Main menu

Background

ရာသီဥတုပြောင်းလဲမှုကြောင့် မဲခေါင်မြစ်ဝှမ်းဒေသရှိ ရေအားလျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများ စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်ရမည်

Thu, 12/28/2017 - 11:04 -- journal_editor

        ဗီယက်နမ်နိုင်ငံ၏ စပါးကျီဟု တင်စား ခေါ်ဝေါ်လျက်ရှိသည့် မဲခေါင်မြစ်ဝှမ်းဒေသ သည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ကြောင့် မဲခေါင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စက်ရုံ များတွင် ရေများနည်းပါးနေပြီဖြစ်၍  မဲခေါင် မြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာ စိန်ခေါ် လျက်ရှိကြောင်း၊ မဲခေါင်မြစ်ဝှမ်း  ဂေဟဗေဒ ပညာရှင် ငုယင်ဟူသိမ်က ပြောကြားခဲ့သည်။ မဲခေါင်မြစ်ဝှမ်းတွင်  ဖြစ်ပေါ်လျက်ရှိ သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် ဗီယ က်နမ်ပြည်သူများ၏  နေထိုင်မှုဘဝနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အကျိုးသက် ရောက်မှုရှိလာနိုင်သည်ဟုဆိုသည်။ အပူချိန်များမြင့်တက်လာပြီး ရာသီဥတု ပူပြင်းခြောက်သွေ့လာမှုကြောင့် အချိန်အခါ မဟုတ်မိုးရွာသွန်းြ ခင်း၊ ရာသီဥတုအခြေအနေ များ အလွန်အကျွံပြောင်းလဲခြင်းများ ဖြစ်ပေါ် လျက်ရှိသည်ဟုဆိုသည်။
        ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံတွင် အဆိုးရွားဆုံးသော  ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပြီး နောက် မဲခေါင်မြစ်ဝှမ်းဒေသတွင် နှစ်စဉ် ရေ လွှမ်းမိုးမှု အနည်းနှင့်အများ ဖြစ်ပေါ်လျက် ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ရေလွှမ်းမိုးမှု အနည်း အကျဉ်းသာဖြစ်ပေါ်ခဲ့သော်လည်း ၂၀၁၆ခုနှစ် သည် ခြောက်သွေ့သည့်ရာသီအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။ မဲခေါင်မြစ်ဝှမ်းဒေသသည် တစ်နှစ်လျှင် ရေကုဗမီတာပေါင်း ၄၇၅ဘီလီယံ ထောက်ပံ့ ပေးနေသည့်ဒေသဖြစ်သည်။ ၎င်း တို့အနက် တရုတ်နိုင်ငံက ၁၆ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက နှစ်ရာခိုင်နှုန်း၊လာအိုနှင့် တရုတ်နယ်စပ်က ၈၂ ရာခိုင်နှုန်း ရရှိလျက်ရှိသည်။ မဲခေါင်မြစ်ဝှမ်း ဒေသတွင် နှစ်စဉ် မိုးရေချိန် ၁၄၀၀ မီလီမီတာ မှ မီလီမီတာ ၂၀၀၀ အထိရရှိေ နပြီး မဲခေါင် မြစ်ဝှမ်းဒေသက ၁၁ ရာခိုင်နှုန်းရရှိနေကြောင်း သိရသည်။ မဲခေါင်မြစ်ဝှမ်းဒေသတွင် နုန်းမြေရရှိမှု မှာ တစ်နှစ်ထက်တစ်နှစ် နည်းပါးလျက်ရှိပြီး ၁၉၉၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တိုင်းတာချက်များအရ ၅၀ ရာခိုင်နှုန်း လျော့ကျလာ ကြောင်း၊ တစ်နှစ်လျှင် နုန်းမြေ တန်သန်း ၁၆၀ ရရှိနေရမှာ ယခုအခါတွင် တစ်နှစ်လျှင် တန် ၈၅ သန်းသာ ရရှိတော့သည်ဟု မဲခေါင်မြစ် ဝှမ်းကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

 

မယ်သီတာ