Main menu

Background

ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများအတွက် မြေအသုံးပြုမှုဆိုင်ရာမူဝါဒများ ပြောင်းလဲခဲ့ပြီ

Fri, 07/03/2020 - 13:49 -- journal_editor

မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ငါး၊ ပုစွန်မွေးမြူရေးကန် ဧက ပေါင်း ငါးသိန်းနီးပါးခန့် မွေးမြူထုတ်လုပ်လျက်ရှိသည်။ ငါး၊ ပုစွန်မွေးမြူရေးကန်များကို လယ်ယာ မြေနှင့် မြေလွတ်၊  မြေရိုင်းများပေါ်တွင် တူးဖော် မွေးမြူနေကြခြင်းဖြစ်သည်။  ယခင်ပြဋ္ဌာန်းကျင့်သုံးခဲ့သည့် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေနှင့် ယခုလက်ရှိ တည်ဆဲ ဥပဒေဖြစ်သည့် လယ်ယာမြေဥပဒေများတွင် ငါး မွေးမြူရေးလုပ်ငန်းများအတွက် အခြားနည်းလမ်း ဖြင့် အသုံးပြုခွင့်လျှောက်ထားရမည်ဟု ပါရှိသော် လည်း    လက်တွေ့လျှောက်ထားရာတွင်  အဟန့် အတား အမျိုးမျိုးကြောင့် ငါး၊ ပုစွန် မွေးမြူရေးကန် ပေါင်းဧက ၁၂၀ဝ၀ဝ ခန့်သာ အခြားနည်းအသုံးပြု ခွင့်များ ရရှိထားပါသည်။ ကျန်ဧက ၃၇၀ဝ၀ဝ မှာ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေး လိုင်စင်ဖြင့် သာ မွေးမြူထုတ်လုပ်နေကြခြင်းဖြစ်သည်။

နိုင်ငံသားများအတွက် ငါးရိက္ခာလိုအပ်ချက် ကို ရေချိုမြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် ပင်လယ် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းများမှ နှစ်ပေါင်းများစွာ ထုတ်လုပ်ပေးခဲ့သော်လည်း  ယခုအချိန် တွင် အကြောင်းအမျိုးမျိုးကြောင့် သဘာဝတွင် ငါး၊ ပုစွန်သယံဇာတများ  ဖမ်းဆီးရရှိမှု လျော့နည်း ကျဆင်းလာသည့် အတွက် ရေရှည်ထုတ်ယူနိုင်ရန် သယံဇာတထိန်းသိမ်းစောင့်ရှောက်ရေး  အစီအစဉ်များ ရေးဆွဲစီမံဆောင်ရွက်နေရသည်။ မြန်မာနိုင်ငံ တွင် မြေနှင့်ရေသယံဇာတများ ြွကယ်ဝခြင်း၊ ရာသီ ဥတုမျှတခြင်း စသည့် အခြေခံအရင်းအမြစ်ကောင်း များအပေါ် အခြေခံ၍ ငါး၊ ပုစွန် မွေးမြူရေးလုပ် ငန်းများကို နှစ်ပေါင်းများစွာကပင် စတင်လုပ်ကိုင် ဆောင်ရွက်လာခဲ့ရာ၌ လွန်ခဲ့သည့် နှစ် ၂၀ ခန့်မှ စတင်၍မွေးမြူရေးငါးများသည် နိုင်ငံသားများ၏ အဓိကစားသုံးသည့် ငါးရိက္ခာဖြစ်လာခဲ့ပြီး ပြည်ပ ပို့ကုန် တစ်မည်ချင်းစီတွင်လည်း ငါးမြစ်ချင်းငါး သည် အဓိကပို့ကုန်ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် လယ်ယာမြေဥပဒေပြဋ္ဌာန်း ပြီးနောက်  လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုသည့်  လုပ်ငန်းများအတွက် ဒဏ်ကြေး ငွေများ သတ်မှတ်ပေးဆောင်ခွင့်ပြုစေခဲ့ရာ  ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများအပေါ်တွင် ကြီးမား သည့် ဒဏ်ငွေသတ်မှတ်ခဲ့မှုကြောင့် ငါးမွေးတောင်သူ များအနေဖြင့်  အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ တည်ဆဲဥပဒေများအရ ငါးမွေးမြူရေး တောင်သူ များအား စိုက်ပျိုးရေးတောင်သူများကဲ့သို့ တောင် သူလယ်သမား အဓိပ္ပာယ်သတ်မှတ်ချက်တွင် ထည့်သွင်းသတ်မှတ်  ပြဋ္ဌာန်းထားသဖြင့် စိုက်ပျိုးရေး တောင်သူများနှင့် အခွင့်အရေးတန်းတူဖြစ်သင့် ကြောင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ နည်း လမ်းမျိုးစုံဖြင့် အချိန်ယူကာ မကြာခဏတင်ပြခဲ့ သည်။ 

COVID-19 ကူးစက်မြန်ရောဂါ ကျရောက် သည့် ကာလအတွင်း ထိန်းချုပ်ရေး အစီအစဉ်များ ကြောင့် ငါးမွေးမြူရေးလုပ်ငန်းများတွင် ဈေးနှုန်း များ ကျဆင်းခြင်း၊ ရောင်းအားများ  လျော့ကျခြင်း၊ ပြည်ပပို့ကုန် လုပ်ငန်းများ တုံ့ဆိုင်းခြင်း အစရှိသည့်  အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး ယခုအချိန်အထိ ပုံမှန်အခြေအနေများအတိုင်း မရောက်ရှိသေးဘဲ အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်သည်။ ငါး ရိက္ခာသည် နိုင်ငံသားများ၏ နေ့စဉ်လိုအပ်သည့် ရိက္ခာဖြစ်ခြင်း၊ ရေထွက်ပစ္စည်း  ပြည်ပပို့ကုန်များ တိုးတက်လာမည့် အလားအလာရှိခြင်း စသည့် အခွင့်အလမ်းများကြောင့် လိုအပ်ချက်များကို အားဖြည့်ကူညီဆောင်ရွက်ပေးပါက COVID-19 အလွန်တွင် ငါးမွေးမြူရေးလုပ်ငန်းများသည် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် ရိက္ခာထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် အဓိကအခန်းကဏ္ဍမှ  ဖြစ်ထွန်းလာမည့် အခြေအနေကောင်းများ ဖြစ်ပေါ်လျက်ရှိသည်။ မကြာမီကာလအတွင်း နိုင်ငံတော်အနေဖြင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ၏ အစီ အစဉ်ဖြင့် ငါး၊ ပုစွန်မွေးမြူ ရေးကန်များအား ဒဏ် ကြေးငွေတစ်ဧကလျှင် ကျပ် ၃၀ဝ၀ဝ နှုန်းသတ်မှတ်၍ အခြားနည်း အသုံးပြုခွင့်များ ဆောင်ရွက်ပေး တော့မည်ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ဆောင်ရွက်ချက်သည် ငါး၊ ပုစွန်မွေးမြူရေး  လုပ်ငန်းများ အတွက် မြေအသုံးပြုမှုဆိုင်ရာ  အဓိကကျသည့် မူဝါဒဆိုင်ရာ အပြောင်းအလဲဖြစ်သည့်အတွက် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေး၊ နိုင်ငံသားများ၏ ငါးရိက္ခာ ဖူလြွုံကယ်ဝ ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော် ဆောင်ပေးရေး၊ ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး၊ ပြည်ပဝင်ငွေ တိုးမြှင့်ရရှိရေး စသည့် နိုင်ငံတော်အတွက်  စီးပွားရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ အကျိုးထူးများရရှိစေမည့် အရေးပါ  အရာရောက်သည့် မူဝါဒဆိုင်ရာ အပြောင်းအလဲ တစ်ရပ် ဖြစ်ပါကြောင်း မြန်မာနိုင်ငံ  ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရှိရသည်။

 

ခိုင်သဉ္ဇာဦး၊ (မြှင့်တင်၊ ပြည်တွင်း-ရန်ကုန်)