Main menu

Background

ပင်ရင်းနိုင်ငံ အထောက်အထားထက် ထုတ်ကုန်အရည်အသွေးက ပိုမိုအရေးပါ

Thu, 07/25/2019 - 14:46 -- journal_editor

    ထုတ်ကုန်များကို အမှတ်တံဆိပ်တပ်ခြင်းနှင့်ပတ်သက်၍  ဗီယက်နမ်နိုင်ငံတွင် စည်းမျဉ်းဥပဒေများ ရှိထားပြီး ဖြစ်သော်လည်း  ထုတ်ကုန်များကို  Made in Vietnam ဟု အမှတ်တံဆိပ် တပ်ရာတွင်  စံနှုန်းသတ်မှတ်ချက်မရှိ သေးကြောင်း ဗီယက်နမ်နယူးစ်အေဂျင် စီသတင်းတွင်ဖော်ပြသည်။ ဟနွိုင်းမြို့၌  ဇူလိုင် ၁၇ ရက်က ကျင်းပသော နှီးနှောဖလှယ်ပွဲတစ်ခုတွင် ဗီယက်နမ် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (VCCI)  ရှိ ကူးသ န်းရောင်းဝယ်ရေးအထောက် အထား အသိအမှတ်ပြု လက်မှတ်များ  ထုတ်ပေးရေးစင်တာမှ  ညွှန်ကြားရေးမှူး ထရမ်သီသူဟောင်က  ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

      (VCCI)  မှ ကိုယ်စားလှယ်များ၏အဆိုအရ အမှတ်တံဆိပ်  တပ်ရမည့် ထုတ်ကုန်တစ်ခုချင်းအလိုက် သက်ဆိုင်ရာ နိုင်ငံတစ်ခုချင်းက ကိုယ်ပိုင်သီးခြားပြဋ္ဌာန်းချက်များရှိကြောင်း သိရသည်။ ဥပမာ  အမေရိကန်သို့ တင်ပို့ေ သာအခါ ပင်ရင်းနိုင်ငံ၌ထုတ်ကုန်များ အားလုံးကို အမှတ်တံဆိပ်တပ်ရမည်ဟု အမေရိကန်က ပြဋ္ဌာန်းထားသည်။ သစ်သီးကဲ့သို့သော အမှတ်တံဆိပ်ကပ်ရန်မလိုသော ကုန်ပစ္စည်းများမှအပ ကျန်ပစ္စည်းများ၏ထုပ်ပိုးပစ္စည်း များအပေါ်တွင်  အမှတ်အသားများ ကပ်ပေးရမည်။

    တရုတ်နိုင်ငံက သူ့နိုင်ငံတွင်းကို တင်သွင်းလာသော အစားအစာထုတ်ကုန်များ၊ အီးယူက အစားအစာနှင့် အလှကုန်ပစ္စည်းများ၊ ဂျပန်နိုင်ငံက သူ့နိုင်ငံအတွင်း တင်သွင်းလာသော အစားအစာများနှင့် ရုရှားနိုင်ငံက လူသုံးကုန် ပစ္စည်းအားလုံးကို  ပင်ရင်းအမှတ်တံဆိပ်တပ်ရန် ပြဋ္ဌာန်းထားကြသည်။ စားသုံးသူများဘက်မှနေ၍ နှီးနှောဖလှယ်ပွဲ၌ ပြောကြားရာတွင် ကုန်ပစ္စည်း၏ ပင်ရင်းနိုင်ငံအမှတ်တံဆိပ်ထက် ထုတ်ကုန်၏ အရည်အသွေးထူးခြားမှုက ပိုမိုအရေးပါကြောင်း ဘေကာ နှင့်   မက်ကင်ဇီကုမ္ပဏီမှ အကြီးတန်း စည်းမျဉ်းဥပဒေဆိုင်ရာ အကြံပေး ရှေ့နေထရမ်ငေါ့ထရမ်ကပြောသည်။ ဒီနေ့အချိန်မှာ  ‘Made in ......’ဆိုတဲ့ အမှတ်အသားက ရည်ညွှန်းချက် သက်သက် သာဖြစ်ပါတယ်။ စားသုံးသူကို ဆွဲဆောင် ရာမှာ   အရည်အသွေးက သာအချက်အချာကျပြီး စီးပွားရေးလုပ်ငန်းရဲ့ အမှတ်တံဆိပ်အတွက် အဓိကကျတဲ့ တန်ဖိုးလည်းဖြစ်ပါတယ်ဟု ထရမ့်ကပြောသည်။

 

စံမီအောင်