Main menu

Background

ယခုကြံရာသီတွင် ကြံဝယ်ယူရန် စက်ရုံအများစု နောက်ကျနိုင်

Fri, 12/13/2019 - 11:21 -- journal_editor

       ယခု ကြံရာသီ (ဒီဇင်ဘာမှ ဧပြီလ) အတွင်း ကြံဝယ်ယူရန် စက်ရုံအများစု နောက်ကျနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်းမှ သိရသည်။ "ပြည်တွင်းမှာ သကြားစက်ရုံ ပေါင်း ၂၃ ရုံ ရှိပါတယ်။ လက်ရှိ ဒီထဲမှာ ဂရိတ်ဝေါနဲ့ နဝဒေးသကြားစက်ရုံ နှစ်ခုပဲစတင် ဝယ်နိုင်သေးတယ်။ ဒီစက်ရုံ နှစ်ခုပဲ ဈေးဖွင့်ဝယ်ယူနေတယ်။ နဝဒေး စက်ရုံက ကြံတစ်တန်ကို စက်ရုံအရောက် ဈေး ကျပ် ၄၅၀ဝ၀ ပေးပြီးတော့၊ ဂရိတ် ဝေါကလည်း စက်ရုံအရောက်ဈေး တစ်တန်ကို  ကျပ် ၄၁၅၀ဝ ပေးဝယ် တယ်။ စက်တွေက အဆင်သင့် ဖြစ်ပေ မယ့် စက်ရုံအလိုက် ကျန်ရှိနေတဲ့ သကြား လက်ကျန်အဟောင်းတွေကြောင့် ဈေး မဖွင့်နိုင်ကြသေးတာပါ" ဟု ယင်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဒီဇင်ဘာ ၄ ရက်တွင် ပြောသည်။ လက်ရှိတွင် တရုတ်နိုင်ငံမှ မြန်မာ့ သကြား ဝယ်ယူမှုကို ရပ်နားထားသည့် တစ်နှစ်အတွင်း စက်ရုံပိုင်ရှင်များနှင့် ကုန်သည်များ လက်ဝယ်၌ တန်ချိန်များစွာ ရှိနေခြင်းကြောင့် သကြား တစ်ပိဿာလျှင် ကျပ် ၉၀ဝ အောက် ကျဆင်းလျက်ရှိသည့်အတွက် အဆိုပါ သကြားများ ပြည်ပသို့တင်ပို့ရောင်းချ နိုင်မှသာ ကြံဈေးနှုန်းများ ပြန်လည် ကောင်းမွန်တော့မည်ဖြစ်ကြောင်း သိရ သည်။
     "စက်ရုံအများစုက ဒီဇင်ဘာ ဒုတိယပတ်နဲ့ တတိယပတ်လောက်ကျမှ ဝယ်ယူဖို့ ပြင်ဆင်နေကြတယ်။ ဒီအကျိုး ဆက်က တောင်သူတွေကို နစ်နာလာ စေမယ်။ ဒေသအလိုက် ဝယ်ယူမယ့် ရက်တွေ နောက်ကျလေလေ ကြံသိမ်း ချိန်   နောက်ကျလာပြီးတော့ ကြံရဲ့ အလေးချိန်ကို လျော့နည်းလာစေမှာ ဖြစ်တယ်။ နောက်တစ်ပိုင်းကလာမယ့် ကြံစိုက်ရာသီကို နောက်ကျနိုင်ပြီးတော့ နောက်ဆက်တွဲ ကြံအထွက်နည်းတာ တွေ ဖြစ်လာနိုင်တယ်။ ဒီနှစ် ကြံဈေး ကျဆင်းမှုဟာ လာမယ့်နှစ် ကြံစိုက်ပျိုး ဧကတွေ များစွာ လျော့နည်းလာစေ မယ်" ဟု ဦးဝင်းဌေးက သုံးသပ် ပြော ကြားသည်။
      ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကြံစိုက် ဧကပေါင်း ၄၄၀ဝ၀ဝ ကျော်၊ သကြား တန်ချိန်   ၄၅၀ဝ၀ဝ  ခန့်၊  ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် စိုက်ဧကပေါင်း ၃၉၀ဝ၀ဝ ကျော်၊ သကြားတန်ချိန် ၃၉၀ဝ၀ဝ ကျော်၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၄၀ဝ၀ဝ၀  ကျော်၊  သကြားတန်ချိန် ၃၇၀ဝ၀ဝ ကျော်၊ ၂၀၁၇-၁၈ ခုနှစ်က ကြံစိုက်ဧက ၄၀ဝ၀ဝ၀ ကျော်၊ သကြား  တန်ချိန် ၅၀ဝ၀ဝ၀ ကျော်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကြံစိုက်ဧက ၅၀ဝ၀ဝ၀ နီးပါး၊  သကြားတန်ချိန် ငါးသိန်းခန့် အသီး သီး ထွက်ရှိခဲ့ကြောင်း သိရသည်။ ၂၀၁၅-၁၆ ခုနှစ် ကြံရာသီချိန်အတွင်း ကြံတစ်တန်လျှင်ကျပ် ၅၀ဝ၀ဝ၊ ၂၀၁၆-၁၇ ခုနှစ်တွင် ကျပ် ၄၅၀ဝ၀၊ ၂၀၁၇-၁၈ ခုနှစ်တွင် ကျပ် ၄၁၅၀ဝ၊ ၂၀၁၈-၁၉ ခုနှစ်တွင် ၃၈၀ဝ၀ ကျပ်မှ ၄၀ဝ၀ဝ ကျပ် အသီးသီး ဈေးရရှိခဲ့ကြောင်း သိရသည်။

 

ပန်းဆု