Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီအစီအစဉ် (EIF) နှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)မှ ဦးဆောင်ကျင်းပသော EIF Global Platform သို့တက်ရောက်

Mon, 03/23/2015 - 21:10 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာ မှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့သည်    ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရုံးတွင် မတ် ၁၇ ရက်မှ ၁၉ရက်အထိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)အောက်ရှိEIF   အတွင်းရေးမှူးရုံးက ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့်  ကုန်သွယ်မှုဖွံ့ဖြိုးတိုး တက်ရေးအကူအညီအစီအစဉ် (Enhanced Integr- ated Framework -EIF) ဆိုင်ရာ  IF GlobalPlatform သို့ တက်ရောက်ခဲ့သည်။EIF  အစီအစဉ်သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ များအတွက် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်တွင် ပိုမိုပါဝင်  နိုင်စေရန်  ကူညီပံ့ပိုးပေးနေသည့် ကမ္ဘာလုံးဆိုင် ရာကုန်သွယ်မှုအကူအညီဖြစ်သည်။ တစ်နည်းအား ဖြင့်နိုင်ငံ၏စီးပွားရေးကြီးထွားမှုနှင့်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်  ထောက်ပံ့ပေးသည့် အစီအစဉ် ဖြစ်ပါသည်။
EIF Global Platform ကျင်းပရခြင်း၏ ရည် ရွယ်ချက်မှာ  EIF  အစီအစဉ်သည် မူလက၂၀၁၅ ခုနှစ် တွင်သတ်မှတ်ကာလကုန်ဆုံး၍အစီအစဉ်ပြီးဆုံးမည် ဖြစ်သော်လည်း  ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် အလွန်အကျိုးရှိပြီး  ထိရောက်သောအစီအစဉ်ဖြစ်၍ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဒုတိယအဆင့်အဖြစ်ထပ်မံသက်တမ်းတိုးဆက်လက်ဆောင်ရွက်မည်ဖြစ် ရာ ယင်းသို့ ဆက်လက်ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သောနည်းလမ်းများနှင့် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးညှိနှိုင်းနိုင်ရန်အတွက်   နှုၤ အစီအစဉ်ကို ရရှိနေသောဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ ကိုယ်စား လှယ်များကိုဂျီနီဗာသို့ဖိတ်ခေါ်၍ ဆွေးနွေးခြင်းဖြစ်ပါ သည်။ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ  ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့(WTO) ရုံး၌ မတ် ၁၇ ရက်တွင် EIF Global Platform  သို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး  ဒေါက်တာပွင့်ဆန်းနှင့် အတူ EIF လုပ်ငန်းစဉ်များကိုလက်တွေ့ဦးဆောင် အကောင်အထည်ဖော်  ဆောင်ရွက်နေသည့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ Aid forTrade Coordination Unit  အဖွဲ့မှကိုယ်စားလှယ် များ၊ ဂျီနီဗာမြို့ရှိကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှတာဝန်ရှိသူများလည်း မြန်မာကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်တက်ရောက်ခဲ့ ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ EIFအစီအစဉ်တွင် Donor Facilitator အဖြစ် ဆောင်ရွက်လျက်ရှိသော ရန်ကုန်မြို့ရှိဥရောပသမဂ္ဂအဖွဲ့ရုံးမှ ကိုယ်စားလှယ်တစ်ဦးလည်း ပူးပေါင်းပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ EIF Global Platfor ဆွေးနွေးပွဲ တွင်ဆွေးနွေးပွဲ၏  Chairperson     အဖြစ်  EIF Steering Committee ၏ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသော ဆွီဒင်နိုင်ငံ  ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာသံအမတ် ကြီးဖြစ်သူH.E. Mr. Daniel Blockert  ကဆောင် ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် EIF Board  အဖွဲ့မှဥက္ကဋ္ဌ  တာဝန်ထမ်းဆောင်နေသော ဆီရာ လီယွန်နိုင်ငံ၏ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ သံအမတ် ကြီးဖြစ်သူ ံH.E. Ms .Yvette Stevens, EIF  အတွင်း ရေးမှူးရုံးမှ  Executive Directorဖြစ်သူ Mr. Ratnakar Adhikari အပြည် ပြည်ဆိုင်ရာကုန်သွယ် မှုစင်တာ(ITC) rS Executive Director ဖြစ်သူ Ms. AranchaGonzalez တို့ကပူးတွဲဆောင်ရွက်ကြ ပါသည်။
ဆွေးနွေးပွဲသို့Development Partners (DP)များနှင့် UNCTAD ,UNDP,UNIDO, ITC, World Bank, EU အစရှိသော  နိုင်ငံတကာအဖွဲ့ အစည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့်  ကိုယ်စားလှယ်များ၊ နှုၤ အစီ အစဉ်ဆောင်ရွက်နေသော နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပါသည်။EIF Global Platform  ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၌မြန်မာ၊ ကိုမိုဂိုနှင့် လိုက်ဘေးရီးယားနိုင်ငံ တို့မှအဖွင့်အမှာစကားများပြောကြားခွင့် ရရှိခဲ့ပါသည်။  မြန်မာနိုင်ငံကိုယ်စား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သောလက်ရှိအစိုးရသစ်လက်ထက်၌ မိမိတို့အနေဖြင့် မြန်မာ နိုင်ငံကို ကမ္ဘာ့အလယ်တွင် အများနည်းတူရပ်တည်ကာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လက်တွဲ လိုက်ပါဆောင်ရွက်ခြင်းကို  ပိုမိုတက်<ကစွာဆောင်ရွက်လျက်ရှိပါကြောင်း၊ယင်းသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်မြန်မာနိုင်ငံအတွက် ပထမအကြိမ်ကုန်သွယ်မှုဆိုင်ရာ  မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကြီးကို ၂၀၁၄ ခုနှစ် မတ်လတွင် အပြီးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှကျင့်သုံးနေသော ကုန်သွယ်မှုဆိုင်ရာမူဝါဒများကိုတစ်စု တစ်စည်းတည်းရေးသားပြုစုတင်ပြကာ အဖွဲ့ဝင်နိုင်ငံများအကြားကုန်သွယ်မှုဆိုင်ရာ ပွင့်လင်းမြင်သာရှိမှုကို ချပြနိုင်ခဲ့သဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအကြား မြန်မာနိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သည့်အပြင်ယုံကြည် မှုကိုလည်း ပြန်လည်တည်ဆောက်နိုင်ခဲ့ပါကြောင်း၊၎င်းင်းလုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် လက်ရှိဖြစ်ပေါ် တိုးတက်ပြောင်းလဲနေမှုများနှင့် ချိတ်ဆက်ပေါင်းစပ်၍ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယခုနှစ်အစောပိုင်းတွင်နေပြည်တော်နှင့် ရန်ကုန် မြို့တို့၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ အီးယူ၏ ပံ့ပိုးကူညီမှုဖြင့်ကျင်းပပြီးစီးခဲ့ပြီး  ဆက်လက်ဆောင်ရွက်သွားရမည့်  ဦးစားပေးလုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ပါ ကြောင်း၊ယင်းဦးစားပေးလုပ်ငန်း စဉ်များကို EIF အစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါ  ကြောင်းဖြင့်ထည့်သွင်းပြောကြားခဲ့ပါ သည်။
ထို့အပြင် EIF အစီအစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည်  EIF အစီအစဉ်ကို ၂၀၁၃ ခုနှစ်တွင် စတင်ချိတ်ဆက်ခဲ့ကာလုပ်ငန်းအကောင်အထည်ဖော်မှုကို ၂၀၁၄ ခုနှစ်တွင် စတင်နိုင်ခဲ့ပါကြောင်း၊ ယင်းသို့ဆောင် ရွက်ရာတွင် EU မDonorFacilitator အဖြစ် ကူညီဆောင်ရွက်ပေးထားပါကြောင်း၊ လက်ရှိတွင် EIF လုပ်ငန်းစဉ် မှ Diagnostic Trade IntegrationStudy (DTIS) ဆောင်ရွက်လျက် ရှိပါကြောင်း၊  ထို့အပြင် Capacity  မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများကိုအကောင် အထည်ဖော်နိုင်ရန်Tier 1 အဆင့်ကို တစ်ပြိုင်တည်းလုပ်ဆောင်သွားရန်  Project Proposal  ကိုလည်း EIFအတွင်းရေးမှူးရုံးသို့ ရေးဆွဲတင်ပြထားပြီးဖြစ်ကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီ ဖြစ်သည့် EIF  လုပ်ငန်းစဉ်သည် ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ နှုၤ လုပ်ငန်း စဉ်ကို ဆောင်ရွက်ရာတွင်ဖွံ့ဖြိုးမှုမိတ်ဖက်များ၏အကူအညီဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုလုပ်ငန်း စဉ်များကို  လက်တွေ့အကောင်အထည်ဖော်ရာ၌Public Private Partnership  ပုံစံဖြင့် ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းအတွက် ှStakeholders များအားလုံးအထူးသဖြင့် နိုင်ငံ တကာ အသိုင်းအဝိုင်း၏ ပံ့ပိုးကူညီလက်တွဲဆောင်ရွက်မှု အထူးလိုအပ်ပါကြောင်း  တိုက်တွန်းဆွေးနွေးခဲ့ပါသည်။
ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားရာတွင် EIF သည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ကုန် သွယ်ရေးလိုအပ်ချက်များနှင့်ကြီးမားစွာဆက်စပ်နေခြင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် အနာဂတ် ရေရှည်မျှော်လင့်ချက်များနှင့်ရလဒ်များကိုပြသနေပြီး  LDC Graduation  အတွက် အထောက်အကူ များစွာဖြစ်ခြင်း၊  နိုင်ငံတော်အဆင့်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် များ ချမှတ်ရာတွင် EIF  အထောက်အပံ့ သည် ကုန်သွယ်မှုနှင့် ဆက်စပ်သော ဦးစားပေးမှုများနှင့်စဉ် ဆက်မပြတ်ကုန်သွယ်ရေးကို  ချမှတ်လေ့ရှိ ခြင်းနှင့် အဖွဲ့အစည်းနှင့် စီမံခန့်ခွဲမှုစွမ်းရည်ကို နိုင်ငံများ၏အပြောင်းအလဲနှင့်အညီ တည်ဆောက်ရ ခြင်းတို့ကြောင့် Ownership Right  အပြည့်အ၀ ရှိခြင်းတို့ ကြောင့်အကျိုးကျေးဇူးများစွာ ရရှိနိုင် သဖြင့်  မိမိတို့အနေဖြင့် ဆက်လက်ပူးပေါင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊သို့ရာတွင် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ပိုမိုနားလည်ရှင်းလင်း လွယ်ကူမှုရှိပြီးဒေသတွင်း အစီအစဉ် များနှင့်လည်းချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန်တို့အတွက် အကြံ ပြုလိုကြောင်းဖြင့် ထည့်သွင်းဆွေးနွေး ခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် EIF Global Platform သို့တက် ရောက်နေစဉ်ကာလအတွင်း ကမ္ဘာ့ဘဏ်  (World Bank) မှကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာရေးကျွမ်းကျင်သူနှင့်Trade Financing  ကိစ္စရပ်များ အတွက်လည်းကောင်း၊ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)  အောက်ရှိ LDC Unit  မှ တာဝန် ရှိသူများနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့  (WTO) မှ  နည်းပညာအကူအညီများပိုမိုရရှိရေး၊ EIF အတွင်း ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်  ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်အသေးစိတ်အတွက်လည်း ကောင်းသီးသန့်အစည်းအဝေးများ  (Bilateral Meeting) ကျင်းပပြုလုပ်ပြီးနှစ်ဖက်ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီတစ်ရပ်ဖြစ်သော Enhanced Integrated Frame- work (EIF)လုပ်ငန်းစဉ်ကိုဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများဖြစ်သည့်LDCs နိုင်ငံအားလုံးအား ပေး အပ်ခြင်းဖြစ်ပြီးLDCs နိုင်ငံများအနေဖြင့်  LDCs နိုင်ငံအဖြစ်မှGraduation မဖြစ်မခြင်းရရှိခံစားနိုင် သည့် ရေရှည်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း  သိရှိရပါသည်။ LDCsနိုင်ငံများအနေဖြင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတစ်ရပ်ဖြစ်သောEnhanced Integrated Framework (EIF)  လုပ်ငန်း စဉ်ပါ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီများကိုရယူကာ မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို အကျိုးရှိရှိ ရယူဆောင်ရွက်လျက်ရှိပါသည်။  (Development Strategies)လုပ်ငန်းစဉ်သည်နိုင်ငံ၏ကုန်သွယ်မှုအား  စဉ်ဆက်မပြတ်တိုးတက် ဖြစ်ထွန်းစေကာ ယင်းမှတစ်ဆင့်နိုင်ငံ ၏ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ  (Development Strategies) နှင့် နည်းဗျူဟာ များနှင့်အတူ လိုက်လျောညီထွေမှုရှိရှိ ပေါင်းစပ်ဆောင်ရွက်စေခြင်းဖြင့်နိုင်ငံ၏ဆင်းရဲနွမ်းပါးမှု  (Poverty  Reduction) ကို  လျော့ကျရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု  (Sustainable Development)  ဆီသို့ လျှောက်လှမ်းနိုင်ရန်အတွက် မျှော်မှန်းချက်ထားရှိဆောင်ရွက်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)  မှယင်းတို့၏လုပ်ငန်းစဉ်တွင် ဖော်ပြထားကြောင်းသိရှိရ ပါသည်။ EIF လုပ်ငန်းစဉ်အောက်တွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှု အကြိုအဆင့်Pre Diagnostic Trade Integration Study Phase(Pre-DTIS Phase၊ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဘက်စုံ ဆက်စပ်လေ့လာမှုအဆင့်(DTIS Phase)?၊ လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ခြင်းအဆင့်-၁ (Tier 1 Phase)  နှင့် လုပ်ငန်းစီမံကိန်းများ  အကောင်အထည်ဖော်ခြင်း အဆင့်-၂  (Tier 2 Phase)  စသော အဆင့်(၄)ဆင့် ပါဝင်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် Pre DTIS  အဆင့်ကိုပြီးစီးအောင်  ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင်DTISအဆင့်နှင့် Tier 1အဆင့်တို့ကိုတစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။                          
                 DOT