Main menu

Background

မြန်မာကုန်သွယ်မှုအချက်အလက်များ ဘဏ္ဍာတိုက်တည်ဆောက်ရေးအတွက် လေ့လာရေးခရီးစဉ်

Thu, 05/14/2015 - 19:44 -- journal_editor

အတွဲ(၁၅)အမှတ်(၁၇)

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇူလိုင်လမှစတင် ၍ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN)တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် လက်မှတ်ရေး ထိုး ဝင်ရောက်ခဲ့ပြီး ကုန်စည်ဆိုင်ရာ ကိစ္စရပ်များ၊ ဝန် ဆောင်မှု/ရင်းနှီးမြှုပ်နှံ မှု/ငွေကြေး အရင်းအနှီးဆိုင် ရာ ကိစ္စရပ်များ အစရှိသည့် ကဏ္ဍမျိုးစုံကို အခြားအဖွဲ့ ဝင်နိုင်ငံများနည်းတူ ပူးပေါင်းပါဝင် ညှိနှိုင်းဆွေးနွေး ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကို လိုက်ပါဆောင်ရွက်လျက်ရှိပါသည်။ASEAN တွင် အဓိက မဏ္ဍိုင်ကြီးသုံးခုဖြစ်သော အာဆီယံစီးပွားရေး အသိုက်အဝန်း၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း၊   အာဆီယံ  နိုင်ငံရေးနှင့်  လုံခြုံရေး အသိုက်အဝန်းတို့ ပေါ်ပေါက်လာရေးကို ဦးတည်ရည် မှန်းဆောင်ရွက်လျက်ရှိပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် အာဆီယံစီးပွားရေးအသိုက်အဝန်း-၂၀၁၅ ပေါ်ပေါက်ရေးတွင် ကုန်သွယ်မှုရှုထောင့်မှ  လိုအပ် သည့် ဘာသာရပ်ဆိုင်ရာကိစ္စရပ်များကို ပါဝင်ညှိနှိုင်း ဆွေးနွေးခြင်း၊  အကောင်အထည်ဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ အာဆီယံ ကုန်စည်ကုန်သွယ် ရေး သဘောတူညီချက် (ASEAN Trade in Goods Agreement-ATIGA)  အရ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ သတင်းအချက်အလက်များ သိသာထင် သာမြင်သာရှိစေရေးအတွက်  ကုန်သွယ်မှုအချက် အလက်များဘဏ္ဍာတိုက် (Myanmar National Trade Portal & Trade Repository)    တည်ထောင်ရေးကို   တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါ သည်။
လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့သို့  မတ် ၂၉ ရက်မှ ဧပြီလ ၄ရက်နေ့အထိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊   ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး ဦးဆောင်သော အဖွဲ့ဝင်ကိုးဦးပါဝင်သည့်Study Mission အဖွဲ့သည်Laos Trade Portalကိုလေ့လာရန်အတွက် ခုနစ်ရက် ကြာ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။
ခရီးစဉ်အတွင်း မတ်လ ၃၀ ရက်နေ့တွင် လာအို နိုင်ငံ စက်မှုနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊     ဝန်ကြီး Mrs. Khemmani Pholsena နှင့်  မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေး  ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးလှမော်ဦးတို့က Laos Trade Portal ၏ Source Code  အား ကူးယူသုံးစွဲနိုင်ရေးနှင့် ပတ်သက်သော နား လည်မှု စာချွန်လွှာ  (MoU)  အပြန်အလှန် လဲလှယ်ခဲ့ကြ ပါသည်။ ၎င်းင်းနောက်  လာအိုနိုင်ငံတွင် Trade Portal  တည်ထောင်ထားရှိမှုနှင့် စဉ်ဆက်မပြတ် ဆောင်ရွက် နေမှုများ၊  မြန်မာနိုင်ငံ Trade Portal ူ အတွက် Web Design  ပြင်ဆင်ရေးဆွဲထားခြင်းများ၊ Programming    ပိုင်းဆိုင်ရာကိစ္စရပ်များ၊  ASEAN Trade Repository သို့ချိတ်ဆက်ရန် အခြေအနေများ စသည်ဖြင့်လိုအပ် သည့် နည်းပညာပိုင်းဆိုင်ရာ   ကိစ္စရပ်များကို လာအို နိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှTrade Portal   ဆိုင်ရာ  တာဝန်ရှိသူများ၊ လာအိုနိုင်ငံ အခြေစိုက်ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ နည်းပညာ ပိုင်းဆိုင်ရာ  အကူအညီပေးလျက်ရှိသော Cyberia Co., Ltd. မှ တာဝန်ရှိသူများနှင့်  တွေ့ဆုံညှိနှိုင်းဆွေး နွေးခြင်း၊ လေ့လာခြင်းများ ပြုလုပ်ခဲ့ပါသည်။
ခရီးစဉ်ကာလအတွင်း မတ်လ ၃၁ ရက်နေ့တွင် နယ်စပ်ဂိတ်ရှိ  လာအို-ထိုင်း   ချစ်ကြည်ရေးတံတား(Laos-Thai Friendship Bridge) သို့  သွားရောက်၍ လာအိုအကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး       Laos Border  Clearance process, automated customs clearance process and the role of the MOIC and other government agencies in the border trade process  များအပေါ် အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ထို့နောက်  ကမ္ဘောဒီးယားနိုင်ငံတွင်Trade Repository  တည်ဆောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက် မှု အခြေအနေများကို သိရှိနိုင်ရန်အတွက် မြန်မာကိုယ် စားလှယ်အဖွဲ့သည် လာအိုအခြေစိုက် World Bank ရုံးချုပ်သို့ သွားရောက်၍  ကမ္ဘောဒီးယားအခြေစိုက် World Bankုာဝန်ရှိသူများနှင့် Video Conferencing  ဖြင့်ချိတ်ဆက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှု များတွင်   ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများ၊ အတွေ့အကြုံ များကို  အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ ကြပါသည်။
ဤကဲ့သို့ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုအချက် အလက်များဘဏ္ဍာတိုက်f (Myanmar National Trade Portal & Trade Repository)  ကို တည်ထောင်ထားရှိ ခြင်းအားဖြင့် ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်း ရှင်များ၊ ကုန်သည်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအားလုံးတို့သည်  ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  သတင်းအချက်အလက် များကိုလွယ်ကူစွာရှာဖွေရရှိနိုင်မည်ဖြစ်ပြီး ကုန်ကျ စရိတ် သက်သာခြင်း၊   အချိန်ကုန်သက်သာခြင်းစသည့် အကျိုးကျေးဇူးများနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့ စေရေးကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။
ဝင်းမင်းဖြိုး(အာဆီယံ)