Main menu

Background

၂၀၁၄-၂၀၁၅ ပင်လယ်ရေလုပ်ငန်းရာသီတွင် ပြည်ပဈေးကွက်ဝင် ကင်းပုစွန်ဈေးကွက် ထူးထူးခြားခြား အကျိုးမခံစားခဲ့ရ

Wed, 06/17/2015 - 21:01 -- journal_editor

      ယခုအခါ ၂၀၁၄-၂၀၁၅ ပင်လယ် ရေလုပ်ငန်းရာသီစခန်းသိမ်းချိန်ဖြစ်ရာ မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသ ရှိ ပင်လယ်ရေ လုပ်ငန်းဈေးကွက်တစ်ခု ဖြစ်သည့် ကင်းပုစွန်ဈေးကွက်မှာလည်း မိုးခိုစခန်းသိမ်းရန်ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်သည်။ ကင်းပုစွန်ဈေးကွက် မှာ၂၀၁၄-၂၀၁၅  ပင်လယ်ရေလုပ်ငန်း ရာသီတွင်  လုပ်ငန်းရာသီတစ်ချိန်လုံး ပင်လယ်ပြင်မှ  ကင်းပုစွန်ဖမ်းဆီးရမိမှု အလွန်နည်းပါးနေသဖြင့်  ထူးထူးခြား ခြား  အကျိုးအမြတ်မခံစားရဘဲ  လုပ် ငန်းမပြတ် ပုံမှန်လုပ်ကိုင်ဆောင်ရွက် ရင်း  စခန်းသိမ်းရပ်နားခဲ့ရကြောင်း ဖျာပုံမြို့နယ်၊ အရှေ့စုကျေးရွာတွင် ကင်း ပိုက်လုပ်ငန်းများကို အခြေစိုက် လုပ် ကိုင်ဆောင်ရွက်နေသည့် ကိုကျော်မင်း လွင်၏ပြောပြချက် များအရသိရသည်။ မြန်မာ့ပင်လယ်ပြင်မှ ကင်းပုစွန်များမှာ ပြည်ပဈေးကွက်များတွင်  ဈေးကွက်    တွင်ကျယ်ခိုင်မာစွာ ဈေးကောင်းရရှိနေ  သည့် ပြည်ပပို့ကုန်ရေထွက်ကုန်ပစ္စည်း တစ်ခုဖြစ်သည်။ ယခုနှစ် လုပ်ငန်းရာသီ တွင်မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေ ဒေသများတွင်  ကင်းပိုက်လုပ်ငန်းများကိုအများအပြား   လုပ်ကိုင်ဆောင်ရွက် ခဲ့ကြသည်။ အထူးသဖြင့် ဖျာပုံမြို့နယ် အေးကုန်း၊    အရှေ့စု၊  အနောက်စု၊  အောင်လှိုင်၊ နောက်မီးနှင့် အမာမြို့ နယ်အရှေ့ဖျား၊ ဂယက်ကြီးစသည့်ကျေး ရွာများနှင့်   ပတ်ဝန်းကျင်ဒေသများ တွင်အများအပြားလုပ် ကိုင်ဆောင်ရွက် ခဲ့ကြသည်။ အရှေ့စု ကျေးရွာတစ်ရွာ တည်းမှပင်  ကင်းပိုက်စက်လှေ အစင်း ရေငါးရာခန့်ရှိကြောင်း ကိုကျော်မင်း လွင်က ပြောသည်။
 ကင်းပုစွန်များမှာ  ယခင်က ပင် လယ်ရေလုပ်ငန်းများတွင် တစ်ကောင် စ၊ နှစ်ကောင်စ ဖမ်းယူရမိသော်လည်း ဈေးကွက်လည်းမရှိ၊  စားသုံးမှုလည်း မရှိ၊ ကြက်စာ၊ငါးပိစသည့် အခြားသော  ရေထွက်ကုန်  ပစ္စည်းများတွင်လည်း ထည့်သွင်းအသုံးပြု၍မရသဖြင့်  စွန့် ပစ်လေလွင့်ပစ္စည်းအဖြစ် ပြန်လည်စွန့် ပစ်ခဲ့ကြသည်။ သက္ကရာဇ် ၂၀၀၀ ပြည့် နှစ်ပတ်ဝန်းကျင်တွင် ပြည်ပဈေးကွက် ဝင်ကုန်ပစ္စည်းအဖြစ်  ဈေးကွက်ဝင်လာ ခဲ့ရာ ကင်းပုစွန်တစ်ကောင်ကို ငွေကျပ် လေးငါးရာအထိ ဈေးပေးဝယ်ယူမှုတွေ ရှိလာသဖြင့် ယခင်ကစွန့်ပစ်နေကြ သည့်  ကင်းပုစွန်တွေကို   ပင်လယ်ရေ လုပ်ငန်းတွေ   စိတ်ဝင်စားလာခဲ့ကြ သည်။
ထို့ကြောင့်   ပင်လယ်ရေလုပ်ငန်း များတွင် တစ်ကောင်စ၊ နှစ်ကောင်စသာ ဖမ်းဆီးရမိနေသည့်  ကင်းပုစွန်များကို အများအပြား ဖမ်းဆီးရမိစေရန်တီထွင် ကြံဆ   လုပ်ကိုင်ခဲ့ကြသည်။  
ကင်းပုစွန်မှာ ပြည်တွင်ဈေးကွက် မရှိဘဲပြည်ပဈေးကွက်ကိုသာအားထား လုပ်ကိုင်နေရသည့်ရေထွက်ကုန်ပစ္စည်း ဖြစ်သည်။ ပြည်ပပို့ကုန်လုပ်ငန်းကုမ္ပဏီ များနှင့်  အဆက်အသွယ်ရှိသူများသာ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လုပ်ငန်း ဖြစ်သည်။ ထို့ကြောင့် ကမ်းခြေပင်ရင်း ဒေသများတွင်   ကင်းပုစွန်အဝယ်ဒိုင် လုပ်ငန်းများမှာ   အခြားသော ရေထွက် ကုန်ပစ္စည်း အဝယ်ဒိုင်များကဲ့သို့   များ များစားစားမရှိ။ ဒေသတစ်ခုတွင် အဝယ် ဒိုင်တစ်ခုလောက်သာ ရှိသည်။ ယခု နှစ်ကင်းပုစွန်ရာသီတွင်    ကင်းပုစွန် အထီးစိမ်း  တစ်ကောင် ကျပ်  ၄၀၀၀၊ အမစိမ်း  တစ်ကောင်  ကျပ် ၆၀၀၀၊ ကင်းပုစွန်အနီ တစ်ကောင် ကျပ် ၂၀၀၀ မှ ကျပ်  ၂၅၀၀ ဈေးနှုန်းများဖြင့်  ဝယ်ယူ ခဲ့ကြသည်။ ယခင်နှစ်လုပ်ငန်းရာသီ တွင် အထီးစိမ်း  တစ်ကောင်   ကျပ်  ၆၀၀၀၊ အမစိမ်း   တစ်ကောင်  ကျပ်  ၈၀၀၀ နှင့်အနီတစ်ကောင် ကျပ် ၂၅၀၀ ဈေးနှုန်းများနှင့်  ဝယ်ယူခဲ့ကြသည်။ ယခုနှစ်လုပ်ငန်းရာသီတွင်  ကင်းပုစွန် ဈေးကောင်းနေသော်လည်း ပင်လယ် ပြင်မှ  ဖမ်းဆီးရရှိမှုနည်းပါးနေသဖြင့် ကင်းပိုက်လုပ်ငန်းပိုင်ရှင်များနှင့် ကုန် သည်များမှာ   ထူးထူးခြာခြား   အကျိုး အမြတ်မခံစားရဘဲ လုပ်ငန်းမပြတ်ပုံ မှန်လုပ်ကိုင်ဆောင်ရွက်ရင်း    စခန်း သိမ်းရပ်နားခဲ့ရကြောင်း ကိုကျော်မင်း လွင်၏ပြောပြချက်များအရသိရသည်။
ပင်လယ်သားစံထွား