Main menu

Background

ပညာရှင် ဝန်ထမ်းရရှိရေးနဲ့ဖွံ့ ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုများနဲ့ စင်ကာပူမိသားစုလုပ်ငန်းများ ရင်ဆိုင်နေရ

Fri, 11/13/2015 - 18:42 -- journal_editor

ကုမ္ပဏီများရဲ့ ရေရှည်အနာဂတ် အတွက် ပညာရှင်ဝန်ထမ်းရရှိရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးများကို အဓိကစိန်ခေါ်မှု များအဖြစ် စင်ကာပူမိသားစု စီးပွားရေး လုပ်ငန်းများက ရှုမြင်နေကြတယ်လို့ ယူ နိုက်တက် အိုဗာဆီးဘဏ် (United Overseas Bank - UOB) နဲ့ စင်ကာပူစီမံ ခန့်ခွဲရေးတက္ကသိုလ် မိသားစုစီးပွားရေး လုပ်ငန်းသိပ္ပံတို့က နိုဝင်ဘာလ ၂ ရက် မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားကြောင်း  CNA  သတင်းဌာနမှာ ဖော်ပြပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက် ရာမှာ တည်ငြိမ်မှုနဲ့  ရေရှည်ဆက်လက် တိုးတက်မှုတို့ကို အချိုးညီညီဖြစ်ပေါ် ရေးအတွက် အထူးအလေးပေးဆောင် ရွက်နိုင်ရန် စင်ကာပူမိသားစုစီးပွားရေး လုပ်ငန်း ငါးခုအနက် လေးခုက အလိုရှိ ကြောင်း စစ်တမ်းအရ သိရပါတယ်။တရုတ်နိုင်ငံနဲ့    အရှေ့တောင် အာရှရဲ့      တခြားနိုင်ငံတွေမှာရှိကြတဲ့ မိသားစုလုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ပါက ထို စီးပွားရေးလုပ်ငန်းများကဆုံးရှုံးနိုင်ခြေရှိတဲ့  အန္တရာယ်ကို ရှောင်ရှားလို စိတ်ပိုရှိကြပြီး ၂၉ ရာခိုင်နှုန်းကသာ စွန့်စားပြီး ဆောင်ရွက်လိုတဲ့သဘောရှိပါ တယ်။ စစ်တမ်းမှာပါဝင်တဲ့ တခြားနိုင်ငံ များမှာ တရုတ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေး ရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်ပါတယ်။
စင်ကာပူရှိ မိသားစု စီးပွားရေး လုပ်ငန်းများအနက် စင်ကာပူစတော့ ဒိုင်(SGX)  များ စာရင်းဝင်တဲ့ ကုမ္ပဏီ က ကုမ္ပဏီစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း ရှိပါတယ်။စင်ကာပူရှိ   မိသားစုစီးပွားရေး လုပ်ငန်းများကို ဒုတိယမျိုးဆက်က ဦး ဆောင်လည်ပတ်လျက်ရှိပြီး တတိယ မျိုးဆက်လက်ထဲသို့ လွှဲပြောင်းပေးနိုင် ရန် ကြိုးပမ်းလျက်ရှိကြောင်း အစီရင် ခံစာတင်သွင်းရာမှာပါဝင်သူ  ပါမောက္ခ အန်နီခိုးက ပြောပါတယ်။ တတိယမျိုး ဆက်ကို လွှဲပြောင်းပေးတဲ့အခါမှာ ကုမ္ပဏီ ရေရှည် တည်တံ့ရေး က  အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ကြောင်း သူမက ပြောပါတယ်။''တချို့မိသားစုပိုင်  လုပ်ငန်းတွေ မှာ မိသားစုဝင်မဟုတ်တဲ့    သူတွေက ကုမ္ပဏီနဲ့အတူ ကြီးပြင်းလာကြသူတွေ ဖြစ်ကြပါ တယ်။ စီမံခန့်ခွဲမှုထဲမှာ ပါဝင် သူတချို့ရဲ့ကလေးတွေက စီးပွားရေး လုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေ ဖြစ်နေ တဲ့ အတွက် မူလ မိသားစုဝင်မဟုတ် တဲ့သူတွေကပိုမိုပြီး ယုံကြည်အားကိုး ထိုက်သူတွေ ဖြစ်နေတာကိုတွေ့ရပါ တယ်'' လို့ သူမကပြောပါတယ်။''အာရှစီးပွားရေးလုပ်ငန်း မိသား စု အတော်များများက လုပ်ငန်းတွေ ကို နောက်မျိုးဆက်ကို လွှဲပေးဖို့ ပြင်ဆင် နေကြပြီဖြစ်ပါတယ်။     ဒါကြောင့် လုပ်ငန်းဆက်လက်ကြီးထွားပြီး ယှဉ်ပြိုင် နိုင်မှုစွမ်းရည် ဆက်လက်မြင့်တက်နေဖို့ အတွက် ပညာရှင်တွေရဲ့ အကူအညီ လိုအပ်ကြောင်း သူတို့က အသိအမှတ် ပြုကြပါတယ်''လို့  UOB  ဘဏ် အုပ်ချုပ် မှုဒါရိုက်တာ     မစ္စတာအီရစ်သမ်းက ပြောပါတယ်။