Main menu

Background

မုံရွာတောင်သူတို့ မိုးကြက်သွန်နီစိုက်အပြီး ဆောင်းကြက်သွန်နီစိုက်ဖို့ပြင်

Thu, 11/19/2015 - 19:46 -- journal_editor

မုံရွာမြို့နယ်ရဲ့ နှစ်စဉ်ကြက်သွန်နီစိုက်ပျိုးမှုအနေနဲ့ ဆောင်းစိုက်ဧက ၅၅၀၀ ခန့်နဲ့ မိုးစိုက်ဧက ၁၀၀၀ ဝန်းကျင်ရှိပြီး ဒေသတွင်း စားသုံးမှုပိုလျှံရုံမျှမက မန္တလေး၊ ရန်ကုန်ဈေးကွက်များကိုပါတင်ပို့နိုင်မှုရှိပါတယ်။ ဈေးကွက်အားဖြင့် ကြက်သွန် ပေါ်ချိန်မှာ အနိမ့်ဆုံး ၁၈၀ ကျပ်-၂၀၀ ကျပ်မှ ၂၅၀ ကျပ်-၃၀၀ ကျပ်အထိ ပေါက် ဈေး ဖြစ်ပေါ်တတ်ပြီး၊ ကြက်သွန်ရှားချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ တစ်ပိဿာ ၁၀၀၀ ကျပ်-၁၅၀၀ ကျပ်ထက် မကျော်တတ်ပေမယ့် ယခုနှစ်မှာတော့ ဈေးကွက် ထဲကြက်သွန် သိသိသာသာပြတ်လပ်ခဲ့တဲ့အတွက် ဝယ်လိုအား   မြင့်မားနေတာ ကြောင့် တစ်ပိဿာ ၂၀၀၀ ကျပ်-၂၅၀၀ ကျပ်အထိ  အမြင့်ဈေးဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ ဒါဟာ ကုန်သည်တွေ ဈေး ကစား လို့  ဖြစ်တာမဟုတ်ဘဲ  မနှစ်က ကြက်သွန်ပေါ်ချိန်  တောင်သူအများစု ကြက်သွန်ခင်းမိုးမိခဲ့ကြပြီး တာရှည်အထား မခံသလို သိုလှောင်တာကိုလည်း  မခံဘဲ  ပုပ်သွားခဲ့တဲ့ဖြစ်စဉ် မျိုးတွေများခဲ့တာကြောင့် ဈေးကွက်ထဲကို ကြက်သွန်နီ  ဝင်ရောက်မှုလျော့ခဲ့တာဖြစ်တယ်လို့ ကြက်သွန်နီစိုက် တောင်သူတွေက ဆိုပါတယ်။ချောင်းဦးမြို့နယ်၊ တမာမြိုင်ရပ်ကွက်မှ ကြက်သွန်တောင်သူ ဦးဆန်းဝင်းက မနှစ်က ဆောင်းစိုက်ကြက်သွန် ၁၀ ဧကစိုက်ခဲ့ရာ ပိဿာ ၅၀၀၀၀ ကျော်ထွက်ရှိပေ မယ့် တူးဖော်ချိန်မိုးမိလို့သိုလှောင်ချိန်မှာပုပ်ခဲ့ရာ ပိဿာ ၂၅၀၀၀ တန်ဖိုးအားဖြင့် အဲဒီအချိန်က တစ်ပိဿာ ၄၀၀ကျပ်နှုန်းနဲ့ ကျပ်သိန်းတစ်ရာခန့် ဆုံးရှုံးနစ်နာခဲ့တယ်လို့ဆိုပါတယ်။မုံရွာမြို့ရဲ့ ကြက်သွန်နီ အဓိက စိုက်ပျိုးရာ မြေနဲကျေးရွာက တောင်သူတွေက တော့အရှုံးအမြတ်ကို အဓိကမထားဘဲ ထုတ်လုပ်မှုကိုသာ နှစ်စဉ်မပျက် ရာသီအလိုက်ပုံမှန်စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးစိုက်ကြက်သွန် ဧက ၄၀၀ နီးပါး စိုက်ပျိုးခဲ့ ကြတယ်လို့ တောင် သူတွေကဆိုပါတယ်။ အစောပိုင်းမိုးစိုက် တောင်သူတွေက မျိုး အဖြစ် ဇော်မွှားတစ်ပိဿာ ၇၀၀ ကျပ်၊ ၈၀၀ ကျပ်နဲ့  စိုက်ပျိုးနိုင်ခဲ့ကြပေမယ့် နောက် ကျစိုက်သူတွေအနေနဲ့  တစ်ပိဿာ ၁၀၀၀ ကျပ်အထိ  ဈေးပေးစိုက်ပျိုး ခဲ့ကြရလို့ ကုန်ကျ စရိတ် များတယ်လို့ ဆိုပါတယ်။ယခုအခါ မုံရွာနယ်မှာ မိုးစိုက်ကြက်သွန်နီတွေ စိုက်ပျိုးပြီးစီးသလို လာမယ့်လ ထဲမှာ ဆောင်းကြက်သွန်တွေ အချိန်မီစိုက်ပျိုးနိုင်ဖို့ တောင်သူတိုင်းပျိုးပင်စတင်ပျိုး ထောင်နေကြပြီး ယခင်နှစ်ကထက် စိုက်ဧကတော့ ပိုလာနိုင်ဖွယ်ရှိတယ်လို့ ကြက် သွန်နီစိုက်တောင်သူနဲ့ ပွဲရုံရပ်ကွက်က လေ့လာသိရှိရပါတယ်။  

   ထွန်းလှိုင်-မုံရွာ