Main menu

Background

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းနည်းနေသော်လည်း ၂၀၁၅-၂၀၁၆ ခုနှစ်တွင်ဆက်လက်ခိုင်မာအားကောင်းနေဆဲ

Tue, 06/07/2016 - 15:28 -- journal_editor

             ကောင်းမွန်သော မက်ခရိုစီးပွားရေးမူဝါဒများနှင့်အတူ လျှပ်စစ် မီးနဲ့ငွေရေးကြေးရေး လက်လှမ်းမီခြင်းစသော အခြေခံ ပြုပြင်ပြောင်း လဲမှုများကြောင့် မြန်မာနိုင်ငံရဲ့   စီးပွားရေးအလားအလာသည် အနာဂတ်ကာလ တွင် ဆက်လက်ခိုင်မာမှုရှိလာနိုင်ကြောင်း ကမ္ဘာ့ ဘဏ်အုပ်စုရဲ့ မေ ၃၁ ရက်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ မက်ခရိုစီးပွားရေး  တည်ငြိမ်ခဲ့ပြီးနောက် နှစ်နှစ်ကြာ စီးပွားရေးခိုင်ခိုင်မာမာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပိုမိုခက်ခဲသောစီးပွားရေးအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် မေလထုတ် ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာအရ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မှာ မြန် မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပျမ်းမျှနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိမယ်လို့ခန့်မှန်း ထားခဲ့ပေမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ခုနစ်ရာခိုင်နှုန်းသို့ကျ ဆင်းခဲ့ရပါတယ်။ အဲဒီလိုကျဆင်းရခြင်းမှာ  နိုင်ငံအတွင်း ရြေ ကီး ရေလျှံခြင်းကြောင့် ရောင်းလိုအားတွင်  သက်ရောက်မှုများရှိခဲ့ခြင်း၊ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရင်နှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်မှုနည်းပါးခြင်း၊ ပြင်ပစီးပွားရေးဝန်းကျင်ဆိုင်ရာ  အခက် အခဲများနှင့် ကမ္ဘာ့ကု န်စည်ဈေးနှုန်းများ  ကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်လုပ်ငန်းများကို ထိခိုက်စေခဲ့တဲ့အတွက် ဖြစ်ပါတယ်။
             ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး   စောင့်ကြည့်အစီရင်ခံစာ (၂၀၁၆) အရ ပထမကိုးလအတွင်းမှာ ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရပါတယ်။ အဲဒီ လို ကျဆင်းရခြင်းေ ကြာင့်  ကုန်သွယ်မှုလိုငွေပြမှုကို ပိုမိုကြီးထွားလာ စေပြီး ငွေလဲနှုန်းအပေါ် ဖိအားဖြစ်စေခဲ့ရပါတယ်။ ကျန်ရှိနေသေးတဲ့ အခြေခံအခက်အခဲများ၊ ငွေလဲနှုန်းကာလတို  ဖိအားများကြောင့် ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ ငွေကြေးေ ဖာင်းပွမှုရာခိုင်နှုန်း လျင် မြန်စွာမြင့်တက်ခဲ့ပြီး အမြင့်ဆုံး ၁၆ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သလို နိုင်ငံရေးပြောင်းလဲမှုများကလည်း ရင်းနှီးမြှုပ်နှံမှုအသစ်များကို အရှိန်လျော့စေခဲ့ပါတယ်။ မြန်မာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ မနှစ် က လျော့ကျသွား ပေမယ့် မြန်မာနိုင်ငံသားတွေအတွက် အပြောင်းအလဲနဲ့  ဖွံ့ဖြိုးရေး အတွက် အင်အားကောင်းတဲ့ မောင်းနှင်အားတစ်ခုအနေနဲ့ တည်ရှိ နေပါသေးတယ်။ "အစိုးရအနေနဲ့ ယခုဆောင်ရွက်နေတဲ့ စီးပွားရေး ပြုပြ င်ပြောင်းလဲမှုနဲ့ မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ဖို့ ဆက်လက်အာရုံစိုက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ ကောင်းပါတယ်" လို့ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စား လှယ် Abdoulaye Seck   က ဆိုပါတယ်။
             ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ  ရောင်းလိုအား  ကျဆင်းမှုမှ စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းနဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု  ပြန်လည်မြင့်တက်လာခြင်းတို့ကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ပုံမှန်ေ ဈးနှုန်းအရ ဂျီဒီပီသည် ၇ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်မယ်လို့ ခန့်မှန်းထားပြီး ကာလလတ်မှာတော့ တစ်နှစ်လျှင် ပျှမ်းမျှအားဖြင့် ၈ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာဖို့ ခန့်မှန်းထား တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ စိုက်ပျိုးရေး ကဏ္ဍမှာ ကာလတိုအတွင်း ပြန်လည်ဦးမော့လာပြီး ရင်းနှီးမြှုပ်နှံသူများရဲ့ ဝန်ဆောင်မှုလိုအပ်ချက်၊ အခြေခံအဆောက်အအုံ တည်ဆောက် မှုများဟာ တိုးတက်မှု အတွက် အဓိကမောင်းနှင်အားများ ဖြစ်ဖို့ကို လည်း ေ မျှာ်မှန်းထားပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာမှာ ခိုင်မာအားကောင်း နေဆဲဖြစ်သော်လည်း ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွင်း ပေါ်ပေါက် လာမယ့် ဖိအားများဖြစ်တဲ့ ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ ကျဆင်းခြင်း၊ ပြင်ပ စီး ပွားရေးဝန်းကျင်အခြေအနေ အခက်အခဲများနဲ့ ဘတ်ဂျက်လိုငွေများကို ကောင်းမွန်သော မက်ခရိုစီးပွားရေးမူဝါဒများနဲ့ အဖွဲ့အစည်းများရဲ့ စီမံခန့်ခွဲမှုများနဲ့ ကူညီနိုင်ပါတယ်လို့လည်း မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာ မှာ ေ ဖာ်ပြထားပါတယ်။ အဲဒီမူဝါဒများဟာ ကာလတိုအတွင်း စီးပွားရေးတည်ငြိမ်မှုအတွက် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပိုမိုသုံးစွဲခြင်းကို ထိန်းညှိပေးဖို့ဖြစ်ပါတယ်။ "လက်ရှိ အခွန်ကြီးကြပ်ခြင်းနဲ့  မူဝါဒပြုပြင်ပြောင်းလဲခြင်း၊ ပိုမို ထိေ ရာက်တဲ့ ဘတ်ဂျက်သုံးစွဲခြင်းတို့ဟာ မြန်မာနိုင်ငံရဲ့ မက်ခရို စီးပွားရေးတည်ငြိမ်မှုကို အထောက်အကူ ဖြစ်စေပြီး အစိုးရဟာလည်း ပြည်သူ့ဝန်ဆောင်မှုများကို ပိုမိုလုပ်ဆောင်လာနိုင်စေမှာ  ဖြစ်ပါ တယ်"လို့ ကမ္ဘာ့ဘဏ်ရဲ့အရှေ့ အာရှနဲ့  ပစိဖိတ်ဒေသ မက်ခရိုဘဏ္ဍာ ရေးလုပ်ငန်းများဆိုင်ရာ မန်နေဂျာMathew Verghis က ဆိုပါတယ်။ ယခင်နှစ်ရဲ့ စိုက်ပျိုးရေးကဏ္ဍထွက်ကုန်   ရောင်းလိုအား ကျဆင်းမှုပြန်လည် ဦးမော့လာတဲ့ အတွက် ငွေကြေးဖောင်း ပွမှုဖိအား လျော့ကျလာဖို့ မျှော်မှန်းပြီး နိုင်ငံတကာ ကုန်ပစ္စည်းဈေးနှုန်းများ နိမ့်ပါးနေတဲ့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ပျမ်းမျှ ၈ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ဖို့ ခန့်မှန်းထားပါတယ်။ ကာလလတ်အတွင်းမှာ ဘတ်ဂျက် လိုငွေ ဟာ ဂျီဒီပီရဲ့ပျမ်းမျှ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပြီး အစိုးရဝင်ငွေဟာ ဂျီဒီပီရဲ့ပျမ်းမျှ၁၄ ရာခိုင်နှုန်း ခန့်အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ကာလလတ်မှ ကာလရှည်တွင် ကုန်ထုတ်လုပ်မှုနဲ့ ကုန်စည်ပြုြ ပင် ထုတ်လုပ်ခြင်း လုပ်ငန်းများဟာ အားလုံးပါဝင်သော  ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ မောင်းနှင်အားများအဖြစ်  အခွင့်အလမ်းကောင်းများ ဆက်လက်ပိုင်ဆိုင်ထားပါတယ်။ အဆိုပါမြန်မာ့ စီးပွားရေးစောင့်ကြည့် အစီ ရင်ခံစာရဲ့ မူဝါဒမှာ စောင့်ကြည့်ခြင်း ကဏ္ဍဟာ လျှပ်စစ်မီးရရှိရေးနဲ့ နိုင်ငံတော်ပိုင်ဘဏ် များ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြောင်းအရာများကို ရွေးချယ် စိစစ်ထားပြီး မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်ခြင်းအစီရင်ခံစာ ကို့ http://bit.ly//1WQemlo မှာ ကြည့်ရှုနိုင်ပါတယ်။ အခြားအချက် အလက်များ ထပ်မံလိုအပ်လျှင်လည်း့http://www.worldbank .org./myanmar နဲ့http://www.facebook.com/WorldBank- Myanmar/ တို့မှာ ဖတ်ရှုနိုင်ေ ကြာင်း သတင်းကောင်းပါးလိုက်ရပါ တယ်။

 

ဒေါက်တာထိန်လင်း (MYANTRADE)