Main menu

Background

ကျောက္ကာ (မြောက်)ကျေးရွာက ပြည်ပသွင်းကုန်အစားထိုး ရေနံချက်လုပ်ငန်း

Mon, 03/09/2015 - 20:29 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင် မုံရွာမြို့နယ်၊ ကျောက္ကာ(မြောက်) ကျေးရွာအနီး ကုန်းမြင့်ချိုင့်ဝှမ်းမြေမှာ ရေနံချက်လုပ်ငန်းကို လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်ကာလကထဲက အစပျိုးခဲ့ရာမှ ယခုအခါ တိုးမြင့်လာတဲ့ ကုန်ချောထုတ် လုပ်မှုကြောင့် တိုင်းဒေသကြီးရဲ့ ွီဏ  ကိုမြင့်တက်စေတဲ့ သွင်းကုန်အစားထိုး  လုပ်ငန်းအဖြစ် အောင်မြင်လာခဲ့တာ တွေ့ရပါတယ်။
ယခင်က မုံရွာခရိုင်အတွင်း ဟို တစ်စ ဒီတစ်စ တစ်ဦးချင်း ရေနံချက်ဖို ၊ ပေပါ သုံးလုံး၊ ငါးလုံးဆံ့ ချက်လုပ်နေကြ ရာမှ  လုပ်ငန်းရှင်အချင်းအချင်း စုစည်းကာ ဒေသအာဏာပိုင်များထံမှ ခွင့်ပြုချက် ရယူပြီး စွမ်းအားဖွံ့ဖြိုး ကုမ္ပဏီအဖြစ် ထူထောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ စက်သုံးဆီ လိုအပ်ချက်ကိုဖြည့်စွက်ဖို့ ဒေသအနီး တစ်ဝိုက်က ဆီကုန်ကြမ်းများဝယ်ယူ သန့်စင်တဲ့ လုပ်ငန်းဟာ အရင်းအနှီး ကြီးမားသလို အကျိုးအမြတ်လည်း ရရှိနိုင်တာမို့ ယခုအခါ ကျောက္ကာ (မြောက်)ရွာရှိ ရေနံ ချက်လုပ်ငန်းဟာ လုပ်ငန်းရှင် ၁၂ ဦးထိ တိုးပွားလာပြီး ချက်ဖို ၁၃၂ ဖိုရှိတယ်လို့ သိရပါတယ်။ ရေနံချက်ဖိုတစ်ဖိုကို လုပ် သား ၁၆ ဦးမှ ၂၀ ဦးထိ လုပ်ကိုင်ကြရ တဲ့အတွက် ဒေသခံပြည်သူ ၂၁၀၀ ဦးမှ ၂၆၀၀ ဦးထိ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေတာ တွေ့ရပါတယ်။
ရေနံချက်ဖို့အတွက် အဓိကလို အပ်တဲ့ ရေနံစိမ်းကုန်ကြမ်းကို စစ်ကိုင်း တိုင်းဒေသကြီး ကျွန်းလှမြို့နယ် မော် ကယ်ဒေသ၊ ပုလဲမြို့နယ် ခင်အေးဒေသ၊ ကလေးမြို့နယ် မြစ်သာ ရွှေရည်သမ အသင်း၊ မော်လိုက်မြို့နယ် ရွှေမဲသမ အသင်း၊ ကနီမြို့နယ် ကင်းရေနံမှော် ဒေသများနဲ့ မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၊ သရက်မြို့နယ်တို့မှ ဝယ်ယူရရှိရာ ရေနံတူး ပုဂ္ဂလိက အဖွဲ့  အစည်း၊ ကုမ္ပဏီများထံမှ တစ်နှစ်လျှင် ရေနံစိမ်းပေပါ ၅ ဒသမ ၂ သိန်းမှ ၆ ဒသမ ၅ သိန်းနီးပါး လက်ကားဝယ်ယူ   ရရှိတယ်လို့ လုပ်ငန်းရှင်များက ပြောပါ တယ်။
ကျောက္ကာ (မြောက်)ရွာ ရေနံဖို  များရဲ့ ရေနံသန့်စင်ချက်လုပ်မှု နည်းစဉ် များအနေဖြင့် ဝယ်ယူသိုလှောင်ထား တဲ့ လှောင်ကန်ထဲမှ ရေနံစိမ်းများကို ရေနံချက်ဖိုများထဲသို့ အင်ဂျင်အားကို အသုံးပြုကာ စုပ်တင်ရပါတယ်။ ရေနံ ချက်ဖိုကို လောင်စာဖြင့် အပူပေးပြီး လေးနာရီခန့်အကြာ၊ ထွက်လာတဲ့ငွေ့ ရည်များကို ရေကန်ထဲတွင် သွယ်တန်း ထားတဲ့ ပိုက်များကတစ်ဆင့် ဖြတ်သန်း စီးဆင်းစေခြင်းဖြင့် ချက်ဆီ၊ စက်သုံးဆီ များထွက်ရှိလာပါတယ်။ ယခုအခါ ရေနံချက်ဖိုများအား အပူပေးရာတွင် ထင်းအစားထိုးလောင်စာများ၊ ရေနံဂျိုး များကို စမ်းသပ်သုံးစွဲ လျက်ရှိတယ်လို့ သိရပါတယ်။ရေနံချက်ဖိုထဲမှာလေးနာရီ ကြာပြီးနောက် တစ်နာရီလျှင် စက်သုံး ဆီဂါလန် ၁၀၀ ခန့်ထွက်ရှိကာ၊ လုပ်ငန်း ကြီးသမားများအနေနဲ့ ချက်ဖိုကို ဂါလံ ၂၅၀၀ ဆံ့မှ ဂါလန် ၆၀၀၀ ဆံ့အထိ ပြု လုပ်သုံးစွဲလျက် ရှိတယ်လို့ ဆိုပါတယ်။ ရေနံချက်ဖို့ အရွယ်အစားအလိုက် ရေနံချက်ဖို တစ်ဖိုကို ၂ ရက်၊ ၃ ရက်ခန့် နေ့ညလည်ပတ်လုပ်ကိုင်ရပြီး ၊ ချက်ဆီ၊ စက်သုံးဆီထွက်ရှိမှု ကုန်သွားလျှင် ရေနံချက်ဖိုအား သန့်ရှင်းရေးလုပ်ရန်နဲ့ အအေးခံရန် တစ်ရက်ခန့် ရပ်နား ဆောင်ရွက်ရတယ်လို့ လုပ်ငန်းရှင် များက ပြောပါတယ်။
အဆိုပါ ကျောက္ကာ(မြောက်) ရွာ စွမ်းအားဖွံ့ဖြိုးကုမ္ပဏီမှ ရေနံစိမ်းချက်  လုပ်ခြင်းဖြင့် ချက်ဆီ၊ ဒီဇယ်ဆီ၊ မီးထိုး ဆီစတဲ့ စက်သုံးဆီကုန်ချောများ  ထွက် ရှိရာ အဆိုပါ စက်သုံးဆီများကို စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးထုတ် လုပ်ရေးလုပ်ငန်းများအတွက် စက်သုံး ဆီအဖြစ်လည်းကောင်း၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ အတွက်လည်း  ကောင်း၊ ဒေသတွင်း ကျေးရွာ၊ မြို့ပြ သွားယာဉ်များ၊ ထော်လာဂျီများ၊ ဆိုက်  တွဲနဲ့ ကုန်တင်ယာဉ်များ အတွက်လည်း ကောင်း၊ ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်၊ မော်တော်၊ စက်လှေ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများအတွက် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရွှေလုပ်ငန်းများအတွက် လည်းကောင်း ဖြန့်ဖြူးရောင်းချပေးနိုင် ခဲ့သလို ပိုလျှံတဲ့ စက်သုံးဆီများကို မန္တလေး တိုင်းဒေသကြီးအထိ ဖြန့်ဖြူးရောင်းချ ခဲ့ရတယ်လို့ သိရပါတယ်။
ရေနံသန့်စင်လုပ်ငန်းအနေနဲ့ ရေနံချက်ဖိုတစ်ဖိုလျှင် ပျမ်းမျှ ဒီဇယ်   ဂါလန် တစ်သိန်း (တန်ဖိုး ၃၆၀ သန်း)၊ မီးထိုးဆီဂါလန် သုံးသောင်း (တန်ဖိုး -၇၅ သန်း) တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်နိုင် သလို၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပွင့် လင်းစေပြီး တစ်ဦးချင်း ဝင်ငွေရရှိစေတဲ့ အပြင်၊ တိုင်းဒေသကြီးရဲ့ အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးကို မြှင့်တင်ပေး လျက်ရှိတဲ့ ပြည်ပသွင်းကုန်အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်း တစ်ရပ် အဖြစ် အောင်မြင်စွာရပ်တည် လျက်ရှိ တာ တွေ့ရပါတယ်။    
ထွန်းလှိုင် - မုံရွာ