Main menu

Background

AEC SHOWCASE GATEWAY TO AEC MARKET သို့ ခြေလှမ်းပြင်နေတဲ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ (၅၅)ကြိမ်မြောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲသို့ လေ့လာရေးတစ်ခေါက်

Thu, 03/19/2015 - 16:51 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

       ထိုင်းနိုင်ငံ  ဗန်ကောက်မြို့တွင်  ထိုင်းနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင် ရာကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနတို့မှ ဦးဆောင်၍ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပပြု လုပ်ခဲ့သည့် 55th  Bangkok Gems & Jewelry Fair 2015 ပြပွဲသို့ သွား ရောက်လေ့လာခွင့်ရ ရှိခဲ့ပါတယ်။
စီးပွားရေးပညာရှင် ဒေါက်တာလှမြင့် ပြောသကဲ့သို့ Outward Looking  ဆိုတဲ့ အပြင်ထွက်ကြည့်ခိုင်းတဲ့ စကားလုံးရဲ့  တန်ဖိုးကို ထိုင်းလေဆိပ် ရောက်စဉ်ကတည်းက သိရှိလိုက်ရပါ တယ်။ မြင်သမျှ၊ တွေ့သမျှ ကြီးကျယ်ခမ်းနားတဲ့ ခံစားမှုအသိအမြင်တွေ စတင် လေ့လာခွင့်ရရှိခဲ့ပါတယ်။ ကိုယ့်မြေ၊ ကိုယ်ရေ၊ ကိုယ့်နိုင်ငံနှင့် ခြံစည်း ရိုးကပ်နေတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြင်ရတော့ ငါတို့ နိုင်ငံ ဒီလိုအခြေအနေမျိုး ဘယ်တော့ရောက်နိုင်မလဲ၊ အချိန်တွေ ဘယ်လောက်ယူရ အုံးမလဲ၊ ငါတို့နိုင်ငံမှာ လုပ်စရာတွေအများကြီး လိုနေသေးပါလားဆိုတဲ့ အသိတွေရခဲ့သလို ငါလည်း တော်တော်ညံ့ လို့ အခုမှ အပြင်ထွက်ကြည့်ခွင့်ရတာပါလားလို့ သုံးသပ်မိပါတယ်။
   လွန်ခဲ့တဲ့  ၂၀၀၃  ခုနှစ်   ၁၂ နှစ်တာ ကာလလောက်က စင်ကာပူနိုင်ငံကိုFDI    ခေါ် ၤ Foreign  Direct  Investment  Workshop  သွားခဲ့စဉ်ကလည်း အဲဒီနိုင်ငံရဲ့ သန့်ရှင်းမှုနှင့် ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့ခဲ့ရပြီး စင်္ကာပူနိုင်ငံထူထောင်ဖို့ လီကွမ်းယူဟာ မြို့တော် ရန်ကုန်ကို လာရောက်လေ့လာပြီး စင်္ကာပူနိုင်ငံကို ထူထောင်ခဲ့ ကြောင်း မှတ်သားခဲ့ဖူးပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ် ၅၀ လောက် က ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ဈေးဝယ်ဖို့အတွက် ှ့ Shopping လာ ခဲ့ရတယ်လို့MJC  က Marketing  Management သင်တဲ့ ဂျပန် ဆရာက ပြောပြလို့ သိခဲ့ရပါတယ်။ ဒါဆို ငါတို့ နိုင်ငံ အခုဘာလို့ နောက်ကျကျန်ခဲ့ရတာလဲဆိုတော့ အပြင်ထွက်ကြည့်ခွင့် မရခဲ့ကြ လို့ပါဆိုတဲ့အဖြေကို ပြန်ရပါတယ်။
55th  Bangkok Gems & Jewelry Fair 2015 ပြပွဲ ဖွင့်ပွဲအခမ်း အနားကို ဖေဖော်ဝါရီ  ၂၄ ရက်နေ့က  ဗန်ကောက်မြို့ရှိRoyal Jubilee Ballroom, Impact  Muang  Thong Thani  မှာ  ကျင်းပရာ ထိုင်း နိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စား ထိုင်းနိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်က AEC  SHOW  CASE အား ရွှေသော့ဖြင့် အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့ပါတယ်။
 အဲဒီပြပွဲမှာ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ပြခန်းပေါင်း ၃၅၀၀ ကျော် လာရောက်ပြသခ ဲ့ကြပါတယ်။  Myanmar  Pavilionအနေဖြင့် အခန်း ၆ခန်းတွင် ပြသသူပေါင်း ၁၃ ဖွဲ့ ပါဝင်ပြသခဲ့ပါတယ်။
ပြခန်းတွင်ဝင်ကြေးအဖြစ်လူတစ်ဦး လျှင် ထိုင်းဘတ်ငွေ ၁၀၀ နှုန်းဖြင့်  ကောက်ခံခဲ့တာကို တွေ့ရပါတယ်။ ဒါ့ ပြငGIT လို့ ခေါ်တဲ့ The  Gem  &  Jewelry  Institute  Of  Thailand  (Public  Organiza-tion) ရဲ့ ကျောက်မျက် အခမဲ့စမ်းသပ်စစ်ဆေးခြင်းတို့ကိုလည်း ဝန်ဆောင်မှုတစ်ခုအနေဖြင့် တွေ့ ရှိရပါတယ်။
အာဆီယံနိုင်ငံများအပြင် နိုင်ငံ တကာမှလာရောက်ပြသကြတဲ့ ကျောက်မျက်နှင့်လက်ဝတ်ရတနာများရဲ့ ခေတ်မီ လှပဆန်းသစ် သော ဒီဇိုင်းများ၊ ထုပ်ပိုးမှုအသွင်များ၊  ခင်းကျင်းပြသထားမှုများနဲ့ နည်းပညာအဆင့်အတန်းများ  မြင့်မားကောင်းမွန်မှုကို လေ့လာ တွေ့ရှိရပါတယ်။   ပြပွဲနဲ့အတူ   ဖေဖော်ဝါရီ ၂၅၊ ၂၆၊ ၂၇ ရက်နေ့  တို့တွင်ဆွေးနွေးပွဲများကျင်းပပြီး  ပြပွဲအတွက်  Evaluation Form  တွင် မေးခွန်း ၁၄ ခုခန့် ဖြည့်စွက်၍ အကဲဖြတ်ပေးရပါတယ်။ ဒီလို နှစ်စဉ် Evaluation Form  များရဲ့ရလဒ်နဲ့   (၅၅) ကြိမ်မြောက်  ပြီး ပြည့်စုံသောကျောက်မျက်နဲ့ လက်ဝတ်ရတနာပြပွဲကြီးတစ်ခု ကျင်းပ နိုင်ခဲ့တာဖြစ်မယ်လို့လည်း ထင်မြင်မိ ပါတယ်။ လာမည့် စက်တင်ဘာ လတွင် ကျင်းပပြုလုပ်မည့် ကျောက်မျက်ပြပွဲအတွက် ကြိုတင်ဖြည့် စွက်ရမည့် ပုံစံများထားရှိပေးခြင်းဖြင့် လာရောက်လေ့လာသူ၊ ပြပွဲ ပြသသူများ၊ ဝယ်ယူသူများ၊ ထုတ်လုပ်ရောင်းချသူများအနေဖြင့် ကြိုတင်ပြင်ဆင်ခွင့် ရရှိနိုင်တဲ့ အခွင့်အလမ်းကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီပြပွဲငါးရက်တာ လေ့လာတွေ့ ရှိချက်များအရ  ခင်းကျင်းပြသ မှု၊ ဒီဇိုင်း၊ နည်းပညာ၊ ဝန်ဆောင်မှုများတွင် အခြားနိုင်ငံများက မိမိတို့ နိုင်ငံထက် သာသော်လည်း မိမိနိုင်ငံရဲ့  ကျောက်မျက်နှင့် လက်ဝတ် ရတနာများရဲ့ အရည်အသွေးကတော့ နိုင်ငံတကာထက် သာလွန် တာကို တွေ့ရပါတယ်။ ဒါကြောင့် မြန်မာ့ကျောက်မျက်ရတနာတွေ ကို အသိအမှတ်ပြု  လက်ခံကြိုက်နှစ်သက်ကြတာကို တွေ့ရှိရတဲ့ အတွက် ဂုဏ်ယူဝမ်းသာစရာတစ်ခုဖြစ်ပါတယ်။
ကျောက်မျက်   အရောင်းဆိုင်တိုင်း  ရောင်းချရမှုပမာဏနဲ့ တန်ဖိုးများနည်းပါးပြီး   ဈေးကွက်တွင်   ဝယ်လိုအား   နည်းလျက်ရှိ ကြောင်းသိရပြီး  လွန်ခဲ့တဲ့ သုံးနှစ်ခန့်မှစ၍ ကျောက်မျက်ဈေးကွက် အခြေအနေယိမ်းယိုင်နေတယ်လို့ လည်း ကုန်သည်များထံမှ သိရပါ တယ်။
လုံခြုံရေးစနစ်နဲ့  ဆက်သွယ်ရေး စနစ်များ  အားကောင်းပေ မယ့် နိုင်ငံတကာပွဲဖြစ်သည့်အတွက် အုပ်စုလိုက် လိမ်လည်မှု၊ ခိုးယူ မှုများလည်း ကြားသိရပြီး ပြပွဲတွင် ဖမ်းမိခြင်း၊ လေဆိပ်တွင် ဖမ်းမိ ခြင်းတို့ကလည်း လုံခြုံရေးနဲ့  ဆက်သွယ်ရေးစနစ် အားကောင်းမှုကို အတုယူသင့်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။
ဒီ (၅၅) ကြိမ်မြောက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ကျင်းပတဲ့ ကျောက်မျက်နဲ့  လက်ဝတ်ရတနာပြပွဲ အတွေ့ အကြုံများအရ ထိုင်း နိုင်ငံနဲ့  မိမိတို့နိုင်ငံ နှိုင်းယှဉ်ကြည့်ပါက မိမိတို့နိုင်ငံမှ ကုန်သည်များ ဟာ အခြေခံအဆောက်အအုံ၊ လျှပ်စစ်မီး၊ လုံခြုံရေးစနစ်နဲ့   စည်းကမ်း စနစ်များ၊ နည်းပညာ၊ ဒီဇိုင်းနဲ့  ထုပ်ပိုးမှုစနစ်အပြင် ပြည်ပအတွေ့ အကြုံအားနည်းမှုများရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။
မိမိတို့နိုင်ငံ၏အားသာချက်အနေဖြင့် အရည်အသွေးကောင်း ကျောက် မျက်တွင်းထွက်သဘာဝသယံဇာတများ ပေါကြွယ်ဝခြင်းဖြစ် ပြီး ကျောက်မျက်ကုန်သည်များအနေဖြင့် နိုင်ငံတကာပွဲများမှ အတွေ့ အကြုံများရယူ ပြီး  အားနည်းချက်များ ပြုပြင်နိုင်တဲ့ အခွင့်အလမ်းနှင့် နည်းပညာ၊ ဒီဇိုင်းနှင့် ဈေးကွက်အခြေအနေများကို လေ့လာနိုင်တဲ့ အခွင့်အလမ်းများ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီ (၅၅) ကြိမ်မြောက် ကျောက်မျက် ရတနာ ပြပွဲရဲ့ Mission တစ်ခုဖြစ်တဲ့ AEC  SHOWCASE  GATEWAY   TO  AEC MARKET  သို့ ခြေလှမ်းပြင်နေကြတဲ့ အခြားနိုင်ငံ များနည်းတူ မိမိတို့ နိုင်ငံအနေဖြင့်လည်း     အေအီးစီဈေးကွက်သို့   ဝင်ရောက်နိုင်ရေး ကြိုတင်ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ မိမိနိုင်ငံတွင် ပြည်တွင်းဈေးကွက် ယခုထက် ပိုမိုကျယ်ပြန့်အောင်ကြိုးစားမှသာ ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်မှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှ ကျောက်မျက်ကုန်သည် လုပ်ငန်းရှင်များကလည်း ဒီလို နိုင်ငံတကာပွဲများလက်ခံကျင်းပပြီး ဂုဏ်သိက္ခာရှိရှိ ရောင်းချချင်ကြတဲ့ တူညီသော ဆန္ဒရှိကြောင်း သိခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် ကုန်သည်တိုင်း ပြည်ပဈေးကွက် ပိုမိုစိတ်ဝင် စားလာစေရန် ွGems & Jewelry Export  ဈေးကွက် တိုးချဲ့ရေးအလုပ်ရုံ ဆွေးနွေးပွဲများလည်း ပြုလုပ်ဆောင်ရွက်ပေးဖို့ လိုအပ်မှာဖြစ်တယ် လို့ သုံးသပ်မိပါတယ်။
ဒါ့အပြင် ၂၀၁၅ ဒီဇင်ဘာနောက်ပိုင်း AEC ဝင်ရောက်လာ ပါက ဒေသတွင်း နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရေး၊ ဒီဇိုင်း၊ နည်းပညာနဲ့ ထုပ်ပိုးမှုများအတွက် ထိုင်းနိုင်ငံ ကျောက်မျက်သင်တန်းကျောင်းနဲ့ ချိတ်ဆက်၍ သင်တန်းသားများ စေလွှတ်သင်ကြားနိုင်ရေး ကျောက် မျက်အသင်းနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
ကျောက်မျက်ကုန်သည်များအနေနဲ့ လည်း မိမိတို့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် မှုမြှင့်တင်ရေးဦးစီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ပုဂ္ဂလိကများ၊ အသင်း အဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်မှသာ ပြည်တွင်းဈေးကွက်မှတစ်ဆင့် ပြည်ပဈေးကွက်သို့ ထိုး ဖောက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း နားလည်သဘောပေါက် ရန် လိုအပ်ပါတယ်။
ဒါ့အပြင်ဌာနဆိုင်ရာများရဲ့  စီးပွားရေးမူဝါဒများ၊ လုပ်ထုံးလုပ် နည်းများ၊ လမ်းညွှန်ချက်များကိုလည်း   သိရှိလိုက်နာရန်နဲ့  အသင်း အဖွဲ့တစ်ခုတည်း ရပ်တည်ဆောင်ရွက်၍ မရနိုင်ကြောင်း နားလည် သဘောပေါက်ဖို့ လိုအပ်ပါ တယ်။ ထို့ပြင် ကျောက်မျက်ကုန်သည် အချင်းချင်း ပြည်ပအတွေ့အကြုံရှိပြီး သူများအနေနဲ့လည်း အတွေ့ အကြုံမရှိသေးသူများအား  လက်တွဲခေါ်ယူရမှာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာပွဲမျိုးကို မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ၅ နှစ် ၊ ၁၀နှစ် စသည့် စီမံကိန်းများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်မည် ဆိုပါကလည်း မိမိနိုင်ငံအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာနိုင်ပြီး ခရီး သွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စားသောက် ဆိုင်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန် လုပ်ငန်း၊ ဒေသထွက်ကုန်နှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များပါ ကျွဲကူး ရေပါဆိုသလို ဖွံ့ဖြိုးတိုးတက်လာမှာဖြစ် ကြောင်း ထပ်လောင်းအကြံပြု လိုပါတယ်။
ကျောက်မျက်ကုန်သည်များ အနေဖြင့်လည်း ရှေ့လာမည့်  စက်တင်ဘာလပွဲအတွက် ယခုပွဲမှ တွေ့ကြုံရသော အခက်အခဲများ၊ ဖြေလျော့သင့်သည့်အချက်များ ၊ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေး လိုအပ်ချက်များအတွက် ပူးပေါင်းညှိနှိုင်းအဖြေ ရှာရင်း ဌာနဆိုင်ရာ များ၏ လမ်းညွှန် မှု၊ ကြီးကြပ်မှု၊ ပို့ကုန်သွင်းကုန် ဥပဒေ များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ထားကြဖို့ လိုအပ်မှာ ဖြစ်ကြောင်းလည်း အကြံပြုတင်ပြရင်း (၅၅) ကြိမ်မြောက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ကျင်းပတဲ့  ကျောက်မျက် နဲ့   လက်ဝတ်ရတနာပြပွဲ အတွေ့အကြုံများကို ပြန်လည်မျှဝေတင်ပြ လိုက်ပါတယ်။