Main menu

Background

တစ်ဖက်နိုင်ငံမှာ အဝယ်လိုက်နေတဲ့ မြန်မာ့ကြက်သွန်နီ များများတင်ပို့နိုင်ဖို့

Wed, 07/13/2016 - 14:48 -- journal_editor

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံ သို့ ဇွန်လအတွင်း နေ့စဉ် ကြက်သွန်နီ  ကားအစီးရေ ငါးစီးမှ  ၂၀ စီးအထိ တင်ပို့လျက်ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၇၈၂ သန်း တန်ဖိုးရှိ ကြက်သွန်နီတန်ချိန်  ၁၆၁၂၉ ဒသမ၂၄၀ တန်  တင်ပို့နိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်၊  ဧပြီလကနေ  ဇွန်လကုန်ထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၂ သန်းတန်ဖိုးရှိကြက်သွန်နီတန်ချိန် ၂၁၀၂၈ ဒသမ ၄ တင်ပို့ လာနိုင်လို့ ယခင်နှစ်ကထက် ကြက်သွန်နီဈေးကွက် ပိုမိုကျယ်ပြန့် လာတာကို တွေ့ရှိရပါတယ်။  မြန်မာပြည်တွင်းမှာ ' ကြက်သွန်နီ ' ကို မုံရွာ၊ မြင်းခြံ၊ တောင် သာ၊ ပခုက္ကူ ၊  မန္တလေး၊ ကျောက်ဆည်၊ မကွေးဒေသတို့မှာ အများ ဆုံးစိုက်ပျိုး ထွက်ရှိပါတယ်။  ထွက်ရှိသည့်  အရွယ်အစားကို လိုက်ပြီး သုံးမျိုးလောက်  ခွဲခြားထားပြီး  အသေးဆိုဒ်(20 MM- 30 MM) အလတ်ဆိုဒ်(25 MM -35 MM) အကြီးဆိုဒ်(35 MM – UP)  အနေနဲ့  ခွဲခြားထားပြီး တစ်ဖက် တရုတ်နိုင်ငံကတော့(25 MM -35 MM)  အရွယ်အစားရှိ အလတ်ဆိုဒ် အခွံပါး၊ခေါင်းကျစ်တဲ့ RC မြစ်သားမျိုးကို ကြိုက်နှစ်သက်တယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံကထွက်ရှိတဲ့ ကြက်သွန်နီကို ယခင်ကာလများက စီးပွား/ ကူးသန်း ဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တွင်သာ  လိုင်စင်လျှောက်ထား ခွင့်ပြုပေမယ့်  တစ်ဖက် တရုတ် နိုင်ငံရဲ့ ဝယ်လိုအား အခြေ အနေအရ ၂၀၁၆ ခုနှစ်၊  ဧပြီလ ၈ ရက် မှ စတင်ပြီး   ကုမ္ပဏီအနေနဲ့   လိုင်စင်တစ်စောင်လျှင်  တန် ၁၀၀ နှုန်းနဲ့   နယ်စခန်းတွင်  ပို့ကုန်လိုင်စင်  လျှောက်ထားလို့ရပါတယ်၊ လိုင်စင်တစ်ခါ  လျှောက်ရင်  လိုင်စင်တစ်စောင်ကို တန် ၁၀၀ နှုန်း  သာခွင့်ပြုပေမယ့်  မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ယာဉ် စစ်ကွင်းကို  ကုန်တင်ယာဉ်များနဲ့ တင်ဆောင်လာတဲ့  ကြက်သွန်နီ ပမာဏအတိုင်း  လိုင်စင်တစ်စောင်  တန် ၁၀၀ နှုန်းနဲ့ တင်လာ သလောက်  ကြက်သွန်နီလိုင်စင်ကို   လိုသလောက်   တစ်နာရီ အတွင်းမှာ ထုတ်ပေးနေပါတယ်။ ဒါကြောင့်မို့  ဧပြီလတည်းက ယခု  အချိန်ထိ  နေ့စဉ်ကြက်သွန်နီ ပို့ကုန်ကားတွေ  ဝင်နေတာ တွေ့ရပြီး  တစ်နေ့ကိုကား ၁၀ စီးဝန်းကျင် ဝင်ရောက်လျက်ရှိနေပါ တယ်။
ကြက်သွန်နီ တင်ပို့လိုတဲ့ ကုန်သည်တစ်ဦးအနေနဲ့ကတော့ အဆက်အသွယ်မရှိဘဲ တစ်ဖက်နိုင်ငံကို  တင်ပို့ရောင်းချလိုပါက မူဆယ်(၁၀၅)မိုင်မှာရှိတဲ့  ပဲ၊ ပြောင်း၊နှမ်း၊ လယ်ယာထွက်ကုန် ပစ္စည်းကုန်စည်ဒိုင်ရဲ့ ဖုန်း  ၀၈၂- ၅၅၀၉၂ ၊ ၀၈၂- ၅၅၃၀၀ ကို  ဆက်သွယ်လိုက်ပါက  အဆိုပါ ကုန်စည်ဒိုင်က တစ်ဖက်နိုင်ငံမှ ဝယ်ယူသူနဲ့  ချိတ်ဆက်၍ ရောင်းချပေးကြောင်း၊  အဲဒီလို ချိတ် ဆက်ရောင်းချပေးတဲ့အတွက်
 ကုန်စည်ဒိုင် အနေနဲ့ ငွေကြေးတစ်စံ တစ်ရာ ရယူမှုမရှိဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံကLDC     နိုင်ငံဖြစ်တဲ့အတွက်  တရုတ်နိုင်ငံ အနေနဲ့ မြန်မာ့ကြက်သွန်နီတင်ပို့မှုကို ၂၀၁၃ ခုနှစ် ကတည်းက တစ်ဖက်သတ် အခွန်ကင်းလွတ်ခွင့်ပေးထားပါတယ်။ တစ်ဖက် တရုတ်နိုင်ငံက ကြက်သွန်နီဝယ်တဲ့  ကုမ္ပဏီရဲ့  တောင်းဆိုချက် ရှိခဲ့ရင်Form -E   ထုတ်ပေးမှာဖြစ် ပါတယ်။ ဒါကြောင့်  မိမိ ကုန် သည်အတွက်  တရုတ်နိုင်ငံရဲ့ အခွန်ကင်းလွတ်ခွင့်ရရှိမှာဖြစ်တာ ကြောင့် အားသာချက်ရှိတဲ့ ပို့ကုန်ပစ္စည်းဖြစ် ပါတယ်။ ငွေပေးချေမှု ကိုတော့  ရွှေလီမှာ  ပစ္စည်းရောင်းချပြီးမှ  ငွေရရှိ တယ်လို့ ဆိုပါ တယ်။
လိုင်စင်ရရှိ  အခွန်ဆောင်ပြီး   ကြက်သွန်နီတွေကိုတော့ တစ်ဖက် နိုင်ငံသို့ တင်ပို့ရောင်းချရန်အတွက်  ဝန်ဆောင်မှုပေးတဲ့ တရုတ်လူမျိုး ကိုယ်စားလှယ်သာချောနှင့်  လျှောက်ရန်ဆိုသူတို့နဲ့ ဆက်သွယ်ပြီးရောင်းချရမှာဖြစ်ပါ တယ်။ အဆိုပါ  ကိုယ်စားလှယ် များက မန်ဝိန်းပေါက်အထိ လာရောက်ခေါ်ယူပြီး ရွှေလီမြို့ထန် ချန်း ၊ တယ်လုံ ကားကွင်းအတွင်းရှိ   ဂိုထောင်များမှာ ပစ္စည်းချပြီးမှ အရောင်းအဝယ်ပြုလုပ်ကြောင်း  သိရပါတယ်။  မြန်မာ့ကြက် သွန်နီဟာ ရွှေလီ-ကူမင်းမှ  ကွမ်ကျိုးပြည်နယ် ၊ စိချွမ်ပြည်နယ်များရှိ ဈေးကွက်များအထိ ရောက်ရှိပါတယ်။
ထန်ချန်း၊ တယ်လုံကားကွင်းထဲရှိ ဂိုထောင်များရဲ့ ကြက်သွန်နီ ထားသိုပုံ စနစ်ကတော့ အိတ် ၃၀စာ ဝင်ဆံ့တဲ့  သံလှောင်အိမ်များနဲ့ ကြက်သွန်နီကို    မပျက်စီးအောင်  သိုလှောင်ထားရှိကြောင်း သိရပါ တယ်၊  မြန်မာ ကုန်သည် များအနေဖြင့်လည်း  ဒီလိုသံလှောင် အိမ်လိုမျိုးနဲ့ ထားနိုင်မယ်ဆိုရင်တော့  ပျက်စီးဆုံးရှုံးမှုနည်းပြီး ရေရှည်အထားခံတဲ့အတွက် ဈေးတက်ချိန်ကို  စောင့်ပြီး ရောင်း နိုင်မှာဖြစ်ရာ   ဒီလို   သိုလှောင်မှုမျိုးနဲ့  ဆောင်ရွက် သင့်တယ်လို့ အကြံပေးချင်ပါတယ်။
ပြည်တွင်းမှာတော့  ကြက်သွန်နီထွက်ရှိတဲ့ ဒေသတွေမှာ ဝယ်မယ်ဆိုရင်  တစ်ဖက်တရုတ်နိုင်ငံက  ကြိုက်တဲ့  အလတ်ဆိုဒ် (25 MM -35MM)    က တစ်ပိသာ ၃၅၀ ကျပ် ဈေးရှိပြီး မန္တလေး ကုန်စည်ဒိုင်မှာ တော့တစ်ပိသာ  ၄၀၀ ကျပ်နှုန်း ဈေးပေါက်တယ် လို့ သိရပါတယ်။ သယ်ယူပို့ဆောင်စရိတ်ကတော့ မန္တလေးမှ ကျယ်ဂေါင်အထိ  တစ်ပိဿာ ၇၂ ကျပ် ခန့် ပေးရတယ်လို့ သိရပါ တယ်၊ ကြက်သွန်နီ တစ်တန်  တင်ပို့ မယ်ဆိုရင်  ကုန်ကျစရိတ် ကတော့  မန္တလေးကုန်စည်ဒိုင်  ကြက်သွန်နီ  တစ်တန်ဝယ်ဈေး  ၂၄၄၈၀၀ ကျပ်၊  မန္တလေး-ကျယ်ဂေါင်    ကားခ  တစ်တန်လျှင်  ၄၄၀၆၄ ကျပ် ၊ ၂ ရာခိုင်နှုန်းအခွန်  ၇၉၃၇ကျပ် ဝန်းကျင် ခန့်ကုန်ကျတာကြောင့်  စုစုပေါင်း ၂၉၆၈၀၀  ကျပ်  ဖြစ်ပါတယ်။  ၁၂  ဘီးကားဆိုရင်တော့   ၁၆ တန် ၁၇ တန်လောက်  တင်နိုင်ပြီး  ၂၂  ဘီးကားဆိုရင်တော့  ၃၂ တန်   ၃၃ တန် လောက်တင်နိုင် တယ်လို့ သိရပါတယ်။တစ်ဖက်နိုင်ငံ  ကျယ်ဂေါင်-ရွှေလီ မှာတော့  တစ် ကီလိုကို ၂ ဒသမ ၂ ယွမ်လောက်ရရှိပြီး  ဂိုဒေါင်ငှားရမ်းခ အပါအဝင် အထွေထွေကုန်ကျစရိတ်အဖြစ် တစ်ကီလိုကို သုညဒသမ ၂ ယွမ်ကျသင့်မှာဖြစ်ပြီး  ၎င်းကုန်ကျစရိတ် ကို မြန်မာ ကုန်သည်က   ကျခံပေး ရတယ်လို့   သိရှိရပါတယ်။  ဒါကြောင့်  ကုန်သည်က  တစ်ကီလိုကို  ၂  ယွမ်ရရှိမှာဖြစ်ပြီး   ငွေလဲနှုန်း   တစ်ယွမ်ကို  ၁၇၂ ကျပ်နှုန်း ၊   တစ်ကီလို ကို   ၃၄၄ ကျပ်နှုန်းဖြင့်   တစ်တန်လျှင်  ၃၄၄၀၀၀ ကျပ်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်သွန်နီ တစ်တန် တင်ပို့မယ်ဆိုရင် ကုန်သည်အနေနဲ့ ၄၇၁၉၉ ကျပ် အကျိုးအမြတ်ရရှိမှာ  ဖြစ်ပါတယ်။  တစ်ဖက် တရုတ်နိုင်ငံရဲ့   ကြက်သွန်နီ လိုအပ်ချက်က ကုန်းတွင်းကျတဲ့ ပြည်နယ်များ သာမ က ပြည်မကြီးအထိပါ လိုအပ်ချက်များလှတဲ့အတွက်  ကုန်သည်များ အနေဖြင့် မြန်မြန်ပို့များများမြတ် အကျိုးကျေးဇူး များ သီးပွင့်ခံစား နိုင်ကြမှာဖြစ်ပါတယ်။