Main menu

Background

အရှေ့တောင်အာရှခေါင်းဆောင်များ ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းကြမည်

Fri, 11/08/2019 - 13:49 -- journal_editor

      ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပသည့်   ဒေသဆိုင်ရာ  အစည်းအဝေးတွင် ကုန်သွယ်ရေး  သဘောတူညီချက်တစ်ရပ်ကို ရေး ထိုးနိုင်ရန် အရှေ့တောင်အာရှခေါင်းဆောင်များ ကြိုးစားကြလိမ့်မည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။ လက်မှတ်ရေးထိုးရန် ကြိုးပမ်းဆောင်ရွက် နေသော သဘောတူစာချုပ်မှာ ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ဖြစ်ပြီး  အောင်မြင်စွာ ချုပ်ဆိုနိုင်ပါက  ကမ္ဘာ့အကြီးမားဆုံး သဘောတူစာချုပ်ဖြစ်သည်။  တရုတ်နိုင်ငံအဖို့  ယခုစာချုပ်သည် အမေရိကန် အစိုးရဒေသတွင်းမှ ထွက်ခွာသွားချိန်တွင် အာရှ နိုင်ငံများနှင့် ကုန်သွယ်ရေးဆက်ဆံမှု ခိုင်မြဲအောင် လုပ်ဆောင်နိုင်မည့် လမ်းစရစေနိုင်သည်။    
        RCEPအကျုံးဝင်သောဒေသများမှာ ကမ္ဘာ့ ကူသန်းရောင်းဝယ်ရေး၏  ၃၀ ရာခိုင်နှုန်း ပါဝင်ပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ပါဝင်သည်။ သဘော တူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ခုနစ်နှစ် စေ့စပ် ညှိနှိုင်းခဲ့ရပြီး   သီတင်းပတ်ကုန်တွင်   ပြုလုပ်မည့် RCEPဆွေးနွေးပွဲတွင် သဘောတူစာချုပ်ကို ချုပ် ဆိုနိုင်မည့်လမ်းစကို ရလိမ့်မည်ဟု မျှော်လင့်ထား ကြသည်။  အပြီးသတ်စာချုပ်ကို မချုပ်ဆိုနိုင်သည့်တိုင် အောင် သဘောတူညီမှုတစ်ခုခုကို ရေးထိုးနိုင် အောင် သူတို့ကြိုးစားကြမည်ဟု  စင်ကာပူအခြေ စိုက် အာရှကုန်သွယ်ရေးဗဟိုဌာနမှ လေ့လာဆန်း စစ်ရေးမှူး ယွမ်ဆဲဘက်ရှန်က ပြောသည်။ သို့သော်လည်း  စေ့စပ်ညှိနှိုင်းမှုများစွာ ပြုလုပ်ပြီး လက်မှတ်ရေးထိုးရန် သတ်မှတ်ရက်ကို အကြိမ်ကြိမ်လွဲချော်ခဲ့ရပြီးနောက် အဖွဲ့ဝင်များ အတွက် နှောင့်နှေးကြန့်ကြာမှုဖြစ်မည့်  အန္တရာယ် ရှိနေသည်။ 
         တရုတ်နိုင်ငံကထုတ်လုပ်သည့် ဈေးပေါ သောပစ္စည်းများ ဈေးကွက်အတွင်းသို့ အလုံး အရင်းဖြင့် ဝင်လာမည်ကို အိန္ဒိယက စိုးရိမ်လျက် ရှိသဖြင့် အရေးကြီးသောအချက်များကို  နာရီ ပေါင်းများစွာကြာအောင်  စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပြီးနောက် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများသည် နိုဝင်ဘာ ၁ ရက်က တွေ့ဆုံဆွေး နွေးခဲ့ကြသည်။ နိုင်ငံတိုင်းက  အဖြေတစ်ခုကို  ရနိုင်ရန် အတွက်ခြေတစ်လှမ်းသာ   လိုတော့ကြောင်း ထိုင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျူရင်လက်ဆာ နာဝီဆစ်က အစည်းအဝေးအစတွင်ပြောသည်။ နိုဝင်ဘာ  ၂ ရက်တွင် ဘန်ကောက်၌ စတင်ကျင်းပသည့် သုံးရက်ကြာအစည်းအဝေးသို့ တရုတ်ဝန်ကြီးချုပ်  လီကယ်ရှင်းလည်း တက် ရောက်မည်ဖြစ်ပြီး  တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားနေသော  တင်းမာမှုများသည်  အစည်း အဝေး၏ထိပ်တန်းအစီအစဉ်များတွင်ပါဝင်မည် ဖြစ်သည်။

 

စံမီအောင်