ယင်းမာပင်မြို့နယ်ဟာ ပဲစင်းငုံကို နှမ်းနဲ့လည်းကောင်း၊ ပဲတီစိမ်းနှင့်လည်း ကောင်း သီးညှပ်အဖြစ် စိုက်ပျိုးလျက်ရှိကာ နှစ်စဉ်ဧက သုံးသောင်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။ ကဆုန်- နယုန်လောက်က စိုက်ပျိုးခဲ့ ပြီး ပြာသို- တပို့တွဲ မှာ သီးနှံပေါ်ပါတယ်။ ဗြဟ္မဒတ်အုပ်စုအုပ်ချုပ်ရေးမှူးက ''ဒီမှာက ပဲစင်းငုံကို တချို့ လည်း စိုက်ပြီးကြပြီ၊ တချို့တစ်ဝက်ပဲ ကျန်သေးတယ်။ ကျွန်တော်ကတော့ အရင် စိုက်ပျိုးခဲ့တဲ့ မျိုးတွေအစား '' ရွှေဖလား'' မျိုး ကို မနှစ်ကပြောင်းစိုက်ခဲ့တယ်။ မျိုးကဝယ်ရတာမဟုတ်ပါဘူး။ တစ်ပြည်ယူ တစ်ပြည်ခွဲပြန်ပေးနဲ့ စိုက်ပျိုးရေးက ရခဲ့တာပါ။ စမ်းသပ်စိုက်ကြည့်တဲ့ နေရာမှာ အရင်မျိုးတွေက အပွင့်ပွင့်တဲ့ အချိန်မှာ တချို့က ပိုးဝင်ပြီး အပွင့်တွေ ေ ထွးကုန်တာတွေ့ရတယ်။ မနှစ်က မိုးလေး မဆိုသလောက်ရွာခဲ့တယ်။ အဲဒီမှာလည်း အသီးတောင့်မှာ ပိုးဝင်တာ လေးတွေ တွေ့ ရတယ်၊ '' ရွှေဖလား'' မျိုးကတော့ ဒီလိုမဖြစ်ခဲ့ဘူး။ ရာသီဥတု ဒဏ်ခံနိုင်တယ်၊ နောက်ကျမှ စိုက်ေ ပမယ့် အရင်ရိတ်ရတယ်။ တခြားမျိုးနဲ့စာရင် သက်တမ်းတိုတယ်၊ မြေဆီ၊ မြေသြဇာလည်း ဘာမှကိုထည့်စရာ မလိုတာ၊ ဒီနှစ်ဆိုရင် တစ်လလောက် စောရိတ်ခဲ့ရတဲ့အတွက် ဈေးကောင်းမီခဲ့တယ်။ တစ်တင်းကို ဈေး ၅၀၆၀၀ ကျပ် ရခဲ့တယ်။
အခုဆိုရင် ပေါက်ဈေးက ၄၆၀၀၀ ကျပ်ပဲရှိတော့တာ။ အထွက်တင်းရေ ၂၀ ကျော်ရတယ်၊ ပဲစင်းငုံတစ်ခုတည်းတင် ကျပ် ၁၀ သိန်းလောက်ရတယ်။ ကျွန်တော်ကတော့ ဒီမျိုးကို ကြိုက်သွားပြီ၊ ဒါကြောင့် တခြားသူတွေ စိုက် ပျိုးလာအောင်လည်း စည်းရုံးဆောင်ရွက်နေပါတယ်။ နောင်နှစ်တွေမှာဆို နှမ်းတို့ ပဲတီစိမ်းတို့နဲ့ မဟုတ် တော့ဘဲ ဂွေးငယ်နက်စေ့နဲ့ ရောပြီး စိုက်ဖို့ စီစဉ်နေပါတယ်။ ဂွေးငယ်နက်စေ့ကလည်း ဈေးကောင်းနေတယ်။ သူကလည်း သက်တမ်း ၈-၉ လလောက်ကြာတာဆိုတော့ တစ်ပြိုင်နက်တည်းလောက်မှာ သီးနှံ နှစ်မျိုးစလုံးပေါ်မယ်။ ငွေစုမိမယ်ပေါ့ဗျ'' လို့ ပြောပါတယ်။
စွမ်းရည်-ယင်းမာပင်