Main menu

Background

ထိုင်း-ဘင်္ဂလားဒေ့ရှ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်လက်မှတ်ရေးထိုးရန်ပြင်ဆင်နေ

Thu, 08/31/2017 - 15:22 -- journal_editor

       ထိုင်းနိုင်ငံ စီးပွားရေးခေါင်းဆောင်များ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) အတွက် ဆွေးနွေးနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်းနှင့် ၎င်းသည် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံသူ များအတွက် ဖြေလျှော့မှု အခွင့်အလမ်း ပိုမိုရရှိစေမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။ သို့သော်လည်း ထိုင်းနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခွဲတမ်းကင်းလွတ်ခွင့်(Free Quota) အား ခွင့်ပြုရန်မှာ ကာလတိုအတွက်သာ မဟုတ်၍ သေချာစွာ စဉ်းစားသင့်ကြောင်း၊အကောက်ခွန်နှုန်းမဲ့ (Tariff-free) ပေးအပ်ခြင်းသည် ထိုင်းပြည်တွင်းထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူတောင်သူလယ်သမားများအတွက် ထိခိုက်မှုရှိနိုင်သည်ကိုထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်က ထိုင်း-ဘင်္ဂလားဒေ့ရှ် ပူးတွဲကုန်သွယ်ရေးကော်မတီ (JTC) အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်မှထိုင်းနိုင်ငံဘက်သို့ သွင်းကုန်ခွန်များ ပယ်ဖျက်ပေးရန် တော င်းဆိုခဲ့ကြောင်း၊ အဓိကအားဖြင့်  ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပို့ကုန် ၃၆ မျိုး အပေါ် တောင်းခံခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့မှာချည်ထည်နှင့် အဝတ်အထည်ကဏ္ဍမှ အများစုပါဝင်ကြောင်း၊ ၎င်းအပြင် စိုက်ပျိုးရေးထုတ်ကုန်များလည်း ပါ၀ င်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စအပီရာဒီ တန်ထရာဘွန်းက ပြောကြားခဲ့ပါသည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ သွင်းကုန်ခွန် ပယ်ဖျက်ရေးကိစ္စမှာ ကုလသမဂ္ဂအဖွဲ့မှ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ(LDCs) သို့ ခွင့်ပြုမှုကဲ့သို့ လိုအပ်လျက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြော ကြားခဲ့ပါသည်။  ဘင်္ဂလားဒေ့ရှ်မှ တောင်းဆိုသော အခွန်သုညရာခိုင်နှုန်းသည်  ကုန်သွယ်မှုလိုငွေကွာဟချက် မြင့်မားနေခြင်း အား လျှော့ချရန် အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းကရှင်းလင်း ပြောကြားခဲ့ပါသည်။
       ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ တတိယအကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ် ကြောင်း၊ ထိုင်း- ဘင်္ဂလားဒေ့ရှ်  အပြန်အလှန် ကုန် သွယ်မှုသည် ယမန်နှစ်က အမေရိကန်ဒေါ်လာ တစ်ဘီလီယံသို့ရောက်ရှိခဲ့ပြီး ယခ င်နှစ်များထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံအနေဖြင့် ကြီးမားသောကုန်သွယ်မှုပိုငွေရရှိခဲ့ကြောင်း၊ ထိုင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၉၄၀ ခန့် ရှိခဲ့ပြီး အဓိကပို့ကုန်များမှာ ပလတ်စတစ်စေ့၊ ဓာတုထုတ်ကုန်များ၊ ဘိလပ်မြေ၊ ချည်ထည်၊သံမဏိပစ္စည်း၊ ပီလောပီနံထုတ်ကုန်နှင့် အလှ ကုန်ပစ္စည်း တို့ဖြစ်ကြောင်း၊ သွင်းကုန်တန်ဖိုးမှာ အလွန်နည်းပါးပြီး အဝတ်အထည်များ၊ ဘိလပ်မြေနှင့် မွေးမြူ ရေးလု ပ်ငန်းသုံးပစ္စည်းတို့ တင်သွင်းခဲ့ကြောင်း၊ သို့ဖြစ်၍ နှစ်စဉ်ကုန်သွယ်မှုလိုငွေ ကွာဟချက် ကြီးမားခြင်းကို လျှော့ချနိုင်ရန်အတွက် အကောက်ခွန် သုညရာခိုင်နှုန်းလိုလားခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါသည်။
         ထိုင်းကုန်သည်အသင်း ဒုတိယဥက္ကဋ္ဌ  Mr Phairush Bunrapachaisri က ပုဂ္ဂလိကကဏ္ဍအနေဖြင့် အစိုးရအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွင်း ကုန်ခွန်သုညရာခိုင်နှုန်း ခွင့်မပြုမီသေချာစွာ စဉ်းစားချင့်ချိန် ဆောင်ရွက်ရန် အကြံပြုလို ကြောင်း၊ သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပြုခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဝတ်အထည် အပါအဝင်ကုန်ပစ္စည်းများစု ပြုံဝင်ရောက်လာနိုင်မည့်သဘော ဖြစ်ကြောင်း၊ ယင်းကြောင့် ဒေသခံ အထည်လုပ်ငန်းရှင်များအား ထိခိုက်စေနိုင်ကြောင်း၊ ဒေသခံ လုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်းလုပ်အားခကြီးမြင့်သည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် စက်ရုံများအား အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းတည်ဆောက် ရန် လိုအပ်လာမည်ဖြစ်ကြောင်း၊လယ်ယာထွက်ကုန်စည်များလည်းများစွာ ဝင်ရောက်လာနိုင်မည်ဖြစ်၍ ဒေသခံတောင်သူလယ်သမားများအကျိုးကိုလည်း ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော်လည်း ထိုင်းစီးပွားေ ရး လုပ်ငန်းကဏ္ဍအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မည့် အကြံအစည်အား ကြိုဆိုပါကြောင်း၊ ထိုင်းရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဘင်္ဂလားဒေ့ရှ်အား ဒေသတွင်း ကုန်စည်များ ထုတ် လုပ်ဖြန့်ဖြူးရန် ရင်းနှီး မြှုပ်နှံမှု ဗဟိုဒေသအဖြစ် စိတ်ဝင်စားလျက်ရှိနေ ကြောင်း ဖော်ပြထားပါသည်။

 

Source- Bangkok Post
သောင်းနိုင်(တာချီလိတ်)