ်။ ယခုအပတ် မူဆယ် နယ်စပ်မှ ဆီးဆံ ၄၆ တန်ခန့်၊ ကြောင်လျှာစေ့ ၄ တန် ကျော်၊သီဟိုဠ်စေ့အခွံမပါ ၅၈ တန်ကျော်၊ ကြောင်ပန်းစေ့ ၂၅ တန်ခန့် ၊ ချဉ်ပေါင်ဖာလာအခွံပါ ၁၇၂ တန်ခန့်၊ အခွံမပါ ၆ တန်ကျော်၊ မိကျောင်းကွမ်းဖတ်စေ့ တန် ၃၀ ကျော်၊ တောချင်း ၃ တန်ကျော်၊ အုံတုံခေါက် ၂၃ တန်၊ ဒရင် ကောက်မြစ် ၁၉ တန်၊ တောဂျူးမြစ် ၂၆ တန်ခန့်နဲ့ တောင်လုံးကျော် ၁ တန်ကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် သီဟိုဠ်စေ့ (အခွံမပါ)၊ မိကျောင်း ကွမ်းဖတ်စေ့နဲ့ တောဂျူးမြစ်တို့ တင်ပို့မှုပိုမိုခဲ့ပြီး ယခင် အပတ်က အပို့မရှိခဲ့တဲ့ အုံတုံခေါက်နဲ့ တောင်လုံးကျော်များ ကို ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဆီးဆံ၊ ကြောင်လျှာစေ့၊ ချဉ်ပေါင်ဖာလာ (အခွံမပါ ၊ အခွံပါ)၊ တောဂျင်းနဲ့ ဒရင်ကောက်မြစ် များကို အပို့လျော့ခဲ့တယ်လို့ သိရပါတယ်။                    တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၀၀၀၃ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၁ တန် ကျော်အသွင်း ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)

Wednesday, 30 Nov 2011

                   နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလ အတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးရှိ သစ်သီးဝလံ ကုန်စည်ဒိုင်မှ ယခု အပတ်ရာသီသီးနှံဖရဲတင်ပို့မှုဟာ ကန်ဒေါ်လာ သုည ဒသမ ၈ သန်းတန်ဖိုးရှိ ပြီး တန် ၄၈၅၀ ဝန်းကျင် အပို့ရှိခဲ့ပါတယ်။ ဖရဲသီးအဖြူနဲ့ အစိမ်းကြားတွေ အဝင်များနေပါတယ်။ ယခင်အပတ်ကထက် ဖရဲသီးတန်ချိန် ၁၁၃၅ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖရဲဖြူတွေကတော့ ၁ တန်ကိုယွမ် ၃၅၀၀ မှ ၃၈၀၀ ဝန်းကျင်ဈေး ပေါက်လျက်ရှိပါတယ်။   MIRT(DOBT)

Wednesday, 30 Nov 2011

              နိုဝင်ဘာလ၁၆ ရက်မှ ၂၂ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၄၃၈ သန်းတန်ဖိုးရှိ အေးခဲအမဲသား၊ ဆိတ်သားရေခြောက် ၊ ကျွဲနွားဝမ်းတွင်းသားများ တန် ၇၆၀ ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၁၆ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် နယ်စပ်မှ အမဲသား တန် ၂၅၀ ခန့်၊ အေးခဲအမဲသား ၁၂၆ တန်ကျော်၊ ကျွဲနွား ဝမ်းတွင်းသား ၂၃၂ တန်၊ ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား ၁၄၈ တန်နဲ့ ဆိတ်သားရေခြောက် ၄ တန်ခန့် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ MIRT(DOBT)

Wednesday, 30 Nov 2011

                     မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                                                       ယခုအပတ်                           ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး   မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                        (ကျပ်)            (ယွမ်)                  (ကျပ်)          (ယွမ်)ပဲတီစိမ်း            တန်          ၆၅၇၉၆၇        ၅၄၀၀                ၆၁၀၁၄၀        ၅၄၀၀ပြောင်းဖူးစေ့    တန်           ၂၁၇၁၇၄         ၁၈၆၀              ၂၂၁၆၁၉         ၁၈၆၀နှမ်းဖြူ             တန်            ၉၀၂၉၆၁         ၈၂၀၀                ၉၀၆၀၂၃        ၈၂၀၀                                                                       အေးအေးမြ                    မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ဝက်အရှင်၊ မုန့်မျိုးစုံတို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                         ယခုအပတ်                                 ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                         (ကျပ်)            (ရူပီး)                    (ကျပ်)           (ရူပီး)ကွမ်းသီး          တန်             ၈၉၂၅၀၀        ၅၈၀၀၀              ၈၉၂၅၀၀         ၅၈၀၀၀ဝက်(အရှင်)     ကီလို             ၂၅၀၀             ၁၈၀                   ၂၅၀၀             ၁၈၀မုန့်မျိုးစုံ          ကီလို              ၁၃၀၀             ၁၀၀                    ၁၃၀၀            ၁၀၀                                                   ဆွေဆွေဝင်း                    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်၊ ငါးစုံကလေးခြောက်၊ ငါးကုန်းညိုခြောက်တို့ တင်ပို့လျက်ရှိပြီး စစ်တွေနယ်စပ်စခန်းမှ ဝါးကြီးတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အချို့ရဲ့ မောင်တော၊ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက် ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-                                                    ယခုအပတ်                                    ယခင်အပတ်ပစ္စည်းအမည်      ရေတွက်ပုံ   မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး  မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                            (ကျပ်)          (တာကာ)              (ကျပ်)          (တာကာ)ရေငန်ပုစွန်              တန်       ၄၁၇၅၉၄၀      ၃၈၈၄၆၀          ၄၁၇၅၉၄၀        ၃၈၈၄၆၀ငါးစုံကလေးခြောက်  တန်        ၃၄၅၀၀၀       ၃၃၁၇၃               ၃၄၅၀၀၀       ၃၃၁၇၃ငါးကုန်းညိုခြောက်    တန်       ၁၂၃၇၅၀၀     ၁၀၈၅၅၂           ၁၂၃၇၅၀၀       ၁၀၈၅၅၂

Wednesday, 30 Nov 2011

                      မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ ၂၂၀၀ တန်ဖိုးရှိ ကြိမ်ကြီး ၄ တန်ကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ တစ်ဘက်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မောင်တောနယ်စပ်မှ ကန်ဒေါ်လာ ၂၀၀၀ တန်ဖိုးရှိ ဝါးလုံး အလုံးရေ ၂၀၀၀၀ ကို အပို့ရှိခဲ့တာဖြစ်ပါတယ်။ စစ်တွေ မောင်တောနယ်စပ်များဟာ ရေထွက်ကုန်နဲ့ သစ်တောထွက်ကုန်များ တစ်ဖက်နိုင်ငံသို့ အဓိကတင်ပို့တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်ကြပါတယ်။ MIRT(DOBT)

Monday, 21 Nov 2011

                 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှ ယခုအပတ်မှာ ကန်ဒေါ်လာ ၂၀၀၀ တန်ဖိုးရှိ ဝါးအလုံး ၂၀၀၀၀ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဗ်သို့ တင်ပို့ခဲ့ပြီး ယခင်အပတ်ကတော့ အပို့ မရှိခဲ့ပါဘူး။ တစ်ဖက်နိုင်ငံလိုအပ်ချက်အရ ကုန်ပစ္စည်းများ စုဆောင်းပြီးမှ ဖောင်ဖွဲ့တင်ပို့နေတာ ဖြစ်ပါတယ်။ MIRT(DOBT)

Pages