Background
ဖိုးမှန်က မြန်မာ-တရုတ် မူဆယ်နယ်စပ်မှာ ပို့ကုန်၊ သွင်း ကုန် ဆောင်ရွက်နေတဲ့ ကုန်သည် စ်ဦၤးပါ။ ဖိုးမှန်ကိုယ်တိုင် သစ်သီးဝလံများ တင်ပို့ပြီး ရရှိတဲ့ Export Earningနဲ့ သွင်းကုန်ပစ္စည်း တွေ တင်သွင်းနေတာပါ။ နယ်စပ်ကုန်သွယ် ရေး စပေါ်ကတည်းက လုပ်နေတာ အတော်ကြာ နေခဲ့ပါပြီ။ နယ်စပ်ကုန်သွယ်ရေးဌာနက ဖိုးမှန်တို့လို နယ်စပ်ကုန်သည် တွေအကျိုးကို အမှန်တကယ်ကူညီဆောင်ရွက်ပေးနေတဲ့ ဌာန တစ်ခုပါ။ နယ်စပ်ကုန်သွယ်ရေးဌာနရဲ့ ရည်ရွယ်ချက်ထဲမှာ ကိုက ကုန်သည်များလုပ်သာကိုင်သာရှိရေးနှင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုတဲ့ အချက်တွေပါရှိပြီးဖြစ်တာကို တွေ့ရပါတယ်။ ရှင်းရှင်းပြောရရင် နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်^သွင်းကုန် လိုင်စင်လျှောက်ရတာ အတော်လေး မြန် ဆန်တာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော် ရဲ့မူကိုက နယ်စပ်နေ ပြည်သူတွေ စီးပွားရေး ဖွံ့ဖြိုး တိုးတက် ရေး အတွက် ရည်ရွယ်ပြီး နယ်စပ်ကုန်သွယ် ရေးစခန်းတွေမှာ စခန်းအစီအစဉ်နဲ့ လိုင်စင်ခွင့်ပြုပေးတာတွေ ရှိသလို နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ သွင်းကုန်ဌာန (နေပြည်တော်)မှာ လိုင်စင်လျှောက်ထားရာမှာလည်း ပိုကုန်၊ သွင်းကုန် လုပ်ငန်း ညှိနှိုင်းအဖွဲ့နဲ့စိစစ်ပြီး ယနေ့လျှောက် မနက်ဖြန် လိုင်စင် ထုတ်ပေးတာတွေ ဆောင်ရွက် ပေးလျက်ရှိတာ တွေ့ရပါ တယ်။ ဆိုလိုတာကတော့ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနက နယ်စပ်ကုန်သည်များ လုပ်သာကိုင်သာရှိရေး အတွက် အတတ်နိုင်ဆုံး ဖြေလျှော့ပြီး ကုန်သွယ် မှုတွေ လျင်မြန် အောင် ကူညီဆောင်ရွက်ပေးနေတာ တွေ့ရှိရပါတယ်။ ကုန်ပစ္စည်း ဈေးနှုန်းအပိုင်းဆိုရင် နယ်စပ် ပြင်ပဈေး ကွက်ပေါက်ဈေးအတိုင်း ဆောင်ရွက်ပေး နေတာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နယ်စပ်ကုန်သွယ်ရေး စခန်းတိုင်း မှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းOne Stop Services (OSS) ဆိုတဲ့ ဌာနခြောက်ခုပါဝင်တဲ့ တာဝန်ရှိသူတွေနဲ့ နယ်စပ်ကုန် သည်အသင်း၊ ကုန်သည်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေး ပြီး နယ်စပ်မှာ ကူးသန်းရောင်းဝယ်နေတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကို လက်ရှိပြင်ပဈေးကွက ်ပေါက်ဈေးနဲ့ စိစစ်ညှိနှိုင်း ပေးလျက်ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုစိစစ်ညှိနှိုင်းထား တဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကို နယ်စပ်ကုန်သွယ်ရေး ဦးစီး ဌာနက အတည်ပြုပေးပြီး လုပ်ငန်းရှင်များ လွတ်လွတ်လပ် လပ် သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို ဈေးကွက် ပေါက်ဈေးအတိုင်း ခွင့်ပြုပေးနေတာဖြစ်ပါတယ်။ ဒီလို အခြေ အနေမှန်ကို မသိဘဲနဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ ကုန်သည်တွေ အကြား အထင်အမြင်ကွဲလွဲအောင် မဟုတ်မမှန် ချဲ့ထွင်ပြီး လိုင်စင်များကြန့်ကြာလို့ ကုန်သွယ်ရေးပဲ ကျဆင်း နေသလိုလို၊ ကုန်သည်တွေပဲ အခက်အခဲဖြစ်သလိုလိုမျိုး ကမ္ဘာ့မီဒီယာနဲ့ အင်တာနက်သတင်းတချို့မှာ ဖော်ပြနေတာတွေကို တွေ့နေ ရတာကြောင့် ဖိုးမှန်တို့လို အမှန်တကယ် နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နေတဲ့ ကုန်သည်တွေအနေနဲ့ အဖြစ်မှန်ကို ကုန် သည်များ အထင်အမြင် မမှားရအောင် ရေးသားလိုက်ရပါ တယ်။ ဖိုးမှန် (မူဆယ်)
မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ လိမ္မော်သီး တန်ချိန် ၄၈၅ခန့် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ ပထမပတ်မှာ တန်ချိန် ၉၀ခန့်သာတင် ပို့နိုင်ခဲ့သဖြင့် ယခုအပတ်မှာ တန်ချိန် ၃၉၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း မှ သိရပါတယ်။ မိုင်းဆတ်မြို့နယ်၊ နန်ကျမ်းကျေးရွာ၊ တာချီလိတ်မြို့နယ် ဝမ်ကျောက်လုံ ကျေးရွာများက စိုက်ပျိုးထွက်ရှိတဲ့ လိမ္မော်သီးများကို တာချီလိတ် နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ တင်ပို့ခြင်း ဖြစ်ပါ တယ်။ အချိုရည်ပြုလုပ်ရန် ကုန်ကြမ်း အဖြစ် ဝယ်ယူကြတာဖြစ်တဲ့အတွက် အသီးအရွယ်အစားမရွေး အရိုင်းအဖြစ် တန်ချိန်ဖြတ်ဝယ်ယူနေကြတာလို့လည်း သိရပါတယ်။ လိမ္မော်သီး တစ်တန်ကို ၁၈၅ ဒေါ်လာနှုန်း ဈေးပေါက်လျက်ရှိပါ တယ်။ှSource: နကသ (တာချီလိတ်)(MIRT-DOBT)
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့နယ်တွင် တမူးရှိ နမ့်ဖာလုံဈေးကဲ့သို့နယ်စပ်ဈေးတစ်ခု တည်ဆောက်ရန် ဒေသခံကုန်သည် များနဲ့ ပြည်သူလူထုကလိုလားနေကြပါတယ်။ ဈေးတည်ဆောက်မယ့်နေရာကို နယ်စပ်ဂိတ်နဲ့ ဂိုက်၇၀၀ခန့်အကွာမှာရှိတဲ့ ဘောလုံးကွင်း နေရာဟောင်းမှာ ဆောက်လုပ် ဖို့ရွေးချယ်အတည်ပြုထားပြီးဖြစ်ပါတယ်။ နယ်စပ်နဲ့နီးတဲ့အတွက် တစ်ဖက်နိုင်ငံက ဈေးဝယ်လိုသူများ မိမိဘက်သို့လာရောက်နိုင်ပြီး ကားလမ်းဘေးမှာဖြစ်လို့သွားရေးလာရေးလွယ်ကူကြောင်းသိရပါတယ်။ တစ်ဖက်နိုင်ငံသို့ သွားရောက်ရောင်းချရ၍ ဈေးနှိမ်ခံနေရတဲ့ အခြေအနေကနေ မိမိဘက်မှာဈေးကွက်ရြှိပီဖြစ်တဲ့အတွက် မိမိစိတ်ကြိုက်ရောင်းချနိုင်တဲ့ အခြေအနေကိုရရှိမှာဖြစ်ပါတယ်။ ဒေသခံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်များကိုလည်း နေရာတကျ သတ်သတ်မှတ်မှတ်ရောင်းချ နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်နိုင်ငံမှ လာရောက်ဈေးဝယ်သူများ နေ့စဉ်လာရောက်မှာ ဖြစ်တဲ့အတွက် နယ်စပ်ဖြတ်ကျော် ဝင်ကြေးများလည်းပိုမိုရရှိလာမှာဖြစ်ပါတယ်။ မိမိဘက်မှကုန်ပစ္စည်းများကို တစ်ဖက်နိုင်ငံ ချန်ဖိုင်၊ အိုက်ဇောမြို့များကို တစ်လကိုးသီတင်း သွားရောက်ရောင်းချမယ့်အစား ရိဒ်ခေါ ဒါရ် ဈေးမှာပဲရောင်းချနိုင်မှာဖြစ်တဲ့အတွက် မြန်မာ-အိန္ဒိယ နယ်စပ်ရှိရိဒ်ခေါဒါရ်တွင် နယ်စပ်ဈေးတစ်ခုတည်ဆောက်သွားရန်ရှိပါတယ်။ အနာဂတ်ကာလမှာ စည်ကားလာမယ့် အလားအလာရှိပြီး ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးပြုမယ့် ရိဒ်ခေါဒါရ် ဈေးကြီးဆောက်လုပ်ရန် စိတ်ပါဝင်စားသူများအနေနဲ့ ရိဒ်ခေါဒါရ်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး ဖုံး-၀၇၀ ၅၀၄၀၄ နှင့် ရိဒ်ခေါဒါရ် နယ်စပ်ကုန်သွယ်ရေးရုံး ဖုံး-၀၇၀ ၅၀၄၆၇ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိပါတယ်။ှSource: နကသ(ရိဒ်) အောင်ဝင်း
မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်ထိုင်းနိုင်ငံသို့ ရာသီသီးနှံ လိမ္မော်သီးများတင်ပို့လျက် ရှိရာ ဇန်နဝါရီလတတိယပတ်တွင် လိမ္မော်သီး တန်ချိန် ၆၅၀ကျော်ကို တန်ဖိုးအားဖြင့် ဒေါ်လာတစ်သိန်းကျော်ဖိုးတင်ပို့နိုင်ခဲ့တယ်လို့ တာချီလိတ်နယ်စပ် ကုန်သည်တစ်ဦးထံမှသိရပါတယ်။ ဇန်နဝါရီလဒုတိယပတ်မှာတော့ လိမ္မော်သီး တန်ချိန်၅၀ကျော်ပဲ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၆၀၀ကျော်ပိုမို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။Source: နကသ (တာချီလိတ်)(ခင်မြနွယ် - MIRT)
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက ်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဘက်နိုင်ငံဈေး (ယွမ်)ပြောင်းဖူးစေ့ တန် ၂၃၇၇၆၀ ၁၆၅၀နှံစားပြောင်း တန် ၃၂၁၇၇၄ ၂၃၀၀ပဲလွန်းဖြူ တန် ၈၇၆၈၅၆ ၆၅၀၀ မြန်မာ-အိန္ဒိယ နယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ပိတ်စ၊ ဆေးကြေမှုန့်တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန် အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ မီဇိုရမ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဘက်နိုင်ငံဈေး (ရူပီး)ကွမ်းသီး တန် ၁၀၅၀၀၀၀ ၅၃၈၀ပိတ်စ မီတာ ၄၀၀ ၂၀ဆေးကြေမှုန့် တန် ၁၇၀၀၀၀ ၈၁၅၀ မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်ထိုင်းနိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ မဲဆောက်ပေါက် ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဘက်နိုင်ငံဈေး (ဘတ်) ကြက်သွန်နီ တန် ၈၄၀၀၀၀ ၂၈၀၀၀နှမ်းဖြူ တန် ၁၂၆၀၀၀၀ ၄၂၀၀၀နှမ်းနက် တန် ၁၃၅၀၀၀၀ ၄၅၀၀၀ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကျည်းစေ့၊ ကုလားကင်းပွန်းသီး၊ နနွင်း တက်တို့ တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဘက်နိုင်ငံဈေး (တာကာ) မကျည်းစေ့ တန် ၆၁၂၀၀ ၃၈၂၅ကုလားကင်းပွန်းသီး တန် ၁၇၃၀၀၀ ၁၀၈၁၅နနွင်းတက် တန် ၆၇၃၂၀၀ ၄၂၀၇၅Source: ကေသွယ်၊ ခိုင်ဝင်း
မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၀ ခုနှစ် ဇန်နဝါရီ တတိယပတ်အတွင်း တရုတ်ပဲကြီး ၁၅ တန်ကို တန်ဖိုးကျပ် ၆ သန်းကျော်ဖိုးတင်သွင်းလာခဲ့တယ်လို့ နယ်စပ်ကုန်သည်အသင်းမှသိရပါတယ်။ အဲ့ဒီပဲကြီးတွေကို လက်ဖက် အကြော်စုံထဲ ထည့်စားသုံးသလို ပဲပြုတ်အဖြစ်စားသုံးကြဖို့လို့သိရပါတယ်။ ပို့ကုန်အနေနဲ့ကတော ဖရဲသီး၊ တောဂျင်း၊ ဒရင်းကောက် မြစ်နဲ့ မျှစ်ခြောက်တို့ကို တန်ချိန်အားဖြင့် ၁၁၆ တန်၊ တန်ဖိုး ကျပ် ၂၉ သန်း ကျော်ခန့်တင်ပို့နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။Source: နကသ (ချင်းရွှေဟော်)မော်မော်အောင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းက ဇန်နဝါရီလ တတိယပတ်မှာ ဒုတိယပတ်ထက် ရေထွက်ကုန်ကဏန်း၊ ပုစွန်၊ ငါးရှဉ့်၊ ငါးမျိုးစုံ၊လယ်ယာထွက်ကုန်ပြောင်းနဲ့ နနွင်းတက်များပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ မြဝတီနယ်စပ်ကုန်သည်တစ်ဦးထံမှ သတင်း ရရှိပါတယ်။ မြဝတီနယ်စပ်မှ ဇန်နဝါရီလတတိယပတ်တွင် ကဏန်း၊ ပုစွန်၊ ငါးရှဉ့်၊ ငါးမျိုးစုံ၊ ရေချိုငါးပိ၊ လယ်ယာထွက် ကုန်ပြောင်းဖူးစေ့၊ နနွင်း တက်၊ ထန်း လျက်၊ အခြားစက်မှုကုန်ချော ခေါက်ဆွဲ ခြောက်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ သနပ်ခါးရည်၊တောင်ကြီးမောက်မယ်တို့ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်ကထက် ရေထွက်ကုန် တန်ချိန်၉၀ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာဝဒသမ၁၅သန်းနဲ့ လယ်ယာထွက်ကုန်နှင့် စက်မှုကုန်ချောတင်ပို့မှုမှာ တန်ချိန်၂၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကျပ်သန်း ၁၄၀ကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့လည်း ထိုနယ်စပ် ကုန်သည်ကဆိုပါတယ်။Source: နကသ(မြဝတီ)MIRT(DOBT)
ယူနန်ပြည်နယ် လမ်းပန်း ဆက်သွယ်မှုဌာနမှ ယူနန်ပြည်နယ်ကနေ အရှေ့တောင်အာရှနိုင်ငံသို့ ဆက်သွယ်ပေါက်ရောက်နိုင်တဲ့ နိုင်ငံတကာအဆင့်ရေကြောင်းလိုင်းသုံးလိုင်းကို အားကြိုးမာန်တက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ လန်ဆန်းမြစ်-မဲခေါင်မြစ်တို့ ဆက်သွယ်သည့်လမ်းကြောင်းဟာ နိုင်ငံအများကိုဆက်သွယ်မယ့် 'ရွှေရောင်ရေကြောင်း' အဖြစ်ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ တရုတ်နဲ့ ဗီယက်နမ်ကို ဆက်သွယ်တဲ့ရေကြောင်းလိုင်းနဲ့ တရုတ်-မြန်မာကို ဆက်သွယ်တဲ့ ယူနန်ရေကြောင်းလိုင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိနေပါတယ်။ ယခုလန်းဆန်းမြစ်-မဲခေါင်မြစ်မှာ ယူနန်ရဲ့ ကျင်းဟုန်မှ ထိုင်းနိုင်ငံ ချင်းမိုင်သို့ နှစ်စဉ်သွားလာမှုအား တိုးမြှင့်လာလျက်ရှိပြီး ကုန်ပစ္စည်းသာသယ်ပို့တဲ့ လှေသင်္ဘောမှ ယခုသင်္ဘောကြီးဖြင့် ခရီးသွားများနှင့် အအေးခံကွန်တိန်နာ အဆင့်နဲ့ သယ်ယူနိုင်လို့ အဆင့်မြင့်မားလျက်ရှိပါတယ်။ လန်းဆန်းမြစ်နဲ့ မဲခေါင်မြစ်ရေတွင်း တရုတ်ပိုင်သင်္ဘောများရာချီပြီး သယ်ယူပို့ဆောင် သွားလာနေ ကြရာ ကုန်ပစ္စည်း တန်ချိန် (၃၈၀) တန် ထိ တင်ပို့နိုင်ပြီးဖြစ်ပါတယ်။ ကူးတို့ဆိပ်များ ဆောက်လုပ်လာတဲ့အနက် လာအို နိုင်ငံရဲ့ ပန်းဆိုင်ကော့၊ မြန်မာနိုင်ငံရဲ့ သောလွေ့၊ တရုတ်ယူနန်ရဲ့ ကွမ်းလွေ့ကူးတို့ဆိပ်တို့ဟာ စီးပွားရေးအချက်အချာနေရာများဖြစ် ပါတယ်။ ယူနန် ဟိုခိုမှ ဗီယက်နမ်နိုင်ငံနဲ့ ဆက်သွယ်တဲ့ ဟုန်ဟော်မြစ်ရေကြောင်းလမ်းသာ ပေါ်ပေါက်လာလျှင် တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့အတွက်အရေးပါတဲ့ စီးပွားရေးရာ ရေလမ်းကြောင်းတစ်ခုဖြစ်လာမယ်လို့ ပညာရှင်များကပြောဆိုလျက်ရှိပါတယ်။ Source: ယူနန်ချွန်းချိမ်ဝမ်ပေါင်သတင်းစာ(ကောင်းထက်၊ မူဆယ်)
မြဝတီနယ်စပ်ကုန်သွယ်ရေး ဇုန်မှ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက်နေ့အထိ ရေချိုပုစွန်ကား ၂ စီး (၂ ဒသမ ၇၀ တန်)၊ ပြောင်းဖူး စေ့ကား ၄ စီး (၁၅၀ တန်)၊ သဲကဏန်း ၂ စီး (၄ ဒသမ ၃၉ တန်)၊ ကဏန်း (အရှင်) ၁ စီး (၂၉ ဒသမ ၀၉၆ တန်)၊ ရေငံငါး ၁၅ စီး (၁၆၁ ဒသမ ၃၈၆ တန်)၊ ရေချိုငါး ၃ စီး (၃ဒသမ ၈ တန်)၊ ကွမ်းသီး ၂ စီး (၄ ဒသမ ၅၅တန်)၊ ရေခဲငါး ၂ စီး (၄၅ ဒသမ ၈၈၆ တန်)၊ ငါးရှဉ့် ၁ စီး (၀ ဒသမ ၃ တန်) စုစုပေါင်း ကား ၃၂ စီးနဲ့ တန်ချိန် (၂၅၂ ဒသမ ၁၀၈ တန်) တင်ပို့နိုင်ခဲ့ပြီး၊ သွင်ကုန် တင်သွင်းမူမှာတော့ ဓါတ် မြေသြဇာ ၆ စီး (၁၄၄ ဒသမ ၂၅ တန်)၊ ကားတာယာ ၂ စီး (၁၆၃၆ ခု)၊ ကော် ဖြတ်စ ၂ စီး (၃၆ တန်)၊ သံပြား ၄ စီး (၂၇ ဒသမ ၈၃၄ တန်)၊ ကော်မှုန့် ၁ စီး (၂၀ တန်)၊ ကြွေပြား ၂ စီး၊ ကော်စေ့ ၆ စီး (၈၅ ဒသမ ၆ တန်၊)၊ ကွန်ကရစ် ဖျော်သည့်စက် ၂ စီး၊ သွားတိုက်တံ ၁ စီး၊ နို့ဆီ၊ နို့စိမ်း ၇ စီး၊ (၁၈၀၀ ကာတွန်း) ပိတ်စ ၆ စီး (၂၀၈၀၀၀ မီတာ)၊ ဘက်ထရီ ၃ စီး (၃၄၂၄ ခု)၊ ကြွေပွတ်လုံး ၂ စီး (၃၂၀၀ ခု)နဲ့ သစ် သီးကား ၂၀ စီး (၉ ဒသမ ၇ တန်) တို့ကိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ှနီနီအေး
၂၀၁၀ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှာ ပဲလွန်းဖြူ၊ ပြောင်းဖူးစေ့နဲ့ ရာဘာဈေးများ ဇန်နဝါရီလပထမပတ်ကထက် ဈေးအနည်းငယ် မြင့်တက်လာလျက်ရှိပါတယ်။ ဇန်နဝါ ရီလ ဒုတိယပတ်မှာ ပဲလွန်းဖြူ တစ်တန် လျှင် ၆၀၃ ဒေါ်လာ၊ ပြောင်းဖူးစေ့ ၁ တန်လျှင် ဒေါ်လာ ၁၉၀ နဲ့ RSS - ၃ တစ်တန် လျှင် ၂၂၆၃ ဒေါ်လာဈေး ပေါက်လျက်ရှိပါတယ်။ ယခင် အပတ်ကထက် ပဲလွန်းဖြူ ၁ တန်လျှင် ၆၅ ဒေါ်လာ၊ ပြောင်းဖူးစေ့ ၁ တန်လျှင် ၁၁ ဒေါ်လာနဲ့ ရာဘာတစ်တန်လျှင် ဒေါ်လာ ၁၆၀ ကျော်ခန့်ဈေးမြင့်လာတာဖြစ်ပါတယ်။ ဇန်နဝါရီလဆန်းပိုင်းမှစပြီး ပဲတီစိမ်း၊ နှမ်းဖြူ၊ နှမ်းနက်၊ ပဲလွန်းဖြူ၊ ပဲကြီးစတဲ့ လယ်ယာထွက်ကုန်ဈေးများဖြည်းဖြည်းချင်းမြင့်တက်လျက် ရှိတယ်လို့ မြဝတီနယ်စပ်စခန်းမှသတင်းရရှိပါတယ်။Source: နကသ (မဝတ)MIRT (DOBT)