Main menu

Background

အရည်အသွေးကောင်းမွန်မှကုန်သွယ်မှုပမာဏတိုးတက်မည်

Thu, 05/26/2016 - 11:22 -- journal_editor

  မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်မှသာမက အခြားသော တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ် နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရုတ် နိုင်ငံသို့ တင်ပို့နေတဲ့ လယ်ယာထွက်ကုန်သီးနှံ တွေ   အထူးသဖြင့် ဆန်တင်ပို့တဲ့ကိစ္စတွေမှာ မြန်မာနိုင်ငံ က ကုန်သည်အများစုဟာ အမြဲလိုလို  နစ်နာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ဒီနစ်နာမှုတွေကိုဖြေရှင်းပေးဖို့ ယခင်အစိုးရ လက်ထက်က တရုတ်နိုင်ငံ အစိုးရနဲ့ညှိနှိုင်းဆောင် ရွက်ခဲ့ပေမယ့်လည်း  မြန်မာ ကုန်သည်တွေ ဟာ တရုတ်နိုင်ငံရဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့  AQSIQ  ဆိုတဲ့စံသတ်မှတ်ချက်ကို မမီခဲ့တာကြောင့် တင်ပို့ ခွင့်ရသလောက် တင်ပို့နိုင်ခြင်းမရှိခဲ့တာကို တွေ့ရ ပါတယ်။ဒီအချက်တွေကြောင့် လည်း  တခြားသော ကုန်ပစ္စည်းအမယ်တွေ မှာပါ တရုတ်ကုန်သည်တွေ ရဲ့ဈေးနှိမ်ခြင်းကို ခံစားနေကြရတာကို သိရှိနေရ ပါတယ်။ ဒါကြောင့် မြန်မာကုန်သည်တွေ၊စိုက်ပျိုး  သူလုပ်ငန်းရှင်တွေအနေနဲ့မိမိတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတကာ က သတ်မှတ်ထား တဲ့ စံသတ်မှတ်ချက်တွေအတိုင်း လိုက်နာလုပ် ဆောင်ကြဖို့ လိုအပ်လှပါတယ်။
မူဆယ်မြို့ကအပြန်မှာတော့ ပြည်ထောင်စု ဝန်ကြီးနဲ့အဖွဲ့ဟာ    မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းပိုင်း တိုးချဲ့နေမှုများကို ကြည့်ရှုခဲ့ရာ မိုးရာသီအချိန် ရောက်တော့မှာဖြစ်လို့ လမ်းပိုင်းများ ပိုမိုကောင်း မွန်ရေးနဲ့ လမ်းပိတ်ဆို့မှု မဖြစ်ပေါ်ရေးတို့အတွက် လုပ်ဆောင်ကြရန် ပြည်ထောင်စုဝန်ကြီးက လမ်း  ညွှန်မှာကြားခဲ့ပါတယ်။
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်းတို့မှာ ဒေသခံ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး မှုတွေဟာ အားရစရာကောင်းလှပါတယ်။ဒါ့အပြင် ရွှေလီရတနာရိပ်သာမှာ တရုတ်နိုင်ငံမှ တာဝန်ရှိ သူများရဲ့ တင်ပြချက်တွေ၊ အပြန်အလှန်ဆွေးနွေး ချက်တွေဟာ နိုင်ငံတော်ရဲ့အဓိကရည်မှန်းချက် ဖြစ်တဲ့ ငါးနှစ်အတွင်း ပို့ကုန်သုံးဆတိုးမြှင့်ရေး ဆိုတဲ့ရည်မှန်းချက်ကို အောင်မြင်နိုင်မယ့် အလား အလာကောင်းတွေဖြစ် လာနိုင်မယ်ဆိုတာ ငြင်း လို့မရတဲ့အချက်တွေပဲဖြစ်ပါတယ်။
ပို့ကုန်သုံးဆတိုးမြှင့်ဖို့အတွက် တရားမဝင် ကုန်သွယ်မှုပပျောက်ဖို့၊ နယ်စပ်စခန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ဖို့၊ ကုန်သွယ်ရေးစခန်းများ အဆင့်မြှင့် တင်နိုင်ဖို့၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေဖို့၊ အဆင့်မီတဲ့ အရည်အသွေးရှိတဲ့ တန်ဖိုး မြှင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ဖို့   စတဲ့ အချက်တွေကို အောင်မြင်အောင်လုပ်ဆောင်ကြရ မှာဖြစ်ပါတယ်။