Main menu

Background

တရုတ်နိုင်ငံသည် အချို့သော ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ်ကောက်ခံမည့် အကောက်ခွန်နှုန်းများ ပြင်ဆင်မည်ဟု ကြေညာ

Mon, 01/13/2020 - 15:54 -- journal_editor

     တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်  ဇန်နဝါရီ ၁ ရက်မှစတင်၍ အချို့သော ကုန်ပစ္စည်းများ တင်သွင်းမှု အပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းများအား ပြင်ဆင် မည်ဖြစ်သည်ဟု နိုင်ငံတော် ကောင်စီ၏ အကောက်ခွန်ဆိုင် ရာကော်မရှင်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်၌ ထုတ်ပြန် ကြေညာခဲ့ သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းသို့ ကုန် ပစ္စည်းများတင်သွင်းမှု ပိုမိုတိုးတက်လာစေရန်နှင့်  တင်သွင်း မှုပုံစံ ပိုမို ကောင်းမွန်လာစေရန် ဖြစ်ကြောင်း၊ နိုင်ငံအတွင်းသို့ တင်သွင်းလျက်ရှိသည့်  ကုန်ပစ္စည်းများအနက် ကုန်ပစ္စည်း အမျိုးအမည် ၈၅၀ ကျော်အား ပုံမှန်ကောက်ခံလျက်ရှိသည့် ပုံမှန်အကောက်ခွန်နှုန်းထက်  နိမ့်ကျသည့် အကောက်ခွန် နှုန်းဖြင့်  ကောက်ခံသွားရန်အတွက် ယာယီအကောက်ခွန် နှုန်းများအား သတ်မှတ်သွားမည်ဖြစ်သည်။

       အလားတူပင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှစတင်၍ သတင်းအချက်အလက်၊ နည်းပညာဆိုင်ရာ ကုန်ပစ္စည်း ၁၇၆ မျိုးအတွက် ကောက်ခံလျက်ရှိသည့် ပုံမှန်အကောက်ခွန်နှုန်း အား ဖယ်ရှားပေး မည်ဖြစ်ကြောင်း၊ အဆိုပါ ကုန်ပစ္စည်းများ အနက် အချို့သောကုန်ပစ္စည်းများအပေါ် ယာယီအကောက် ခွန်နှုန်းများ သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေး ကွက်အတွင်းတွင် ဝက်သားဈေးနှုန်း တည် ငြိမ်မှုရှိစေရန်နှင့်  ဝက်သား  ရောင်းလိုအား မြင့်တက်လာစေရန် ရည်ရွယ်၍ အေးခဲဝက်သားများအပေါ် ကောက်ခံသည့် အကောက်ခွန် နှုန်းအား ၁၂ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ တီဘီနှင့် ဆီးချိုရောဂါအတွက် ထုတ်လုပ်သည့် ဆေးဝါးများ အတွက် ကုန်ကြမ်းပစ္စည်းအချို့အား  အကောက်ခွန် နှုန်း သုညသို့လည်းကောင်း အသီးသီး လျှော့ချသွားမည်ဖြစ်သည်။

       အလားတူပင် တစ်ဝက်တစ်ပျက် ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်မည့်  ကိရိယာနှင့် အစိတ်အပိုင်း များအားလည်း ယာယီအကောက်ခွန်နှုန်း သတ်မှတ်သည့်စာရင်းတွင် ထည့် သွင်းထားကြောင်း၊ ထိုကဲ့သို့ အကောက်ခွန်နှုန်းများ ပြင်ဆင် သတ်မှတ်ခြင်းသည် တင်သွင်းမှုကုန်ကျစရိတ် သက်သာစေ ရန်သာမက  ပြည်တွင်း၊ ပြည်ပ ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ စနစ်တကျ လွတ်လပ်စွာ တိုးတက်မှု ရရှိစေရန် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် လွတ်လပ်သော ကုန်သွယ်ရေး ဇုန်များ တည်ဆောက်ရာတွင် အရှိန်အဟုန်ရရှိစေရန်၊ အရည် အသွေးမြင့်မားသည့် ဖွင့်လှစ်ပေးမှုများ ပိုမိုအဆင်ပြေချောမွေ့မှုရှိစေရန်၊ ကမ္ဘာလုံးဆိုင်ရာ   ကုန်သွယ်မှုပတ်ဝန်းကျင် တိုးတက်မှုရရှိစေရန်ဖြစ်သည်ဟု ဆိုပါသည်။

 

ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘေဂျင်းမြို့။

Source: ၂၃-၁၂-၂၀၁၉ ရက်နေ့ထုတ် China Daily newspaper