Main menu

Background

ဗီယက်နမ် ဆန်ပို့ကုန်လုပ်ငန်း ၂၀၁၇ ခုနှစ်တွင် အခက်အခဲ ထပ်မံကြုံတွေ့နိုင်

Fri, 02/03/2017 - 12:56 -- journal_editor

       အခက်အခဲများနှင့် ကြုံတွေ့နေရသော်လည်း ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း ဆန်တန်ချိန် ငါးသန်းကို ပြည်ပသို့တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဗီယက်နမ်အစားအစာအသင်းက ပြော ကြောင်း ဗီယက် နမ်နယူးစ်သတင်းတွင် ဖော်ပြသည်။ ဗီယက်နမ် အစားအစာအသင်း၏ ၂၀၁၆ ခုနှစ် လုပ်ငန်းဆောင် ရွက်မှု ပြန်လည်လေ့လာသုံးသပ်ရေး အစည်းအဝေးကို ဟိုချီမင်းစီးတီး တွင် ဇန်နဝါရီ ၂၃ ရက်က ကျင်းပခဲ့သည်။ ၂၀၁၆ ခုနှ စ်က ဗီယက်နမ်နိုင်ငံ သည် ဆန်တန်ချိန် ၄ ဒသမ ၈၉ သန်းကို  ရောင်းချခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံ ရှိခဲ့သည့်အတွက် ပမာဏ အားဖြင့် ၂၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး တန်ဖိုးအားဖြင့် ၂၀ ဒသမ ၅၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အသင်းအတွင်းရေးမှူး Huynh Min Hue က ပြောသည်။ ယခင်နှစ်က ကမ္ဘာ့ဈေးကွက်တွင် ဆန်ရောင်းလိုအား အဆမတန် မြင့်တက်ခဲ့သည့်နည်းတူ မကြာသေးမီကာလအတွင်း  ဆန်တင်သွင်းသော နိုင်ငံများ၏ ပြည်တွင်းထုတ်လုပ်မှု မြင့်တက်ပြီး သွင်းကုန်လျော့ကျခဲ့သည် ကို တွေ့ရသည်။
         ရောင်းလိုအားသည် ဝယ်လိုအားထက်မြင့်မားမှုနှင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်မှုလည်း ပြင်းထန်လာသည့်အတွက် ဗီယက်နမ်ဆန် တင်ပို့မှုသည် ယခုနှစ်တွင် အခက်အခဲနှင့် ထပ်မံကြုံတွေ့နိုင်မည့် အလားအလာရှိသ ည်။ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် သြစတြေးလျ၊ မြန်မာ၊ ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ထိုင်းနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် ဆန်စပါးစိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးခဲ့သည်။ ထို့ကြောင့် ယခင်နှစ်က ကမ္ဘာ့ဆန်ထုတ်လုပ်မှုမှာ ၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန်သန်း ၄၈၀ အထိ ရောက်ရှိခဲ့ ကြောင်း အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို ကိုးကားပြီး သူက ပြောသည်။ ကမ္ဘာ့ဆန်တင်ပို့မှုက လည်း ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက် ပြီး တန်ချိန် ၄၀ ဒသမ ၆ သန်းရှိကြောင်း သူကပြောသည်။ ဆန်သိုလှောင်လက်ကျန်မှာလည်း  လွန်ခဲ့သော သုံးနှစ်အတွင်း တိုးတက်မြင့်မားလာခဲ့ပြီး ၂၀၀၁-၂၀၀၂ ခုနှစ်နောက်ပိုင်း အြ မင့်ဆုံးဖြစ် ခဲ့ကြောင်း သူကပြောသည်။ အခက်အခဲများရှိနေသော်လည်း ဆန်ထုတ် လုပ်ရေးလုပ်ငန်းက လယ်သမားများ ထုတ်လုပ်နိုင်သလောက်ကို ရောင်း ချနိုင်အောင် ဆောင်ရွက်ပေးပြီး ယခင်နှစ်ကနှင့်နှိုင်းယှဉ်လျှင် ပိုမိုတင် ပို့ နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗီယက်နမ်အစားအစာ အသင်းဥက္ကဋ္ဌ ဟူရင်သဲနန်းက ပြောသည်။ ရေရှည်တွင် ချမ်းသာသော ဈေးကွက်များသို့ တန်ဖိုးမြင့်ဆန်များကို တင်ပို့သွားရန် ရည်မှန်းချက်ထား ဆောင်ရွ က်ေ နကြောင်း သူကပြောသည်။
      မကြာသေးမီနှစ်များအတွင်း ရေနံဈေးနှုန်းများ ကျဆင်းခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စု ရေနံစိမ်းထုတ်လုပ်သော ပြည်နယ်များမှာ စီးပွားရေးဆုတ်ကပ်အတွင်းသို့ ကျရောက်ခဲ့ရာ ဈေးနှုန်းများပြန်လည်မြင့်တက်လာ သည့်တိုင်အောင် ထိုပြည်နယ်များ ပြန်လည်၍ နာလန်ထူဦးမည် မဟုတ်ကြောင်း စတန်းဒတ် အင်ပူးဝါးက ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်ကို အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ ကီးစတုန်း အိပ်စ်အယ်လ်နှင့် ဒါကိုတာကို ဆက်သွယ်ထားသော ရေနံပိုက်လိုင်းကို ယခင်အစိုးရလက်ထက်ကတည်းက အသုံးပြုခွင့်ပိတ်ထားခဲ့သော်လည်း သမ္မတဒေါ်နယ်ထရမ့်က ပြန်လည်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းြ ဖစ်သည်။ ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေးအတွက် နယ်မြေများကို ထပ်မံခွင့်ပြုသွားမည်ဟုလည်း ထရမ့်က ကတိပြုခဲ့သည်။ ဤဆုံးဖြတ်ချက်က ရင်းနှီးမြှုပ်နှံသူများကို ကောင်းကျိုးပြုနိုင်သော်လည်း တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှု ကို အထောက်အကူမဖြစ်နိုင်ပေ။ စတန်းဒတ်အင်ပူးဝါးက စစ်တမ်းကောက်ယူခဲ့သော ရေနံ ထုတ်လုပ်သည့် ပြည်နယ်ရှစ်ခုအနက် မွန်တာနာနှင့် တက္ကဆပ် ပြည်နယ်နှစ်ခုသာလျှင် စီးပွားရေးအားအနည်းဆုံး ပြည်နယ် ၁၀ ခုတွင် မပါဝင်ခဲ့သည်ကို အစီရင်ခံစာအရ တွေ့ရသည်။ တက္ကဆပ် ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းမျိုးစုံကို ခွဲခြားဆောင်ရွက်နိုင်သည့် အတွက် အထောက်အကူ  ရနေသော်လည်း ၂၀၁၆ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှုအရ အဆင့် ၃၆ သို့ ကျဆင်းမည့်အလားအလာကို တွေ့ရသည်။
        "လွန်ခဲ့တဲ့ ၁၈ လအတွင်း ရေနံရှာဖွေရေးနဲ့ ထုတ်လုပ်မှုကို လျှော့ချထားတဲ့အတွက် ရေနံထုတ်လုပ်တဲ့ ပြည်နယ်တွေရဲ့ စီးပွားရေးတွေ သိသိသာသာ ကျဆင်းခဲ့ပါတယ်"ဟု စတန်း ဒတ်အင်ပူးဝါး၏ အစီရင်ခံစာတွင် ဖော်ပြ သည်။ ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက်လာသည်တိုင်အောင် ရေနံထုတ်လုပ်သူတို့က နုန်းကျောက် ရေနံထုတ်လုပ်ရေးတွင် ပြန်လည် ရင်းနှီးမြှုပ်နှံရဦးမည်ဖြစ်သဖြင့် ဈေးနှုန်းများ ကျဆင်းဦး မည့် အလားအလာများ ရှိနေသ ည်။  ဤအခြေအနေကြောင့် ရေနံစိမ်းဈေးနှုန်းကတစ်စည်ကို အမေရိကန်ဒေါ်လာ ၆၀ ဝန်း ကျင်သာရှိမည်ဖြစ်ရာ ပြည်နယ်စီးပွားရေးနာလန်ထူမှုက အနည်းငယ်သာရှိမည်။ ရေနံထုတ်လုပ်သော နိုင်ငံများအဖွဲ့ (အိုပက်) က ထုတ် လုပ်မှုလျှော့ချရန် နိုဝင်ဘာလအတွင်းက သဘောတူညီခဲ့ကြသော်လည်း အမေရိကန်ရေနံစိမ်း၏ အခြေခံထားဈေးနှုန်းမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းကရှိခဲ့သော ဈေးနှုန်းအောက် ကျဆင်းနေဆဲဖြစ်သည်။ ထို အချိန် က အမေရိကန်နိုင်ငံရေနံစိမ်း ဈေးကွက်၏ အဓိကဖြစ်သော အနောက်တက္ကဆပ်ရေနံစိမ်းဈေး က တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၁၀ အထိ ရှိခဲ့သည်။ မတ်အတွက်ကြိုတင်ချုပ်ဆိုသော စာချုပ်အရ ရေနံကျဲ တစ်စည်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၁၈ နှုန်းရှိခဲ့ သည်။ ရေနံစိမ်းဈေးနှုန်းသည် ၂၀၁၈ ခုနှစ်တစ်နှစ်လုံးတွင် အမေ ရိကန် ၅၅ ဒေါ်လာကို မကျော်နိုင်ကြောင်း အမေရိကန်စွမ်းအင် သတင်းထုတ်ပြန်ရေးအုပ်ချုပ်မှုဌာနက ခန့်မှန်းသည်။

 

ဉာဏ်တင်