Main menu

Background

ရက်ခြားသာ အရောင်းအဝယ်ဖြစ်သည့် ပြည်နှမ်း

Thu, 06/25/2020 - 11:43 -- journal_editor

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းအဝင် မရှိသော်လည်း လှောင်နှမ်းလက်ကျန်များဖြင့် ရက်ခြားသာအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နွေနှမ်းများပေါ်ချိန်ဖြစ်သော်လည်း တချို့တောင်သူများက မိုးကြိုနှမ်းနှင့် မိုးနှမ်းစိုက်ပျိုးရန်အ တွက် မျိုးအဖြစ်ပြန်ထားကြသဖြင့် ဈေးကွက်သို့ရောက်ရှိမလာသည်ကိုတွေ့ရသည်။ ဈေးကွက်တွင် အရောင်းအဝယ်မှာ လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေသည်။ ခုတစ်ပတ်နှမ်းနီမှာ ဒေသတွင်းဆီစက်သမားများက အဝယ် ပြန်လိုက်လာ၍ တစ်တင်းလျှင် ကျပ်၃၉၀ဝ၀ ဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်ပြီး အိတ် ၅၀-၆၀ ခန့်သာ ရက်ခြား အရောင်းအဝယ်ဖြစ်သည် ကိုတွေ့ရသည်။ နှမ်းနက်မှာ ဝယ်လက်ပါးသွားသည့်အတွက်  တစ်တင်းလျှင် ကျပ် ၄၁၆၀ဝ ဖြင့် ယခင်တစ်ပတ်ထက် ဈေးပြန်ကျလာပြီး၊ စမုံနက်နှမ်းမှာ တစ်တင်းလျှင် ကျပ် ၆၁၆၀ဝ ဖြင့် အောင်လံနှင့်မန္တလေးဘက်မှ အဝယ်ရှိသည့်အတွက် အိတ် ၅၀-၆၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

 

ဝေဝေမင်း (ပြည်)