Main menu

Background

GALAXY S20 စမတ်ဖုန်းများနိုင်ငံ ၂၀ တွင် SAMSUNG ရောင်းချ

Mon, 03/16/2020 - 14:14 -- journal_editor

         ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်တွင် ကုမ္ပဏီ၏ မိုဘိုင်းစီးပွားရေးလုပ်ငန်းကို ကုမ္ပဏီ၏ နောက်ဆုံး ပေါ်ဟန်းဆက်က မြှင့်တင်ပေးနိုင်လိမ့်မည် ဟု ရည်မှန်းလျက် နောက်ဆုံးပေါ်စမတ်ဖုန်းများကို ကမ္ဘာအနှံ့  စတင် ဖြန့်ချိရောင်းချပေးခဲ့ကြောင်း ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီက မတ် ၆ ရက်တွင်ပြောသည်။ Galaxy S20 စီးရီးကို တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူနှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် ရောင်းချခဲ့ ကြောင်း ဆမ်ဆောင်းကပြောသည်။ ယခုလအကုန်တွင် နိုင်ငံပေါင်း ၁၃၀ တွင် မိုဘိုင်းကိရိယာသစ်များ ရရှိနိုင်လိမ့်မည်ဟုလည်း ထပ်လောင်းပြော ကြားသည်။

      Galaxy S20 စီးရီးကို ယခင်လက ဆန်ဖရန်စစ္စကိုတွင် စတင်ရောင်း ချခဲ့ပြီး  S20, S20 Plus နှင့် S20 Ultra ဟူ၍ မိုဒယ်သုံးမျိုးထုတ်လုပ်ထားသည်။ ကနဦးအဆင့်  Galaxy S20  ကို တောင်ကိုရီးယားတွင် ဝမ် ၁ ဒသမ ၂၄၈ သန်း(အမေရိကန်ဒေါ်လာ ၁၀၄၈ ဒေါ်လာ)နှင့်ရောင်းပြီး အလယ် အလတ်အဆင့်  S20 Plus ကို ဝမ် ၁ ဒသမ ၃၅ သန်းနှင့် အဆင့်မြင့်  S20 Ultra ကို 108-megapixel ကင်မရာ တပ်ဆင်ထားပြီး ဝမ် ၁ ဒသမ ၅၉ သန်းဖြင့် ရောင်းချသည်။ တောင်ကိုရီးယားတွင်  Galaxy S20  စီးရီးအမှာစာများကို ဖေဖော် ဝါရီ ၂၀ ရက်ကစတင်၍ မတ် ၃ ရက်အထိ ဆမ်ဆောင်းက လက်ခံသည်။ Galaxy S20  စီးရီးအတွက်  အမှာစာများသည်  သူ့အရင်ကထွက်ခဲ့သော Galaxy S10 စီးရီးထက် နည်းခဲ့သည်။ ဤအခြေအနေကို  ကြည့်ပါက ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သုံးစွဲသူယုံကြည်မှုကျဆင်းမှုနှင့် ပြည်တွင်း မိုဘိုင်းရောင်းချရေး လုပ်ငန်းများထံမှ ငွေကြေးထောက်ပံ့မှု ကျဆင်းမှုများ ရှိနေသည်ကိုတွေ့ရသည်။ ဆမ်ဆောင်းသည်  GalaxyS20 စီးရီးကို တစ် ကမ္ဘာလုံးအတိုင်းအတာအရ အလုံးရေ ၃၃ သန်းမှ ၃၈ သန်းအထိ ရောင်းရ လိမ့်မည်ဟု ကျွမ်းကျင်သူတို့က ခန့်မှန်းထားသည်။

 

စံမီအောင်