Main menu

Background

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိပါစေ

Fri, 08/16/2019 - 10:54 -- journal_editor

    တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အထူး ရန်ပုံ ငွေတစ်ရပ် ပေးအပ်ထားသည်။ ယင်းရန်ပုံငွေမှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေဟု အမည်ရသည်။ ယင်းအထူးရန်ပုံ ငွေဖြင့် မြန်မာနိုင်ငံတွင် ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း ၁၂ ခု အကောင်အထည်ဖော်မည်။ ယင်းရန်ပုံငွေ ပေးအပ်ထောက်ပံ့ခြင်းသည် ဒုတိယအကြိမ် ဖြစ် သည်။ ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ စတင် ကြောင်း  အသိပေးကြေညာခြင်း  အခမ်းအနား တစ်ရပ် ကျင်းပခဲ့သည်။

      အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အထူးရန်ပုံငွေဖြင့် ဆောင် ရွက်မည့် စီမံကိန်းများ ကြိုးပမ်းအကောင်အထည် ဖော်သွားမည့်အကြောင်း ပြောကြားခဲ့သည်။ ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက် လျှော့ချရန်နှင့် အာဆီယံ အသိုက်အဝန်းတည်ထောင်မှုကို အထောက်အကူ ပေးရန်၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်မှု အစီအစဉ် ၂၀၃၀ ရည်မှန်းချက်ကို တိုး မြှင့်အကောင်အထည်ဖော်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်သွား ရန်ဟူသော ရည်ရွယ်ချက်များဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်းများဖြင့် စီမံကိန်းဒေသများရှိ တောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများတို့ ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ သာယာဝပြော မှုကို တိုးမြှင့်ပေးရေး ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ယခု ဒုတိ ယအကြိမ်ရရှိသော အထူးရန်ပုံငွေသည် ဒေါ်လာ ငါး သန်းဖြစ်သည်။

      တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင် က တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရအကြား မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် အကောင် အထည်ဖော်မည့် စီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာ သန်းထိုက်ကလည်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအရ   နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြသည်။ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့် ထွန်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ အထူးရန်ပုံငွေအောက်မှ ပထမအသုတ် စီမံကိန်းငါးခုအား အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့မှုများအကြောင်းကို ရှင်းလင်း တင်ပြသည်။ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဆွေလင်းက မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေအောက်မှ ဒုတိယအကြိမ် စီမံကိန်း ၁၂ ခုနှင့်ပတ်သက်ပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။

       မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး ဟူသည် တရုတ်နိုင်ငံနှင့် မဟာမဲခေါင်ဒေသ ငါး နိုင်ငံဖြစ်သော ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး မဲခေါင်ဒေသ တွင်း နိုင်ငံများ၏ နိုင်ငံရေး၊ လုံ ခြုံရေး၊ စီးပွားရေး နှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင် ရွက်ရေး အစီအစဉ်တစ်ရပ် ရေးဆွဲထားခြင်းဖြစ် သည်။ ယင်းအစီအစဉ်ကို မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးစနစ်ဟုလည်း ခေါ်သည်။ ယင်းသို့ မဲေ ခါင်ဒေသတွင်း နိုင်ငံများဖွံ့ဖြိုးတိုးတက်စေရေး  စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ရေး အတွက် တရုတ်နိုင်ငံက အထူးရန်ပုံငွေတစ်ရပ် ထူ ထောင်ခဲ့ပြီး ဒေါ်လာသန်း ၃၀ဝ မတည် စိုက်ထူ တည်ထောင်ပေးထားသည်။ ယခုမြန်မာနိုင်ငံသို့ အထူးရန်ပုံငွေ ဒေါ်လာငါးသန်း ဒုတိယအကြိမ် ပေးအပ်ထောက်ပံ့ခြင်းသည် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်း ၁၂ ခုဆောင်ရွက်ဖို့အတွက် ဖြစ်သည်။ ယင်း စီမံကိန်း ၁၂ ခုသည် ဦးစားပေးအဖြစ် ရွေးချယ် ထားခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ စီမံကိန်းစုစုပေါင်း ၂၃ ခုကို အဆိုပြုခဲ့သည်။ စီမံကိန်း ၁၂ ခု ရွေးချယ်ခံရပြီး အထူးရန်ပုံငွေဒေါ်လာ ငါးသန်းဖြင့် အကောင် အထည်ဖော်မည်ဖြစ်သည်။ အကောင်အထည်ဖော် ဆောင်ရွက်မည့်အခန်းကဏ္ဍများမှာ ဦးစားပေး ကဏ္ဍ ကနဦးအဆင့်အနေဖြင့် ပေါင်းစည်းဆက် နွှယ်မှု (Connectivity)၊ ထုတ်လုပ်မှု စွမ်းရည်ပူး ပေါင်းဆောင်ရွက်မှု (Production Capacity Coo-peration)၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (Cross-border Economic Coo-peration)၊ ရေအရင်းအမြစ် (Water Resources)  စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး (Agriculture and Poverty Reduction) စသည့် ကဏ္ဍငါးခုတို့ဖြစ်သည်။ ယင်းဦးစားပေး ကဏ္ဍငါးခု ကနဦးအဆင့် ဆောင်ရွက်မည့် စီမံကိန်း များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများက ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဩဂုတ် ၁ ရက်ထုတ် ကြေးမုံ သတင်းစာဖော်ပြချက် အရ သိရသည်။ ဤ တွင် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုစနစ်အကြောင်း ရှင်းပြဖို့လိုလာပါ သည်။

      မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စနစ် (အစီအစဉ်)ဟူသည် မဲခေါင်မြစ်နှင့် လန်ချန်း မြစ် မြစ်ဝှမ်းဒေသနိုင်ငံများ ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ကူညီ ထောက်ပံ့ရေးအစီအစဉ်ဖြစ် သည်။ မဟာမဲခေါင် ဒေသနိုင်ငံ များဖြစ်သော တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့ပါဝင်သည်။ မဲခေါင် ဒေသငါးနိုင်ငံ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်သည်။ တရုတ်နိုင်ငံသည် မဲခေါင်မြစ်ဝှမ်းဒေသ အာဆီ ယံအဖွဲ့ဝင် ငါးနိုင်ငံနှင့် ချိတ်ဆက်ထားပြီး ဒေသ ဆိုင်ရာ ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း ရေး၊ နယ်စပ်ဖြတ်ကျော်ပြဿနာများ ဖြေရှင်း ရေးနှင့် ဒေသတွင်းနိုင်ငံများ ဆင်းရဲနွမ်းပါးမှု လျှော့ ချရေးတို့အတွက် ရည်ရွယ်ပြီး အထူးရ န်ပုံငွေ တစ်ရပ် ထူထောင်ပေးထားခြင်း ဖြစ်သည်။

    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စနစ် ပေါ်ပေါက်လာပုံမှာ မြန်မာနိုင်ငံ နေပြည်တော် က စတင်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်ရေးစနစ်ကို ၂၀၁၄ ခုနှစ်က နေပြည်တော်၌ ကျင်းပသည့် တရုတ်- အာ ဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ပထမဆုံးအကြိမ် အဆို ပြုခဲ့ကြသည်။ ၂၀၁၆ ခုနှစ် မတ်လတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပထမအကြိမ် ခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် စန်းရမြို့၌ ကျင်းပခဲ့သည်။ ယင်း အစည်းအဝေးက မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်မှုစနစ် စတင်ပေါ်ပေါက်ပြီဖြစ်ကြောင်း တရား ဝင်ကြေညာခဲ့သည်။ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ အစီအစဉ် အရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ ထောက်ပံ့ ကူညီရန်ပုံငွေများ ရရှိနေသည်။ ယင်းရန်ပုံငွေသည် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝ သာယာဝပြောေ ရး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် စီမံ ကိန်းများဆောင်ရွက်ရာတွင် အသုံးပြုဖို့ဖြစ်သည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူး ရန်ပုံငွေအစီအစဉ်အရ ၂၀၁၈ ခုနှစ် စီမံ ကိန်းထောက်ပံ့ကြေးပေးခြ င်း သဘောတူစာချုပ် တရုတ်-မြန်မာနှစ်နိုင်ငံ လက်မှတ်ရေးထိုးခြင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် နေပြည် တော်၌ ပြုလုပ်ပြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် တရုတ် နိုင်ငံ သံအမတ်ကြီးဟောင်း မစ္စတာဟုန်လျန်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသဘောတူ စာချုပ်လက်မှတ်ရေးထိုးခြင်းသည် ဒုတိယအကြိမ် အထူးရန်ပုံငွေအတွက် ဖြစ်သည်။ ယင်းရန်ပုံငွေ ဖြင့် ဒုတိယအသုတ် ၂၀၁၈ စီမံကိန်း များ ဆောင် ရွက်မည်။

     ဇူလိုင် ၃၁ ရက်က နေပြည်တော်၌ အခမ်း အနားပြုလုပ်ခြင်းသည် အထူးရန်ပုံငွေဖြင့် ဒုတိယ အသုတ်စီမံကိန်း ၁၂ ခုကို စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပါပြီဆိုသည့်အကြောင်း တရုတ် နိုင်ငံအပါအဝင်  ကျန်မဲေ ခါင်ဒေသအဖွဲ့ဝင် လေးနိုင်ငံတို့ သိအောင်ကြေညာလိုက်သည့်သဘော ဖြစ်သည်။ သုံးသပ်ရလျှင် မြန်မာနိုင်ငံအဖို့ တရုတ် နိုင်ငံထံမှ မည်သည့်ခေါင်းစဉ်ဖြင့် ထောက်ပံ့ကူညီ ပေးသည့် ရန်ပုံငွေများရရ၊ ရသမျှသည် မိမိတိုင်း ပြည်နှင့် ပြည်သူများအတွက်ချည်းသာဖြစ်၍ ဝမ်း မြောက်ဝမ်းသာကြိုဆိုရပါမည်။ သို့သော် ရန်ပုံငွေ များဖြင့်  ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင် အထည်ဖော်လျှင် စီမံကိန်းအဆင့်ဆင့်တာဝန်ရှိသူများ ရန်ပုံငွေလေလွင့် ဆုံးရှုံးခြင်း မရှိအောင် တော့ အထူးဂရုစိုက်ကြပ်မတ်ဖို့လိုပါမည်ဟု သုံး သပ်ချင်ပါသည်။

 

မောင်လွင်ပြင်