Main menu

Background

မြန်မာနိုင်ငံ၏အွန်လိုင်းဈေးကွက်တွင် ကျန်းမာရေးပစ္စည်းများ အရောင်းသွက်လာ

Mon, 02/16/2015 - 21:32 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

မြန်မာနိုင်ငံ၏ အွန်လိုင်းဈေးကွက်    အတွင်း ကျန်းမာရေးအထောက်အကူပြုပစ္စည်း များသည် ရောင်းလိုအား မြင့်တက်လာသည်နှင့် အမျှ ဝယ်ယူလိုသူများ၏ လိုအပ်ချက်များ    သည်လည်း မြင့်တက်လာကြောင်း မြန်မာ နိုင်ငံ၏ အွန်လိုင်းမားကက်တစ်ခုဖြစ်သည့်Ads.com.mm  ၏သတင်းထုတ်ပြန် ချက်များ အရ သိရသည်။မြန်မာနိုင်ငံအတွင်း ကျန်းမာရေး လိုက် စားမှု မြင့်တက်လာမှုနှင့်အတူ လူငယ်ပိုင်း အများစုသည် အသားအရေ ထိန်းသိမ်းမှုနှင့် ဆက်စပ်နေသော အလှကုန်ပစ္စည်းများသည် လည်းကောင်း၊ ဆံကေသာနှင့်ပတ်သက်သော ပစ္စည်းများသည်လည်းကောင်း ဈေးကွက် အတွင်း ဝယ်လိုအား အလွန်အမင်းမြင့်တက် လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာပြည်တွင်း တွင် အွန်လိုင်းဈေးကွက်များ အရှိန်အဟုန်ဖြင့် တိုး တက်လာသည်နှင့်အမျှ အွန်လိုင်းဈေးကွက်များ မှ အလှကုန်နှင့် ကျန်းမာရေးပစ္စည်းများသည် အွန်လိုင်းတွင် ဈေးဝယ်သူတို့၏ သည်းခြေကြိုက် ကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။အပြင်ဈေးကွက်တွင် ရှာဖွေရခက်ခဲသော ပစ္စည်းများကို အွန်လိုင်းများတွင်  Branded  ဖြင့် အလွယ်တကူ မှာယူနိုင်သည် မြညေိနိ ပစ္စည်း ကို စွဲလန်းသူတို့အတွက် ဈေးဝယ်ရအလွန်လွယ်  ကူသော အခွင့်အရေးသစ်တစ်ခုဖြစ်လာခဲ့ သည်။
မြန်မာပြည်တွင်းအဆင့်မြင့် Branded  ပစ္စည်းများသည် အပြင်ဈေးကွက်တွင် ဝယ်ယူ ရခက်ခဲသောကြောင့်သော်လည်းကောင်း၊ သွား လာရခက်ခဲသော နေရာများတွင်သာBranded ပစ္စည်းများကို ရောင်းချနေသောကြောင့် အွန်လိုင်းဈေးကွက်၏အလှကုန်နှင့်ကျန်းမာ ရေးပစ္စည်းများသည် အွန်လိုင်းဈေးကွက် အတွင်း ဖက်ရှင်ကဏ္ဍနှင့်အပြိုင် တိုးတက်လာ ကြောင်း တွေ့ရသည်။
အဆိုပါ  Ads.com.mm  ၏ ံ Head of Public Relations ဖြစ်သူMr Elijah Htang က ''ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျန်းမာရေး  လိုက်စားတဲ့လူတွေ များတာကတစ်ပိုင်း၊ အမျိုးသမီးတွေ ကြားထဲမှာဆို မယ်ပြိုင်ပွဲတွေ လည်း တဖြည်းဖြည်း မြင့်တက်လာတာနဲ့အမျှ ကျွန်တော်တို့နိုင်ငံက လူတွေက အလှအပဆိုင် ရာ တစ်ခုတည်းကိုသာမဟုတ်ဘဲ ကျန်းမာရေးနဲ့   ပတ်သက်တာတွေကို လေ့လာလိုက်စားမှုမြင့်   တက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျန်းမာ ခြင်းကို လိုက်စားမှုမြင့်တက်လာတာဟာ နိုင်ငံ အတွက်လည်း အရမ်းကောင်းပါတယ်။ ကျွန်တော်  တို့ဝက်ဘ်ဆိုက်မှာ Pre Order Service ပေးတဲ့ လူတွေပါရှိတဲ့ အတွက်Health and Beauty Category  က အရင်နှစ်ကထက် သုံးဆလောက် မြင့်တက်လာပါတယ်''ဟု ပြောကြားခဲ့သည်။အဆိုပါဝက်ဘ်ဆိုက်၌ကျန်းမာရေးနှင့် အလှအပဆိုင်ရာကဏ္ဍတွင် ကျန်းမာရေးနှင့် ပတ်သက်သောပစ္စည်းပေါင်း ၄၀၀ ကျော်နှင့် အလှအပပိုင်းပစ္စည်း ဆိုင်ရာပေါင်း ၃၅၀ကျော် ကို ရှာဖွေဝယ်ယူနိုင်ကြောင်း သိရသည်။
MTD