Main menu

Background

ဘိလပ်မြေတန်ချိန် ၁၀၀၀၀ကျော်တင်သွင်း

Wed, 10/05/2016 - 13:32 -- journal_editor

       စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ  ၈၅၅၇၀၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၀၅၅၀ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ SCG တစ်မျိုးသာ တင်သွင်းခဲ့တယ် လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် ၆၂၀၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့နှိုင်းယှဉ်ရင် တန်ချိန်၄၃၂၀ ကျော်တင်သွင်းမှု ပိုခဲ့တယ်လို့သိရပါတယ်။ ၂၀၁၅ ခုနှစ် ကာလတူမှာ ဘိလပ်မြေတင် သွင်းမှုမှာ တန်ချိန် ၇၁၉၀ ရှိခဲ့တာကြောင့် ယခု သီတင်းပတ်မှာ ဘိလပ်မြေတင်သွင်းမှုပိုခဲ့တယ်လို့ သိရပါတယ်။