Main menu

Background

ဈေးကွက်မျှော်လင့်ချက်နဲ့ မုံရွာကြက်သွန်နီစိုက်ဧကတိုးချဲ့

Wed, 12/09/2015 - 16:48 -- journal_editor

             စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီ  အများဆုံးစိုက်ပျိုးရာဒေသ တစ်ခုဖြစ်တဲ့ မုံရွာမြို့နယ်မှာ ပြီးခဲ့တဲ့ရာသီက ဆောင်းကြက်သွန်နီဧက ၆၀ဝ၀ နီးပါးသာ စိုက်ပျိုးခဲ့ကြပြီး ဥဖော်ချိန် ရွာခဲ့တဲ့ မိုးကြောင့် အထားမခံ ဘဲ အပျက်အစီး များခဲ့ရာ တောင်သူအများစုက အမြင့်ဈေးမှာ မမှီခဲ့ကြဘဲ ဆုံးရှုံးမှုရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနှစ်ကြက်သွန်ဈေးကွက်မှာ စံချိန်တင်ဈေး တစ်ပိဿာ ၄၀ဝ၀ ကျပ်အ ထိ ရရှိခဲ့လို့ ဈေးကွက်မျှော်လင့်ချက် ရှင်သ န်လာခဲ့တဲ့အတွက် ယခုနှစ်ဆောင်း ကြက်သွန်နီစိုက်ဧကတွေတိုးလာဖွယ်ရှိပြီး ယခုလပထမပတ်အထိ မုံရွာနယ်မှာ ဧက ၃၃၅၀ ခန့်စိုက်ပြီးဖြစ်တယ်လို့ ကိန်းဂဏန်းေ တွ အရ သိရပါတယ်။
              ဒီနှစ်ဆောင်းကြက်သွန်နီ စိုက်ပျိုးစရိတ်အနေနဲ့ ပြီးခဲ့တဲ့ နှစ်ကထက်လုပ်သား ရှားပါးမှုကြောင့် လုပ်အားခကုန်ကျငွေ အနည်းငယ်မြင့်မားလာကာ  တစ်ဧက အတွက် ပျိုးထောင်၊ ပျိုးစိုက်၊ ဥဖော်၊ မြိတ်ဖြတ်၊ ဆေးဖြန်း၊ ေ ရသွင်းခြင်းတွေအတွက် လုပ်သားဦးရေ ၂၀ဝ ခန့်အသုံးပြုရပြီး တစ်ဦးနေ့တွက် ၃၀ဝ၀ ကျပ်နဲ့ဆိုရင်  စုစု ပေါင်း လုပ်အားခ ကျပ်ခြောက်သိန်းခန့် ကုန်ကျငွေရှိတယ်လို့  ကျွဲရဲ(တောင်) ကျေးရွာက ကြက်သွန်နီတောင်သူ ဦးသိန်းဝ င်းက ဆိုပါတယ်။ တစ်ဧကအတွက် မျိုးဖိုးကျပ် တစ်သိန်း၊ မြေပြင်၊ ထွန်၊ ထယ်ငှားခ ကျပ် ၁ ဒသမ ၅ သိန်းနဲ့ သွင်းအားစု (မိုး) အနည်းဆုံး ကျပ်ငါးသောင်းနဲ့ ဆိုရင် စု စုပေါင်း တစ်ဧက စိုက်ပျိုးစရိတ်ဟာ ကျပ် ကိုးသိန်းဝန်းကျင် ရှိနိုင်တယ်လို့ တောင်သူအများစုက ပြောပါတယ်။ တစ်ဧက ပိဿာချိန် ငါးထောင်ထွက်မယ်ဆိုရင် တစ်ပိဿာ ကုန် ကျစရိတ်ဟာ ကျပ် ၁၈၀ ရှိမှာမို့ လာမယ့် ကြက်သွန်နီပေါ်ချိန်မှာ ဖြစ်ပေါ်လာမယ့် ပေါက်ဈေးအရ အရှုံးအမြတ်အနည်း အများ ဖြစ်ပေါ်စေနိုင်သလို ပြီးခဲ့တဲ့နှစ်က ကြက်သွန်ပေါ်ချိန် တစ်ပိဿာပေါက်ဈေး ၂၄၀ ကျပ်-၂၅၀ ကျပ်ထက် မြင့်နိုင်ဖွယ်ရှိတယ်လို့ ေ တာင်သူတွေမျှော်လင့်ထားကြောင်း သိရပါတယ်။
              စစ်မှန်တဲ့ မျိုး၊ စနစ်ကျတဲ့ စိုက်ပျိုးမှု၊  လိုအပ်တဲ့ သွင်းအားစုတို့ကို အနုတ် အသိမ်းမှန်စွာ သုံးစွဲနိုင်မှုနဲ့ ကောင်းမွန်တဲ့ သိုလှောင်မှုတွေပိုင်ဆိုင်တဲ့ တောင်သူတွေ အနေနဲ့ အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေး ပြ ည့်ဝတဲ့အတွက် ကြာရှည်သို လှောင်နိုင်ကာ ဈေးကောင်းခံစားကြရတယ်လို့ တောင်သူတွေက ဆိုပါတယ်။ ယခုနှစ် ဆောင်းကြက်သွန်နီ စိုက်ပျိုးရာသီမှာ စိုက်ပျိုးစရိတ် မြင့်မားနေလို့ အရင်းအနှီး အနည်းငယ် ခက်ခဲပေမယ့် ကောင်းမွန်လာနိုင်တဲ့ ဈေးကွက်မက်လုံး ကြောင့် မုံရွာနယ်က တောင်သူအများစု အားပြုတိုးချဲ့ စိုက်ပျိုးလျက်ရှိတာ လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ