Main menu

Background

Tuesday, 7 Sep 2010

 ကော့သောင်း၊ မြိတ်နဲ့ တာချီလိတ်နယ်စပ်စခန်းများမှလည်း မြဝတီနယ်စပ်စခန်းကဲ့သို့ ထိုင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပေ        မြန်မာ-ထိုင်း မြဝတီနယ်စပ်မှာနှစ်နိုင်ငံအကြား လတ်တလောနယ်နိမိတ်ဆိုင်ရာကိစ္စများ ညှိနှိုင်းဖြေရှင်း နေဆဲ ဖြစ်လို့ မြဝတီ နယ်စပ်ကုန်သွယ်မှုကို ခေတ္တရပ်ဆိုင်းထားပါတယ်။ ဒီလိုရပ်ဆိုင်းထားလို့ ထိုင်းပစ္စည်းတွေပြည်တွင်း အဝင်နည်း လို့ ကုန်ပစ္စည်း တွေဈေးတက်တယ်ဆိုပြီး ပြောဆိုနေကြတာနဲ့ပတ်သက်ပြီး မြဝတီနယ်စပ်ကုန်သည်အသင်းက တာဝန်ရှိသူတစ်ဦးကို ကောမတ်စ်က မေးခဲ့ပါတယ်။ တကယ်တော့ ထိုင်းပစ္စည်းတွေ တော်တော် များများဟာ တံတား မပိတ်ခင်ကတည်းက မြဝတီကုန်သွယ်ရေးဇုန်မှာရှိတဲ့ bonded warehouse တွေမှာ ရောက်ရှိ နေကြပြီး ဖြစ်ပါတယ်။ လိုင်စင်ခွင့်ပြုချက်ရယူပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှာ အစစ် ဆေးခံကာ ပြည်မကို သယ်ယူနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တံတားပိတ်ထားပေမဲ့ ကုန်သွယ်ရေးဇုန်အတွင်းက သိုလှောင် ရုံများမှာ အမှန်တကယ် ရောက်ရှိထားပြီး ဖြစ်တဲ့ ကုန်ပစ္စည်းများမှန်ကန်ကြောင်း OSS အဖွဲ့ရဲ့ ထောက်ခံချက်နဲ့ လိုင်စင်လျှောက်ထား ရယူပြီး ပြည်မသို့ သယ်ယူခွင့် ရရှိပါတယ်။ ကိုယ့်ဖက်က ပို့ကုန်များ သာတင်ပို့နိုင်ခြင်းမရှိပေမဲ့ ထိုင်းပစ္စည်းများ မြဝတီကုန်သွယ်ရေး ဇုန်မှတစ်ဆင့် ပြည်မသို့ရောက်ရှိနေတဲ့အတွက်အများပြောသလိုထိုင်းပစ္စည်းတွေ မြဝတီချစ်ကြည်ရေးတံတားပိတ်လို့ ပြတ်လပ်တယ် ဆိုတာမိုျး မရှိဘူးဆိုတာ သိစေချင်ပါတယ်။ မြဝတီမှလတ်တလော မတင်သွင်းနိုင်ပေမဲ့ မြိတ်နဲ့ ကော့သောင်းနယ်စပ်များမှ ထိုင်း ပစ္စည်းတွေ တင်သွင်းလို့ရနေပါတယ်။''                                                                                                                            MIRTDOBT)

Tuesday, 7 Sep 2010

 အဝယ်လိုက်တဲ့ မျှစ်ခြောက်၊မျှစ်စို        မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ယခုအပတ်မှာ မျှစ်စို ၁ဝ၉ ဒသမ ၅ တန်၊ တန်ဖိုးကျပ် ၁၄ သန်း ကျော်ဖိုး တင်ပို့ခဲ့ပြီး ချင်းရွှေဟော်နယ်စပ်စခန်းကနေ ရှမ်းပြည်နယ် မြောက်ပိုင်းကထွက်ရှိတဲ့ မျှစ်ခြောက် ၉ ဒသမ ၃၆ တန်ကို တန်ဖိုးကျပ် ၃ သန်းဖိုး ခန့်တင်ပို့နိုင်ခဲ့ပါတယ်။မျှစ်စို၊ မျှစ်ခြောက်    တို့ရဲ့မိမိနိုင်ငံပေါက်ဈေးများနဲ့တစ်ဘက်နိုင်ငံယွမ်ဈေးများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်                     မိမိဘက်ပေါက်ဈေး    တစ်ဘက်နိုင်ငံဈေး                      (ကျပ်/တန်)            (ယွမ်/တန်)    မျှစ်ခြောက်         ၃၂ဝဝဝဝ              ၂၅၃ဝ    မျှစ်စို                ၁၂ဝဝဝဝ                ၉၃ဝ                                                            မော်မော်အောင် (MIRT)

Tuesday, 7 Sep 2010

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု       မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲယင်း               တန်             ၆၄၅၉၅၉                     ၄၄၂၄နှမ်းဖြူ                တန်           ၁၁၆၆၁ဝ၉                      ၇၉၇၅နှမ်းနက်             တန်           ၁၄၅၄၉ဝ၅                      ၉၃၃၅မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ  တစ်ဖက်  အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ကော်ဇောလိပ်၊ ပန်းထိုးစက်တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ ရိဒ်ပေါက်ဈေးနဲ့  တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်-ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဖက်နိုင်ငံဈေး (ရူပီး)ကွမ်းသီး            တန်           ၁၅၂၅ဝဝဝ                    ၇၈၁ဝဝကော်ဇောလိပ်     လိပ်               ၄၅ဝဝဝ                      ၂၄ဝဝပန်းထိုးစက်         ခု                  ၂ဝဝဝဝ                     ၁၂ဝဝမြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး (အစေ့ပါ)နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေး တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်-ပစ္စည်းအမည်            ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)     တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း                           တန်              ၂၇၅၄ဝဝ                 ၂၆၆ဝဝမန်ကျည်းသီး (အစေ့ပါ)    တန်              ၂၁၅၄၂၄                 ၁၇ဝ၅ဝနနွင်းတက်                   တန်             ၁၄ဝ၇၆ဝဝ               ၁၂၃၇၁ဝ

Friday, 3 Sep 2010

မူဆယ် ပဲ၊ ပြောင်း၊ နှမ်းလယ်ယာထွက်ကုန် ကုန်စည်ဒိုင်အဖွဲ့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ လေ့လာရေးခရီးလာရောက်ခဲ့     မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နမ့်ခမ်း ကုန်သည်များ အသင်းမှ ပဲပြောင်းနှမ်းလယ်ယာထွက်ကုန် ကုန်စည်ဒိုင်ဥက္ကဌ ဦးလှမောင်ဦးစီးသော ပဲပြောင်းနှမ်းကုန်စည်ဒိုင်နှင့် သစ်သီး ဝလံကုန်စည်ဒိုင်တို့မှ အဖွဲ့ဝင် (၁ဝ) ဦးပါ အဖွဲ့သည် ရန်ကုန် မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ သြဂုတ်လ၊ ဒုတိယပတ် အ တွင်း လေ့လာရေး ခရီးလာရောက်ခဲ့သည်ဟု သတင်းရရှိ သည်။ ဘုရင့်နောင် ကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးအုန်းဆိုင်မှ ကုန်စည်ဒိုင် အစည်းအဝေးခန်းမတွင် မူဆယ်ကုန်စည်ဒိုင် လေ့လာရေးအဖွဲ့အား လက်ခံ တွေ့ဆုံပြီး ကုန်စည်ဒိုင် ဖြစ်ပေါ်လာမှု အခြေအနေ၊ ကုန်စည်ဒိုင်၏ သင်းဖွဲ့ စည်းမျဉ်း များ၊ အသင်းဝင် ၄ဝဝဝ ကျော်ဖြင့် လုပ်ငန်း ဆောင်ရွက်မှု၊ အသင်းသားလက်ခံသည့် စည်းမျဉ်းများ အမှုဆောင် ၄၇ ဦးအား တာဝန်ချထားမှု၊ ကုန်ဈေးနှုန်းထုတ်ပြန် အတည်ပြုမှု၊ များ၊နေ့စဉ်ရောင်းဝယ်ရေးဆောင်ရွက်မှုနှင့် ရောင်းဝယ်မှု ဆိုင်ရာပေါ်ပေါက်လာသော ပြဿနာများ ကိုဖြေရှင်းပေးမှု များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။    မူဆယ်ကုန်စည်ဒိုင်အသင်း ဥက္ကဌမှ မူဆယ်ကုန်စည်ဒိုင် အား လွန်ခဲ့သော တစ်နှစ်ကျော်ကမှသာ ဖွဲ့စည်းထား ခြင်း ဖြစ်ကြောင်း၊ မိမိပြည်တွင်းမှာဈေးကွက်ဖြစ်ပေါ်ရေး ကြိုးပမ်း ဆောင်ရွက်နေမှုအခြေအနေ၊ လောလောဆယ် မန္တလေး ကုန်စည်ဒိုင်နဲ့ နေ့စဉ်ဈေးနှုန်း သတင်းထုတ်ပြန် ချိတ်ဆက် ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး နောင် ရန်ကုန် ကုန်စည်ဒိုင်နှင့်လည်း ချိတ်ဆက် ဆောင်ရွက်သွားလို ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။ မူဆယ်ကုန်စည်ဒိုင် မှ လေ့လာရေးအဖွဲ့ဝင်များသည် လုပ်ငန်း ဆောင်ရွက်ချက် များ ရောင်းဝယ်မှုအခြေအနေနဲ့ ကုန်စည်ဒိုင်မှကောက်ခံမှု နှုန်းထားများ အငြင်းပွားမှုပြဿနဖြေရှင်းမှု များအား အသေး စိတ်မေးမြန်းကာ ကုန်စည်ဒိုင်အတွင်း ရောင်းဝယ်မှု အခြေ အနေများကို လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။                                                                                                                    MIRT (DOBT) 

Friday, 3 Sep 2010

တရုတ်နိုင်ငံရောက် မျှစ်စို၊ မျှစ်ခြောက်    မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ ၂ဝ၁ဝ သြဂုတ်လ (၁)ရက်မှ (၂ဝ) ရက်ထိ ကာလအတွင်း မျှစ်စို ၂၄ တန်၊ တန်ဖိုးကျပ် ၃ သန်းကျော်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မျှစ်စို ၈ တန်ကို တန်ဖိုး ကျပ် ၁ သန်းကျော်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ အလားတူ မျှစ်ခြောက် ၆ ဒဿမ ၃၇ တန် တန်ဖိုး ကျပ် ၂ သန်း ကျော်ဖိုးကိုလည်း မူဆယ်မှတစ်ဆင့် တရုတ်ပြည်ကို တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မျှစ်စိုတစ်တန်ရဲ့ မိမိဘက် ပေါက်ဈေးက ၁၂ဝဝဝဝ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံဈေးကတော့ ယွမ် ၉၃ဝ လို့သတင်းရရှိပါတယ်။                                                                                                                                                               မော်မော်အောင် 

Friday, 3 Sep 2010

မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက် ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည်       ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း                  တန်                ၉၅၇၉၁၂                  ၈၅ဝဝမန်ကျီးသီး(အစေ့ပါ)   တန်                 ၅ဝ၃၅၁၆                  ၃၄ဝဝရာဘာ RSS (၅)       တန်               ၃ဝ၇၁၉၈၇               ၁၈ဝဝဝ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ဆေး ရိုး၊ ပန်းသီး၊ ထမင်းပေါင်းအိုးတို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေ ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်-ပစ္စည်းအမည်     ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဖက်နိုင်ငံဈေး (ရူပီး) ပန်းသီး             တန်               ၃ဝဝဝဝဝ                ၁၄၈၆၅ဆေးရိုး              တန်                  ၁၅ဝဝ                      ၇၃ထမင်းပေါင်းအိုး       ခု                 ၁၂ဝဝဝ                     ၇၂ဝ                                                                                                                   ကေသွယ်  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး (အစေ့ပါ) တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အခိုျ့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်-ပစ္စည်းအမည်             ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)     တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း                             တန်            ၂၇၅၄ဝဝ                        ၂၆၆ဝဝမန်ကျည်းသီး (အစေ့ ပါ)     တန်             ၂၂ဝ၃၂ဝ                        ၁၇၄၈၅နနွင်းတက်                     တန်            ၁၄ဝ၇၆ဝဝ                       ၁၂၃၇၁ဝ                                                                                                              မြင့်မြတ်ထွန်း

Monday, 1 Mar 2010

  တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ်ရှိ ဝေ့နန် နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံနဲ့ လူလေးဦးကို မယ်လမင်းပါဝင်တဲ့ နို့မှုန့် ထုတ် လုပ်မှုနဲ့ ဖေဖော်ဝါရီလ  ၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှာ  ဖော်ပြခဲ့ပါတယ်။

Monday, 1 Mar 2010

  ဖိုးမှန်က မြန်မာ-တရုတ် မူဆယ်နယ်စပ်မှာ ပို့ကုန်၊ သွင်း ကုန် ဆောင်ရွက်နေတဲ့ ကုန်သည်တစ်ဦၤးပါ။ ဖိုးမှန်ကိုယ်တိုင် သစ်သီးဝလံများ တင်ပို့ပြီး ရရှိတဲ့ Export Earningနဲ့ သွင်းကုန်ပစ္စည်းတွေ တင်သွင်းနေတာပါ။ နယ်စပ်ကုန်သွယ်ရေး စပေါ်ကတည်းက လုပ်နေတာ အတော်ကြာနေခဲ့ပါပြီ။ နယ်စပ်ကုန်သွယ်ရေးဌာနက ဖိုးမှန်တို့လို နယ်စပ်ကုန်သည်တွေအကျိုးကို အမှန်တကယ် ကူညီဆောင်ရွက်ပေးနေတဲ့ဌာနတစ်ခုပါ။ နယ်စပ်ကုန်သွယ်ရေးဌာနရဲ့ ရည်ရွယ်ချက်ထဲမှာ ကိုက ကုန်သည်များ လုပ်သာ ကိုင်သာ ရှိရေးနှင့်ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုတဲ့ အချက်တွေပါရှိပြီးဖြစ်တာကိုတွေ့ရပါတယ်။

Monday, 1 Mar 2010

  ယူနန်ပြည်နယ်အတွင်း ၂၀၀၉ ခုနှစ် ဇူလိုင်လခန့်ကစပြီး မိုးရွာသွန်းမှုမှာ မှတ်တမ်းများအရ အနည်းဆုံးဖြစ်ခဲ့ပြီး ပြည်နယ် တစ်ခု လုံး ဧရိယာရဲ့ ၈၀ရာခိုင်နှုန်းကျော် မိုးခေါင်ရေရှားမှုဘေးဒဏ်ခံစားနေရပါတယ်။ နယ်မြေအတွင်းရှိ ခရိုင် ၁၆ခုရှိတဲ့အနက် ပေါင် ဆန်းခရိုင်၊ဝင်ဆန်းဒေသတာလီခရိုင်၊လင်ချမ်းမြို့၊ကူမင်းခရိုင်ချုစုံ၊ ရိုစီး၊ချုချင့်နဲ့ဟုန်ဟော်ဒေသတွေဟာအဆိုးရွားဆုံးတွေ့ကြုံရခဲ့ကြ ရပါတယ်။

Monday, 1 Mar 2010

  အမေရိကန်ဒေါ်လာတန်ဖိုးမြင့်မားလာခြင်း၊ ရင်းနှီးမြုပ်နံှသူများကငွေကြေးဈေးကွက်အပေါ် မျက်စိကျနေခြင်း၊တရုတ်နှစ်ကူး အားလပ်ရက်ဖြစ်နေခြင်းတို့ကရွှေဈေးနှုန်းကိုတည်ငြိမ်စေကြောင်းသိရပါတယ်။နယူးယောက်တွင်ယခင်အပတ်အပိတ်ဈေးကွက်တွင် တစ်အောင်စကို ၁ဝ၉၂ ဒသမ ၄ဝ ဒေါ်လာရှိတဲ့ ရွှေလက်ငင်း ဈေးနှုန်းက ယနေ့ဖေဖော်ဝါရီလ ၁၅ ရက်တွင် သုညဒသမ ၁ ရာခိုင် နှုန်းကျဆင်းကာ ၁ဝ၉၁ ဒသမ ၈၅ ဒေါ်လာဖြစ်လာကြောင်း သိရပါတယ်။

Pages