Main menu

Background

၂၀၁၅-၁၆ခုဘဏ္ဍာနှစ် ပထမခြောက်လအတွင်း မြန်မာ့ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာသန်းနှစ်ထောင်ကျော်

Fri, 11/06/2015 - 18:13 -- journal_editor

၂၀၁၅ -၂၀၁၆  ဘဏ္ဍာနှစ် ၁-၄-၂၀၁၅ မှ ၂၃-၁၀-၂၀၁၅ ထိ ပို့ကုန်တင်ပို့နိုင်မှုအခြေအနေ မှာကန်ဒေါ်လာ ၆၇၀၅ သန်း၊ သွင်းကုန်တင်သွင်း နိုင်မှု အခြေအနေ ကန်ဒေါ်လာ ၈၈၉၈ သန်းဖြစ် သဖြင့် စုစုပေါင်း  ကုန်သွယ်မှု ပမာဏမှာ  ကန် ဒေါ်လာ ၁၅၆၀၃ သန်းကျော်ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ် မှုလိုငွေကန်ဒေါ်လာ ၂၁၉၂ ဒသမ ၆၅၉ သန်းပြနေ ပါတယ်။ ပြည်ပသို့  တင်ပို့လျက်ရှိတဲ့ ပို့ကုန်အုပ်စု ခုနစ်ခု (လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန် ထွက် ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊  စက်မှုကုန်ချောနဲ့အခြား) ရှိတဲ့အနက် သတ္တုတွင်းထွက်ပစ္စည်းအုပ်စု တင်ပို့ နိုင် မှု ဟာ ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၁၀၂ သန်းနီး ပါး  လျော့ နည်းခဲ့ပြီး  ကျန်အုပ်စုများ ကတော့ ပိုမိုခဲ့တဲ့အတွက် ပို့ကုန်ပိုင်းမှာ ယမန်နှစ် ကာလတူထက် ကန်ဒေါ်လာ ၂၇၂ သန်းကျော် ပိုမို ခဲ့ပါတယ်။
လယ်ယာထွက်   ကုန်ပစ္စည်း  တင်ပို့မှုမှာ ဆန်ကွဲ၊  ပဲအမျိုးမျိုး (မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ မြေထောက်ပဲ၊ ပဲယင်း၊ ပဲကတ္တီပါ/စွန်တာပြာ၊ ပဲပုတ်စေ့၊ နိုင်လွန်ပဲ၊ အခြားပဲ) နှမ်းရောင်စုံနဲ့ ရော်ဘာစိမ်းတင်ပို့မှုတို့ ပိုမိုဆောင်ရွက်နိုင် ခဲ့တယ် လို့သိရပါတယ်။ သွင်းကုန်ပိုင်းမှာ ယမန်နှစ်ကာလ တူထက် သွင်းကုန် ကန်ဒေါ်လာ ၃၄၃ သန်းကျော် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အုပ်စု တို့ တင်သွင်း မှုလျော့ နည်းခဲ့ပြီး လူသုံးကုန်ပစ္စည်း အုပ်စုတစ်ခုသာ  ယမန်နှစ်ကာလတူထက်  ပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။  ကုန်ပစ္စည်းအလိုက် သွင်းကုန်တင်သွင်းမှုနှိုင်းယှဉ် ရာမှာတော့  ရင်းနှီး မြှုပ်နှံမှုပစ္စည်းများဖြစ်တဲ့  စက်နှင့်စက် ပစ္စည်း၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာ သုံးနောက်တွဲယာဉ်နဲ့ အခြားယာဉ်များ၊ ဆောက် လုပ်ရေးပစ္စည်းများ၊ အင်ဂျင်များ၊ လုပ်ငန်းသုံးကုန် ကြမ်းပစ္စည်များဖြစ်တဲ့  ရေနံထွက်ပစ္စည်းများ၊ ဓာတုဗေဒ ချည်ခင် များ၊  ဓာတ်မြေသြဇာများ၊ သံနှင့် သံမဏိပစ္စည်း၊ သတ္တုကုန်ကြမ်းပစ္စည်းများ ယမန်နှစ်  ကာလတူထက်လျော့နည်းတင်သွင်းခဲ့ တဲ့အတွက် ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှု နည်းလမ်းဖြင့်  ပို့ကုန်သွင်းကုန် ဆောင်ရွက်နိုင်မှု မှာ ပို့ကုန်ပိုင်း   ပင်လယ်ရေကြောင်း   ကန်ဒေါ်လာ ၄၃၇၂ သန်းကျော်၊ နယ်စပ်   ကန်ဒေါ်လာသန်း ၂၃၃၃ သန်းကျော် နဲ့ သွင်းကုန် ပိုင်း ပင်လယ်ရေ ကြောင်း ကန်ဒေါ်လာ ၇၄၉၈ သန်းကျော် နယ်စပ် ကန်ဒေါ်လာ သန်း ၁၄၀၀ ကျော် အသီးသီး ဆောင် ရွက်ခဲ့ပြီး  ယမန်နှစ်ကာလတူနဲ့  နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ပင်လယ်ရေကြောင်းရော နယ်စပ် ကပါ ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း  သွင်းကုန် ပိုင်းတွင် ပင်လယ်ရေကြောင်းမှ  တင်သွင်းမှု လျော့ နည်းခဲ့တဲ့အတွက် နယ်စပ်မှ တင်သွင်းမှုပိုမိုခဲ့သော် လည်း ယမန်နှစ်ကာလတူထက် ကုန်သွယ်မှုနှစ်ရပ် ပေါင်း အနေနဲ့ လျော့နည်း ခဲ့ ရ တာတွေ့ ရပါတယ်။
MIRT6