![](http://commercejournal.com.mm/sites/default/files/styles/large/public/field/image/8_24.jpg?itok=I_dusdTA)
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ၇၂၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၈၅၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၆၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉ တန်ခန့် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ် ရေးစခန်းမှ ကွမ်းသီးတင်ပို့မှု လျော့နည်းခဲ့ပေမယ့် ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီးများ ပိုမိုတင် ပို့ခဲ့တဲ့အတွက် ယခုလို ပိုမိုရခြင်းဖြစ်ပါတယ်။ တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၄၉ တန်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၅၀၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ရိဒ်ကုန်သွယ်ရေးစခန်းမှ ယခုတစ် ပတ်မှာ ကွမ်းသီးတစ်မျိုးသာ တင်ပို့ခဲ့ပေမယ့် တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၁ သန်းတန်ဖိုးရှိ နန့်ဖာလုံကုန်စုံ၊ ဘိလပ်မြေ၊ ပဲစင်းငုံတို့ကို ၁၁၇ တန် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ